ဉာဏ်အလင်းပွင့်ခြင်း
Vol. 88 Ch. 1218
ဝမ်ပေါင်လဲ့၏ စကားများကို ကြားပြီးသည့်နောက်တွင် ဝူလေးက စိတ်အားတက်ကြွလာသည်။ သို့သော် သူ့အမူအရာက အနည်းငယ် ဝမ်းနည်းနေ၏။
“ဖေဖေကြီးက ဘာလို့ အားနာနေရတာလဲ။ ဒီလိုမလုပ်ပါနဲ့။ ကျွန်တော်က အပြင်လူမှ မဟုတ်တာ။ ဝူလေးအနေနဲ့ ဖေဖေကြီးရဲ့ ဝန်ထုပ်ဝန်ပိုးကို မျှဝေပြီးတော့ ပြဿနာကို ဖြေရှင်းပေးနိုင်တာက ဂုဏ်ယူစရာပါပဲ။ ဒါက ဝူလေးရဲ့ ကံကောင်းမှုပါ။
အဲဒါကြောင့်မလို့ ဖေဖေကြီး ဝူလေး တောင်းဆိုပါတယ်။ ဝူလေးကို ဒီအခွင့်အရေး ပေးပါ။ ဒါက ဖေဖေကြီးအတွက် မပြောပလောက်ဘူးဆိုပေမဲ့ ဝူလေးအတွက်ကတော့ တစ်ဘဝလုံး လိုချင်နေခဲ့ရတဲ့ အခွင့်အရေး တစ်ခုပါပဲ။ သားသမီးဝတ် ကျေခွင့်ပေးပါ။”
ဝူလေး၏ အမူအရာက အလေးအနက် ဖြစ်နေသည်။
မြည်းလေးကပင် သူ့စကားများက ချွဲလွန်းသည်ဟု ခံစားမိလိုက်သော်လည်း ဝူလေး၏ ပါးစပ်ထဲ၌မူ သူတို့က ပြီးပြည့်စုံစွာ သင့်တော်နေသည်။
ထိုအရာက ဝမ်ပေါင်လဲ့သာ သဘောမတူပါက ဝူလေးထံ တုန်လှုပ်မှုအကြီးကြီး ဖြစ်သွားစေနိုင်ကြောင်း ခံစားချက်မျိုး ပေးစွမ်းနေ၏။
တကယ်တော့ ဝူလေး၏ စိတ်ပိုင်းဆိုင်ရာက နားလည်ဖို့ လွယ်ကူလှသည်။ သူက မလုံခြုံသလို ခံစားနေခဲ့ရ၏။ မည်သူပင် ဖြစ်စေကာမူ တည်နေရာပြောင်းရွေ့ရေး အစီအရင်ထဲ ဝင်ရောက်ပြီး နယ်ခြားကမ္ဘာတစ်ခုတွင် နိုးထလာသည့်သူများက တူညီစွာ ခံစားရလိမ့်မည်။
သူ့စိတ်ထဲ၌ သူသည် အသုံးဝင်သည့်သူ ဖြစ်ချင်သည်။ ထိုအရာကသာ နောက်ကျကျန်မနေဘဲ အမြောက်စာ ဖြစ်မလာစေမည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်၏။ ထိုအခိုက်အတန့်တွင် သူ့လေးနက်မှုက ကောင်းကင်ဘုံကိုပင် ရွေ့လျားစေပြီး သူ့မျက်ဝန်းရှိ အကြည့်များက ရေခဲတုံးများကိုပင် အရည်ပျော်ကျသွားနိုင်စေလောက်ကာ ကြယ်စင်များထက်ပင် တောက်ပနေသည်။
ဝမ်ပေါင်လဲ့က မနေနိုင်ဘဲ ပြုံးလိုက်မိသည်။ သူက ဝူလေးနှင့် အဝေးတစ်နေရာတွင် မြေပြင်ပေါ် လဲလှောင်းနေသည့် မြည်းလေးတို့ကို ကြည့်လိုက်သည်။ သူက ချောင်းအသာဟန့်ကာ လက်မြှောက်လိုက်သည်။
