နင်က ငါ့အဖေနဲ့ တူတူလာတယ်
Vol. 88 Ch. 1219
ဝမ်ပေါင်လဲ့အတွက် သူ့တစ်ဘဝလုံးတွင် နတ်ဘုရားစွမ်းရည် အစစ်အမှန် မဖန်တီးခဲ့ဖူးပေ။ သူ ဖန်တီးနိုင်ခဲ့သည်ဆိုလျှင်ပင် ဂါထာမန္တန်မျှသာ ဖြစ်လိမ့်မည်။
နတ်ဘုရားစွမ်းရည်က တာအိုပညာရပ်များ ဖြစ်၏။ သူတို့က ဗျပ်စောင်းကြိုးမျှင်များ ဖြစ်ကာ တီးခတ်လိုက်သည့်အခါ ကွဲပြားသော အသံများ ထွက်လာသည့် စည်းမျဉ်းဥပဒေသများ ဖြစ်၏။
ဝမ်ပေါင်လဲ့က ဝူလေး၏ တာအိုကို မည်သို့ခေါ်ရမှန်း မသိပေ။ သို့သော်လည်း သူက တာအိုကြယ် စည်းမျဥ်းများကို ကူးယူနိုင်သည့်အတွက် ယခင်နှစ်ဝက်အတွင်း ဝူလေးဆီမှ တာအိုစည်းချက်များကို အကြိမ်များစွာ တွေ့ကြုံပြီးသည့်နောက်တွင် ကူးယူလာနိုင်သည်။
ထိုတာအိုကို အောင်အောင်မြင်မြင် ပုံတူပွား ကူးယူပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က နောက်ဆုံးတွင် ဝူလေး၏ ခန္ဓာကိုယ်က မသေမျိုးသဖွယ် ဖြစ်နေရသည့် အကြောင်းအရင်းကို နားလည်သွားခဲ့သည်။ သူက မည်သည့် ဒဏ်ရာပင်ရစေကာမူ သူ့အခြေခံအုတ်မြစ်ကို မထိခိုက်စေပေ။
အကြောင်းအရင်းက ဝူလေး၏ ဝိညာဥ်၊ ခန္ဓာကိုယ်နှင့် အရိုးထဲတွင် ပေါင်းစည်းနေသည့် ထူးကဲသော တာအိုကြောင့် ဖြစ်၏။ ဝူလေးက မသိလိုက်ဘဲ သူ့ခန္ဓာကိုယ်ကို အတိတ်မှ ပြန်လည်ဆွဲခေါ်ယူမိနေသည်။
ထို့ကြောင့် သူက မည်သည့်ဒဏ်ရာ ရစေကာမူ ကိစ္စမရှိပေ။ သူ သေဆုံးသွားလျှင်ပင် သူ့တာအို၏ လုပ်ဆောင်ချက်အပေါ် သက်ရောက်မှုရှိမည် မဟုတ်ပေ။ အတိတ်တွင်ရှိသည့် သူက ချက်ချင်း ပေါ်ထွက်လာကာ ပစ္စုပ္ပန်ကို အစားထိုးသွားလိမ့်မည်။
ထိုသို့သော မသေနိုင်စွမ်းကို ဝမ်ပေါင်လဲ့က နားလည်လာလေလေ ပိုမိုအံ့အားသင့်မိလာလေလေ ဖြစ်၏။ ကံဆိုးစွာဖြင့် သူက ထိုအရာကို ကူးယူနိုင်ခဲ့လျှင်ပင် သူ့ကိုယ်သူ အသုံးပြုနိုင်မည် မဟုတ်ပေ။
တာအိုများကို ပုံတူပွားသည့် နည်းလမ်းနှင့် တူညီလှသည်။ ထိုတာအို၏ အရင်းအမြစ်ကမူ ဝူလေးထံ ရှိနေလိမ့်မည်။ ဝူလေးက အပြီးတိုင် သေဆုံးသွားခြင်း သို့မဟုတ် တာအို ပျက်စီးသွားသည့်အခါမှသာ တခြားသူများက သူတို့၏ ကိုယ်ပိုင်ခန္ဓာကိုယ်အတွင်း ပြန်လည်ထုဆစ်နိုင်လိမ့်မည်။ မဟုတ်ပါက မည်သူကမှ ဝူလေးလောက် အနေအထားရောက်လာမည် မဟုတ်ပေ။
