အခန်း (၁၅၅)
Vol. 12 Ch. 155
မီးနဂါးအင်ပါယာနှင့် မိုင်တစ်ထောင်အကွာ၏ ကောင်းကင်ယံ၌ ရပ်တန့်နေသော ဟော်ဖု ၊ ဟော်ကူ ၊ ဟော်ပင်းတို့က သူတို့စီသို့လာနေသော ပုံရိပ်အချို့ကို ကြည့်နေခဲ့သည်။
၎င်းတို့၏ အရိပ်က တစ်ခါပျောက်ကွယ်သွားပြီးနောက် နောက်တစ်ကြိမ်ပြန်ပေါ်လာချိန်၌ သူတို့နှင့် ဆယ်မိုင်ခန့်အကွာသို့ ရောက်ရှိလာခဲ့သည်။
အို့ ~ မင်းတို့ကိုယ်တိုင်ရောက်လာမယ်လို့ မထင်ထားဘူး ။ ဟော်ဖုကာ သူတို့နှင်ဆယ်မိုင်အကွာ၌ ပေါ်ထွက်လာသော လုံချီယုကိုပြောလိုက်သည်။
ဟမ့် ~ မင်းက ကျီထန်ပင်းကိုပင် ခေါ်လာသေးတာပဲ ၊ ကောင်းတာပေါ့ ငါအတွက်အချိန်ကုန်သက်သာတာပေါ့ ၊ ဟော်ဖုက လုံချီယုနှင့် ကျီထန်ပင်း၏ ကျင့်ကြံမှုအဆင့်ကို သေချာစစ်ဆေးကြည့်ပြီးနောက်တွင် လှောင်ပြောင်ရင်းဖြင့် အလယ်၌ ရပ်နေသော မိန်းမလှလေးကို စစ်ဆေးကြည့်နေခဲ့သည်။
ဒီဘက်က ~ မိတ်ဆွေက သူတို့နဲ့ ဘယ်လိုများပတ်သက်နေလည်း ဟော်ဖုက ပြုံးကာမေးလိုက်သည်။ တစ်ဖက်က သူထက်အဆင့်နိမ့်သည့်ကို သူသိသော်လည်း သူ မသိသောလူမျိုးနှင့် တန်းပြီးတော့ ရန်သူမဖြစ်ချင်ချေ။
ကျွန်မကလား ~ သူတို့နဲ့ အတူတူ တစ်ဖွဲ့ထဲပါပဲ ၊ အရှင်မင်းကြီးက မီးနဂါးနယ်မြေကို သဘောကျနေတယ်လေ ။ အဲတော့ ရှင့်တို့ကိုယ် အခွင့်ရေးပေးချင်လို့ သူတို့နှင့် အတူတူ လိုက်လာတာပါ ။
အောင်းရွီရန်က ပြုံး၍ ပြန်ကာပြောလိုက်သည်။
ဟမ့် ~ အထင်ကြီးနေတာပဲ ။
ဘာမဟုတ်တဲ့ နတ်ဘုရားသားရဲ ဘုံ သတ္တမအဆင့်လေးက ဒီလိုစကားတွေပြောရဲတယ်ပေါ့ ။ ဟော်ဖုက သူမသိသော လူများနှင့် ရန်သူမဖြစ်စေချင်သော်လည်း အောင်းရွှီရန်၏ အထင် သေးဟန် ပေါက်နေသော စကားကြောင့် ဒေါသထွက်သွားခဲ့သည်။
ကြည့်ရတာ ~ ရှင်က နာခံချင်တဲ့ပုံမရှိဘူး ။ ပြသာနာမရှိပါဘူး ။ အရှင်မင်းကြီးက မသေသရွေ့အဆင်ပြေတယ် ပြောတယ် ။
အောင်းရွှီရန်က သူမ၏ စကားပြောတာ ဆုံးချိန်၌ သူမရပ်နေရာမှ ပျောက်ကွယ်သွားခဲ့ကာ ဟော်ဖု၏ အရှေ့ မီတာတစ်ရာအကွာသို့ ရောက်လာကာ သူမ၏ လက်ဝါးဖြင့်ရိုက်ချလိုက်သည်။
သူမ၏ သားရဲနတ်ဘုရားဘုံသတ္တမအဆင့်အထွတ်ထိပ်၏ စွမ်းအားပြည့်တိုက်ခိုက်မှုက အလွန်ပြင်းထန်လှသည်။ ထွက်ပေါ်လာသော အရှိန်ဝါကြောင့် လေဟာနယ်ကိုပင် တုန်ခါနေစေသည်။
ဟမ့် ~ ဘာမဟုတ်တဲ့ သားရဲနတ်ဘုရားဘုံ သတ္တမမအဆင့်လေးက ငါအရှေ့မှရမ်းကားနေတယ် ။ ဟော်ဖုက အထင်သေးဟန်ဖြင့် သူ၏ လက်ကို ဝှေ့ရမ်းလိုက်သည်။
အလွန်ပြင်းထန်သော အပူလှိုင်းများက ထွက်ပေါ်လာခဲ့ကာ အောင်းယွီရန်၏ တိုက်ခိုက်မှုကိုယ် လွယ်လင့်တကူဖြင့် တားစီးပြစ်လိုက်သည်။
