← Chapters

မီးနဂါးနယ်မြေမှ တိုက်ပွဲ (၂)

Vol. 12 Ch. 157

မီးနဂါးနယ်မြေမှ တိုက်ပွဲ (၂)

Vol. 12 Ch. 157

လုံချီယုက လက်အိတ်ကဲ့သို့ သော ကောင်းကင်အဆင့် လက်နက်ကို ထုတ်လိုက်သည်။ ၎င်းက ခရမ်းရွှေရောင်ရှိကာ ၏။ သူထွက်ပေါ်လာချိန်၌ အလွန်ပြင်းထန်သော စွမ်းအားများကလည်း ၊ ကောင်းကင်ယံတခွင် ၌ ဖြာထွက်လာခဲ့သည်။

လုံချီယုက သူ၏ ကောင်းကင်အဆင့်လက်နက်ကို သူ၏ လက်တွင် ဝတ်ဆင်လိုက်ချိန်၌ ခရမ်းရွှေရောင် လက်နက်က ခရမ်းရောင်မိုးကြိုး အလင်းများဖြာထွက်လာခဲ့သည်။

ဘာလဲ ~ ကောင်းကင်အဆင့် လက်နက်။ ဟော်ကူ၏ ဧရာမ မျက်လုံးကြီးက ထိတ်လန့်သွားခဲ့သည်။ယခင်က လုံချီယု ဆဠမအဆင့်သို့ရောက်နေချိန်ကပင် သူယခုလောက် မထိတ်လန့်ခဲ့ချေ။ ယခုသူက လုံချီယု၏ ပုံမှန်အစွမ်းဖြင့်သော သူ၏ အစွမ်းက ဆဠမအဆင့်လောက်ထိ မြင့်တက်နေသောလည်း ၎င်းက လုံချီယုနှင့် ညီမျှရုံသာရှိသေးသည်။

သို့သော်လည်း လုံချီယုက ကောင်းကင်အဆင့်လက်နက်ကို ထုတ်လိုက်ချိန်၌ သူ၏ယုံကြည့်ချက်ကို ရိုက်ချိုးလိုက်သလိုပင် ။ ထိုအပြင် ဤကောင်းကင်အဆင့်လက်နက်က မိုးပြာနဂါးမျိုးနွယ်စု၏ ယခင်က မျိုးနွယ်စု အထွဍ်မြတ်လက်နက်မဟုတ်ပဲ အခြားတစ်ခုပင် ။

ချီးပဲ ~ ဘာတွေဖြစ်နေတာလည်း ။ဟော်ကူက ကျိမ်ဆဲရင်းဖြင့် ရေရွတ်လိုက်သည်။ မိုးပြာနဂါးမျိုးနွယ်စုက ဘယ်တုန်းက ကောင်းကင်အဆင့် လက်နက် နောက်တစ်ခု ပိုင်ဆိုင်သွားရသနည်း ။

သူ၏ ခေါင်းထဲ၌ မရေရာမှုများနှင့် ထိတ်လန့်မှုများက ပြည့်နက်နေသည်။ သို့သော်လည်း စတင်ပြီးပြီမှို့ နောက်ဆုတ်၍ မဖြစ်နိုင်ချေ။

ဝေါင်း ~ ဝေါင်း ~ ဝေါင်း ။

ကောင်းကင်အဆင့် လက်နက်ဖြစ်တော့ရောဘာဖြစ်လည်းကွ ၊ ဟော်ကူ၏ ဒေါသတကြီးသံကထွက်လာခဲ့သည်။

လျို့ဝှက်ကျင့်စဉ် " မိုးမြေတခွင်သန့်စင်ခြင်း မီးတောက် အကျဉ်းထောင် " ။

ဝုန်း ~~~ ။

ကောင်းကင်နှင်မြေပြင်အကြား ရုတ်တရက်အပှုစွမ်းအင်များ မြင့်တက်လာခဲ့သည်။ လေဟာနယ်ထဲမှ မီးတောက်တိုင်လုံးများထွက်လာသလို့ မြေပြင်ထက်မှ လည်း မီးတောင်တိုင်လုံးကြီးများက ကောင်းကင်သို့တိုင်ထိုးတက်သွားခဲ့သည်။

