← Chapters

ကင်းခြေများ စိတ်နတ်ဆိုး

Vol. 88 Ch. 1217

ကင်းခြေများ စိတ်နတ်ဆိုး

Vol. 88 Ch. 1217

ဖြစ်နိုင်ချေတော့ ရှိတယ် …

အဆင့်မြင့် အရာရှိကြီးများ၏ ကိုယ်တိုင်ရေးအတ္တုပ္ပတ္တိထဲတွင် တစ်ခါက ပြောခဲ့ဖူးသည်။ တိုက်ဆိုင်မှုဟု ခေါ်သည့်အရာများက တကယ်တမ်းတော့ နက်နက်နဲနဲ စီစဥ်ထားသည့် အရာများသာ ဖြစ်၏။

ထိုအကြောင်းအရင်းကြောင့် ကျောက်ပြားကမ္ဘာသည် စစ်တုရင်ခုံဖြစ်လာခြင်း ဖြစ်၏။ မြေနက်ဧကရာဇ်က မည်မျှပင်အားကောင်းစေကာမူ သူက နတ်ဧကရာဇ်ဖြင့် မယှဥ်နိုင်သေးပေ။ သို့သော်လည်း သူ့ကလေးကို သူ့ရှေ့မှောက် ပေါ်ထွက်လာအောင် စွမ်းဆောင်နိုင်ခဲ့သည်။

ထို့အပြင် သူက ဤကျောက်ပြားကမ္ဘာအတွင်း အသိစိတ်တစ်ခုကို ဖွဲ့စည်းကာ သူ့ကိုယ်ပိုင်ဝိညာဉ် ဖြစ်တည်လာသည့်အပြင် လက်ရှိအနေအထားအထိ အကုန်ထည့်တွက်လိုက်ပါက အရာအားလုံးက တိုက်ဆိုင်မှုမျှသာ ဖြစ်မည်လား။

နတ်ဧကရာဇ်ရဲ့ ကိုယ်ပွားတစ်သိန်းက ဖွဲ့စည်းထားတဲ့ ကမ္ဘာတစ်သိန်းမှာ သူကလည်း ကမ္ဘာတစ်သိန်းမှာ ရှိနေနိုင်မလား …

နတ်ဧကရာဇ်နဲ့ စစ်ပွဲက အစကနေအဆုံး ဖြစ်နေတာပဲ။ ငါက ထူးခြားတယ်လို့ ထင်ခဲ့ပေမဲ့ တကယ်တမ်းတော့ အဆုံးမဲ့နယ်မြေခွဲမှာ ငါပဲ ရှိတယ်။ ငါက အနက်ရောင်သစ်သားပြားရဲ့ တစ်ရာပုံ ပုံရင် တစ်ပုံပဲ ရှိလိမ့်မယ် …

ထိုခန့်မှန်းချက်က ဝမ်ပေါင်လဲ့၏ စိတ်ကို အပြင်းအထန် တုန်ယင်သွားစေသည်။ ထိုအခိုက်အတန့်တွင် သူ့ခန္ဓာကိုယ်ထဲရှိ ကြယ်နယ်မြေက စတင်လှုပ်ခါလာကာ မတည်ငြိမ်တော့သည့် အရိပ်အယောင်များ ပြသလာသည်။

ဝမ်ပေါင်လဲ့၏ ဒွါရ ၇ပေါက်မှ အနက်ရောင်မြူခိုးများ ထွက်ပေါ်လာပြီး ကောင်းကင်အထက် စုဝေးသွားလေ၏။

သူ့စိတ်ထဲ၌ သူ့ကိုယ်ပိုင်အသံများက တစ်ခုပြီး တစ်ခု ထွက်ပေါ်လာသည်။

“မင်းက တစ်သိန်းမှာ တစ်ယောက်လောက်ပဲ ရှိတယ်။ မင်းရဲ့ အောင်မြင်မှုနဲ့ ကျရှုံးမှုတွေက အလကားပဲ။”

