← Chapters

ပိုမိုပြင်းထန်လာသော တိုက်ပွဲ

Vol. 53 Ch. 742

ပိုမိုပြင်းထန်လာသော တိုက်ပွဲ

Vol. 53 Ch. 742

ကောင်းကင်မူလကြယ်တွင် အပြင်းထန်ဆုံး တိုက်ပွဲကြီးဖြစ်နေပြီး နတ်အစေခံကိုးယောက်က ကောင်းကင်နတ်ဆိုးရှစ်ကောင်ကို ရင်ဆိုင်နေသည်။ လေထုက တုန်ခါနေပြီး နှစ်ဖက်လုံး ပြင်းထန်စွာ တိုက်ခိုက်နေသောကြောင့် အချိန်တိုအတွင်း ပြီးဆုံးမည်မဟုတ်ဘဲ ရေရှည်တိုက်ပွဲတစ်ခု ဖြစ်နေသည်။ ယဲ့ချန်နှင့် သစ်တောစောင့်မျိုးနွယ်ဝင်များက နတ်အစေခံများ မဟုတ်သောကြောင့် တိုက်ပွဲအတွင်း ဝင်မပါသေးဘဲ ကျန်ရန်သူများကို လိုက်လံသတ်ဖြတ်နေသည်။ ယဲ့ချန်က ဆည်းဆာနတ်ဓားဖြင့် ရူးရူးမူးမူးသတ်ဖြတ်နေကာ ဓားတစ်ချက်ယမ်းလိုက်တိုင်း ရန်သူပေါင်းရာချီ သေဆုံးသွားသည်။ ကျွန်ပိုးကောင်များနှင့် နတ်ဆိုးနောက်လိုက်များက စစ်ဧကရာဇ်များဖြစ်ကြသော်လည်း သူ၏ခွန်အားက စစ်ဧကရာဇ်တစ်ယောက်ထက် သာလွန်ပြီး အံ့သြစရာနတ်လက်နက်တစ်ခုကိုလည်း ပိုင်ဆိုင်ထားသည်။ ဓားချက်ကျဆင်းလာတိုင်း ရန်သူများ၏ခန္ဓာအစိတ်အပိုင်းများ ပြတ်တောက်ကုန်ကာ မိုးကဲ့သို့ ရွာကျနေသည်။ သစ်တောစောင့်မျိုးနွယ်ဝင်သုံးယောက်ကလည်း နတ်အစေခံအဆင့်တစ် အင်အားမျိုး ပိုင်ဆိုင်ထားသောကြောင့် ရန်သူများကိုသတ်ရာ၌ များစွာအားမထုတ်ရပေ။ သူတို့က လမ်းတလျှောက်ရှိသမျှ သုတ်သင်ထိုးဖောက်သွားသောကြောင့် ရန်သူများက ဆက်တိုက်နောက်ဆုတ်ပေးနေရသည်။ သောင်းချီသော ကျွန်ပိုးကောင်များမှာ ကျင့်ကြံသူများလက်ထဲတွင် အသက်ဆုံးနေကြရသည်။ သူတို့က ၎င်းတို့ကို အလွန်မုန်းတီးသောကြောင့် တိုက်ခိုက်ရာတွင် မညှာတာသဖြင့် တိုက်ကွက်တိုင်းတွင် အစိတ်စိတ်အမွှာမွှာ ဖြစ်ကုန်ကြသည်။

ဤဖြစ်ရပ်ကြောင့် ကွေကြွယ်မှာ စိုးရိမ်စပြုလာသည်။ နတ်အစေခံနတ်ဆိုးများက နဂါးဘုရင်တို့ကို ရင်ဆိုင်နေရသော်လည်း ကောင်းကင်မူလကြယ်ဘက်တွင် ယဲ့ချန်နှင့် သစ်တောစောင့်မျိုးနွယ်ဝင်သုံးယောက်က နတ်အစေခံခွန်အားမျိုး ပိုင်ဆိုင်ထားသည်။ အကယ်၍ သူတို့၏နောက်လိုက်များ သေဆုံးသွားပြီး ထိုလေးယောက်သာ တိုက်ပွဲအတွင်း ဝင်ရောက်လာလျှင် အရေးနိမ့်သွားနိုင်ချေရှိသည်။