ဝူလေးက အလျှင်အမြန် ရောက်ရှိလာကာ ဝမ်ပေါင်လဲ့လက်ကို သူ့ခေါင်းဖြင့် တိုးဝှေ့လိုက်သည်။
ဝမ်ပေါင်လဲ့က သူ့ခေါင်းကို အသာကိုင်လိုက်၏။
“ကောင်းပြီ” ဝမ်ပေါင်လဲ့က ခေတ္တမျှ တုံ့ဆိုင်းပြီးသည့်နောက်တွင် ပြောလိုက်သည်။
“ဖေဖေကြီးကို ကျေးဇူးတင်ပါတယ်” ဝူလေး၏ မျက်နှာက ကျေးဇူးတင်မှုဖြင့် ပြည့်နှက်နေသည်။ သူက ဝမ်ပေါင်လဲ့သည် သူ့စကားကို ပြန်လည်ရုတ်သိမ်းမည်ကို ကြောက်နေသည့်အလား ရှေ့တွင် တင်ပျဥ်ခွေ ထိုင်လိုက်သည်။ ထိုအခိုက်အတန့်တွင် ဝမ်ပေါင်လဲ့က သူ့ကို မည်သို့ပင် တောင်းဆိုစေကာမူ သူက တုံ့ဆိုင်းခြင်းမရှိ လုပ်ဆောင်လိမ့််မည်။
မြည်းလေးက အချိန်တော်ကြာ ဝေခွဲမရ ဖြစ်နေ၏။ ထိုအရာက အန္တရာယ်ကို ခံစားမိလိုက်သည့်အလား ကြက်သီးတဖြန်းဖြန်း ထသွားလေသည်။ မြည်းလေးက သတိကြီးကြီးဖြစ်သွားကာ သူ့နေရာ ဆုံးရှုံးရတော့သလိုမျိုး ခံစားချက် ရလာသည်။ ၎င်းက ဝမ်ပေါင်လဲ့ဆီ သွားကာ ဝူလေး၏ အပြုအမူအတိုင်း အတုခိုးလိုက်သည်။ ၎င်းက ဘေးတွင် ထိုင်ချကာ အမူအရာ အတူတူဖြင့် စတင်အော်လိုက်သည်။
“သား သား”
ဝမ်ပေါင်လဲ့က စိတ်တိုစွာဖြင့် လက်ဝှေ့ကာ မြည်းလေးကို တွန်းထုတ်လိုက်တော့သည်။ သူက မြည်းလေး၏ အမူအရာကို လျစ်လျူရှုထားပြီး ဝူလေးကိုသာ ကြည့်လိုက်၏။
“မင်းရဲ့ စွမ်းအားကို ပြ”
ဝူလေးက အဝေးတစ်နေရာရှိ မြည်းလေးကို ကြည့်ကာ တိတ်တဆိတ် စိတ်သက်သာရာ ရသွားမိသည်။ သူက ဂုဏ်ယူနေဟန်ပေါ်၏။
သူက သူ့ဖေဖေကြီး၏ စိတ်ထဲ နေရာတစ်နေရာ အခိုင်အမာ ရလိုက်ဟန် ခံစားနေရသည်။ ထို့ကြောင့် သူက ဝမ်ပေါင်လဲ့၏ စကားကို ကြားသည်နှင့် သူ့စိတ်ထဲ အာရုံစိုက်ကာ သူ ပိုင်ဆိုင်ထားသည့် ထူးကဲသော စည်းမျဥ်းကို ထုတ်ဖော်ဖို့ အကောင်းဆုံး ကြိုးစားလိုက်သည်။
ထိုစည်းမျဥ်းက ဤစကြဝဠာ၏ အပိုင်မဟုတ်ပေ။ ထိုအရာက သူ့မွေးရပ်မြေ၏ အပိုင်ပင် မဟုတ်ပေ။ ဤသည်က မည်သည့်နေရာမှ ရောက်လာမှန်းပင် မသိရသော်လည်း ထိုစည်းမျဥ်းက သူ့အား မသေနိုင်သည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ခွင်ပြုထားကြောင်း နားလည်ထား၏။