“မင်းက ထွက်သွားတာပဲဖြစ်ဖြစ် ထွက်မသွားတာပဲဖြစ်ဖြစ် မင်းရဲ့ တကယ့်အစစ်အမှန်ပုံစံကနေ စုပ်ယူခံရမှာပဲ။ မင်းက အသိစိတ်တစ်ခုပဲ …”

“အဲဒါက လွန်တယ်မလား။ ဒါက အမှန်တရားပဲ။”

“ဒါက အမှန်တရားပဲ။ မင်းဘယ်လောက်ပဲ ကြိုးစားစား မင်းဘယ်လောက်ပဲ တိုက်ခိုက်ခိုက် ဒါက အသုံးမဝင်ဘူး။ မင်းရဲ့ တကယ့်အစစ်အမှန် ပုံစံနဲ့ ဧကရာဇ်ကြားက တိုက်ပွဲက နှစ်များစွာ ဖြစ်နေအုံးမှာပဲ။ စကြဝဠာများစွာအထိ ဖြစ်နေအုံးမှာပဲ။ မသေမျိုးတွေကြားက တိုက်ပွဲကို မြင်ဖူးတယ်မလား။ မျိုးဆက်များစွာတိုင် ဖြစ်နေခဲ့တာပဲ။ ဒါက စွမ်းအားကြီး ပုဂ္ဂိုလ်တွေကြားက တိုက်ပွဲပဲ။”

“မင်းက ဘာလဲ။ မင်းက မင်းရဲ့ တကယ့်အစစ်အမှန် ပုံစံရဲ့ အသိစိတ်လေးတစ်ခုပဲ။”

ထိုအသံများက ထွက်ပေါ်လာကာ လှိုင်းလုံးများသဖွယ် ပေါက်ထွက်လာသည်။ ထိုအရာက သူ့ကို အထဲမှ ဝါးမျိုပစ်ချင်ဟန်ပေါ်၏။ ထိုအရာက ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်တွင်းရှိ ကြယ်စင်စုတစ်လျှောက် ပျံ့နှံ့သွားကာ သူ့အခြေခံအုတ်မြစ်ကို ယိုင်လဲစေဟန်ပေါ်သည်။

တာအိုဆိုတာ ဘာလဲ။ လွတ်လပ်မှုဆိုတာ ဘာလဲ။

အကယ်၍ လူတစ်ယောက်၏ တည်ရှိမှုက တခြားသူ၏ အသိစိတ်တစ်ခုမျှသာ ဖြစ်နေပါက ထိုလွတ်လပ်မှုဟု ခေါ်သည့်အရာက ကိုယ်ပိုင်အယုံသွင်းမှုတစ်ခုသာ ဖြစ်၏။ လွတ်လပ်မှုဟု ခေါ်သည့်အရာ အဓိပ္ပာယ် မရှိပေ။

ဝမ်ပေါင်လဲ့၏ စိတ်ထဲ အပြင်းအထန် တုန်ယင်သွားလေ၏။ သူက မိုးကြိုးချက် ထိမှန်လိုက်သလိုမျိုး စတင်တုန်ယင်လာသည်။ သူ တွေးနေသည့်အရာများက သူသည် အစစ်အမှန်လား အတုအယောင်လား မဟုတ်ဘဲ သူဘာလို့ ဤသို့ဖြစ်နေလဲဟူ၍သာ ဖြစ်သည်။

တစ်စုံတစ်ခုတော့ မမှန်ဘူး။ တစ်ခုခုတော့ အရမ်းမှားနေပြီ။ ငါက ဘာလို့ ဒီလိုအတွေးမျိုး တွေးလာမိတာလဲ။ ဒီမှန်းဆချက်က …

ထိုမှန်းဆချက်က ပေါ်ထွက်လာသည်နှင့် သူ့စိတ်ကို အဘယ့်ကြောင့် လှုပ်ခတ်သွားရသနည်း။ အကယ်၍ ဤသို့ဆိုပါက သူ့အနေဖြင့် များစွာ တုန်လှုပ်နေစရာ အကြောင်းအရင်း မရှိပေ။

ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်က တုန်ယင်သွားလေ၏။ သူ့အမူအရာက ပျက်ယွင်းသွားကာ သူ့ခေါင်းထက်ရှိ အနက်ရောင်မြူခိုးများက ပိုမိုသိပ်သည်းလာသည်။ ထိုမြင်ကွင်းက ဘေးတွင်ရပ်နေကြသည့် ကျောက်ယမုန့်နှင့် ကျိုးရှောင်ရ၊ မြည်းလေး၊ နံပါတ်နှစ်ဂိုဏ်းတူအစ်ကိုကြီးနှင့် ဝူလေးတို့ကို အံ့အားသင့်သွားစေ၏။

“စိတ်နတ်ဆိုးပဲ” နံပါတ်နှစ် ဂိုဏ်းတူအစ်ကိုကြီးက ရုတ်တရက် ပြောလိုက်သည်။ သူက အမွှေးနံ့သာ တာအိုမှ ဖြစ်တည်လာခြင်း ဖြစ်သည့်အတွက် သူ့ကိုယ်ပိုင် နားလည်မှုတချို့ရှိထားလေသည်။ သူက ထိုအခိုက်အတန့်ကို မြင်လိုက်သည်နှင့် စိတ်နတ်ဆိုးသည် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ဖို့ ကြိုးစားနေသည်ကို မြင်တွေ့လိုက်ရသည်။ သူက စိုးရိမ်စွာဖြင့် ချက်ချင်း ချဥ်းကပ်လာ၏။ သူက ညာဘက်လက်ကို မြှောက်ကာ ဝမ်ပေါင်လဲ့၏ ပုခုံးကို ထိကိုင်လိုက်ပြီး ဝန်ထုပ်ဝန်ပိုးကို မျှဝေဖို့ ကြိုးစားလိုက်သည်။ သို့သော်လည်း ထိုအခိုက်အတန့်တွင် သူ့ခန္ဓာကိုယ်က အပြင်းအထန် တုန်ယင်သွားပြီး သူ့ခန္ဓာကိုယ်က ဝေဝါးသွားကာ နောက်ခြေလှမ်း အနည်းငယ် ဆုတ်လိုက်ရသည်။

“ဒါက ပူးကပ်မှုပဲ” ဝူလေးက တစ်စုံတစ်ခု သဘောပေါက်သွားဟန်ပေါ်သည်။ သူက တုန်လှုပ်တကြီးဖြင့် ရေရွတ်လိုက်၏။ ဝမ်ပေါင်လဲ့၏ လက်ထဲရှိ မျက်နှာဖုံးမှ အဖြူရောင် အလင်းတန်း ထွက်ပေါ်လာကာ မမလေး၏ ပုံရိပ် ဖြစ်တည်လာသည်။ သူမက စိုးရိမ်တကြီးဖြင့် လက်ကို အသာမြှောက်ကာ ဝမ်ပေါင်လဲ့၏ မျက်ခုံးကြား ထိတွေ့လိုက်သည်။

သို့သော်လည်း ထိတွေ့လိုက်သည်နှင့် မမလေး၏ ခန္ဓာကိုယ်ကလည်း တုန်ယင်သွားကာ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။

သူမနှင့် နံပါတ်နှစ် ဂိုဏ်းတူအစ်ကိုကြီးတို့က လုံးလုံးမတားဆီးနိုင်ကြပေ။ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှ အနက်ရောင်မြူခိုးများက ပိုမိုသိပ်သည်းလာလေ၏။

