မီးနဂါးနယ်မြေမှ တိုက်ပွဲ (၁)
Vol. 12 Ch. 156
လုံချီယုက ဟော်ကူနှင့်တိုက်ခိုက်ပြီး ကျီထန်ပင်းက ဟော်ပင်းနှင့် တိုက်ခိုက်နေခဲ့သည်။
ဟော်ကူက လုံချီယုနှင့် တိုက်ကွက်တစ်ခု ဖယ်လှယ်ပြီးနောက် သူ၏ မျက်နှာက ချက်ခြင်းပင် ထိတ်လန့်ဟန်ဖြင့် ပြောင်းလဲသွားခဲ့သည်။
မင်း ~ ဆဠမအဆင့်ကို ဘယ်လိုရောက်သွားတာလဲ၊ သူ၏ မျက်နှာက အနည်းငယ်ခန့် ထိတ်လန့်နေခဲ့သည်။ လုံချီယု၏ တိုက်ခိုက်ရေးစွမ်းအားက ယခင်ပဉ္စမအဆင့်၏ အထွတ်ထိပ်၌ ရှိစဉ်ကပင် တိုက်ခိုက်နိုင်စွမ်းအားက သူထက်သာလွန်သည်။
ဟော်ကူက လုံချီယုကို ပုံမှန်တိုင်းတိုက်ခိုက်ရင် မနိုင်သည့်မှို့ သူ၏ ကောင်းကင်တစ်ပိုင်းအဆင့်လက်နက်ကို ထုတ်ယူလိုက်သည်။
၎င်းက မီးတောက်များဖြင့် ပြည်နက်နေသော ဘောလုံးတစ်ခုနှင့်တူညီသည်။ ၎င်းထွက်လာချိန်၌ ပတ်ဝန်းကျင့်တစ်လျှောက်လုံး အလွန်ပူပြင်းသော အပူလှိုင်းများဖြင့် ပြည့်နက်သွားခဲ့သည်။
ဟမ့် ~ မင်းကအပိုရုန်းကန်နေတာပဲ ၊ လုံချီယုက သူ သားရဲနတ်ဘုရားဘုံ ဆဠမအဆင့်၏ အော်ရာအပြည်ဝကို ထုတ်လွတ်လိုက်သည်။
" ဖျက်ဆီးခြင်း နတ်မိုးကြိုး " နည်းစနစ် ။
ကောင်းကင်ယံက ရုတ်တရက်မဲမှောင်သွားကာတိမ်စိုင်များဖြင့် ပြည်နက်သွားခဲ့သည်။ တိမ်စိုင်များကြားမှ လည်း မိုးခြိမ်းသံများဖြင့် ဆူညံစွာ ထွက်ပေါ်လာခဲ့သည်။ ၎င်းက မိုးကြိုးကပ်ဘေးတစ်ခု ဖြစ်ပေါ်လာသကဲ့သို့ပင် ။
ဂျိမ်း ~ ဂျိမ်း ။
လုံချီယုက ကောင်းကင်ယံ၏ အထက်၏ အမြင့်သို့ ပျံတက်သွားခဲ့ကာ တိမ်စိုင်များ၏ အလယ်၌ ရပ်တန့်လိုက်သည်။ သူ၏ လက်ကို ဟော်ကူရှိရာသို့ညွှန်ပြလိုက်သည်။
ငါရဲ့တိုက်ခိုက်မှုကို ခံယူလိုက်စမ်း ။
ပထမအဆင့်" ဖြိုခွင်းခြင်းမိုးကြိုးပစ်ချက် "
ဂျိမ်း ~ ။
ကျယ်လှောင်သော မိုးခြိမ်းသံနှင့်အတူတူ ခရမ်းရောင်မိုးကြိုးတစ်စင်းက ကျဆင်းလာခဲ့သည်။
ဟော်ကူလည်း သူ၏ ကောင်းကင်တစ်ပိုင်းလက်နက်၏ အတွင်းသို့သူ၏ မီးစွမ်းအင်တို့ ထိုးသွင်းလိုက်သည်။ မီးတောက်ဘောလုံးက အလွန်ပင် တုန်ခါလာခဲ့ကာ ဟော်ကူ၏ စွမ်းအင်များကို အရူးမူးစုပ်ယူလိုက်ပြီးတော့ အလွန်ပူပြင်းသော မီးတောက်များနှင့် အတူတူ အပူလှိုင်းတို့က ထုတ်လွတ်လာခဲ့သည်။
မီးတောက်ဘောလုံးက ဟော်ကူ၏ စွမ်းအင်များကို အရူးမူးစုပ်ယူပြီးတော့ အနီရင့်ရောင်မီးတောက်များ ပို၍ သိပ်သည်းလာခဲ့သည်။
သွား ~ ဟော်ကူက သူ၏ စွမ်းအင်များကို ထည့်သွင်းပြီးနောက် မီးတောက်ဘောလုံးကို သူ၏ မီးစွမ်းအင်ကို သုံးကာ ရိုက်ချလိုက်သည်။
