← Chapters

အစွန်းရောက် တာအိုရှစ်ပါး

Vol. 88 Ch. 1221

အစွန်းရောက် တာအိုရှစ်ပါး

Vol. 88 Ch. 1221

သူရဲဘောကြောင်မှုနှင့် သတ္တိရှိမှုကြားတွင် ဝမ်ပေါင်လဲ့က အသက်ရှိုက်စာ နှစ်ရှိုက်စာမျှ တွေးပြီးသည့်နောက်တွင် ခက်ခက်ခဲခဲ ပြန်လည်တုံ့ပြန်လိုက်သည်။

“ယောက္ခမကြီးက ကျွန်တော်ကို ပေါင်လဲ့လို့ ခေါ်လို့ရပါတယ်”

ဝမ်ပေါင်လဲ့က သူ့သတ္တိများသည် မည်သည့်နေရာမှ ထွက်ပေါ်လာကြောင်း မသိသော်လည်း ပြောလိုက်သည်။ ထို့နောက် သူက ခေါင်းကို ငုံ့ကာ စောင့်ဆိုင်းနေ၏။

ခဏအကြာတွင် ဝမ်ပေါင်လဲ့၏ အရှေ့ဘက်မှ အေးစက်စက် နှာမှုတ်သံ ထွက်ပေါ်လာခဲ့သည်။ ထိုအရာက သံသယဖြင့် ပြည့်နှက်နေ၏။

“မင်းက သတ္တိကောင်းတာပဲ။ မင်းက ငါတို့ ဝမ်မိသားစုရဲ့ သမက်ဖြစ်လာချင်ရင်တော့ စမ်းသပ်မှုတွေ အများကြီး ကျော်ဖြတ်ရမယ်။ အခုကစပြီး ငါ့သမီးရီရီကို နည်းနည်းလေးမှ ဒုက္ခခံစားခိုင်းလို့ မရဘူး။ အဲဒီလိုလုပ်နိုင်လား။”

ဝမ်ပေါင်လဲ့က တစ်ချိန်လုံး ခေါင်းငုံ့ထားလျက်ရှိသည်။ သူက မော့မကြည့်ခဲ့ပေ။ သို့သော်လည်း သူ နားထောင်ရင်းဖြင့် တစ်စုံတစ်ခု လွဲမှားနေသည်ကို ခံစားမိလာသည်။ ထို့ကြောင့် သူက နတ်ဘုရားအသိစိတ်ကို တိတ်တဆိတ် ဖြန့်ကျက်လိုက်သည်။ ဤသို့ဖြင့် သမင်ဖြူလေးနှင့် ရီရီအငယ်လေးကို အနောက်ဘက်တွင် တွေ့လိုက်ရပြီး အထွတ်အထိပ် တည်ရှိမှုက မရှိတော့ပေ။ မမလေးကသာ သူ့ရှေ့တွင် ရပ်နေပြီး ကျေနပ်အားရနေဟန်ပေါ်၏။

ဝမ်ပေါင်လဲ့က တုံ့ဆိုင်းသွားမိသည်။ သူက နတ်ဘုရား အသိစိတ်ကို ပြန်လည်မရုတ်သိမ်းဘဲ ပြောလိုက်သည်။

“ယောက္ခမကြီးက နားလည်မှုလွဲနေတာ နေမယ်။ သူမကပဲ ကျွန်တော်ကို အနိုင်ကျင့်တာပါ”

“ရဲတင်းလိုက်တာ … ငါ့သမီးက ညင်သာပြီးတော့ နာခံတတ်တဲ့သူ။ သူမက မင်းကို အနိုင်ကျင့်တာက …”

ဝမ်ပေါင်လဲ့က မမလေးသည် သူ့ရှေ့တွင် ရယ်ချင်စိတ်ကို ချိုးနှိမ်ထားရကြောင်း မြင်လိုက်ရသည်။ သူမက မည်သည့်နည်းလမ်းကို အသုံးပြု၍ သူ့ဖခင်၏ အသံကို အတုခိုးထားလည်း မသိရသော်လည်း သူမက ဘဝင်ခိုက်စွာ တုံ့ပြန်နေသည်။

ဝမ်ပေါင်လဲ့က ရီရမလား ငိုရမလား မသိတော့ပေ။ ဝမ်ရီရီ၏ စကားမဆုံးခင် သူက ရုတ်တရက် ခေါင်းမော့ကာ ဝမ်ရီရီကို ကြည့်လာခဲ့၏။ ထိုသူက ပါးစပ်အုပ်ထားပြီး ဝမ်ပေါင်လဲ့ကို မျက်လုံးမှိတ်ပြလိုက်သည်။