အောင်းရွှီရန်၏ တိုက်ခိုက်မှုက ဟော်ဖု၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အပူလှိုင်းများကြောင့် အလွယ်တစ်ကူပင် ဖျက်စီးခံလိုက်ရသည်။
အောင်းရွှီရန်က ၎င်းကိုယ်မျော်လင့်ထားပြီးသားဖြစ်သည်။ အဆင့်မြင့်လာသည့်နှင့် သာမာန်မဟုတ် သောသူများကို အဆင့်ကျော်ဖြတ်တိုက်ခိုက်ရန်က အလွန်ခက်ခဲသည်။ မီးနဂါးမျိုးနွယ်စု ဘိုးဘေး ဟော်ဖုက သာမာန် သားရဲနတ်ဘုရားဘုံအဆင့်မဟုတ်ချေ။ အလွန်သန်မာသော သူတစ်ယောက်ဖြစ်သည်။
အောင်းရွှီရန်က သူမ၏ တိုက်ခိုက်မှု တားစီးခံလိုက်ရသည့်နှင့် ချက်ချင်းပင် ဟော်ဖုနှင့် မီတာတစ်ထောင်အကွာသို့ ပြန်ဆုတ်လိုက်သည်။
ထိုနေရာမှ နေ၍ သူမက လက်ဝါးချက် တစ်ချက်ရိုက်ထုတ်လိုက်နှင့် ကျယ်လှောင်သော ဟိန်းဟောက်သံနှင့် အတူတူမီးစွမ်းအင်များဖြင့် ဖွဲ့စည်းထားသော မီးနဂါးတစ်ကောင် အသွင်ပြောင်းသွားခဲ့ကာ ဟော်ဖုကို တိုက်ခိုက်ရန် ပြေးဝင်သွားခဲ့သည်။
ဟာသပဲ ~ မင်းလို့ နတ်ဘုရားသားရဲဘုံ သတ္တမအဆင့်ရှိသူလေးက ၊ ငါအရှေ့မှ ဘယ်လိုတောင် မီးစွမ်းအားကို သုံးရဲတာလည်း ၊ ဟော်ဖုကလှောင်ပြောင်သံနှင်အတူတူ သူထံရောက်လာသော မီးနဂါးကို အလွယ်တစ်ကူပင် တားစီးရန်ပြင်လိုက်သည်။
သို့သော်လည်း သူက အောင်းရွှီရန်၏ တိုက်ခိုက်မှုကို တားချိန်၌ သူ၏ မျက်နှာက ချက်ချင်းပင် ပြောင်းလဲသွားခဲ့သည်။ သူ၏ အရှေ့က မီးစွမ်းအင်များဖြင့် ဖွဲ့စည်းထားသော နဂါးထံမှ မီးတောက်များကို သူအလွယ်တကူ ထိန်းချုပ်နိုင်မည်ထင်ခဲ့သော်လည်း သူတွေးထားသလို မဖြစ်နေခဲ့ချေ။
ဘာတုန်း ~ ဒီကမ္ဘာက မီးတောက်တိုင်းက ငါရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိနေရမယ် ။ မင်းကဘာလို့ ငါရဲ့ ထိန်းချုပ်မှု အောက်က လွတ်နေရတာလည်း ။ မင်းက ကောင်းကင်မီးတောက်လည်း မဟုတ်ဘူး ။
ဟော်ဖုက ဒေါသတကြီးဖြင့် အောင်းယွီရန်၏ တိုက်ခိုက်မှု မီးနဂါးကို သူလက်သီးဖြင့် ထိုးနက်ပစ်လိုက်သည်။
ဘုန်း ~။
အလွန်ပူပြင်းသော အပူလှိုင်းများနှင့်အတူတူ ဧရာမ နဂါးလက်သီးပုံစံကြီးက ထွက်ပေါ်လာကာ အောင်းယွီရန်၏ တိုက်ခိုက်မှု မီးနဂါးကို ချက်ချင်းဖဖျက်ဆီးပြစ်လိုက်သည်။
ပြောစမ်း ~ မင်းဘာမီးစွမ်းအားကို သုံးလိုက်တာလည်း ။ ဟော်ဖုက အော်ဟစ်လိုက်သည်။ သူက အဖြေကိုလည်း သိချင်နေခဲ့သည်။
အထူးအခြေနေရှိပြီး သူထက်စွမ်းအားကြီးသူ သို့မဟုတ် ၊ ကောင်းကင် မီးတောက်များဆိုလျှင် မီးတောက်များဆိုလျှင် သူ၏ ထိန်းချုပ်မှုက လွတ်ကင်းနိုင်သည်။