အုန်း ~ ။
မီးတောက်ဘောလုံး၏ ထံမှ အနီရင့်ရောင် မီးအလင်းတန်းကြီးက ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့သည်။
ခရမ်းရောင်မိုးကြိုးတန်းနှင့် ၊ အနီရင့်ရောင် မီးအလင်းတန်းက ကောင်းကင်ယံ၏ အလယ်၌ ထိတွေ့သွားခဲ့သည်။
ဝုန်း ~ ဝုန်း ။
ကျယ်လှောင်သော ပေါက်ကွဲ သံနှင့်အတူတူ အဖျတ်စွမ်းအင် ချီလှိုင်းများက ကောင်းကင်ယံတခွင့်ပျံလွင့်သွားပြီးတော့၊ လေဟာနယ်က ချက်ချင်းပင် အက်ကွဲသွားခဲ့တော့သည်။
ခရမ်းရောင်မိုးကြိုးနှင့် အနီရင့်ရောင်မီးအလင်းတန်းက ကောင်းကင်ယံ၌ တစ်ခုခုနှင့် တစ်ခု အားပြိုင်နေသကဲ့ တွန်းကန်နေခဲ့သည်။
လုံချီယုက ၎င်း မြင်ကွင်းကြောင့် သူက နောက်ထပ် လှုပ်ရှားမှု တစ်ခုထပ်မံပြုလုပ်လိုက်သည်။
ဒုတိယအဆင့် " ကပ်ဘေးမိုးကြိုး " ။
ဂျိမ်း ~ ။
တိမ်မဲများ၏ ကြားမှ နောက်ထပ် ခရမ်းရောင်မိုးကြိုးတစ်စင်းက ထပ်မံ၍ ကျဆင်းလာပြန်သည်။
ချီးပဲ ~ သေစမ်း ။ ထိုမြင်ကွင်းကြောင့် ဟော်ကူက ကျိမ်ဆဲကာ သူ၏ စွမ်းအင်များကို အရူးမူး မီးဘောလုံး ကောင်းကင်တစ်ပိုင်းလက်နက်၏ အတွင်းသို့ ဖြည့်တင်းလိုက်ကာ နောက်ထက် မိုးကြိုးတစ်စင်းကို တားစီးရန် ပြင်လိုက်ကာ ဒုတိယမြှောက် မီးအလင်းတန်းတစ်ခုကို ကောင်းကင်ယံထက်သို့ ပစ်လွတ်လိုက်သည်။
ဝုန်း ~ ။
ကောင်းကင်ယံ၌ မီးအလင်းတန်းနှစ်ခုနှင့် ခရမ်းရောင်မိုးကြိုး နှစ်စင်းက ထိတွေ့သွားခဲ့သည်။
ဒုတိယမြောက်ခရမ်း ရောင် မိုးကြိုးအလင်းတန်းကြောင့် မီးအလင်းတန်းများက ချက်ချင်းပင် အက်ကွဲသွားခဲ့သည်။
ဝုန်း ။
ခရမ်းရောင်မိုးကြိုးအလင်းတန်းနှစ်ခုက မီးအလင်းတန်းကို ဖျက်ဆီးပြစ်လိုက်ပြီးနောက် ကျန်ရစ်နေသော လက်ကျန်စွမ်းအင်များက ဟော်ကူထံသို့ ကျဆင်းလာခဲ့သည်။
ချီးပဲ ~ ဟော်ကူက သူ၏ ကောင်းကင်လက်နက်ကို ထပ်မံ၍ အသက်သွင်းလိုက်၏ ။ ထိုအချိန်၌ အလွန်ပူပြင်းသော မီးတောက်များက အကာကွယ်၊ အတားစီးတစ်ခုသဖွယ် ဖြစ်သွားခဲ့ကာ မိုးကြိုးစွမ်းအားများကို တားစီးလိုက်ရသည်။
သို့သော်လည်း အကာကွယ်က အဆုံးမသတ်နိုင်ချိန်မှာပင် မိုးကြိုးများက ရောက်ရှိလာ၏ ။ ထိုစွမ်းအားပြင်းထန်သော မိုးကြိုးစွမ်းအားကြောင့် ဟော်ကူတစ်ယောက် နောက်သို့ တစ်မိုင်နီးပါးအထိ လွင့်စင်သွားပြီးမှ သူ၏ ခန္ဓာကိုယ်အရှိန်ကိုပြန်ထိန်းနိုင်လိုက်သည်။
ထိုအချိန်၌ ဟော်ကူ၏ ခန္ဓာကိုယ်မှ အနည်းငယ်တုန်ယင်နေကာ သူ၏ နှတ်ခမ်းထောင့်၌လည်း သွေးများစီးကျနေခဲ့သည်။