တစ်ချိန်တည်းဆိုသလို ပတ်ဝန်းကျင်တွင် လေဟုန်များ တိုက်ခိုက်လာသည်။

အနားယူဖို့ ထွက်ခွာသွားသည့် မီးတောက်ခေါင်းဆောင်ကြီးကလည်း ပြန်လည်ရောက်ရှိလာ၏။ နံပါတ်တစ် ဂိုဏ်းတူအစ်မကြီးနှင့် နတ်နွားကြီးတို့ကလည်း ရုတ်တရက် ပေါ်ထွက်လာသည်။ သူတို့၏ အမူအရာက ပြောင်းလဲသွားပြီး မီးတောက် ခေါင်းဆောင်ကြီး၏ မျက်ဝန်းအထက် ဒေါသ အရိပ်အယောင်ဖြတ်ပြေးသွား၏။ သူက ဘယ်ဘက်လက်ကို မြှောက်ကာ ဝမ်ပေါင်လဲ့၏ ခေါင်းထိပ်ကို ဖိကိုင်လိုက်သည်။ သူက မျက်လုံးအပြူးသားဖြစ်သွားပြီး အော်ဟစ်လိုက်တော့သည်။

“မင်းက ဒီလိုနတ်ဆိုးဆန်ဆန် အတွေးတွေနဲ့ တိုက်ခိုက်ရဲတယ်ပေါ့။” သူ ပြောလိုက်သည်နှင့် ကျိန်စာကို ထုတ်လွှင့်လိုက်သည်။ သူ့ညာဘက်လက်က ဂါထာမန္တန်အတိုင်း လက်ဟန်ပြောင်းလဲသွားပြီး ဝမ်ပေါင်လဲ့၏ ခေါင်းအထက် စုစည်းနေသည့် အနက်ရောင်မြူခိုးများကို လက်ညှိုးထိုးလိုက်သည်။

သို့သော်လည်း သူ လက်ညှိုးထိုးလိုက်သည်နှင့် အနက်ရောင်မြူခိုးက အပြင်းအထန် လှုပ်ခတ်လာကာ သွေးနီရောင်ထွက်ပေါ်လာသည်။ ထိုအရာက မြူခိုးကို အနီရောင် ဆိုးလိုက်သကဲ့သို့ဖြစ်ကာ ကင်ခြေများ၏ ပုံရိပ်ယောင်က ဖြတ်ခနဲ ပေါ်ထွက်လာကာ မီးတောက်ခေါင်းဆောင်ကြီး၏ လက်ချောင်းဆီ ဦးတည်နေလေ၏။

ထိပ်တိုက်တွေ့ဆုံမှုက မီးတောက်ခေါင်းဆောင်ကြီး၏ ခန္ဓာကိုယ်ကို အပြင်းအထန် တုန်ယင်သွားစေသည်။ သူက ခြေလှမ်းသုံးလှမ်း နောက်ဆုတ်လိုက်ရသော်လည်း သူ့မျက်ဝန်းအထက် အေးစက်စက် အလင်းရောင် ဖြတ်ပြေးသွား၏။ သူ့သတ်ဖြတ်ငွေ့တို့က ပေါက်ထွက်လာကာ သွေးနီရောင် ကင်းခြေများကို ကြည့်လိုက်သည်။

ထိပ်တိုက်တွေ့ဆုံမှုအပြီး ထိုကင်းခြေများက အနည်းငယ် နောက်ဆုတ်လိုက်ရ၏။ သူက မီးတောက်ခေါင်းဆောင်ကြီးကို ကြည့်ကာ သူ့မျက်ဝန်းထဲ ခက်ထန်သည့် အလင်းမျိုး ရှိနေဟန်ပေါ်သည်။

“မင်းပဲ” မီးတောက်ခေါင်းဆောင်ကြီး၏ သတ်ဖြတ်ငွေ့က ပိုမိုကြီးမားလာသည်။ သူက ဝမ်ပေါင်လဲ့၏ တာအိုစည်းချက်မှတဆင့် သွေးနီရောင် ကင်းခြေများ၏ တည်ရှိမှုအကြောင်း သိခဲ့ရသည်။ ယခုအခါ သူက ကိုယ်တိုင်မြင်တွေ့လိုက်ရပြီဖြစ်ကာ သူ့ခန္ဓာကိုယ်ထဲ သိမ်းဆည်းထားသည့် ကျိန်စာများက ပေါက်ထွက်တော့လုမတတ် ဖြစ်လာသည်။