ထိုတာအိုကို ဖျက်ဆီးပြီး ဝူလေးကို အပြီးတိုင် သတ်နိုင်ဖို့အတွက် နည်းလမ်းက ရိုးရှင်းလှသည်။ ဝူလေးကို သတ်လိုက်သည်နှင့် သူ့အနေဖြင့် ဝူလေး၏ အတိတ်မှ ဝူလေးများစွာကိုလည်း တစ်ပြိုင်နက် သတ်ရမည်။ တစ်ယောက်တစ်လေမှ လွတ်မြောက်သွား၍ မဖြစ်ပေ။ အချိန်က အရေးကြီးလှ၏။ မဟုတ်ပါက တစ်စုံတစ်ယောက် လွတ်မြောက်သွားခဲ့လျှင် အတိတ်ကိုယ်က ချက်ချင်းဆိုသလို ပြန်လည်အသက်ရှင်လာမည် ဖြစ်၏။
အချိန်ကိုက်သာ မမှန်ပါက ဤကဲ့သို့ အတူတူသာ ဖြစ်နေလိမ့်မည်။ သို့သော်လည်း ထိုသို့လုပ်ဆောင်ဖို့ရာ အင်မတန် ခက်ခဲလှသည်။ အနည်းဆုံးတော့ ဝမ်ပေါင်လဲ့က သူ့အနေဖြင့် လက်ရှိ မလုပ်ဆောင်နိုင်ကြောင်း သိထားလေသည်။
ဝမ်ပေါင်လဲ့အနေနှင့် ဝူလေးသည် သူ့ဘာသာ သိလာသည့် အရာတစ်ခု မဟုတ်ကြောင်း ပြောနိုင်လေ၏။ ထို့အစား ထိုအရာသည် မြေကမ္ဘာတုန်လှုပ်လောက်ဖွယ် ကျင့်ကြံဆင့်မျိုး ပိုင်ဆိုင်ထားသည့် စွမ်းအားကြီး ပုဂ္ဂိုလ်ကသာ သူ့သက်တမ်းနှင့် ကျင့်ကြံဆင့်တို့ကို စတေးပြီး ဝူလေးထံ ထည့်သွင်းပေးလိုက်ခြင်း ဖြစ်သည်။ ထိုအရာက သူ့ကို တာအိုနှင့် တစ်သားတည်း ဖြစ်သွားစေခြင်း ဖြစ်၏။
မြေနက်ဧကရာဇ်လား …
ဝမ်ပေါင်လဲ့က သူ့ဘာသာသူ တွေးလိုက်သည်။ သူက ထိုစည်းမျဥ်းကို မှတ်သားပြီးသည့်နောက်တွင် ထိုနာမည်က သူ့စိတ်ထဲတွင် ပေါ်ထွက်လာခဲ့သည်။
အစစ်အမှန် ဧကရာဇ်တစ်ယောက်က မည်မျှပင် အားကောင်းကြောင်း ပြောနိုင်လေသည်။
ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်လိုက်၏။ ကျင့်ကြံဆင့် နိမ့်ကျသော ဝူလေးက မဖျက်ဆီးနိုင်ဖွယ် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားလေသည်။ အကယ်၍ သူသာ စကြဝဠာအဆင့် ရောက်ရှိသွားပါက သူ့စွမ်းအားသည် အံ့မခမ်းဖြစ်သွားလိမ့်မည်။
ထိုသို့ဆိုလျှင်ပင် သူက အထွတ်အထိပ် ဧကရာဇ်ဖြင့် ယှဥ်နိုင်ဦးမည် မဟုတ်ပေ။
