မီးနဂါးနယ်မြေမှ တိုက်ပွဲ ( ၃ )
Vol. 12 Ch. 158
အောင်းရွှီရန်က သူမ၏ နည်းစနစ်များက အများအားဖြင့် အနီးကပ်တိုက်ခိုက်ရေးနည်းစနစ်များဖြစ်သည့်အတွက် သူမက ချပ်ဝတ်တစ်ခုကိုရွှေးချယ်ထားချင်ပင် ။
ထိုကောင်းကင်လက်နက်ဖြစ်သော ချပ်ဝတ်၏ မျက်နှာပြင်က ဗလာအတိနက်မှောင်နေသော်လည်း ၊ သေရှာကြည့်ပါက ထိုအနက်ရောင်မျက်နှာပြင်ထက်၌ ဝေဝါးနေသော ရွှေရောင် အက္ခရာအချို့ရှိသည်။ တစ်ချက်ချက်တွင် ထိုအက္ခရာများက ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာတက်ကာ အက္ခရာများက တစ်ခုနှင့် တစ်ခုချိတ်ဆက်သွားကြသည့်ကို မြင်နိုင်သည်။
အောင်းရွှီရန်က ကောင်းကင်အဆင့်လက်နက်ဖြစ်သော ချပ်ဝတ်ကို သူမ၏ ချီစွမ်းအင်များဖြင့် လုံဆော်လိုက်ချိန်၌ ချပ်ဝတ်က တုန်ခါသွားခဲ့ကာ သူမ၏ ခန္ဓာကိုယ်အထက်၌ အလိုအလျှောက်ပင်ဝတ်ဆင်ပြီးသားဖြစ်သွားခဲ့သည်။ ဝတ်ဆင်လိုက်ချိန်၌ သူ၏ အရှိန်ဝါက လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့သည်။
ယခုအချိန်၌ အောင်းရွှီရန်၏ ပုံစံက ကြီးကျယ် ၊ခမ်းနားသော အော်ရာများကို ထုတ်လွတ်ထားခဲ့ကာ ၊ အနက်ရောင်ချပ်ဝတ်ကို ဝတ်ဆင်ထား၍ သူ၏ လေးနက်တည်ကြည်သူမျက်နှာနှင့် ဆံနွယ်များက လေများတစ်ချက် ဝှေ့ဝဲလိုက်တိုင်း သူမ၏ ဆံနွယ်များ ဝှေ့ဝဲသွားပုံက ၊သူမကို မရူံးနိမ့်နိုင်သော စစ်နတ်ဘုရားမတစ်ပါးအလားပင် ထင်ရစေ၏ ။ ချပ်ဝတ်၏ ထောက်ပံထားမှု အောက်၌ အောင်းရွှီရန်၏ အရှိန်ဝါကပင် အလွန်မင်းကြောက်မက်ဖွယ်ရာ ကောင်းလာခဲ့သည်။
ကောင်းကင်အဆင့် ချပ်ဝတ် ၊ ဟော်ဖု၏ မျက်နှာက ပြောင်းလဲသွားကာ ရေရွတ်လိုက်သည်။ သို့သော်လည်း ထိုမျှသာ ၊ သူကလည်း မျိုးနွယ်စု၏ ဘိုးဘေး တစ်ဦးဖြစ်သည့်နှင့်အညီ သူတွင်လည်း ကောင်းကင်အဆင့်လက်နက်တစ်ခုရှိသည်။
ဟော်ဖုလည်း သူ၏ ကိုယ်ပိုင် ကောင်းကင်အဆင့်လက်နက်ကို ထုတ်လိုက်သည်။ ၎င်းက မီးများဖြင့် တောက်လောင်နေသော တစ်ကိုယ်လုံးက အနီရင့်ဖြစ်ကာ လေးထောင့်ပုံစံ ထူးခြားသော လက်နက်ဖြစ်သည်။