“ရီရီက စနောက်နေပြန်ပြီ” ဝမ်ပေါင်လဲ့က သက်ပြင်းချလိုက်သည်။ မမလေးက ထပ်ပြီး အောင့်အီးမထားနိုင်တော့ပေ။ သူမက ဝမ်းဗိုက်ကို အသာဖိကာ ရယ်မောလိုက်သည်။ သူမ ကြည့်ရတာ ပျော်ရွှင်နေဟန်ပေါ်၏။

ဝမ်ပေါင်လဲ့က အနည်းငယ် ကူကယ်ရာမဲ့သလို ခံစားမိနေသည်။ သူက ဘယ်ညာကို ကြည့်ရင်း မေးလိုက်သည်။

“ယောက္ခမကြီးက ထွက်သွားပြီလား။ ဘယ်တုန်းက ထွက်သွားတာလဲ။”

“ခန့်မှန်းကြည့်လေ” မမလေးက ဝမ်ပေါင်လဲ့ကို ခပ်ယဲ့ယဲ့ပြုံးကာ ကြည့်လိုက်သည်။

ဝမ်ပေါင်လဲ့က ခေါင်းကိုက်လာမိ၏။ ခဏအကြာတွင် သူက ထပ်မံ မေးလိုက်သည်။

“စမနေနဲ့တော့။ ကျွန်တော် မေးချင်တာ တချို့ရှိသေးတယ်။ ပထမစကားတစ်ခွန်းကတော့ မမလေးရဲ့ အဖေ ပြောလိုက်တာ ဟုတ်ပါတယ်။ နောက်ထပ်က ဘာဖြစ်သွားတာတုန်း။”

“နင့်ကို ပြောမပြဘူး။” မမလေးက ထပ်မံ ရယ်မောလိုက်ပြန်သည်။

ဝမ်ပေါင်လဲ့က အနည်းငယ် စိတ်ဓာတ်ကျလာမိ၏။ တခြားတစ်ဖက်တွင် မမလေးက ထိုအရာကို မမြင်ပေ။ အချိန်တော်ကြာ ရယ်မောပြီးသည့်နောက်တွင် သူမက သူ့ဆီ ရောက်လာကာ ပုခုံးကို ပုတ်ပြီး ပြောလိုက်သည်။

“စဥ်းစားမနေနဲ့တော့။ အဖေက နင်နဲ့ မတွေ့ချင်တာ မဟုတ်ဘူးလို့ ပြောတယ်။ ဒါပေမဲ့ နင့်ရဲ့ လက်ရှိကျင့်ကြံဆင့်နဲ့ဆိုရင် နင်က သူ့ကို အရင်ဆုံး လာတွေ့တယ်ဆိုရင်တောင် ကာလံဒေသံဖိအားကို တောင့်ခံနိုင်မှာ မဟုတ်ဘူးလို့ ပြောတယ်။ အဲဒါက နင့်ရဲ့ မဟာတာအိုကို ယိုယွင်းသွားစေနိုင်တယ်။”

“ပြီးတော့ သူက နင့်ကို ကျေးဇူးတင်နေတယ်လို့လဲ ပြောလိုက်တယ်”

“ပြီးတော့ နင် ဘာလို့လာတယ်ဆိုတာကိုလည်း သူက သိတယ်လို့ ပြောပြီးတောာ့ ဒီကျောက်စိမ်းပြားကို ပေးခိုင်းလိုက်တယ်။ အဲဒီမှာ နင် သိချင်နေတဲ့အရာတွေ ပါတယ်။ ပြီးတော့ ငါတို့ကို ကျောက်ပြားကမ္ဘာရဲ့ အပြင်ဘက်မှာ အမြဲတမ်းစောင့်နေမယ်လို့လဲ ပြောလိုက်တယ်။”