ဝမ်ပေါင်လဲ့က ခေါင်းအသာယမ်းကာ အတွေးများကို ဖြတ်တောက်လိုက်သည်။ သူက ဆက်လက် မတွေးတော့ပေ။ ထိုအစား သူက ဝူလေးဆီမှ ကူးယူထားသည့် တာအိုဖြင့် လွှမ်းခြုံလိုက်၏။ တစ်ချိန်တည်းဆိုသလို သူက သီးသန့်ကျင့်ကြံရာနေရာကို ဖွင့်လှစ်လိုက်ကာ ဝူလေးကို အပြင်ထုတ်လိုက်သည်။ သူက သူ့ဖေဖေကြီးအတွက် လုပ်ဆောင်ပေးခဲ့ရသည့်အပေါ် ဂုဏ်ယူကျေနပ်နေဟန်ပေါ်၏။
နောက်အခိုက်အတန့်တွင် သူက ဉာဏ်အလင်းပွင့်မှု စတင်လိုက်သည်။ သူက ထိုအရာကို လဆုတ် နတ်ဘုရားစွမ်းရည်ဖြင့် ပေါင်းစည်းလိုက်ပြီး နောက်ထပ် နတ်ဘုရားစွမ်းရည် တစ်ခုကို ဖန်တီးဖို့ ကြိုးစားလိုက်သည်။
သူက ထိုတာအို၏ အရင်းအမြစ်ကို ရှာမတွေ့သည့်အတွက် သူ့အနေဖြင့် အသင့်တော်ဆုံးရွေးချယ်စရာက လဆုတ်ပညာရပ်ဖြင့် တစ်သားတည်းဖြစ်ကာ နောက်လမ်းစဥ်တစ်ခုကို လျှောက်လှမ်းဖို့ ဖြစ်၏။
လဆုတ်ပညာရပ် နာမည်က မသင့်တော်တော့ဘူး …
အဲဒါဆိုတော့ လရိပ်ပညာရပ်လို့ ခေါ်တာက ငါ့တာအိုအတွက် ပိုပြီးတော့ သင့်တော်လိမ့်မယ်။
ဝမ်ပေါင်လဲ့က သူ့ဘာသာသူ ရေရွတ်လိုက်၏။ လဆုတ်ပညာရပ်က သူ့စိတ်ထဲတွင် ဝူလေး၏ ခန္ဓာကိုယ်ထဲမှ ကူးယူထားသော တာအိုဖြင့် ဆက်တိုက် ပေါင်းစည်းသွားခဲ့သည်။ ဖြည်းဖြည်းချင်းဖြင့် သူ အပြည့်အဝ မရရှိထားသည့် တာအို ၂ခုက အတူတကွ ပေါင်းစည်းသွားခဲ့သည်။
သူတို့က သူ့ရှေ့တွင် တစ်ခါမျှ ပေါ်ထွက်မလာဖူးသည့် တာအိုတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထိုတာအိုက သူ ဖန်တီးလိုက်ခြင်း ဖြစ်၏။
“လရိပ်ပညာရပ်” အချိန်တော်ကြာ ပြင်ပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က မျက်လုံး ဖြည်းဖြည်းချင်း ဖွင့်လာလေသည်။ သူ့ခန္ဓာကိုယ်က မှုန်မှုန်ဝါးဝါးဖြစ်နေပြီး သူ့ပတ်ဝန်းကျင်ကလည်း မှုန်မှုန်ဝါးဝါး ဖြစ်နေသည်။ သူ့အောက်တွင် ရှိနေသည့် မြေကြီးက ရေမျက်နှာပြင်လိုမျိုး ပြောင်းလဲသွားဟန်ပေါ်သည်။ ထိုအခိုက်အတန့်တွင် သူ့ခန္ဓာကိုယ်က ရေပေါက်သဖွယ် ဖြစ်သွားကာ ရေမျက်နှာပြင်အထက် ကျရောက်လာသည်။