"နဂါးဘုရင် မင်းရဲ့လှည့်ကွက်တွေကြားမှာ ငါ ခဏခဏရှုံးနိမ့်ခဲ့ရတယ်။ မင်းသာသတ္တိရှိရင် တစ်ယောက်ချင်း တိုက်ခိုက်ကြမယ်။ သရဲပိုင်နက်နဲ့ နဂါးမီးတောက် ဘယ်ဟာက ပိုအစွမ်းထက်မလဲ ကြည့်ရသေးတာပေါ့"

ကွေကြွယ်က အော်ဟစ်ကြုံးဝါးလိုက်သောအခါ သူ၏နတ်ဆိုးချီအတွင်း သရဲများ၊ နတ်ဆိုးရာထောင်ချီ ထွက်ပေါ်လာကာ လေထဲတွင် ညည်းညူအော်ဟစ်နေကြသည်။

"မင်းကများ ငါ့ကို စိန်ခေါ်ရဲတယ်"

နဂါးဘုရင်၏ဓားတွင်လည်း မီးများတောက်လောင်လာကာ ချပ်ဝတ်က နေတစ်စင်းပမာ ထွန်းလင်းလာသည်။လူတိုင်းက ထိုနှစ်ယောက်၏အရှိန်အဝါကြောင့် ကိုယ့်ကိုကိုယ်ကာကွယ်ရန် ပြင်ဆင်လိုက်ရသည်။

"ဘုန်း"

နဂါးမီးတောက်နှင့် သရဲပိုင်နက် ထိပ်တိုက်ရင်ဆိုင်သွားချိန်တွင် ပေါက်ကွဲသံကြီးဖြစ်ပေါ်လာကာ ထွက်ပေါ်လာသော တန်ပြန်လှိုင်းများကြောင့် လူတိုင်း နောက်ဆုတ်ပေးလိုက်ရသည်။ ယဲ့ချန်တို့လေးယောက်ကလည်း ကိုယ့်ကိုကိုယ် ကောင်းကင်ချီများဖြင့် ကာကွယ်လိုက်ပြီး အချိန်မီမတုံ့ပြန်နိုင်ခဲ့သူများမှာ သွေးပွက်ပွက်အန်၍ အဝေးသို့ လွင့်ထွက်သွားကြသည်။ နတ်အစေခံအဆင့်တစ်ဆယ်နှစ်ဦး ထိပ်တိုက်ရင်ဆိုင်ရာမှ ထွက်ပေါ်လာသော စွမ်းအားများကို စစ်ဧကရာဇ်များပင် သတိလက်လွတ်မခုခံရဲပေ။ ကွေကြွယ်က ဧရာမနတ်ဆိုးကြီးအဖြစ်​ပြောင်းလဲသွားကာ လက်သီးဖြင့် ထိုးနှက်လာစဥ် နဂါးဘုရင်ကလည်း မီးတောက်အသွင်ပြောင်း၍ ရင်ဆိုင်သည်။ ရွှေရောင်အလင်းနှင့် အနက်ရောင်အရိပ်က ပြင်းထန်စွာတိုက်ခိုက်နေပြီး ထွက်ပေါ်လာသော ချီလှိုင်းများနှင့် မတော်တဆထိမှန်ခံလိုက်ရသူတိုင်းမှာ အပြင်းအထန် ဒဏ်ရာရကုန်သည်။ ကမ္ဘာတုန်လောက်သော တိုက်ပွဲအနားတွင် ကပ်နေရန် မဝံ့သောကြောင့် လူတိုင်း အဝေးသို့ ဆုတ်ခွာသွားကြသည်။ အနက်ရောင်အရိပ်ဖြင့် လွှမ်းခြုံထားသော ကောင်းကင်နတ်ဆိုးများ၏ ရုပ်ခန္ဓာအစစ်အမှန်များပင် ဤတိုက်ပွဲ၏ တန်ပြန်လှိုင်းများကြောင့် ထွက်ပေါ်လာရသည်။