မီးတောက်ခေါင်းဆောင်ကြီးက ထိုသွေးနီရောင် ကင်းခြေများသည် အမှန်တကယ် မတည်ရှိကြောင်း ပြောနိုင်လေ၏။ သို့သော်လည်း ထိုအရာက ဝမ်ပေါင်လဲ့နှင့် ဆက်နွယ်မှု ရှိနေသည့်အတွက် မည်သူကမှ ဖျက်ဆီးမပစ်နိုင်ပေ။ ဝမ်ပေါင်လဲ့ ကိုယ်တိုင်ကသာ ဖြတ်တောက်ပစ်နိုင်လိမ့်မည်။ အကယ်၍ သူသာ အတင်းအကြပ် ဝင်ရောက်စွက်ဖက်လိုပါက လုပ်နိုင်သည့်အရာက ကျိန်စာသာ ဖြစ်၏။

မီးတောက် ခေါင်းဆောင်ကြီး သိထားသလောက် သူက ကျိန်စာကို ထုတ်သုံးပြီး တစ်ဖက်လူနှင့်အတူ ပျောက်ကွယ်သွားပါက ထိုက်တန်ပေသည်။ ဘာပဲဖြစ်ဖြစ် သူက အသက်ကြီးနေပြီ မဟုတ်ပါလော။ သူက အသက်ရှင်သည်ဖြစ်စေ သေသည်ဖြစ်စေ အရေးမကြီးလှပေ။ သို့သော်လည်း ဝမ်ပေါင်လဲ့ကာ ငယ်ရွယ်သေးသည့်အတွက် သူ ပူးကပ်ခံရသည်ကို ဆရာတစ်ယောက်အနေနှင့် မည်သို့ဒီတိုင်းကြည့်နေနိုင်မည်နည်း။

မီးတောက်ခေါင်းဆောင်ကြီး၏ ခန္ဓာကိုယ်မှ ကျိန်စာစွမ်းအား ထွက်ပေါ်လာသည့်အခါ သွေးနီရောင် ကင်းခြေများက အနည်းငယ် ထိတ်လန့်သွားဟန်ပေါ်သည်။ သို့သော်လည်း မီးတောက်ခေါင်းဆောင်ကြီးက ကျိန်စာကို ထုတ်လွှင့်တော့မည့်ဆဲဆဲတွင် ရှင်းလင်းပြတ်သားသည့် အသံတစ်သံ ထွက်ပေါ်လာ၏။

ထိုအသံက ပတ်ဝန်းကျင်တစ်ခုလုံးကို ပျံ့နှံ့သွားလေသည်။

“ဆရာ ကျေးဇူးပါ။ ကျွန်တော်ကိုယ်တိုင် လုပ်လိုက်ပါ့မယ်”

ပြောလိုက်သည့်သူက ဝမ်ပေါင်လဲ့သာ ဖြစ်၏။ သူက မျက်လုံးအသာဖွင့်လိုက်သည်။ သူ့အကြည့်က ရှင်းလင်းနေပြီး ခေါင်းထက်ရှိ သွေးနီရောင် ကင်းခြေများကို မော့ကြည့်လိုက်သည်။

သွေးနီရောင် ကင်းခြေများက သိသိသာသာ တုန်လှုပ်သွားကာ ဝမ်ပေါင်လဲ့ကို တုန်လှုပ်တကြီးဖြင့် ကြည့်လာလေသည်။

“မင်းက မင်းဘာသာ နိုးထလာတယ်လား။ မင်း သိသွားပြီလား။ ဒါကို ထင်မှတ်မထားမိဘူး။”