“ပြီးတော့” မမလေးက အမြန်အဆန် ပြောပြီးသည့်နောက်တွင် ဆက်ပြောလိုက်ပြန်သည်။

“နောက်ဆုံးတော့ အဖေက ကျောက်စိမ်းပြားက နင့်ကို ကျေးဇူးတင်လက်ဆောင်အနေနဲ့ ပေးတာ မဟုတ်ဘူးတဲ့။ တကယ့် ကျေးဇူးတင်လက်ဆောင်က ဒီနေရာက ထွက်သွားပြီးတဲ့နောက်မှာ ငါ့ရဲ့ မွေးရပ်မြေကို ခေါ်သွားပြီးတော့ ကောင်းကင်လျှောက်လှမ်းတံတားကို ဖွင့်ပေးမယ်လို့ ပြောတယ်။ အဲဒါက ဘာမှန်းတော့ ငါလည်း မသိဘူး။ ဘာပဲဖြစ်ဖြစ် ရှေးခေတ်ကတည်းက ငါတို့ မွေးရပ်မြေမှာ ကောင်းကင်လျှောက်လှမ်း တံတားကို ဖြတ်ကျော်နိုင်တာ အဖေတစ်ယောက်ပဲ ရှိခဲ့တာ။”

“ပြီးတော့ သူက အဲဒါက မဟာတာအိုရဲ့ အစလို့လည်း ပြောခဲ့တယ်။”

“ဒါနဲ့ ဟုတ်သား။ ပြီးတော့ ငါ့ကို ကောင်းကောင်း ဂရုစိုက်ပြီးတော့ ဒုက္ခမတွေ့အောင် ကာကွယ်ပေးရမယ်လို့လည်း မှာခဲ့သေးတယ်။ ဘာပဲဖြစ်ဖြစ် ဒါတွေ အကုန်လုံးကို ပြောပြီးသွားပြီ။” မမလေးက ချောင်းအသာဟန့်ကာ ဝမ်ပေါင်လဲ့ကို ကျောက်စိမ်းပြားပေးရင်း ချောင်းကြည့်လိုက်သည်။

ဝမ်ပေါင်လဲ့က အနည်းငယ် စိတ်ရှုပ်ထွေးနေမိ၏။ သတင်းအချက်အလက်က များပြားလွန်းသည့်အတွက် သူ့အနေဖြင့် နားလည်ဖို့ရာ အချိန်တစ်ခု ယူခဲ့ရသည်။ သူက မသိလိုက်ဘဲ ကျောက်စိမ်းပြားကို လက်ခံယူလိုက်၏။ သူ့စိတ်ထဲ အရာအားလုံး ဖြတ်ကျော်ပြီးသည့်နောက်တွင် အကြည့်ထဲ ထူးထူးဆန်းဆန်း အလင်းရောင်တစ်ချက် ဖြတ်ပြေးသွားသည်။

သူက ကောင်းကင်လျှောက်လှမ်းတံတားက ဘာမှန်းမသိသော်လည်း အကြောင်းအရင်းတချို့ကြောင့် ထိုနာမည်ကို ကြားလိုက်သည့်အခါ သူ့တာအိုက လှုပ်ခတ်သွားလေသည်။ ထိုအရာ၏ နာမည်က တာအိုဖြင့် ပဲ့တင်ထပ်ကာ သဟဇာတဖြစ်နေသလိုမျိုး ဖြစ်၏။

“ကောင်းကင်လျှောက်လှမ်း … ဒါက ကောင်းကင်ဘုံနဲ့ ညီတူညီမျှ မဟုတ်သလို ကောင်းကင်ဘုံဆီ တက်လှမ်းနေတာမျိုးလည်း မဟုတ်ဘူး။ ကောင်းကင်လျှောက်လှမ်းဆိုတဲ့ အဓိပ္ပာယ်က အတော်လေးကို လွှမ်းမိုးလွန်းအားကြီးတယ်။ ဒါက ပြီးပြည့်စုံတဲ့ ထူးကဲသာလွန်မှုပဲ။”

“ငါတို့ကို အပြင်ဘက်မှာ စောင့်နေမယ်လို့ ပြောတာက … ” ဝမ်ပေါင်လဲ့က အတွေးနက်နေမိသည်။ အထွတ်အထိပ်သက်ရှိက နောက်ဆုံးစကားကို ပြောခဲ့လိမ့်မည်ဟု မယုံနိုင်ပေ။ ထိုအရာက မမလေးကိုယ်တိုင် ထည့်ပေါင်းလိုက်ခြင်းသာ ဖြစ်ရမည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့က ထိုအကြောင်းနှင့် ပတ်သက်ပြီး များစွာ မတွေးပေ။ ထိုအစား သူက ခေါင်းငုံ့လိုက်ပြီး ကျောက်စိမ်းပြားကို ကြည့်လိုက်သည်။