၎င်းထွက်ပေါ်လာချိန်၌ အပူရှိန်က ပို၍ပင် ပတ်ဝန်းကျင့်တစ်ခုလုံး ယခင်ထက်ပို့၍ ထိုးတက်သွားသည့်ကို ခံစားမိသည်။
∆∆∆
တစ်ဖက်၌ ။
မိုင်တစ်ထောင်အကွာ၌ စောင့်ကြည့်နေသော အောင်းကျန်းဟန်လည်း ဟော်ဖု ကောင်းကင်အဆင့် လက်နက် ထုတ်လိုက်သည့်ကို ကြည့်နေခဲ့သည်။
ထိုအပြင် သူကလည်း အချိန်မရွှေးဝင်ရောက်ရင် ပြင်ဆင်ထားခဲ့သည်။ ကောင်းကင်အဆင့်လက်နက်နှင့် သားရဲနတ်ဘုရားဘုံ အဠမအဆင့်ရှိသူက ဟာသမဟုတ်ချေ။
အောင်းရွှီရန် မည်မျှသန်မာစေကာ ထို့သို့သော် သူများကို တော့အနိုင်ရန် မဖြစ်နိုင်ဟု အောင်းကျန်းဟန် ယုံကြည်ထားသည်။
ထိုအတွက်ကြောင့်သူက အောင်းရွှီရန်နှင့် ဟော်ဖုတို့၏ လှုပ်ရှားမှုများကို အသေးစိတ်မလွတ်တမ်းဖြင့် စောင့်ကြည့်နေခဲ့သည်။
∆∆∆
တစ်ဖက်တွင် ။
အောင်းရွှီရန်က သူမ၏ ပုံရိပ်က ရပ်နေရာမှ ပျောက်ကွယ်သွားခဲ့သည်။ ကောင်းကင်အဆင့် ချပ်ဝတ်၏ ထောက်ပံမှု အစွမ်းအားကြောင့် သူမ၏ အမြန်နူန်းက အလွန်ပင်လျှင် မြန်လှသည်။
မျက်တောင်တစ်ခက်အချိန်လေး၌ သူမက ဟော်ဖု၏ အရှေ့သို့ရောက်သွားခဲ့ကာ ဟော်ဖု၏ ဦးခေါင်းကို ရိုက်ချလိုက်သည်။
အုန်း ~ ။
တိုက်ခိုက်မှုက အလွန်တရာ ပြင်းထန်၏ ၊ ကောင်းကင်အဆင့်လက်နက်၏ စွမ်းအားပါဝင်မှုကြောင့် အောင်းရွှီရန်၏ လှုပ်ရှားမှုက လေဟာနယ်ကို တိုက်ရိုက်ပြိုကွဲစေသည်။
ဤတိုက်ခိုက်မှုက အလွန်ပြင်းထန်လွန်း၍ ဟော်ဖုသာ မခုခံနိုင်ခဲ့လျှင် သူ၏ ဦးခေါင်းက ဖရဲသီးတစ်လုံးကဲ့သို့ချက်ချင်း ပေါက်ကွဲသွားနိုင်သည်။
ဟော်ဖုလည်း အလေးနက်ထားကာ ၊ အောင်းရွှီရန်၏ တိုက်ခိုက်မှုကိုယ် လျှင်မြန်စွာဖြင့် တုန့်ပြန်လိုက်ကာ သူ၏ မီးများတောက်လောင်နေသော လေးထောင်ပုံစံ ကောင်းကင်လက်နက်ဖြင့် တားစီးလိုက်သည်။
အုန်း ~ ။
အောင်းရွှီရန်၏ လက်ဝါးနှင့် ဟော်ဖု၏ မီးတောက်ပုံစံ လေးထောင့်တုန်းတို့ ထိသွားချိန်၌ အလွန်ကျယ်လှောင် ပေါက်ကွဲသံခုက ထွက်ပေါ်လာခဲ့ကာ မျက်စိ ဖြင့် မြင်နိုင်သော ချီစွမ်းအင် လှိုင်းများက အရပ်ရပ်သို့ ပျံလွင့်သွားကြသည်။