“ငါ သိသွားပြီ။” ဝမ်ပေါင်လဲ့က တည်ငြိမ်စွာ ပြောလိုက်၏။ သူ့ခန္ဓာကိုယ်ထဲရှိ ကျင့်ကြံဆင့်က ပေါက်ထွက်လာကာ ညာဘက်လက်ကို မြှောက်ပြီး လက်သီးချက်ပစ်ခွင်းလိုက်သည်။

ထိုလက်သီးချက်က နေအဖွဲ့အစည်းမှ ဝိညာဥ်ချီကို စုပ်ယူလိုက်သလိုမျိုး တွင်းနက်ကြီးသဖွယ် ဖြစ်တည်သွားသည်။ ထိုအရာက မိုးမြေကို ဆုတ်ဖြဲကာ သွေးနီရောင် ကင်ခြေများကြီးကို လွင့်ပစ်လိုက်ဟန်ပေါ်သည်။

သွေးနီရောင် ကင်းခြေများကြီးက လက်တွေ့တွင် တည်ရှိတော့ဟန် မပေါ်သောကြောင့် အပြင်လူများက ထိခိုက်အောင် လုပ်နိုင်မည် မဟုတ်ပေ။ သို့သော်လည်း ဝမ်ပေါင်လဲ့ကိုယ်တိုင်ကမူ ထိုအရာနှင့် ကံအကြောင်းတရားဆက်နွယ်မှု ရှိနေသည့်အတွက် သူ့တိုက်ကွက်က သွေးနီရောင် ကင်းခြေများထံ ထိနှက်ချက်ပေးနိုင်သည်။

အသံကျယ်ကြီးနှင့်အတူ သူ့ကျင့်ကြံဆင့်က ပေါက်ထွက်လာပြီး ကျောက်ပြားကမ္ဘာ၏ စကြဝဠာအဆင့် တိုက်ခိုက်စွမ်းရည်အထိ ရောက်ရှိသွားခဲ့သည်။ ထိုအခိုက်အတန့်တွင် သွေးနီရောင် ကင်းခြေများ၏ ခန္ဓာကိုယ်က အပိုင်းပိုင်းအစစ ဖြစ်သွားလေ၏။ မြူခိုးက ပျောက်ကွယ်သွားသော်လည်း ထိုအရာက မသေဆုံးခဲ့ပေ။

ထိုနေရာတွင် ရှိနေသည်က ၎င်း၏ နတ်ဘုရားအသိစိတ်သာ ဖြစ်၏။

“စိတ်ဝင်စားစရာပဲ။ ဝမ်ပေါင်လဲ့ နောက်တစ်ခါကျရင် ငါ သေချာပေါက် အောင်မြင်မှာ”

ထို့သို့ ပြောပြီးသည့်နောက်တွင် မြူခိုးက အပြီးတိုင် ပျောက်ကွယ်သွားခဲ့သည်။ ပတ်ဝန်းကျင်က ပုံမှန် ပြန်ဖြစ်သွား၏။ ဝမ်ပေါင်လဲ့က မီးတောက်ခေါင်းဆောင်ကြီးနှင့် တခြားသူများအား စိတ်အေးအောင် ဖျောင်းဖျပေးခဲ့ရသည်။ မီးတောက်ခေါင်းဆောင်ကြီးက စိုးရိမ်စွာဖြင့် ပြန်လည်ထွက်သွားလေ၏။ ကျောက်ယမုန့်နှင့် ကျိုးရှောင်ရတို့ကလည်း စိုးရိမ်မှုနှင့်အတူ ထွက်သွားကြသည်။

ဝူလေးနှင့် မြည်းလေးတို့ကသာ ဝမ်ပေါင်လဲ့၏ ဘေးနားတွင် ရှိနေလေ၏။ ဝမ်ပေါင်လဲ့က သက်ပြင်းချလိုက်ပြီး အဝေးတစ်နေရာရှိ ကြယ်တာရာကောင်းကင်ကို လှမ်းကြည့်လိုက်သည်။