သစ်သားစိမ်းဘုရင်သည် မျှော်စင်တစ်ခုတွင် နေရာယူထားကာ တိုက်ပွဲကို စိုးရိမ်တကြီး စောင့်ကြည့်နေသည်။ ပတ်ဝန်းကျင်က ဗြောင်းဆန်နေသဖြင့် သူက အလုံးစုံဓားအစီအရင်ဖြင့် ကူညီပေးရန် အခွင့်မသာခဲ့ပေ။ ဖီးနစ်ဘုရင်က သက်တန့်အလင်းများထုတ်ဖော်၍ ကောင်းကင်နတ်ဆိုးတစ်ကောင်နှင့် အပြင်းအထန် တိုက်ခိုက်နေသည်။ ဤတိုက်ပွဲတွင် သူက အောက်စည်းသို့ရောက်ရှိနေကာ မြို့ရိုးအနီးရောက်သည်အထိ ဆုတ်ခွာနေသည်။ သူက အဆင့်ခြောက်နတ်အစေခံတစ်ယောက်ဖြစ်ပြီး ပြိုင်ဘက်က အဆင့်တူဖြစ်သောကြောင့် ပုံမှန်ဆိုလျှင် လက်ရည်တူတိုက်ခိုက်နိုင်စွမ်း ရှိသင့်သည်။ သို့သော် ရန်သူကမူ ဤအချက်ကို သတိမပြုမိဘဲ မောက်မာစွာဖြင့် ဖီးနစ်ဘုရင်၏ရင်ဘတ်ကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

"သေစမ်း"

ကောင်းကင်နတ်ဆိုးက လွင့်ထွက်သွားသော ဖီးနစ်ဘုရင်ကို သတ်ရန်အတွက် နတ်ဆိုးချီဖြင့် လက်သည်းများဖန်တီးကာ ကုတ်ချလိုက်သည်။

"သစ်သားစိမ်းဘုရင် လုပ်လိုက်တော့"

လက်ဝါးချက်ကို တမင်သက်သက်ထိမှန်ခံ၍ ၎င်း၏အရှိန်ဖြင့် နောက်ဆုတ်လာသော ဖီးနစ်ဘုရင်က အော်လိုက်ခြင်းဖြစ်သည်။ သစ်သားစိမ်းဘုရင်ကလည်း အစီအရင်ထိန်းချုပ်ရေးဓားဖြင့် ချက်ချင်းလွှဲခုတ်လိုက်သောအခါ တျန်းယွမ်မြို့ကောင်းကင်ယံတွင် ရှိနေသော ဓားပျံများက ကောင်းကင်နတ်ဆိုးထံ မိုးရွာသကဲ့သို့ တဖွဲဖွဲကျဆင်းလာသည်။ ဘက်ပေါင်းစုံမှ ဝင်ရောက်လာနေသော ဓားများထံမှ​ အရာရာကိုဖျက်ဆီးနိုင်သော အစွမ်းကို အာရုံခံမိသည့် နတ်ဆိုးက အလွန်ကြောက်လန့်သွားသည်။ အလုံးစုံဓားအစီအရင်၏ ခွန်အားအောက်တွင် သူက ခုခံနိုင်ခြင်းမရှိဘဲ သေခြင်းတရားကို စောင့်နေရပေလိမ့်မည်။

"သေရမယ်ဆိုရင်လည်း အတူသေကြတာပေါ့"