ထိုတိုက်ခိုက်မှု၏ ထိတွေမှုနှင့် ထွက်ပေါ်လာသော တွန်းကန်အားတို့ကြောင့် အောင်းရွှီရန်ကော ဟော်ဖုပါ နောက်သို့လွင့်သွားခဲ့သည်။ အောင်ရွှီရန်က မီတာထောင်ချီသို့ လွင့်သွားခဲ့ကာ ဟော်ဖုမှာတော့ မီတာ ရာချီအထိသာ လွင့်သွားကာ သူ၏ ခန္ဓာကိုယ်ပြန်၍ ထိန်းညှိလိုက်သည်။
အောင်းရွှီရန်လည်း သူမ၏ ခန္ဓာကိုယ် ထိန်းညှိပြီးချိန်၌ သူမ ဟော်ဖုထံသို့ တိုက်ခိုက်လိုက်၏ ။
" ရွှေနဂါးလက်သည်း နည်းစနစ် "
အောင်းရွှီရန်က သူ၏ လက်ကို လက်သည်းပုံစံဖြင့် လေဟာနယ်ထဲသို့ ကုပ်ဆွဲလိုက်ဟန်ဖြင့်ပြုလုပ်လိုက်သည်။
ဝုန်း ~ ။
လေဟာနယ်က ချက်ချင်းအက်ကွဲသွားခဲ့ကာ ထိုအက်ကြောင်း၏ အတွင်းမှ ရွှေရောင်နဂါးလက်ကြီးတစ်ဖက်က ထွက်လာခဲ့ကာ ဟော်ဖုကို တိုက်ခိုက်လိုက်သည်။
ထိုရွှေရောင် နဂါးလက်သည်း နည်းစနစ်ကို အောင်းရွှီရန်က ရွှေဒြပ်စင်စွမ်းအား၏ ထက်ရှမှုများကိုယ်အသုံးပြုထားခြင်းပင် ဖြစ်သည်။
ဒြပ်စင်စွမ်းအားနှစ်မျိုး ၊ ဟော်ဖုမှာလည်း သူ၏ အရှေ့၌ ထွက်ပေါ်ကာ သူကို အပြင်းထန်ကုပ်ချလိုက်သော ရွှေနဂါးလက်သည်းကြီးကို တားစီးလိုက်ရင်းဖြင့် ရေရွတ်လိုက်သည်။
မင်းတကယ်ပဲ ~ ဘယ်သူလည်း ။ ဟော်ဖုက အောင်းရွှီရန်ကို ကြည့်ကာမေးလိုက်သည်။ သူတွေးမိသည့်က ရှိသော်လည်း ၎င်းတို့က ပျောက်ကွယ်သွားခဲ့သည့်မှာ အချိန်အတော်ကြာမြင့်နေ၍ အခုချိန်မှတော့ ရုတ်တရက်ပြန်၍ ထွက်ပေါ်လာစရာ အ ကြောင်းရင်း မရှိချေ။
အောင်းရွှီရန်မှာတော့ ဟော်ဖု၏ အမေးကို ပြန်မဖြေပဲ ၊ သူမ၏ တိုက်ခိုက်မှုဖြင့်သာ တုန်ပြန်လိုက်သည်။ ယခုအကြိမ်၌ အောင်းယွီရန်၏ တိုက်ခိုက်မှုက ရေစွမ်းနဂါးကြီးတစ်ကောင်အလားဖြစ်သွားခဲ့ကာ ဟော်ဖုကို တိုက်ခိုက်လိုက်သည်။
ဟော်ဖုက ၎င်းကိုယ်တားစီးလိုက်သော်လည်း သူ၏ အတွေးတို့မှ ထိတ်လန့်မှုများရှိနေခဲ့သည်။ သူမ၏ အစွမ်းများမှာ သူတွေးထားသော အရာနှင့် ထပ်တူကျနေခဲ့သည်။ နောက်ဆုံးဟော်ဖုမှလည်း သိချင်စိတ်ကို မြို့သိပ့်မထားနိုင်၍ ထုတ်မေးလိုက်သည်။
မင်းက ~ လက်သည်းကိုးချောင်း ရွှေနဂါးမျိုးနွယ်စုကလား၊ ဘယ်လို့ဖြစ်နိုင်မှာလည်း မင်းတို့အားလုံး ပျောက်ဆုံးသွားကြပြီမလား ။ ဟော်ဖုကမေးလိုက်ရင်းဖြင့် သူ၏ အမေး၌လည်း မယုံနိုင်မှုတို့ရှိနေသည်။