အတိအကျ ပြောရလျှင် ဝမ်ပေါင်လဲ့ရှေ့တွင် ပေါ်ထွက်လာသည့် အရာက သူ့အစစ်အမှန် ကိုယ်ပင် မဟုတ်ပေ။ အတိအကျ ပြောရလျှင် ဝူလေးက စည်းမျဥ်းဥပဒေသကို ဖြန့်ကျက်လိုက်သည်နှင့် သူ့ဖေဖေကြီးက သူ့ထက်ပင် ပိုမိုရှင်းရှင်းလင်းလင်း ခံစားမိမည် ဖြစ်ကြောင်း သိနေသည်။
ဝူလေးက အသက်ပြင်းပြင်းရှူကာ သူ့ခန္ဓာကိုယ်ထဲမှ စည်းမျဥ်းဥပဒေသအားလုံးကို ဖြန့်ကျက်လိုက်သည်။ ထိုအရာ ဖြန့်ကျက်လိုက်သည်နှင့် လေတစ်ချက် တိုက်သွားလေ၏။ တကယ့် လေအစစ် မဟုတ်ဘဲ လေလို ခံစားချက်မျိုးသာ ဖြစ်သည်။
ထိုအရာက ဆံပင်ကို လှုပ်ခတ်သွားစေသည့် လေမျိုး မဟုတ်ဘဲ စိတ်ကို လှုပ်ခတ်သွားစေသည့် လေဟုန်မျိုး ဖြစ်၏။
ထိုလေ တိုက်ခိုက်လာပြီးသည့်နောက်တွင် သူ့ဝန်းကျင်ရှိ လေထုထဲ မမြင်နိုင်သည့် လှိုင်းတွန့်များ ပေါ်ထွက်လာကာ ကမ္ဘာကြီး၏ အချိန်အပြောင်းအလဲကို ဖြစ်ပေါ်စေသည်။ တချို့သော မပြီးပြည့်စုံသည့် ပုံရိပ်များက သူ့အနားတွင် ပေါ်ထွက်လာလေ၏။
သူတို့က ဤနေရာတွင် အချိန်တော်ကြာ တည်ရှိနေခဲ့သည့် အရိပ်အယောင်များ ဖြစ်သည်။
ဝမ်ပေါင်လဲ့က သူ မြင်လိုက်ရသည့်အရာကြောင့် အံ့အားသင့်သွားလေ၏။ သူ့အကြည့်များက တောက်ပလာကာ သူ့တာအိုစည်းချက်ကို အားကုန်ထုတ်လွှင့်လိုက်ပြီး ဝူလေးကို လွှမ်းခြုံလိုက်ပြီး ဝူလေး၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် စည်းမျဥ်းတချို့ကို အာရုံခံလိုက်သည်။
တစ်ချိန်တည်းဆိုသလို သူ့တာအိုကြယ်လည်း ပျံ့နှံ့လာကာ စွမ်းအားကို ကန့်သတ်ချက်ထိ ရောက်အောင် ထုတ်သုံးလိုက်သည်။ ထိုအရာက စည်းမျဥ်းကို ကူးယူချင်နေသော်လည်း ထိုစည်းမျဥ်း၏ အဆင့်အတန်းက မြင့််မားလွန်းနေမှန်း သိသာလှသည်။ ဝမ်ပေါင်လဲ့က ထိုအရာကို ထိတွေ့တော့မည့်ဆဲဆဲတွင် သူ့လက်ရှိကျင့်ကြံဆင့်ဖြင့်ပင် အချိန်တိုအတွင်း လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်း သဘောပေါက်သွားခဲ့၏။