သူက စိတ်ပိုင်းဖြတ်၍ နတ်ဆိုးချီများကို သန်းချီသောကြိုးများအဖြစ် အသွင်​ပြောင်းကာ နောက်ဆုတ်နေသော ဖီးနစ်ဘုရင်ကို ချုပ်နှောင်လိုက်သည်။

"ဝုန်း"

ထို့နောက် သန်းချီသောဓားများက ကောင်းကင်နတ်ဆိုးကိုရော ဖီးနစ်ဘုရင်ကိုပါ ထိုးဖောက်သွားပြီး နတ်ဆိုးက အော်ဟစ်ရုန်းကန်ခဲ့သော်လည်း အသုံးမဝင်ချေ။ သူ၏ခန္ဓာကိုယ်က အပိုင်းပိုင်းအစစ ဖြတ်တောက်ခံလိုက်ရပြီး ဝိညာဥ်ပင် မကျန်ရစ်ချေ။ ဖီးနစ်ဘုရင်ကမူ ဓားများအကြားတွင် တည်ငြိမ်စွာရပ်နေပြီး သေခြင်းတရားကို အေးအေးဆေးဆေး ရင်ဆိုင်သွားခဲ့သည်။

"ဆရာ"

ပိုလင်းနှင့် လောင်ရင်က ဤအဖြစ်ကို မြင်လိုက်ရသောအခါ မျက်ရည်များ တသွင်သွင်စီးကျလာသည်။ ကောင်းကင်မူလတိုက်ကြီးသို့ ရောက်ချိန်မှစ၍ ဖီးနစ်ဘုရင်က သူတို့ကို မိသားစုသဖွယ်သဘောထား၍ ကျင့်စဥ်များ သင်ကြားပေးခဲ့သည်။ သစ်သားစိမ်းဘုရင်၏လုပ်ရပ်က အလျင်လိုလွန်းသည်ဟု ဆိုနိုင်ပြီး အလုံးစုံဓားအစီအရင်၏အောက်တွင် ဖီးနစ်ဘုရင်က ရန်သူနှင့်အတူ အသက်ပေးသွားရကာ ဓားများပျောက်ကွယ်သွားချိန်၌ အလောင်းပင်မကျန်ပေ။

ယဲ့ချန်ကမူ တစ်ခုခုမှားယွင်းနေသည်ဟု ခံစားရပြီး သစ်သားစိမ်းဘုရင်ရှိရာထံ တစ်ချက်လှမ်းကြည့်လိုက်သည်။ သစ်သားစိမ်းဘုရင်နှင့် ဖီးနစ်ဘုရင် လက်တွဲတိုက်ခိုက်လာသည်မှာ ကြာမြင့်နေပြီဖြစ်သောကြောင့် အမှားအယွင်းတစ်ခု ဖြစ်ဟန်မတူပေ။ နဂါးဘုရင်နှင့်တိုက်ခိုက်နေသော ကွေကြွယ်မှာလည်း သူ၏နောက်လိုက်တစ်ဦးကို သုတ်သင်လိုက်သော ဓားအစီအရင်၏အစွမ်းကြောင့် ရပ်တန့်သွားခဲ့သည်။ ကံကောင်းစွာဖြင့် သူတို့က ဓားအစီအရင်၏ပစ်မှတ် မဖြစ်ခဲ့ပေ။ သူ၏နောက်လိုက်တစ်ဦး အသတ်ခံလိုက်ရသကဲ့သို့ ဖီးနစ်ဘုရင်လည်း သေသွားသောကြောင့် ဆုံးရှုံးသည်ဟု မဆိုနိုင်ပေ။ သူ၏နှလုံးသားက ခံစားချက်ကင်းမဲ့နေပြီး သေဆုံးသွားသော နောက်လိုက်အတွက် ဝမ်းနည်းမနေခဲ့ပေ။ သို့သော် ဖီးနစ်ဘုရင်သေဆုံးသွားသည်ကို မြင်လိုက်ရသော နဂါးဘုရင်ကလည်း ထူးထူးဆန်းဆန်း ပြုံးနေခဲ့သည်။ သူက နဂါးဘုရင်၏မျက်နှာထားကြောင့် ရင်ထိတ်သွားစဥ် ကောင်းကင်တစ်နေရာ၌ မီးတောက်တစ်ခု ရုတ်တရက် တောက်ပလာကာ အသက်အားတစ်ခု ဖြည်းဖြည်းချင်း ပြန်လည်ဖြစ်ပေါ်လာနေသည်။

