← Chapters

ဖောက်ပြားရေး ကျမ်း၊ သွေဖယ်ရေး တာအို

Vol. 88 Ch. 1225

ဖောက်ပြားရေး ကျမ်း၊ သွေဖယ်ရေး တာအို

Vol. 88 Ch. 1225

အဆုံးမဲ့တာအိုနယ်မြေရှိ အင်အားကြီး ကျင့်ကြံသူအားလုံးက တုန်လှုပ်သွားကြသည်။ အထူးသဖြင့် မဟာလက်ဝဲတာအိုနယ်မြေတွင် ရှိနေသည့်သူများဖြစ်၏။ သစ်သားဓာတ်တာအိုကို ကျင့်ကြံသည့်သူများနှင့် သစ်ပင်ပန်းမန်အားလုံးက လှုပ်ခတ်သွားကြသည်။ နေအဖွဲ့အစည်းရှိ အင်္ဂါဂြိုဟ်ပေါ်တွင် တင်ပျဥ်ခွေထိုင်လျက်ရှိနေသည့် ဝမ်ပေါင်လဲ့က ရုတ်တရက် မျက်လုံးပွင့်လာ၏။

သူ့ဝန်းကျင်တွင် သင်္ကေတများစွာ ရှိနေသည်။ ထိုသင်္ကေတများက သူနှင့် နီးကပ်လျက် ရှိ၏။ ဝမ်ပေါင်လဲ့ကိုယ်တိုင်က တွင်းနက်ကြီး ဖြစ်လာသလိုမျိုး ဖြစ်၏။ ထိုအရာအားလုံးကို သူ့ခန္ဓာကိုယ်ဖြင့် စုပ်ယူလိုက်သည်။

သို့သော်လည်း လက်တွေ့တွင် ဝမ်ပေါင်လဲ့က အကြိမ်များစွာ ကြိုးစားခဲ့ဖူး၏။ အဆုံးသတ်တွင် အမှားအယွင်းမရှိ ဖွဲ့စည်းနိုင်သည့် အမှတ်အသား ဆယ်သန်းက ပျောက်ကွယ် မသွားခဲ့ပေ။ ထိုအစား သူတို့က ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အတွင်း စုဝေးကာ တာအိုမျိုးစေ့ ဖွဲ့စည်းသွား၏။

ဤသည်က သစ်သားဓာတ် တာအိုမျိုးစေ့ ဖြစ်သည်။

ဤသည်က အစွန်းရောက်တာအိုရှစ်ပါးကို ကျင့်ကြံဖို့ လိုအပ်သည့် ပထမဦးဆုံးတာအို ဖြစ်သော အစွန်းရောက် သစ်သားဓာတ်တာအို ဖြစ်ပေသည်။

တာအိုမျိုးစေ့ ဖွဲ့စည်းလာသည်နှင့် မဟာလက်ဝဲတာအိုနယ်မြေရှိ သစ်သားစွမ်းအင်အားလုံးက ဝမ်ပေါင်လဲ့၏ အာရုံခံစားမှုအတွင်း ပေါ်ထွက်လာသည်။ သူက ယခင်ဘဝတွင် ခံစားခဲ့ရသည့် နတ်ဘုရားတစ်ပါးလိုမျိုး ခံစားချက်ကို ပြန်လည်ရရှိလိုက်သည်။

အကြောင်းအရင်းကမူ သူသည် မဟာလက်ဝဲတာအိုနယ်မြေရှိ အပင်တိုင်း၏ တည်ရှိမှုကို ခံစားမိနေ၍ ဖြစ်သည်။ အပင်တိုင်းက သူနှင့် မခွဲခွာနိုင်သည့် ဆက်နွယ်မှုတစ်ခု ရှိနေဟန်ပေါ်သည်။ သူတို့က အချိန်မရွေး သူ့မျက်လုံး သူ့ကိုယ်ပွားဖြစ်လာနိုင်သည်။

တစ်ချိန်တည်းဆိုသလို သစ်သားဓာတ်တာအိုကို ကျင့်ကြံထားသည့် ကျင့်ကြံသူအားလုံးကလည်း ဝမ်ပေါင်လဲ့၏ အာရုံထဲ အလင်းပျောက်များအဖြစ် ပေါ်ထွက်လာသည်။ အကယ်၍ သူသာ အလိုရှိပါက ထိုသူများ၏ ကံကြမ္မာကို အတွေးတစ်ခုတည်းဖြင့် ဆုံးဖြတ်ပေးနိုင်သည်။