သို့သော်လည်း ဝမ်ပေါင်လဲ့က အလျင်လိုနေခြင်း မရှိပေ။ ဝူလေးကလည်း အလျင်လိုနေခြင်း မရှိပေ။ အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးသွား၏။ ဝမ်ပေါင်လဲ့၏ ဤဘဝက ယခင်ကထက်ပင် ပိုမိုရိုးရှင်းသွားသည်။
သူ့ကိုယ်ပွားတစ်ယောက်ကို သူ့မိဘများအား အဖော်ပြုဖို့ စေလွှတ်ပေးထားသည်။ ရံဖန်ရံခါ ကျောက်ယမုန့်နှင့် ကျိုးရှောင်ရတို့ဖြင့်လည်း အချိန်ဖြုန်းလျက် ရှိ၏။
သူ့ဓမ္မကိုယ်ပွားကမူ နေအဖွဲ့အစည်း အပြင်ဘက် ကြယ်တာရာကောင်းကင်အထက် တင်ပျဥ်ခွေထိုင်လျက်ရှိနေကာ အရာအားလုံးကို လွှမ်းခြုံပေးထားသည်။ သူ့ပင်မခန္ဓာကိုယ်က ဝူလေးနှင့်အတူ လပေါင်းများစွာ သီးသန့်ကျင့်ကြံရေး ဝင်ရောက်နေခဲ့၏။
မြည်းလေးက ပျင်းရိနေသည့်အတွက် ဝမ်ပေါင်လဲ့၏ သီးသန့်ကျင့်ကြံရာ နေရာမှ ထွက်သွားဖို့ ဆုံးဖြတ်ခဲ့သည်။ ထိုအရာက ဝမ်ပေါင်လဲ့သည် သူ့မိဘများ အဖော်ပြုပေးသည့်နေရာသို့ သွားကာ ခွေးတစ်ကောင်လိုမျိုး ပြုမူနေလေ၏။ ထိုအရာက အရင်ကထက်ပင် ပိုမိုနာခံနေဟန်ပေါ်သည်။ နေ့စဥ်နေ့တိုင်း ဝမ်ပေါင်လဲ့၏ မိဘများကို ပျော်ရွှင်ဖို့ အားသွန်ခွန်စိုက် ကြိုးစားလျက် ရှိသည်။
ဝမ်ပေါင်လဲ့ကပင် ဤမြင်ကွင်းကို မြင်ရ၍ ရယ်ရမလား ငိုရမလား မသိတော့ပေ။ ထိုမြည်းလေးက အဆင့်အတန်းကို ဂရုမစိုက်ဘဲ ခွေးတစ်ကောင်အဖြစ် ပြောင်းလဲသွားသလို ခံစားလိုက်ရသည်။ သူက အမြှီးယမ်းကာ တခြားသူများကို ကျေနပ်အောင် ပြုမူနေပြီး ခွေးစာများကို စားသုံးနေသည်။ ထိုအရာများအပြင် ဝူလေးနှင့်အတူ သီးသန့်ကျင့်ကြံမှုက မြည်းလေးကို လှုံ့ဆော်ပေးလိုက်ဟန်ပေါ်၏။
ဝမ်ပေါင်လဲ့ သီးသန့်ကျင့်ကြံနေစဥ်အတွင်း ပြည်ထောင်စုကြီး၏ ဂုဏ်သတင်းက မဟာလက်ဝဲတာအိုနယ်မြေတစ်ခုလုံးအနှံ့ ပျံ့နှံ့သွားခဲ့သည်။ ထိုအရာက အင်အားစုကြီး၊ အင်အားစုငယ်တိုင်း အကုန်သိကြသည်။ တစ်ချိန်တည်းဆိုသလို တချို့သော ဂိုဏ်းများနှင့် မျိုးနွယ်များက စစ်ပွဲမှ ရှောင်ပြီး ဘေးကင်းဖို့အတွက် ပြည်ထောင်စုကြီးနှင့် မကြာခဏ အဆက်အသွယ် စတင်ပြုလုပ်လာကြသည်။ သူတို့က ပြည်ထောင်စုကြီးနှင့် ပူးပေါင်းခွင့်ရဖို့အတွက် အခကြေးငွေ ပေးဖို့ရာပင် တုံ့ဆိုင်းနေခြင်း မရှိကြပေ။