သူက သဘောပေါက်သွားခဲ့သည်။ သူ့ယခင်အတွေးများက အမှန်ဖြစ်စေ အမှားဖြစ်စေ ကိစ္စမရှိပေ။ သူက သူ ကိုယ်တိုင်သာ ဖြစ်၏။

ထို့အပြင် ကျောက်ပြားကမ္ဘာကို စစ်တုရင်ခုံအဖြစ် အသုံးပြုခြင်းက မဖြစ်နိုင်ခြင်းတော့ မဟုတ်ပေ။

ကျောက်ပြားကမ္ဘာတွင် အဓိကအပြောင်းအလဲ ၃ခု ရှိခဲ့သည်။ ပထမတစ်ခုက နေရာ၏ ဆင့်ကဲပြောင်းလဲမှုကို သက်ရောက်မှုရှိစေသည့် ရှေးဦးဝိညာဥ်ခေတ်ကာလသို့ ဝင်ရောက်သွားခြင်း ဖြစ်၏။ နောက်ထပ်တစ်ခုကမူ လော့၏ စည်းတံဆိပ်ဖြစ်ကာ အမှောင်ဂိုဏ်း ပေါ်ထွက်လာစေပြီး ဤနေရာ၏ ဖွဲ့စည်းပုံကို ပြောင်းလဲစေခဲ့သည်။

တခြားတစ်ခုကမူ ဝမ်ရီရီ၏ အဖေက ကျောက်ပြားကမ္ဘာ၏ အပြင်ဘက်တွင် ဖန်တီးခဲ့သည့် အက်ကြောင်းဖြစ်၏။ ထိုအရာက သူတို့သားအဖနှစ်ယောက်ကို ဝင်ရောက်ခွင့်ပြုလာသည့် နေရာလည်း ဖြစ်ပေသည်။ မမလေးက သက်ရှိများကို ဖော်ညွှန်းဖို့ ပုံရိပ်များကို ရေးဆွဲခဲ့ဖူးကာ ဤနေရာ၏ သာမန်ဖွံ့ဖြိုးတိုးတက်မှုအပေါ် သက်ရောက်မှုရှိစေခဲ့သည်။ ဤသို့ဖြင့် ကျောက်ပြားကမ္ဘာကြီးကို ဖန်တီးထားခြင်း ဖြစ်၏။ ထိုအရာကို ပုံတူမပွားနိုင်ပေ။ သူတို့က တစ်ခုသာလျှင် ရှိ၏။

“ဒီနယ်မြေက ငါ့ရဲ့ ကျောက်ချရာ နေရာပဲ။ အမှန်တရားက ဘယ်လိုပဲဖြစ်ဖြစ် တစ်ခုပဲ ရှိတယ်။ ငါက တစ်ယောက်တည်းပဲ။” ဝမ်ပေါင်လဲ့၏ အကြည့်က ဖြည်းဖြည်းချင်း တည်ငြိမ်သွားကာ သူ့နောက်တွင် ရှိကာ စိတ်လှုပ်ရှားနေသည့် ဝူလေးကို လှည့်ကာ ပြောလိုက်သည်။

“ဝူလေး … မင်းက ပတ်ဝန်းကျင်မှာရှိတဲ့ အချိန်ကို အပြောင်းအလဲဖြစ်စေနိုင်ပြီးတော့ အတိတ်ကအရာတွေကို ပေါ်ထွက်လာအောင် လုပ်နိုင်တယ်။ ငါအရင်က ကိစ္စတချို့ကို သိချင်တော့ မင်းရဲ့ ပူးပေါင်းမှုကို လိုတယ်။ အပြန်အလှန်အနေနဲ့ နောင်အနာဂတ်ကျရင် မင်းကို အိမ်ပြန်ပို့ဖို့ အကောင်းဆုံး ကြိုးစားပေးမယ်။ ဟုတ်ပြီလား။”

All Chapters