တင်
ရေပေါက်က ရေပြင်ထဲ ကျရောက်သွားသည့်အခါ ရေမျက်နှာပြင် အထက် လှိုင်းတွန့်များ ထွက်ပေါ်လာ၏။ ရေပေါက်တစ်ပေါက်က အလယ်ဗဟိုပြုလျက် လှိုင်းတွန့်များက ဘေးပတ်လည် ထွက်လာကြသည်။
လှိုင်းတွန့်များစွာမရှိဘဲ လှိုင်းတွန့်စက်ကွင်း ၉ခုသာ ရှိ၏။
လှိုင်းတွန့်စက်ကွင်းတစ်ခုက နှစ်တစ်ရာကို ကိုယ်စားပြုနေသည်။
လှိုင်းတွန့် ၉ခုက ယခင်နှစ် ၉၀၀အတွင်း ရှိသည့် အရာအားလုံးကို ကိုယ်စားပြုနေပြီး ထိုပုံရိပ်များက အတူတကွ ပေါင်းစည်းသွားကာ ရေမျက်နှာပြင်အထက် ကြည့်နေသလိုမျိုး ထင်ဟပ်လာစေသည်။ သေမျိုးများက ထိုအရာကို ကြည့်လိုက်ပါက သူတို့သည် ဤမျှများပြားလှသည့် သတင်းအချက်အလက်များကို ချက်ချင်း လက်မခံနိုင်ဘဲ သူတို့၏ မျက်လုံးများက ကန်းသွားကြကာ သူတို့၏ ဝိညာဥ်များက ပြိုလဲသွားကြလိမ့်မည်။
ဂြိုဟ်အဆင့်အောက်ရှိ ကျင့်ကြံသူတိုင်းက ထိုအရာကို တောင့်မခံနိုင်ကြဘဲ သေဆုံးနိုင်ချေက အတော်လေး မြင့််မားလှ၏။ ထိုသတင်းအချက်အလက်များက ထာဝရကြယ်အဆင့် ရောက်သည့်အခါမှသာ ကြည့်နိုင်လိမ့်မည်။ သို့သော်လည်း ဒဏ်ရာအပြင်းအထန် ရခြင်းကို ရှောင်နိုင်မည် မဟုတ်ပေ။
ဤသည်က အကြည့်တစ်ချက်မျှသာ ဖြစ်၏။
အကယ်၍ ဤနတ်ဘုရားစွမ်းရည်ဖြင့်သာ လွှမ်းခြုံခံလိုက်ရပါက ကြယ်နယ်မြေအဆင့် ကျင့်ကြံသူများပင် လွတ်မြောက်ဖို့ရာ ခက်ခဲလိမ့်မည်။ အထွတ်အထိပ် ရတနာ၏ ကာကွယ်မှုဖြင့်ပင် ထိုနတ်ဘုရားစွမ်းရည်က အတိတ်ကိုယ်ကို သတ်ပစ်နိုင်သည်။ ထိုအရာက အတိတ်ကို ဆုံးရှုံးသွားသည့် လူတစ်ယောက် ဖြစ်သွားစေပြီး မပြီးပြည့်စုံသလို ဖြစ်သွားစေလိမ့်မည်။
ကောင်းကင်အထက် လရောင် မရှိလျှင် ရေပြင်အထက် လရိပ်က မည်သို့အစစ်အမှန် ဖြစ်နိုင်မည်နည်း။ တာအို၏ အငွေ့အသက်က မည်သို့ မပြိုလဲသွားဘဲ နေမည်နည်း။
ထို့ကြောင့် ဝမ်ပေါင်လဲ့က ထိုနတ်ဘုရားစွမ်းရည်ကို လရိပ်ပညာရပ်ဟု နာမည်ပေးလိုက်ခြင်း ဖြစ်သည်။