ဝမ်ပေါင်လဲ့က ထိုကိစ္စတွင် ဝင်ရောက်မစွက်ဖက်ခဲ့ပေ။ ဝူမုန့်လင်၊ လီရှင်းဝမ်၊ နတ်ဧကရာဇ် တရားမျှတမှု ဂိုဏ်းခေါင်းဆောင်ကြီး၊ ခရမ်းရွှေခေါင်းဆောင်ကြီးနှင့် တခြားသူများက ဂရုစိုက်ထားကြသည်။ အရာအားလုံးက အစီအစဥ်တကျဖြစ်နေပြီး ပြည်ထောင်စုကြီး၏ လွှမ်းမိုးမှုက နေ့စဥ်နှင့်အမျှ တိုးတက်လာခဲ့သည်။ ပို၍ အရေးကြီးသည်က ပြည်ထောင်စုကြီး၏ ကြားနေမှုက အချိန်ကုန်လွန်သည်နှင့်အမျှ လက်တွေ့ဖြစ်လာခဲ့၏။
အဆုံးမဲ့မျိုးနွယ်က ပြည်ထောင်စုကြီးအား မမြင်သလို ဆက်ဆံကြသည်။ သူတို့ အစောပိုင်းတွင် ပေးပို့ခဲ့သည့် ဆုလာဘ်များမှလွဲ၍ သူတို့က ဘာမှမလုပ်ကြပေ။ ထိုဆုလာဘ်က ဟန်ပြမျှသာဖြစ်ခဲ့သော်လည်း ယခုအခါ ပြန်ကြည့်ပါက သူတို့သည် တတ်နိုင်သည့်အရာဟူ၍ မရှိပေ။
ထိုအရာက ဂိုဏ်းကြီးများနှင့် မျိုးနွယ်များအား ပြည်ထောင်စုကြီး၏ စွမ်းအားကို သဘောပေါက်သွားစေသည်။
ဝမ်ပေါင်လဲ့၏ သီးသန့်ကျင့်ကြံမှုက နှစ်ဝက်မျှ ကြာမြင့်နေစဥ် အဆုံးမဲ့မျိုးနွယ်နှင့် အမှောင်ဂိုဏ်းက မကြာခဏ တိုက်ခိုက်လျက် ရှိသည်။
စစ်ပွဲမီးပွားများက ပျံ့လွင့်လာပြီး သက်ရောက်မှုက ပိုမိုကြီးမားလာခဲ့သည်။
မဟာလက်ဝဲတာအိုနယ်မြေအတွင်း ကျူးကျော်မှုတချို့ပင် ရှိလာခဲ့၏။ သို့သော်လည်း နေအဖွဲ့အစည်းနှင့် ပတ်ဝန်းကျင် ကြယ်တာရာကောင်းကင်ကမူ တားမြစ်နယ်မြေသဖွယ် ဖြစ်နေသည်။ ထိုနေရာထဲ အမှောင်ဂိုဏ်းက ပေါ်ထွက်မလာခဲ့ပေ။
ဂိုဏ်းကြီးများနှင့် မျိုးနွယ်စုများ၏ အမြင်တွင် တိုက်ဆိုင်မှုအဖြစ် မှတ်ယူနိုင်လေ၏။ သို့သော်လည်း နှစ်ဖက်လုံးက တိုက်ခိုက်ရင်းဖြင့် မဟာလက်ဝဲတာအိုနယ်မြေအတွင်း ဝင်ရောက်ကာ နေအဖွဲ့အစည်းအနား ချဥ်းကပ်ရောက်ရှိလာသည်။ သူတို့နောက်လိုက်နေသည့် အမှောင်ဂိုဏ်းက ထိုနေရာတွင် ရပ်တန့်သွား၏။ သူတို့က ထွက်သွားဖို့ မဆုံးဖြတ်ခင် တုံ့ဆိုင်းနေဟန်ပေါ်သည်။