ဟော်ကူက သူ၏ စွမ်းအားကို မီးနဂါးအင်ပါယာမြို့တော်ကို မထိမိအောင် သေချာထိန်းချုပ်ထားသော်လည်း မိုးမြေတခွင်မီးတောက်အကျဉ်းထောင်က မိုင်တစ်ရာခန့်ကိုပင် ဖုံးအုပ်နေသေးသည်။ မိုင်တစ်ရာအတွင်း၏ အပူရှိန်က အလွန်ပင်ပူပြင်းကာ မြေပြင်များပင် အက်ကွဲသွားခဲ့ကာ ၊ သစ်ပင်များ ကျောက်တုန်းများ အရာရာပင် ဗလာနတ္တိအဖြစ်သို့ ပြောင်းသွားကာ ပြာများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ဟော်ကူက သူ၏ မီးတောက်အကျဉ်းထောင်အတွင်း၌ လုံချီယုကို ပိတ်လှောင်ကာ သန့်စင်ပစ်ချင်နေသလိုပင် ။

လျို့ဝှက်ကျင့်စဉ် လား ၊ ငါလည်း တက်တယ် ။ လုံချီယုက အထင်သေးဟန်ဖြင့် ပြုံးကာဆိုလိုက်သည်။

လျို့ဝှက်ကျင့်စဉ် " ကောင်းကင်ဘုံလောကမှ နတ်စွမ်းအင် မိုးကြိုး " အပြစ်သားများကိုယ် အပြစ်ပေးခြင်း နတ်မိုးကြိုး ကျဆင်းစေ ။ လုချီယုက သူ၏ လက်ကို ကောင်းကင်သို့ညွှန်ကာ အော်ဟစ်လိုက်သည်။ သူ၏ ကောင်းကင်အဆင့်လက်နက်ကလည်း ခရမ်းရောင်မိုးကြိုးများက သိပ်သည်းစွာဖြင် ရစ်သိုင်းနေသည်။

ဂျိမ်း ~ ဂျိမ်း ။

တိမ်မဲများက လျှင်မြန်စွာဖြင့် စုဝေးသွားခဲ့ကာ လုံချီယု၏ စကားဆုံးချိန်၌ ကောင်းကင်ယံမှ ခရမ်းရောင် နတ်မိုးကြိုး တစ်စင်း ကျဆင်းလာခဲ့သည်။

၎င်းက ဧရာမမိုးကြိုးလှံတံကြီးကဲ့သို့ပင် အလွန်ပြင်းထန်သော အဖျက်စွမ်းအားများကို ထုတ်လွတ်လျက် ကျဆင်းလာခဲ့သည်။

ဧရာမမိုးကြိုးကျဆင်းလာချိန် မီးတောက်လှောင်အိမ်က ချက်ချင်းပင် စက္ကူတစ်စကဲ့သို့ ထိုးဖောက်ခံလိုက်ရကာ ကြောက်မက်ဖွယ်မီးတောက် လှောင်အိမ်က တစ်ခနအတွင်းမှာပင် ပျက်စီးသွားခဲ့တော့သည်။

ဘာ ~ ဟော်ကူက သူ၏ လျို့ဝှက်ကျင့်စဉ်က ချက်ချင်းဖျက်စီးခံရသောကြောင့် မယုံကြည်နိုင်ဖြစ်သွားခဲ့သည်။

သူမယုံကြည်နိုင်ဖြစ်နေသော်လည်း လက်တွေ့မှာတော့ ဖြစ်ပျက်သွားခဲ့ကာ မိုးကြိုးလှံတံက မရပ်တန့် ပဲ ဟော်ကူ၏ ထံသို ကျဆင်းလာခဲ့သည်။

ဟော်ကူတစ်ယောက် လျှင်မြန်စွာဖြင့် မီးတောက်အကာကွယ်တစ်ခု ဖန်တီးလိုက်သော်လည်း မိုးကြိုးလှံတံကို တားစီးနိုင်ခြင်းအလျဉ်းမရှိ။

ဟော်ကူ၏ ဧရာမနဂါးခန္ဓာကိုယ်ကြီးက မြေပြင်ထက်သို့ ပြုတ်ကျသွားခဲ့သည်။

ဝုန်း ~ ။

မြေကမ္ဘာပင် တုန်ခါသွားသယောင် ။ အက်ကြောင်းများ အရပ်ရပ်သို့ပျံနှံသွားခဲ့ကာ ဖုန်မှုန့်များက အလိတ်လိတ်ဖြင့် လွင့်ပျံတက်လာခဲ့၏ ။ ဧရာမမီတာထောင်ချီသော ချောက်နက်ကြီးဖြစ်သွားခဲ့သည်။