အကယ်၍ လရိပ်ရှိ နေလျှင် နတ်ဘုရားစွမ်းရည်က မပြီးပြည့်စုံဆဲ ဖြစ်လိမ့်မည်။ ထိုအရာကို တာအိုတစ်ခုအဖြစ် မှတ်ယူနိုင်မည် မဟုတ်ပေ။ လရိပ်က ဝမ်ပေါင်လဲ့ ဖန်တီးထားသည့် နတ်ဘုရားစွမ်းရည်၏ ပထမအပိုင်း ဖြစ်နေရသည့် အကြောင်းအရင်းလည်း ဖြစ်၏။
နောက်ထက် ဒုတိယအပိုင်းလည်း ရှိနေသေးသည်။ ဝမ်ပေါင်လဲ့က ထိုအရာကို ကြေးမုံပန်းပွင့်ဟု ခေါ်ဆိုသည်။
ကြေးမုံပန်းပွင့် တာအိုက ကြေးမုံပုံရိပ်သာ ဖြစ်၏။
အချိန်လှိုင်းတွန့်များမှ အတိတ်မှ ပစ္စည်းတစ်ခုကို ထုတ်ယူပြီး လက်ရှိအခိုက်အတန့်တွင် ပေါ်ထွက်လာခွင့်ပြုထားသည်။ ထိုအရာက ကွဲပြားသည့် အခြေအနေအမျိုးမျိုးတွင် တည်ရှိနေပြီး တစ်သမတ်တည်း ဖြစ်ဖို့ ခက်ခဲလှသည်။ ထိုအရာက တကယ့်တည်ရှိမှု မဟုတ်ပေ။
သို့သော် ကြေးမုံထဲရှိ ပန်းပွင့်ကလည်း ပန်းပွင့်သာ ဖြစ်၏။
ဝမ်ပေါင်လဲ့၏ အကြည့်က တည်ငြိမ်နေပြီး ရေမျက်နှာပြင်အထက် ခေါင်းငုံ့ကြည့်လိုက်သည်။ သူက ညာဘက်လက်ကို အသာမြှောက်ကာ အောက်ကို ထိုးလိုက်၏။ သူ့လက်ထဲ ယခင်နှစ် ၇၀၀ ခန့်က တည်ရှိခဲ့သည့် သဲတစ်ဆုပ် ရောက်ရှိလာခဲ့သည်။
ထိတွေ့မှုနှင့် စိတ်ဝိညာဉ်ဖြင့် စူးစမ်းခြင်းကပင် အတူတူ ဖြစ်နေသည်။
“စိတ်ဝင်စားစရာပဲ”
ဝမ်ပေါင်လဲ့က လက်ထဲတွင် သဲကို ကိုင်ဆောင်ထားရင်း ပြုံးလိုက်မိသည်။ သူက ထိုအရာကို အတိတ်ဆီ ပြန်လည်မပို့ဆောင်ခဲ့ပေ။ ထိုအစား သူက လက်ထဲတွင် ချေမွလိုက်သည်။ သူ့ဆံပင်အထက် အနီရောင် ဆံထိုးတစ်ခု ထွက်ပေါ်လာ၏။ ထို့နောက် သူက ခေါင်းကို မော့ကာ ကံကြမ္မာကြယ်ဘက် လှမ်းကြည့်လိုက်သည်။ သူက ခေါင်းငုံ့လိုက်ပြီးသည့်နောက်တွင် သူ့လက်ထဲမှ မျက်နှာဖုံးကို ကြည့်ကာ တိုးတိုးလေး ပြောလိုက်၏။
“ လူကြီးမင်းကံကြမ္မာကြယ်ကို အနှောင့်အယှက် ပေးဖို့ လိုတဲ့အရာတော့ မဟုတ်ဘူး။ ဒီနည်းလမ်းနဲ့ မမလေးရဲ့ အဖေကို တွေ့နိုင်မလား။ ကျွန်တော် သံသယတွေ မရှင်းသေးတော့ သူ့အကူအညီ လိုအပ်တယ်။”
ဝမ်ပေါင်လဲ့က ပြောလိုက်သည်နှင့် မမလေး၏ ပုံရိပ်က သူ့ရှေ့တွင် ပေါ်ထွက်လာခဲ့သည်။ သူမက ဝမ်ပေါင်လဲ့ကို ပထမဦးဆုံးအကြိမ်အဖြစ် သိချင်စိတ်၊ စိတ်ရှုပ်ထွေးမှုနှင့် သံသယတို့ဖြင့် သေချာစိုက်ကြည့်လိုက်သည်။