သူတို့က ထွက်မသွားခင် နေအဖွဲ့အစည်းဘက် လက်နှစ်ဖက်ယှက်ကာ အရိုအသေပေးခဲ့၏။
ထိုမြင်ကွင်းက စောင့်ကြည့်နေသည့် မျိုးနွယ်များနှင့် ဂိုဏ်းများအားလုံးကို အံ့အားသင့်သွားစေသည်။
ဂိုဏ်းအသီးသီးနှင့် မျိုးနွယ် အသီးသီးက အံ့အားသင့်ကာ ဝမ်ပေါင်လဲ့အကြောင်း သတင်းအချက်အလက်များကို စုဆောင်းခဲ့ကြသည်။ ဤသို့ဖြင့် အဖြေ ရရှိလာ၏။
ပြည်ထောင်စုခေါင်းဆောင်ကြီး ဝမ်ပေါင်လဲ့က တစ်ခါက ယခင်မျိုးဆက်၏ အမှောင်ကလေးငယ် ဖြစ်ခဲ့ဖူးသည်။ သူက ယခုလက်ရှိ အမှောင်ဂိုဏ်း၏ မိုးကောင်းကင်တာအို ချန်ရှင်း၏ ဂိုဏ်းတူညီလေး ဖြစ်ခဲ့၏။ သူတို့နှစ်ယောက်က တစ်ဆရာတည်းလက်အောက်မှ ထွက်လာခြင်း ဖြစ်၏။ သို့သော်လည်း ကွဲပြားသည့် အတွေးအခေါ်များကြောင့် ဝမ်ပေါင်လဲ့သည် အမှောင်ကလေးငယ်အဖြစ် သူ့ဇစ်မြစ်ကို လက်လျှော့ကာ တိုက်ပွဲအတွင်း ဝင်ရောက်မဆင်နွဲခဲ့ပေ။
ထိုအဖြေက အသေးစိတ် ကျလွန်းလှသည်။ ပြောရလျှင် ထိုအရာကို ရှာဖွေတွေ့ရှိသည်ဟု ပြောရမည့်အစား တစ်စုံတစ်ယောက်က တမင်သတင်းလွှင့်လိုက်ဟန်ပေါ်သည်။ မည်သို့ပင်ဆိုစေကာမူ ဝမ်ပေါင်လဲ့၏ အမှောင်ကလေးငယ်အဖြစ် ဇစ်မြစ်က ပေါက်ကြားသွားသည့်အခါ အဆုံးမဲ့တာအိုနယ်မြေတစ်ခုလုံးက ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပြန်သည်။
ထိုကိစ္စရပ်အပေါ် အဆုံးမဲ့မျိုးနွယ်က အသိအမှတ်ပြုမှုနှင့် ပြည်ထောင်စုကြီးဘက်မှ မငြင်းဆန်မှုတို့ကြောင့် နေအဖွဲ့အစည်းက တဖန် အာရုံစိုက်မှုအလယ်သို့ ပြန်လည်ရောက်ရှိသွား၏။
အကြောင်းအရင်းကမူ ဤကပ်ဘေးအတွင်း တည်တည်ငြိမ်ငြိမ် ဘေးထွက်နိုင်သည့် တစ်ခုတည်းသော နေရာ ဖြစ်နေနိုင်၍ ဖြစ်သည်။
တစ်ချိန်တည်းဆိုသလို နှစ်ဝက်တာ သီးသန့်ကျင့်ကြံနေစဥ်အတွင်း ဝူလေး၏ အချိန်တာအို စည်းချက်များအောက်တွင် ဝမ်ပေါင်လဲ့၏ တကယ့်အသွင်အပြင်က ဖြည်းဖြည်းချင်း ရရှိလာသည်။
“လဆုတ်ပညာရပ် ဆိုတဲ့ နာမည်က မသင့်တော်တော့ဘူးပဲ … ”