သူ့တာအိုအငွေ့အသက်က ကျောက်စိမ်းပြားဖြင့် ပေါင်းစည်းသွားခဲ့သည်။ သူက ဘာမှမမြင်နိုင်ခင် တည်ငြိမ်နေသည့် နတ်ဘုရား အသိစိတ်က ကျောက်စိမ်းပြားတွင် ပေါ်ထွက်လာပြီး သူ့စိတ်ထဲ ဝင်ရောက်လာခဲ့သည်။

“ငါ့တစ်ဘဝလုံး အစောပိုင်းမှာ တခြားသူတွေရဲ့ နည်းစနစ်တွေကို လေ့လာတာအပြင် ငါ့ကိုယ်ပိုင် စွမ်းရည်တွေအတွက်လည်း အများကြီး ဖန်တီးခဲ့သည်။ ချန်ယဲ့ပညာရပ်၊ လျိုယွဲ့ ပညာရပ်၊ အိပ်မက်တာအို၊ မူလတာအိုအမှတ်အသားနဲ့ ရှေးဟောင်းတာအိုတွေ အစရှိသဖြင့်ပဲ။ ဒါတွေအကုန်လုံးက ငါ့ကိုယ်ပိုင်တာအို ပါဝင်နေတယ်။ မင်း ဒါတွေအားလုံးကို အချိန်တိုအတွင်း ကျင့်ကြံနိုင်ပေမဲ့ မကျွမ်းကျင်နိုင်ဘူး။ ဒီနေရာ မဟာတာအိုတိုင်းရဲ့ အဆုံးသတ်မှာ ငါ့ရဲ့ ပုံရိပ်က ဇစ်မြစ် ဖြစ်နေတယ်။ အဲဒါကြောင့် ငါ ဒီမှာရှိနေသရွေ့ ဘယ်သူကမှ ဒါကို သုံးပြီး တက်လှမ်းနိုင်မှာ မဟုတ်ဘူး။

အဲဒါကြောင့် သူတို့က ရီရီအတွက် သူမရဲ့ အနာဂတ်က ကန့်သတ်ချက်ရှိတော့ သင့်တော်တယ်။ ဒါပေမဲ့ သူတို့က မင်းအတွက်တော့ မသင့်တော်ဘူး။

ငါ့တစ်ဘဝလုံး တခြားသူတွေရဲ့ နတ်ဘုရားစွမ်းရည်တွေ အများကြီးကိုလည်း မြင်တွေ့ခဲ့ဖူးတယ်။ အခုထိတိုင်အောင် ငါ့ကို အံ့အားသင့်စေတဲ့အရာ အနည်းငယ်ပဲ ရှိတယ်။ ဒါပေမဲ့ ငါ့လက်ရှိအဆင့်မှာတောင် မမေ့နိုင်တဲ့အရာတစ်ခု ရှိတယ်။”

“အဲဒီဟာရဲ့ ဇစ်မြစ်က ဗလာကျင်းနေပြီးတော့ အပိုင်သိမ်းထားတဲ့ စိတ်ဆန္ဒ မရှိဘူး။ တကယ်လို့ မင်းသာ ကျွမ်းကျင်မယ်ဆိုရင် ဒီတာအိုကို သုံးပြီး နောက်ထပ်တာအိုကို ကျင့်ကြံနိုင်လိမ့်မယ်။ ဒီတာအိုကို အစွန်းရောက်တာအိုရှစ်ပါးလို့ ခေါ်တယ်။

သတ္ထု၊ သစ်သား၊ ရေ၊ မီးနဲ့ မြေဓာတ်ကို အခြေခံအနေနဲ့ သုံးပြီးတော့ မင်းက အစွန်းရောက် သတ္ထုတာအို၊ အစွန်းရောက် သစ်သားတာအို၊ အစွန်းရောက် ရေတာအို၊ အစွန်းရောက် မီးတာအိုနဲ့ အစွန်းရောက် မြေတာအိုတို့ကို ကျင့်ကြံနိုင်တယ်။ အဲဒီအချိန်မှာ မင်းက အသေးစား ကျွမ်းကျင်မှု ရရှိလိမ့်မယ်။