ဖုန့်မှုန့်များကင်းစင်သွားချိန်၌ ချောက်နက်ကြီး၏ မီတာထောင်ချီနက်သော အောက်ခြေ၌ မီးနဂါးကြီးမှာ ဒဏ်ရာများအပြည့်ဖြင့်လှဲ့လျောင်းနေသည့်ကို တွေမြင်နိုင်သည်။ သူ၏ တိုက်ခိုက်ရေးစွမ်းအားများမှလည်း ကုန်ဆုံးသွား၍ မလှုပ်နိုင်တော့ချေ။

ငါပြောပါတယ် ~ မင်းကမှ လက်မခံချင်ပဲ ၊ လုံချီယုက ခေါင်းကို ခါရမ်းလိုက်ရင်းဖြင့် သူ၏ ကောင်းကင်အဆင့်လက်နက်ကို ပြန်သိမ်းလိုက်သည်။ သူက ဤလက်နက်အသစ်နှင့် သိပ်ပြီးတော့ အသားမကျသေးသော်လည်း လက်နက်၏ စွမ်းအားကိုယ်တော့ ထုတ်သုံးနိုင်သည်။

လုံချီယုက သူ၏ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ရာ အောင်းရွှီရန်နှင့် ဟော်ဖုတိုက်ခိုက်နေရာသို့မသွားပဲ ၊ ကျီထန်ပင်းရှိရာသို့ပျံသန်းသွားခဲ့သည်။

∆∆∆

တစ်ဖက်၌ ။

အောင်းရွှီရန်နှင့်ဟော်ဖုတို့က အပြင်းထန်တိုက်ခိုက်နေခဲ့သည်။ သူတို့က တိုက်ခိုက်ရာ၌ အာရုံစိုက်နေ၍ ပတ်ဝန်းကျင်၏ အခြေနေကိုပင် သတိမထားမိချေ။

အောင်းရွှီရန်က သူအ၏ ကောင်းကင်အဆင့်လက်နက်ကို ထုတ်မသုံးပဲ တိုက်ခိုက်နေသောကြောင့် ၊ ဟော်ဖု၏ ဖိနှိပ့်မှုကို တစ်ဖက်သက်ခံနေရကာ ၊သူမ၏ လှပသော မျက်နှာလေးမှာ အနည်းငယ်ဖြူလျော့နေခဲ့၍ သူမ နှတ်ခမ်းများဆီမှလည်း သွေးများစီးကြနေခဲ့သည်။

ချီး ~ ဒီခွေးကောင်က တော်တော်သန်မာတာပဲ ၊ အောင်ရွှီရန်က ဟော်ဖုနှင့် တိုက်ခိုက်နေရာမှ အကွာတစ်ခုအထိ နောက်ဆုတ်ကာရပ်လိုက်ရင်းဖြင့် တွေးလိုက်သည်။

ဒီလောက်ဆိုလုံလောက်ပြီ အဆုံးသတ်ကြတာပေါ့ ။ ဟော်ဖုက အောင်းရွှီရန်ကို အထင်သေးသော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။

ကောင်းပြီလေ ~ အဆုံးသတ်တာပေါ့ ။ အောင်းရွှီရန်ကလည်း သူမ၏ နှတ်ခမ်းစီမှ သွေးများကိုသုတ်ကာ ပြောလိုက်သည်။

သူမ၏ စကားအဆုံး၌ အောင်းရွှီရန်က လေးနက်သွားခဲ့ကာ သူမ၏ ကောင်းကင်အဆင့် လက်နက်ကို ထုတ်လိုက်သည်။

ဝုန်း ~ ။

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းများက အောင်းရွှီရန်ကို ဗဟိုပြု၍ စတင်ကာ ပျံလွင့်လာခဲ့တော့သည်။

ကောင်းကင်အဆင့်လက်နက်လား ၊ အဝေးမှကြည်နေသော ဟော်ဖုလည်း လေးနက်သွားခဲ့ကာ အောင်းရွှီရန်ကိုကြည်၍ ရေရွတ်လိုက်သည်။

အပိုင်း ၁၅၈ မျော်

All Chapters