အလင်းပျောက်များက သာမန်ဖြစ်ကာ မှေးမှိန်နေသော်လည်း သူတို့အပေါ် အပြည့်အဝ သက်ရောက်မှုရှိခြင်း မဟုတ်ပေ။ တခြားတစ်ဖက်တွင် သူတို့က ပိုမိုတောက်ပလေလေ ဝမ်ပေါင်လဲ့ကြောင့် ပိုမိုသက်ရောက်မှု ခံရလေလေ ဖြစ်၏။ သူက ထိုသူတို့၏ အတွေးများကိုပင် လွှမ်းမိုးနိုင်ကာ သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ပေးနိုင်သည်။

အချိန်တစ်ခုအားဖြင့် သူတို့ကိုယ်ပိုင်အပေါ် နောက်ထပ် ကံကြမ္မာကြိုးမျှင်ကို ထပ်ပေါင်းလိုက်သလိုမျိုး ဖြစ်၏။ ထိုအကြောင်းအရင်းအတွက်ကမူ ဝမ်ပေါင်လဲ့သည် ထိုကျင့်ကြံသူများ၏ တာအိုအတွက် ဇစ်မြစ်ဖြစ်နေ၍ ဖြစ်သည်။

သူတို့က ပိုမိုကျင့်ကြံလေလေ ဝမ်ပေါင်လဲ့နှင့် ပိုမိုနီးကပ်လာလေလေဖြစ်ကာ သက်ရောက်မှု ပိုမိုခံရမည် ဖြစ်၏။ အဆုံးသတ်တွင် ဇစ်မြစ်က ဆိုးဝါးနေပါက ထိုတာအိုကျင့်ကြံနေသူများကလည်း အလိုအလျောက် ဆိုးဝါးသွားလိမ့််မည်။

ဤသည်က တာအို ဖြစ်ပြီး စွမ်းအားကြီးအစစ်အမှန် နတ်ဘုရားတစ်ပါး ဖြစ်၏။

တကယ်လို့ ငါ့တာအိုကို ကျင့်ကြံချင်တယ်ဆိုရင် မင်းတို့က ငါ့ကို သခင်အဖြစ် ခစားရမယ် …

ထိုအခိုက်အတန့်တွင် ဝမ်ပေါင်လဲ့၏ စိတ်နှလုံးသားထဲ တုန်လှုပ်နေမိသည်။ နောက်ဆုံးတွင် သူက ဝမ်ရီရီ၏ ဖခင်ဖြစ်သူ ဆိုလိုရင်းကို နားလည်သွားခဲ့သည်။

တခြားသူများ၏ ပညာရပ်များက သတ်ဖြတ်ဖို့သာ အသုံးပြုနိုင်သည်။ သို့သော် သူတို့ကို နက်နက်နဲနဲ နားလည်ဖို့ မလုပ်ဆောင်သင့်ပေ။

တာအို၏ အရင်းအမြစ်တွင် တခြားအရိပ် ရှိနေမည်လား ဘယ်သောအခါမှ သိရမယ် မဟုတ်ပေ။ ထိုအရိပ်က ကိုယ်ပိုင်အသိစိတ်အတွင်း တည်ရှိနေခြင်း ဖြစ်နိုင်သလို ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ကိုယ်ပိုင်အသိစိတ် ရှိနေခြင်းမျိုးလည်း ဖြစ်နေနိုင်သည်။

ထိုအမည်မသိ မသေချာမှုများကြောင့် ကျင့်ကြံသူတိုင်းက ကျင့်ကြံရေးလောကသို့ ဝင်ရောက်လိုက်သည်နှင့် သူတို့၏ ကံကြမ္မာကို လက်လွဲထားပြီးသား ဖြစ်၏။

သူတို့၏ ကျင့်ကြံဆင့်က ပုံမှန်ဖြစ်နေလျှင် တာအိုကို နက်နက်နဲနဲ နားမလည်လျှင် အဆင်ပြေလိမ့်မည်။ သို့သော်လည်း ဉာဏ်အလင်းပွင့်လမ်းစဥ်ကို လျှောက်လှမ်းပြီး နက်နဲသည့် ကျင့်ကြံဆင့်များရှိသည့်သူအတွက်ကမူ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