အဘယ်ကြောင့်ဆို အထူးခြေနေရှိပြီး ၊ သူထက်စွမ်းအားကြီးသူများအသုံးပြောသော မီးစွမ်းအားက သူထိန်းချုပ်နိုင်မှုထက် ကျော်လွန်သောကြောင့်ပင် ။ ထိုအတူတူ ကောင်းကင်မီးတောက်ဆိုသည့်မှာ လည်း အသိဉာဏ်ရှိသောကြောင့် အလွယ်တစ်ကူ ထိန်းချုပ်မရချေ။ ထိုအရာက တိုက်ပွဲအတွင်း၌ သာပင် အပြင်ဘက်၌သာဆိုရင် ကောင်းကင်မီးတောက်ကိုပင် သူ၏ ကိုယ်ပိုင်စွမ်းအင်အဖြစ် ဝါးမြို့ပြစ်နိုင်သည်။
ထိုအခြေနေမျိုးနှင့် အောင်းရွှီရန်က တစ်ခုမှ မကိုက်ညီချေ။ ဤအတွက်ကြောင့် သူအလွန်ပင် သိချင်၍ မေးလိုက်ခြင်းပင်။
ဟိဟိ ~ သိချင်လို့လား ။ ဒါပေမဲ့ ဘာကိစ္စ ရှင်ကိုပြောပြရမှာလည်း အောင်းရွှီရန်က ဟော်ဖု ၏ ဖြစ်နေသော ပုံစံကြောင့် ရီချင်လာခဲ့၍ စနှောက်လိုက်သည်။
ကောင်းတယ် ~ မင်းက ငါကိုလာ ကစားနေတာပဲ ၊ ဟော်ဖုက ဒေါသတကြီးဖြင့် ပြောလိုက်သည်။ သူ၏ ခန္ဓာကိုယ်ကလည်း ပေါက်ကွဲခါနီး မီးတောင်ကြီးအလား အလွန်ပြင်းထန်သော အပူစွမ်းအင်များနှင့် အနီရင့်ရောင် မီးတောက်များ ထွက်ပေါ်လာခဲ့သည်။
၎င်းမီးတောက်တို့ ထွက်ပေါ်လာချိန်၌ မိုင်တစ်ထောင်အတွင်းရှိ လေဟာနယ်က မှန်တစ်ချပ်အလား အက်ကြောင်းများဖြင့် ပြည်နက်သွားခဲ့သည်။
အောင်းရွှီရန်လည်း ထိုမြင်ကွင်းကြောင့် သူမလည်း အလေးနက်ဖြစ်သွာခဲ့သည်။ သူမလည်း အလေးနက် တိုက်ခိုက်ရန် အတွက် ပြင်ဆင်လိုက်သည်။
∆∆
အဝေးမှနေ၍ စောင့်ကြည့်နေသော ၊ ဟော်ကူနှင့် ဟော်ပင်းတို့ပင် အနည်းငယ်ထိတ်လန့်သွား၍ အောင်းရွှီရန်ကို ကြည့် နေခဲ့သည်။ယခင်က အောင်းရွှီရန်၏ မီးတောက်က သူတို့ကို ထူးခြားသော ခံစားချက်များကို ဖြစ်စေသည်။
သူတို့နှင့် အဆင့်တူများ၏ မီးစွမ်းအားများကို ပင် သူတို့က ခြယ်လှယ်နိုင်စွမ်းရှိကြသည်။ သို့သော်လည်း အောင်းရွှီရန်၏ မီးတောက်က ထူးခြားနေခဲ့သည်။
∆∆∆
ငါတို့လည်း စလိုက်တာ ကောင်းမယ် ။ ဆက်ပြီးစောင့်ကြည့်နေဖို့ မလိုတော့ဘူး၊ မဟုတ်လား ။
လုံချီယုနှင့် ကျိထန်ပင်းတို့က ဟော်ကူနှင့် ဟော်ပင်း၏ ထိတ်လန့်နေသော မျက်နှာများကို ပြုံးကာမေးလိုက်သည်။
ဟမ့် ~ မင်းတို့ကလား ၊ ဟော်ကူနှင့် ဟော်ပင်းတို့က လုံချီယုနှင့် ကျီထန်ပင်းတို့ အထင်သေးဟန်ဖြင့် နှာခေါင်းရူံလိုက်သည်။
သူတို့နှစ်ယောက်က အချင်းခေါင်းညိတ်ပြပြီးတော့ ရပ်နေရာမှ ပျောက်ကွယ်သွားခဲ့ကာ လုံချီယုနှင့် ကျီထန်ပင်းတို့ စီသို့ ရောက်ရှိသွားကြကာ တိုက်ပွဲက စတင်ခဲ့တော့သည်။။
အပိုင်း ၁၅၆ မျော်