ဝမ်ပေါင်လဲ့၏ ကျင့်ကြံဆင့်က ကြယ်နယ်မြေအဆင့် တက်လှမ်းသွားစဥ်အခါကပင် သူမက သူ့ကို ဤသို့မကြည့်ခဲ့ပေ။ ဝမ်ပေါင်လဲ့က စိတ်နတ်ဆိုးကို အနိုင်ပိုင်းခဲ့စဥ်အခါကပင် ဤသို့ မကြည့်ခဲ့ဖူးပေ။ သူမက အံ့အားသင့်ဖူးသည့် အချိန်များစွာ ရှိခဲ့သော်လည်း ဤသို့အားကောင်းသည့် အကြည့်မျိုးဖြင့် မကြည့်ခဲ့ဖူးပေ။
“နင်က ငါ့အဖေလိုမျိုး ဖြစ်လာတာပဲ။ ငါ့အဖေတင် မဟုတ်ဘူး။ ငါ့ဦးလေးတွေလိုမျိုးပဲ။ နင့်ကို ဘယ်လိုပြောရမှန်း မသိတော့ဘူး။ အချိန်တိုအတွင်း နင်က သူနဲ့ ပိုပိုပြီးတော့ တူလာတယ်။” မမလေးက ခေတ္တမျှ တိတ်ဆိတ်သွားသည်။
“အဲဒါဆိုတော့ … ” ဝမ်ပေါင်လဲ့၏ အကြည့်က ညင်သာလှသည်။ သူက မမလေးကို ခပ်ယဲ့ယဲ့ ပြုံးကာ ကြည့်လိုက်၏။
“ငါ့အဖေကို တွေ့ဖို့ နင် တကယ် လုပ်နိုင်ပါ့မလား” မမလေးက ဝမ်ပေါင်လဲ့သည် သူမကို ဤသို့ကြည့်နေသည့်အတွက် အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။ ထို့ကြောင့် သူမက အကြည့်လွဲလိုက်၏။
“သူ့ကို ယောက္ခမကြီးလို့ ခေါ်လာတာ နှစ်တွေအများကြီးလည်း ကြာနေပြီလေ။ အခု တွေ့ခွင့်ရမလားဆိုတာကို ကြိုးစားကြည့်ချင်လို့ပါ။” ဝမ်ပေါင်လဲ့က ရယ်ကာ ပြောလိုက်သည်။ သူ့တာအိုစည်းချက်များက ပျံ့နှံ့လာသည့်အခါ သူ့ဝန်းကျင်ရှိ ရေမျက်နှာပြင်က ထပ်မံပြောင်းလဲသွားခဲ့သည်။
နည်းလမ်းက ရိုးရှင်းလှ၏။ လရိပ်လှိုင်းတွန့် ၉ခုက အများဆုံးနှစ် ၉၀၀ မျှသာ တည်ရှိသော်လည်း ကြေးမုံပန်းပွင့်ကမူ လွန်ခဲ့သည့်နှစ် ၉၀၀ ခန့်ကို ဖွင့်လှစ်ပြီး အရာတစ်ခုကို ခေါ်ထုတ်နိုင်သည်။ ကြေးမုံပန်းပွင့်ကို အခြေခံအုတ်မြစ်အဖြစ် ထားကာ လမ်းကြောင်းကို ထပ်မံဖွင့်လှစ်လိုက်၏။ သူ့ကျင့်ကြံဆင့် ကန့်သတ်ချက်က အချိန်ကန့်သတ်ချက် ဖြစ်လိမ့်မည်။
အတိတ်မှ နှစ်များစွာကို ဖြတ်သန်းလျှောက်လှမ်းလာပြီး ထိုကြီးမြတ်သည့် ပုဂ္ဂိုလ်နှင့် တွေ့ဆုံရမည်။
မမလေးက ခေတ္တမျှ တွေးကာ ညင်ညင်သာသာ ပြောလိုက်သည်။
“ကောင်းပြီလေ”