ဤသည်က ကျင့်ကြံရေးလောက၏ လျို့ဝှက်ချက်တစ်ခု ဖြစ်၏။ ဤသည်က ကျင့်ကြံရေးလူမှုအဖွဲ့အစည်း၏ ရက်စက်မှုတစ်ခုလည်း ဖြစ်ပေသည်။

ကျီယွဲ့၏ ကြယ်သန္ဓေတာအိုက ကြယ်တာရာကောင်းကင်ရှိ အစစ်အမှန် အထွတ်အထိပ် စည်းမျဥ်းများဆီမှ ငှားယူထားခြင်းသာ ဖြစ်သည်။ ထိုနှစ်ခုကြားတွင် ကြီးမားသည့် ကွာဟချက်ကြီး ရှိနေလေ၏။

ဝမ်ပေါင်လဲ့က သူ့ဘဝကို ပြန်လည်တွေးတောရင်း အသက်ရှူနှုန်းများ အနည်းငယ် မြန်ဆန်လာမိသည်။ သူက ကျောရိုးတစ်လျောက် ကြက်သီးထသွားမိ၏။ သူက မဟာတာအိုကို ပိုမိုနားလည်လေလေ ပိုပြီး လေးစားမိလာလေလေ ဖြစ်၏။ သို့သော်လည်း သူ့တာအိုနှလုံးသားက မယိမ်းယိုင်ခဲ့ပေ။ အနှစ်ချုပ်အားဖြင့် လွတ်လပ်မှုတာအိုအပေါ် သူ့ယုံကြည်မှုက ပိုမိုအားကောင်းလာကာ ပြင်းထန်လာသည်။

ထိုအခိုက်အတန့်တွင် သူက ဤစကြဝဠာတစ်ခုလုံး၏ အမြင်ဆုံး စည်းမျဥ်းအတိုင်းအတာကို ထိတွေ့မိသွားပြီ ဖြစ်၏။ ထိုအခါမှ သူ့ကို အစစ်အမှန် စွမ်းအားကြီး ပုဂ္ဂိုလ်ဟု ခေါ်ဆိုနိုင်လိမ့်မည်။

ဝမ်ပေါင်လဲ့က ဝမ်ရီရီ၏ ဖခင်ဖြစ်သူသည် မည်မျှကြောက်ဖို့ကောင်းကာ စွမ်းအားကြီးကြောင်း သဘောပေါက်သွားခဲ့သည်။

ကျောက်ပြားကမ္ဘာက ဘာမှမဟုတ်ပေ။ ကျောက်ပြားကမ္ဘာ၏ အပြင်ဘက်တွင် တကယ့်အစစ်အမှန် စကြဝဠာကြီးထဲ၌ နတ်ဧကရာဇ်ကပင် ဘာမှမဟုတ်လောက်ပေ။ သို့သော်လည်း သူတို့အားလုံးက အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး မဟာတာအို တစ်ခုနှင့် အထက် ဇစ်မြစ် ဖြစ်လာလိမ့််မည်။ သူတို့၏ အဆင့်တွင် တာအိုဇစ်မြစ်ဖြစ်ခြင်း၏ စွမ်းအားက အရာအားလုံး၏ အခြေခံသာ ဖြစ်၏။

ဝမ်ပေါင်လဲ့က သေချာစဥ်းစားကြည့်လိုက်သည်။ သူ့သစ်သားတာအိုက စကြဝဠာ၏ အထွတ်အထိပ်စည်းမျဥ်း၏ စံနှုန်းကို ထိတွေ့မိသွားခဲ့သော်လည်း ဤသို့ ဖော်ပြရခက်သည့် စွမ်းအားမျိုး ပါဝင်နေလေသည်။ အကယ်၍ သူသာ အထွတ်အထိပ်ကို ရောက်ရှိသွားပါက ပိုမိုကြောက်ဖို့ကောင်းလာလိမ့်မည်။