ကျန်ရှိနေတဲ့ နောက်ထပ်သုံးခုကိုတော့ မင်းအနေနဲ့ ကိုယ်ပိုင်နားလည်ဖို့ လိုအပ်တယ်။ မင်းက အစွန်းရောက် ရှစ်ပါးရဲ့ နှောင်းပိုင်းအဆင့်ကို ရောက်ရှိသွားတဲ့အခါမှာ သူတို့ကို ပူးပေါင်းပြီးတော့ အချိန်လောကဓံကို တွေ့ကြုံခံစားရမယ်။ ဘယ်သူကမှ မင်းကို ဘာမှလုပ်နိုင်မှာ မဟုတ်တော့ဘူး။ အဲဒါအပြင် မင်းက လျိုယွဲ့ပညာရပ် တစ်စိတ်တစ်ပိုင်းကို နားလည်ပြီးပြီဆိုတော့ ငါ့ဆီကနေ ချန်ယဲ့တာအိုကို သင်ယူနိုင်တယ်။ ဒါပေမဲ့ မင်း မှတ်ထားဖို့က အပြင်လူတွေရဲ့ တာအိုက သတ်ဖြတ်ဖို့အတွက်ပဲ သုံးနိုင်တယ်။ မင်းက ဇစ်မြစ်ကို မသိရင် နားလည်ဖို့ မကြိုးစားနဲ့။”

ထိုအသံ အဆုံးသတ်သွားသည့်အခါ ဝမ်ပေါင်လဲ့၏ စိတ်က တုန်ယင်သွားလေ၏။ ချန်ယဲ့ပညာရပ်နှင့် အစွန်းရောက် တာအိုရှစ်ပါး ကျင့်စဉ်တို့နှင့် ပတ်သက်သည့် သတင်းအချက်အလက် အားလုံးက သူ့စိတ်ထဲ ဝင်ရောက်လာကာ အပြင်းအထန် တုန်ယင်သွားစေသည်။ သူက ကာလံဒေသံကိုပင် ဆက်လက် မထိန်းနိုင်တော့ဘဲ သူ့ဘေးတွင် ရှိနေသည့် လေဟာနယ်က ပြိုလဲသွား၏။

မမလေးက ထိုအရာကို တွေးဆထားပြီးသား ဖြစ်ဟန်ပေါ်သည်။ သူမက မျက်နှာဖုံးအတွင်း ဝင်ရောက်သွားခဲ့၏။ နောက်အခိုက်အတန့်လေးတွင် ပတ်ဝန်းကျင်က ပြိုလဲသွားပြီး ဝမ်ပေါင်လဲ့ လျှောက်လှမ်းလာခဲ့သည့် စကြဝဠာအလွှာများက တစ်လွှာပြီး တစ်လွှာ ပြိုလဲသွားသည်။

ဝမ်ပေါင်လဲ့က ပြည်ထောင်စုထဲတွင် ပြန်လည်ပေါ်ထွက်လာလေ၏။

သူ ပြန်လည်ပေါ်ထွက်လာသည့်အခါ အင်္ဂါဂြိုဟ်တစ်ခုလုံးက အပြင်းအထန် တုန်ယင်သွားလေသည်။ တစ်ချက်ကြည့်ရုံဖြင့် အင်္ဂါဂြိုဟ်မှ လှိုင်းလုံးများ ထွက်ပေါ်လာပြီး နေအဖွဲ့အစည်းတစ်ခုလုံးအနှံ့ ပျံ့နှံ့သွားသည်ကို မြင်ရလိမ့်မည်။

ထိုလှိုင်းလုံးများက အံ့အားသင့်ဖွယ်ကောင်းလွန်းသော်လည်း အဖျက်စွမ်းအား မပါဝင်ပေ။ ထိုအရာက တာအို၏ ပြီးပြည့်စုံသော သဏ္ဍာန်ပြောင်းမှုတစ်ခုသာ ဖြစ်၏။ မျက်စိတစ်မှိတ်အတွင်း ထိုအရာက နေအဖွဲ့အစည်းရှိ ဂြိုဟ်အားလုံးထံ ပျံ့နှံ့သွားကာ မီးတောက်ခေါင်းဆောင်ကြီးက တအံ့တသြဖြင့် ထရပ်လိုက်မိသည်။

“ဒီတာအိုစည်းချက်က အမွေအနှစ်လိုမျိုးပဲ။ ဒါပေမဲ့ အရမ်းကို လွှမ်းမိုးမှုအားကြီးတယ်။ ငါတောင် ယှဥ်နိုင်မှာ မဟုတ်ဘူး။ ဒါနဲ့ ယှဥ်လိုက်တယ်ဆိုရင် ငှက်မွှေးလိုမျိုး ဖြစ်လိမ့်မယ်။”