"ပြန်လည်မွေးဖွားခြင်းကျင့်စဥ်"

လူတိုင်း မင်သက်သွားကြပြီး ဖီးနစ်ဘုရင်က ရန်သူနှင့်အတူ အလုံးစုံဓားအစီအရင်အတွင်း အသက်ပေးသွားသည်မှာ အဓိပ္ပါယ်ရှိသည်ဟု ခံစားလာရသည်။ ဖီးနစ်ဘုရင်၏မျိုးဆက်သွေးက ဖီးနစ်တစ်ကောင်ထံမှ ဆင်းသက်လာပြီး ဖီးနစ်မျိုးနွယ်တွင် ပြန်လည်မွေးဖွားခြင်းကျင့်စဥ်တစ်ခု ရှိသည်။ ၎င်းကို အောင်မြင်သူမှာ အလွန်နည်းပါးသော်လည်း ကံကောင်းစွာဖြင့် ဖီးနစ်ဘုရင်လည်း ပါဝင်နေခဲ့သည်။ ကောင်းကင်နတ်ဆိုးများဘက်တွင် အဆင့်ခြောက်နတ်အစေခံတစ်ယောက် သေသွားသော်လည်း ဖီးနစ်ဘုရင် ချက်ချင်းပြန်ရှင်လာသည့်အတွက် ရန်သူများမှာ ကြီးကြီးမားမား ဆုံးရှုံးသွားခဲ့သည်။

"သူ့ကို အသက်ပြန်မရှင်လာစေနဲ့။ သတ်ကြစမ်း"

ကွေကြွယ်က အမိန့်ပေး၍ ဖီးနစ်ဘုရင်ထံ ဦးတည်လိုက်သော်လည်း နဂါးဘုရင်က သူ့ကို လမ်းပိတ်၍ တိုက်ခိုက်ဟန့်တားနိုင်ခဲ့သည်။

"မင်းရဲ့ပြိုင်ဘက်က ဒီမှာ"

နဂါးဘုရင်၏လက်ဝါးချက်တွင် ကွေကြွယ်က အတော်ဝေးဝေးအထိ နောက်ဆုတ်ပေးလိုက်ရသည်။ ကျန်ကောင်းကင်နတ်ဆိုးများကိုလည်း ဖီးနစ်ဘုရင်အား မနှောင့်ယှက်နိုင်စေရန် နတ်အစေခံများက တားဆီးနိုင်ခဲ့သည်။ ထိုအချိန်တွင် စစ်ဧကရာဇ်များက ကျွန်ပိုးကောင်များနှင့် နတ်ဆိုးနောက်လိုက်အားလုံးကို သုတ်သင်ပြီးဖြစ်သောကြောင့် နတ်အစေခံအဆင့် ကောင်းကင်နတ်ဆိုးခုနစ်ကောင်သာ ကျန်ရစ်သည်။

"မင်းတို့နောက်ဆုတ်ကြ"

ယဲ့ချန်နှင့် သစ်တောစောင့်မျိုးနွယ်ဝင်သုံးယောက်က နတ်အစေခံများ၏တိုက်ပွဲတွင် ကူညီရန် အသင့်ပြင်လိုက်ပြီး ကျန်စစ်ဧကရာဇ်များကို ညွှန်ကြားလိုက်သည်။ ဤတိုက်ပွဲမျိုးတွင် သူတို့၏ခွန်အားက မလုံလောက်ကြောင်း နားလည်ထားသဖြင့် စစ်ဧကရာဇ်များက နောက်ဆုတ်သွားကြပြီး ပတ်ဝန်းကျင်ကို စောင့်ကြပ်ပေးခဲ့သည်။