ငါ့အတွက် ဓာတ်ငါးပါးရဲ့ သစ်သားဓာတ်တာအိုကို ကန့်သတ်ချက်ထိ ရောက်အောင် တွန်းပို့ပြီး အစစ်အမှန် ဇစ်မြစ် ဖြစ်လာဖို့ဆိုတာက မဖြစ်နိုင်ဘူး။ ငါ့အနေနဲ့ ကျောက်ပြားကမ္ဘာမှာပဲ ကန့်သတ်ချက်တွေ ရအောင် လုပ်နိုင်မှာ။ တကယ်တော့ အပြင်ဘက်က တကယ့်စကြဝဠာထဲက အထွတ်အထိပ် စည်းမျဥ်းတွေရဲ့ သစ်သားတာအိုနဲ့ယှဥ်လိုက်မယ်ဆိုရင် ငါ့ရဲ့လက်ရှိ သစ်သားဓာတ်တာအိုက သစ်ကိုင်းလောက်ပဲ ရှိအုံးမယ် …

“ဓာတ်ငါးပါး မဟာတာအိုက နှစ်များစွာ တည်ရှိခဲ့တာ။ သက်ရှိတွေက အဲဒီဇစ်မြစ်ကို မသိမ်းပိုက်သေးတာဆိုတာ မဖြစ်နိုင်လောက်ဘူး။”

ဝမ်ပေါင်လဲ့၏ အကြည့်များက ထူးထူးဆန်းဆန်း အလင်းများဖြင့် ပြည့်နှက်လာသည်။ နောက်ဆုံးတွင် သူက အစွန်းရောက်တာအိုရှစ်ပါးသည် ပိုမိုလျို့ဝှက်ဆန်းကြယ်သည့် တာအိုဖြစ်ကြောင်း အဘယ်ကြောင့် မှတ်တမ်းတင်ထားမှန်း နားလည်သွားခဲ့၏။

ဤတာအို၏ နာမည်က သွေဖယ်ရေးတာအို ဖောက်ပြားရေးကျမ်း ဖြစ်၏။

အစွန်းရောက်တာအိုရှစ်ပါးဟု ခေါ်ဆိုသည်မှာ ငါး၊ နှစ်၊ တစ် ဆက်တိုက်ဖြစ်နေ၍ ဖြစ်သည်။ ငါးက သဏ္ဍာန်မဲ့ကို ကိုယ်စားပြုသည်။ နှစ်ကမူ တူညီသည့် ဇစ်မြစ်ရှိသည့် အစွန်းရောက် တာအိုနှစ်ခုကို ကိုယ်စားပြုသည်။ တစ်ကမူ အပြောင်းအလဲကို ကိုယ်စားပြု၏။

ပထမဆုံး မဟာတာအိုခုနှစ်ပါးအတွက် ကျင့်ကြံသူက ဇစ်မြစ်နှင့် အင်မတန်နီးကပ်သည့် အနေအထားတစ်ခုသို့ ရောက်ရှိရမည်။ သို့သော် ဇစ်မြစ်ဖြစ်ရမည် မဟုတ်ပေ။ ဤသည်က ကြိုးတန်းပေါ် လမ်းလျှောက်နေသကဲ့သို့ ဖြစ်၏။

သွေဖယ်ရေးတာအို ဖောက်ပြားရေးကျမ်းက မိုးမြေပြောင်းပြန်လှန်ရသလောက် ခက်ခဲလှသည်။ အကယ်၍ တခြားသော တာအိုများကို သေချာသည့် အနေအထားတစ်ခုအထိ ကျင့်ကြံပါက သူတို့သည် တာအိုကို စွန့်ပယ်လိုက်ပြီး သူတို့၏ ကျင့်ကြံဆင့်ကို ဖျက်ဆီးလိုက်လျှင်ပင် လွတ်မြောက်နိုင်အုံးမည် မဟုတ်ပေ။ အကြောင်းအရင်းကမူ ကျင့်ကြံသူ၏ ခန္ဓာကိုယ်၊ ဝိညာဥ်နှင့် တည်ရှိနေသည့် အမှတ်အသားတို့က သူတို့သည် တခြားသောတာအိုများကို ကျင့်ကြံသည့်အခါ ဆက်တိုက် ပြောင်းလဲနေမည် ဖြစ်၏။ သေခြင်းရှင်ခြင်းက သူတို့ ထိန်းချုပ်မှုအောက်မှ လွတ်ကင်းသွားလိမ့်မည်။