မီးတောက်ခေါင်းဆောင်ကြီးက အသက်ပြင်းပြင်းရှူလိုက်ကာ နေအဖွဲ့အစည်းရှိ အားကောင်းသော ကျင့်ကြံသူများကလည်း သူတို့စိတ်ထဲတွင် လှိုင်းဂယက်ထသွားကြသည်။ သူတို့က အင်္ဂါဂြိုဟ်ကို လှမ်းကြည့်ရင်း လေးစားမှုတို့ ပိုမိုနက်ရှိုင်းလာလေ၏။ အထူးသဖြင့် ဤတာအိုစည်းချက်က နေအဖွဲ့အစည်း အပြင်ဘက်ထိ တိုက်ရိုက်ပျံ့နှံ့သွားကာ မဟာလက်ဝဲတာအိုနယ်မြေ တစ်ဝက်ကျော် ဖုံးလွှမ်းသွားသည်။ ထိုအရာက ဒီရေလှိုင်းအလားဖြစ်ကာ မဟာလက်ဝဲတာအိုနယ်မြေတစ်ခုလုံးရှိ စည်းမျဥ်းဥပဒေသများကို တုန်ယင်သွားစေသည်။

လမ်းစဉ်ကိုးသွယ် တာအိုဂိုဏ်းမှ ခေါင်းဆောင်ကြီးကလည်း အမူအရာ ပျက်ယွင်းသွားခဲ့၏။ မဟာဒိဋ္ဌိနယ်မြေဖြစ်စေ၊ အဆုံးမဲ့မျိုးနွယ်ဖြစ်စေ စကြဝဠာအဆင့် ကျင့်ကြံသူအားလုံးက နေအဖွဲ့အစည်းရှိရာဘက် လှည့်ကြည့်လာကြသည်။

“ဒါက ဘယ်လိုတာအိုစွမ်းအားမျိုးလဲ။ လွှမ်းမိုးမှု အားကြီးလိုက်တာ။”

အဆုံးမဲ့မျိုးနွယ်၏ ခေါင်းဆောင်ကြီးကလည်း အမူအရာပြောင်းလဲသွားခဲ့၏။

အမှောင်မြစ်ကြောင်းအတွင်း ချန်ရှင်း၏ မျက်နှာ ပေါ်ထွက်လာကာ သူက နေအဖွဲ့အစည်းဘက်ကို လှမ်းကြည့်လိုက်သည်။

ထိုမျှတင် မကသေးဘဲ ကျောက်ပြားနယ်မြေ၏ အပြင်ဘက် တကယ့်ကြယ်တာရာကောင်းကင်ထဲရှိ အဆုံးမဲ့ချောက်နက်၏ လေဟာနယ်ထဲတွင် ရှေးဟောင်း ကျောက်ပြားတစ်ခု မျောလွင့်နေလေ၏။ ထိုကျောက်ပြား၏ အပေါ်ယံက အက်ကြောင်း များဖြင့် ပြည့်နှက်လာခဲ့သည်။

ထိုစဥ် ထိုအရာက အပြင်းအထန် တုန်ယင်သွားပြီး နောက်ထပ်အက်ကြောင်းတစ်ခု ပေါ်ထွက်လာသည်။

တုန်ခါမှုက လေဟာနယ်ထဲရှိ လူများစွာ၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ လေဟာနယ်ထဲတွင် အားကောင်းကာ ကြမ်းတမ်းသည့် စိတ်ဝိညာဥ်များစွာ ရှိနေသော်လည်း မည်သူကမှ ထိုနေရာကို မချဥ်းကပ်ရဲကြပေ။ အကြောင်းအရင်းမှာ ကျောက်ပြားအပြင် ရှေးဟောင်းသင်္ဘောကြီးတစ်စင်းလည်း ရှိနေ၍ ဖြစ်၏။

ထိုသင်္ဘောပေါ်တွင် ဆံပင်အဖြူရောင်ရှိသည့် လူလတ်အရွယ် အမျိုးသားတစ်ဦး ရှိနေသည်။ သူက ထိုနေရာတွင် တိတ်ဆိတ်စွာ ထိုင်နေပြီး နှစ်ကာလများစွာ ကျောက်ပြားကြီးကို ကြည့်နေသလိုမျိုး ဖြစ်နေသည်။ ယခုအခိုက်အတန့်တွင် သူ့နှုတ်ခမ်းအထက် အပြုံးတစ်ပွင့် ဖြစ်တည်လာလေ၏။

All Chapters