လုံချီယု၏ မိုးကြိုးနှစ်စင်းက သူကိုယ် အတွင်းဒဏ်ရာ ရသွားစေသည်မှာထင်ရှားသည်။
ငါတို့နဲ့ ပူးပေါင်းလိုက်ပါ ။ ဒါဆိုရင် မင်းတို့အတွက်လည်း အဆင်ပြေတယ် ။ လုံချီယုက ကောင်းကင်ယံထက်မှ ဟော်ကူကို ငုံကြည်ကာပြောလိုက်သည်။
ဟမ့် ~ ဒီလောက်နဲ့ မင်းတို့နိုင်ပြီတွေးနေတာလား ။ ဟော်ကူက သူဟ နှတ်ခမ်းက သွေးများကို သုတ်ကာ ပြန်၍ ပြောလိုက်သည်။
သူ၏ ခန္ဓာကိုယ်က စတင်၍ ပြောင်းလဲလာကာ အနီရင့်ရောင် အကြေးခွံများထွက်ပေါ်လာခဲ့သည်။ တဖြေးဖြေးနှင့် ဟော်ကူ၏ ခန္ဓာကိုယ်က မီတာထောင်ချီရှည်လျားသော ဧရာမ မီးနဂါးကြီးတစ်ကောင်ဖြစ်သွားခဲ့သည်။
ထိုအချိန်၌ ဟော်ကူက ရုတ်တရက် သူ၏အရှေ့၌ လွင့်မျောနေသော ကောင်းကင်တစ်ပိုင်းလက်နက် မီးဘောလုံးကို သူ၏ ဧရာမပါးစပ်ကြီးကို ဟကာ မြို့ချလိုက်သည်။
ဘုန်း ~ ။
ဟော်ကူ၏ အရှိန်ဝါက ပို၍ မြင့်တက်လာခဲ့ကာ သူ၏ အရှိန်ဝါသက်သက်နှင့်ပင် ဆဠမအဆင့်နှင့် နှိုင်းယှဉ်နိုင်လာခဲ့သည်။ ဟော်ကူ၏ စွမ်းအားက လူသားအသွင်ပြင်နဲ့ တုန်းကထက် ခြားနားသော အဆင့်သို့ရောက်သွားခဲ့သည်။
ဟမ့် ~ မင်းက မင်းရဲ့လက်နက်ကို သွေးသားနဲ့တောင် ပေါင်းစည်းပြီးတော့ သုံးလို့ရနေပြီလား။ လုံချီယုလည်း ဟော်ကူကိုကြည့်ကာ အနည်းငယ်အံအားသင့်ကာ ပြောလိုက်သည်။
၎င်းနည်းစနစ်ကို သူသိသည် ၊ ဤနည်းစနစ်က သွေးနဂါးမျိုးနွယ်စု၏ ကိုယ်ပိုင်နည်းစနစ်တစ်ခုဖြစ်သည်။ သူတို့မျိူးနွယ်စုနှင့် သွေးနဂါးမျိုးနွယ်စုတို့ စစ်ဖြစ်နေချိန်၌ မီးနဂါးမျိုးနွယ်စုက ခိုးကြောင်၊ ခိုးဝှက်ဖြင့် ဝင်ကာ ထိုနည်းစနစ်ကို အလှစ်သုတ်ကာ ၊ အမြတ်ထုတ်သွားခြင်းပင်ဖြစ်သည်။ ဤနည်းစနစ်က လက်နက်တစ်ခုကို သူတို့၏ ကိုယ်ပိုင်သွေးသားနှင့် ပျိုးထောင်ရတဲ့ နည်းစနစ်တစ်ခုဖြစ်သည် ။ ဤနည်းစနစ်က အလွန်အစွမ်းထက်သလောက် အလွန်လည်း အန္တာရာယ်များသော နည်းစနစ်ဖြစ်သည်။
ကိုယ်ပိုင်အသွေးသားဖြင့် ပျိုးထောင်ထားသော လက်နက်က အစွမ်းထက်သော်လည်း ၊ မတော်တစ်ဆဖြင့် လက်နက်က ထိခိုက်မှုတစ်ခုခု ဖြစ်သွားပါက ၊ ပိုင်ရှင်ကိုလည်း အပြင်းထန်ဒဏ်ရာဖြစ်စေသည်။လက်နက်၌ ထိခိုက်မှုပြင်းထန်လျှင် ပိုင်ရှင်ထံ၌ ပို၍ ထိခိုက်ကာ ထိုဒဏ်ရာက ကျင့်ကြံမှု အဆင့် ပျက်စီးသွားတာမျိုး ၊ အဆင့်ဆက်ပြီးတော့ မတက်နိုင် တော့တာမျိုးပင်ဖြစ်နိုင်သည်။
လုံချီယုက ဟော်ကူကိုကြည့်ကာ ခေါင်းရမ်းပြီးနောက် သူ၏ ကိုယ်ပိုင်လက်ဖြစ်သော ကောင်းကင်အဆင့်လက်နက်ကို ထုတ်လိုက်သည်။
အပိုင်း ၁၅၇ မျော်