သို့သော်လည်း ဝမ်ပေါင်လဲ့က သွေဖယ်ရေးတာအို ဖောက်ပြားရေးကျမ်းကို ကျင့်ကြံရာ၌ အောင်မြင်ခဲ့၍ အန္တရာယ်ကို ရှောင်ရှားနိုင်၏။ ထို့နောက် နောက်ဆုံးသော အခိုက်အတန့်တွင် သူက ပထမတာအို ခုနှစ်ခုကို လောင်ကျွမ်းကာ လောင်စာအနေနဲ့ အသုံးပြုနိုင်သည်။ သူတို့ကို လောင်ကျွမ်းပစ်ရင်း ရှစ်ခုမြောက် တာအိုကို ဖွင့်လှစ်နိုင်လိမ့်မည်။

ထိုရှစ်ခုမြောက်တာအိုက အစွန်းရောက်တာအို ရှစ်ပါး၏ ဗဟိုချက် ဖြစ်၏။ အကြောင်းအရင်းကမူ ထိုအရာသည် ကျင့်ကြံသူတစ်ယောက်တည်းအတွက် အပိုင်ဖြစ်လာမည့် ပြီးပြည့်စုံသော မဟာတာအို ဖြစ်လာလိမ့်မည်။

“ဝမ်ရီရီရဲ့ အဖေက အစွန်းရောက်တာအိုရှစ်ပါးရဲ့ ဇစ်မြစ်က အရှင်သခင် မရှိသေးဘူးလို့ ပြောတာ မထူးဆန်းတော့ပါဘူး။ အကြောင်းအရင်းက ဒီတာအိုရဲ့ ဇစ်မြစ်က ဖြစ်နိုင်ချေ အများကြီးနဲ့ ပြည့်နှက်နေလို့ပဲ။ ဘယ်သူကမှ ဒီများပြားလှတဲ့ ဇစ်မြစ်တွေရဲ့ သခင် ဖြစ်လာနိုင်မှာ မဟုတ်ဘူး။”

ဝမ်ပေါင်လဲ့က ထိုအနေအထားထိ တွေးကြည့်ပြီးသည့်နောက်တွင် သက်ပြင်းချလိုက်သည်။

အချိန်တော်ကြာမြင့်ပြီးသည့်နောက်တွင် သူ့စိတ်နှလုံးသားက ပြန်လည်တည်ငြိမ်သွား၏။

“တော်သေးတာပေါ့။ ငါက စပြီးကျင့်ကြံကတည်းက တာအိုနည်းစနစ်တွေရဲ့ နားလည်နိုင်စွမ်းက ကန့်သတ်ချက်အထိ မရောက်သေးဘူး …”

ဝမ်ပေါင်လဲ့က အသက်ပြင်းပြင်းရှူလိုက်သည်။ သူ့ခန္ဓာကိုယ်ထဲ သစ်သားမျိုးစေ့က ရုတ်ချည်း လှည့်ပတ်လာပြီး သူ့တာအို အရှိန်အဝါက ခန္ဓာကိုယ်မှ ဖြန့်ကျက်လာသည်။ သူက သူ့ဘာသာသူကြည့်ရင်း သူ ကျင့်ကြံခဲ့ဖူးသည့် ကျင့်စဥ်များ၏ ဇစ်မြစ်ကို စဥ်းစားလိုက်သည်။

သူက ကြည့်နေရင်းဖြင့် သူ့ခန္ဓာကိုယ်အထက် ကြိုးမျှင်များစွာ ပေါ်ထွက်လာသည်ကို မြင်လိုက်ရသည်။ ကြိုးမျှင်တစ်ခုချင်းစီက သူယခင်က လေ့လာခဲ့ဖူးသည့် ကျင့်စဥ်နှင့် ပညာရပ်များကို ကိုယ်စားပြုနေသည်။

သို့သော်လည်း သူတို့အများစုက နိမ့်ကျလှ၏။ တချို့တလေကသာ အင်မတန် နက်ရှိုင်းနေသည်။ သူ့တာအိုကြယ်ရှိ စည်းမျဥ်းများ၊ မီးတောက်စိတ်ဝိညာဥ် ကိုယ်ပွား၊ ထူးကဲသည့် ကြယ်နယ်မြေတို့သာ ရှိလေသည်။