"အစ်ကိုကြီး ဂရုစိုက်ပါ"

ယဲ့လော့က စိုးရိမ်စွာဖြင့် သတိပေးလိုက်ခြင်းဖြစ်သည်။ သူမက ယဲ့ချန်ကို မကူညီပေးနိုင်သည့်အတွက် ကိုယ့်ကိုကိုယ် အပြစ်တင်နေမိသည်။ ပိုလင်းသည်လည်း ယဲ့ချန်ကို စိုးရိမ်စွာကြည့်နေခဲ့သည်။ စစ်ဧကရာဇ်အဆင့်ရှစ်ဖြစ်သော ယဲ့ချန်အတွက် နတ်အစေခံများနှင့် တိုက်ခိုက်ခြင်းက အန္တရာယ်များသော်လည်း ကံကောင်းစွာဖြင့် ကိုယ်ပွားတစ်ခုသာ ဖြစ်သည်။ သို့မဟုတ်လျှင် သူတို့က ဤတိုက်ပွဲအတွင်း ပါဝင်ရန် လုံးဝခွင့်ပြုပေးမည် မဟုတ်ပေ။

"အစ်ကိုကြီး ငါ ကူညီပေးမယ် "

နင်အာက မြေခွေးအသွင်ပြောင်း၍ လျင်မြန်စွာ ပြေးလာနေခဲ့သည်။

"မလိုဘူး နင်အာ။ နောက်ဆုတ်နေလိုက်ပါ"

ယဲ့ချန်က ကောင်းကင်ချီဖြင့် သူမကိုတွန်းထုတ်ရန် လက်ကို ယမ်းလိုက်သည်။ သို့သော် သူက လေကိုသာ ထိမှန်သွားပြီး အမြှီးဆယ်ချောင်းမြေခွေးတစ်ကောင်က ပခုံးပေါ်၌ ထွက်ပေါ်လာသည်။ သူမက စစ်ဧကရာဇ်အဆင့်ငါးသာဖြစ်သော်လည်း ပုံရိပ်ယောင်စွမ်းရည်က နတ်အစေခံများကိုပင် လှည့်စားနိုင်လောက်သောကြောင့် သူက အံ့သြနေခဲ့သည်။

"ငါက နတ်မြေခွေးမျိုးနွယ်ရဲ့ လျှို့ဝှက်ကျင့်စဥ်ကို ကျင့်ကြံပြီးပြီ။ ပုံရိပ်ယောင်ပုလဲရဲ့ အကူအညီနဲ့ဆိုရင် နတ်အစေခံတွေတောင် ထိခိုက်အောင် မလုပ်နိုင်ဘူးလို့ ဘိုးဘေးတွေက ​ပြောတယ်။ မစိုးရိမ်ပါနဲ့ အစ်ကိုကြီး"

နင်အာ၏အသံက ကြည်လင်စွာ ထွက်ပေါ်လာသည်။

"ကောင်းပြီ။ ဒါဆိုရင် အန္တရာယ်ရှိရင် မစွန့်စားရဘူး။ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့အတွက် ဦးစားပေးရမယ်"

ယဲ့ချန်က သေချာစဥ်းစားလိုက်ပြီး မြေခွေးဘိုးဘေးများပင် သဘောတူသောကြောင့် ငြင်းပယ်မနေခဲ့ပေ။ သို့သော် သူက နင်အာ၏လုံခြုံရေးအတွက် လေးနက်စွာ သတိပေးလိုက်သည်။ သူမက အထပ်ထပ်အခါခါ ခေါင်းညိတ်ပြလိုက်ပြီး ယဲ့ချန်နှင့် ပခုံးချင်းယှဥ်တိုက်ပွဲဝင်ရသောကြောင့် အလွန်ပျော်ရွှင်နေလေသည်။

All Chapters