သူတို့က သိပ်သည်းစွာ စုစည်းထားသော်လည်း တစ်ခုကလွဲ၍ အားလုံးက ဖြတ်တောက်ခံထားရသည်။ ယခု သူတို့က အဆုံးမှတ်မရှိသည့် စက်ဝိုင်းတစ်ခုလို ဖြစ်နေ၏။

ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်လိုက်သည်။ သေချာလေ့လာကြည့်ပြီးသည့်နောက်တွင် ထိုကြိုးမျှင်အားလုံးက တစ်ချိန်တည်း ဖြတ်တောက်ခံထားရကြောင်း သဘောပေါက်သွားခဲ့၏။ ဝမ်ပေါင်လဲ့က သူ့မျက်ဝန်းအထက် ပြန်လည်တွေးတောသည့် အရိပ်အယောင် ပေါ်ထွက်လာသည်။

သူက အဖြေကို ရရှိသွားပြီ ဖြစ်၏။ အချိန်အရဖြစ်စေ ကျန်ရှိနေသည့် အရှိန်အဝါအရဖြစ်စေ ထိုကြိုးမျှင်အားလုံးကို ဖြတ်တောက်ခဲ့သည့်သူက ဝမ်ရီရီ၏ ဖခင်ဖြစ်ကြောင်း ပြောပြနေ၏။

တစ်ခုတည်းသော မဖြတ်တောက်သည့် အရာက အသစ်ဖြစ်တည်လာသည့် သစ်သားဓာတ်တာအို ဖြစ်၏။ ထိုအရာသည် အင်မတန် တုတ်ခိုင်ကာ လေဟာနယ်ထဲ ထိုးထောင်ထွက်နေသည့် ဧရာမ သစ်ပင်ကြီးသဖွယ် ဖြစ်နေသည်။

ဝမ်ပေါင်လဲ့က ထိုအရာ၏ အဆုံးသတ်ကို မသိပေ။ သို့သော်လည်း သူက ဇစ်မြစ်တွင် စိတ်ဆန္ဒ အပိုင်မရှိသေးကြောင်း ခံစားမိ၏။ ဆိုလိုသည်မှာ ထိုဇစ်မြစ်ကို သိမ်းပိုက်ထားသည့်သူဟူ၍ မရှိပေ။ ပြောရလျှင် ထိုသစ်သားဇစ်မြစ်ကို သိမ်းပိုက်ထားသည့်သူက သက်ရှိ မဟုတ်တော့ခြင်း ဖြစ်နေနိုင်သည်။

ဤသည်က ဝမ်ပေါင်လဲ့၏ မှန်းဆချက်သာ ဖြစ်၏။ ဓာတ်ငါးပါးက အထွတ်အထိပ် မဟာတာအိုဖြစ်သည့်အတွက် အရာအားလုံး၏ အုတ်မြစ်အဖြစ် ယူဆနိုင်သည်။ အကယ်၍ သက်ရှိတစ်ယောက်ယောက်က ဇစ်မြစ်ကို သိမ်းပိုက်ထားပါက စကြဝဠာတစ်ခုလုံးသည် ဖရိုဖရဲ ဖြစ်သွားလိမ့်မည်။

ဝမ်ပေါင်လဲ့က သက်ပြင်းချလိုက်၏။ သူ့တာအိုစည်းချက်က ပျံ့နှံ့သွားကာ တင်ပျဥ်ခွေထိုင်နေသည့် သူ့ခန္ဓာကိုယ်ကလည်း အနည်းငယ် ခေါင်းမော့လာသည်။ သူက ထရပ်တော့မည့်ဆဲဆဲတွင် သူ့အမူအရာက ရုတ်ချည်းပြောင်းလဲသွားပြီး စိတ်ထဲတွင် ပေါ်ထွက်လာသည့် မှန်းဆချက် တစ်ခု ရှိလာခဲ့သည်။

ငါ့ရဲ့ အစစ်အမှန် အသွင်ဖြစ်တဲ့ အနက်ရောင် သစ်သားပြားက ဓာတ်ငါးပါး မဟာတာအိုရဲ့ သစ်သားဓာတ် ဇစ်မြစ်များလား …

All Chapters