တစ်ဖက်၌ အောင်းရွှီရန်က ဟော်ဖု၏ အမေးကြောင့် သူမ၏ လှုပ်ရှားမှုတို့ကို ခနတာ ရပ်တန့်လိုက်၏ ။ သို့သော် သူမက ဟော်ဖု၏ အမေးကိုတော့ ပြန်မဖြေချေ။
ဒီတိုက်ခိုက်မှုကို တားစီးနိုင်ရင် ၊ ရှင်ကို ပြောပြမယ် ။ အောင်းရွှီရန်က ပြောလိုက်သည်။ သူမ၏ စကားအဆုံး၌ သူမက လျို့ဝှက် နည်းစနစ် တစ်ခုကို အသက်သွင်းလိုက်တော့သည်။
လျို့ဝှက်ကျင့်စဉ် " ဒြပ်စင်ငါးခုအလင်းတန်း " ။
အောင်းရွှီရန်၏ နောက်ကျော၌ ရုတ်တရက်ဆိုသလို့ အနီရောင် ၊ အပြာရောင် ၊ အညိုရောင်၊ ရွှေရောင်၊ အစိမ်းရောင် အလင်းတန်းငါးခုကထွက်ပေါ်လာခဲ့ကာ ပြင်းထန်စွာလည်ပတ်လာခဲ့သည်။
အလင်းရောင်ငါးခု အရူးမှုးလည်ပတ်လာပြီးနောက် တစ်ခုနှင့် တစ်ခု ရောစပ်သွားခဲ့၏။ ထိုနောက်မှာတော့ ဟော်ဖုထံသို့ ပစ်လွတ်လိုက်သည်။
အောင်းရွှီရန်နှင့် ဟော်ဖုက မီတာတစ်ထောင် အကွာဝေးရှား၍ ရပ်တန့်နေသော်လည်း ၊ရောင်စုံအလင်းတန်းက ချက်ချင်းပင် ဟော်ဖုအရှေ့သို့ရောက်သွားခဲ့သည်။
ဟော်ဖုမှာ အလန့်တကြားဖြင့်သွားခဲ့ကာ ၊ သူ၏ စတုရန်းပုံစံ ကောင်းကင်လက်နက်ကို လျှင်မြန်စွာဖြင့် ကြီးထွားလာခဲ့လိုက်၏ ။၎င်းက ဧရာမအရွယ်စားဖြစ်သွားခဲ့ကာ ကောင်းကင်၏ တစ်ဝက်ကိုပင် နေရာယူလိုက်သလိုပင် ။
ဘုန်း ~ ။
ဒြပ်စင်အလင်းတန်းက မီးတောက် စတုရန်းတုန်းကြီးကို ထိမှန်သွားခဲ့သည်။ ကျယ်လှောင်သော ပေါက်ကွဲသံကြီးက ကောင်းကင်နှင့်မြေပြင်ကြား တော်လှဲ့သံကြီးအလားထွက်ပေါက်လာခဲ့ကာ ၊ ကြားရသူအပေါင်းကို နားစည်များကွဲစေမတက်ပင် ၊ ချီစွမ်းအင်လှိုင်းများ ကောင်းကင်ယံတစ်ခွင် အဖက်ဖက်သို့ လွင့်ပျံသွားခဲ့သည်။
ဟော်ဖုက သူ၏ ကောင်းကင်လက်နက်ဖြင့် တားစီးလိုက်သော်လည်း တိုက်ခိုက်မှုက အလွန်ပြင်းထန်လှသောကြောင့် မိုင်ရာချီထိတိုင်လွင့်စင်သွားခဲ့သည်။
လွင့်စင်သွားရာ တစ်လျောက်လုံး၌ ကောင်းကင်ယံထက်တွင် ကြီးမားသော လေဟာနယ်အက်ကြောင်းကြီးအဖြစ် ကျန်ရစ်နေခဲ့သည်။
ဒါကို ~ ရှင်ဂုဏ်ယူသင့်တယ် ၊ ဒါက ရွှေနဂါးမျိုးနွယ်စုရဲ့ လျို့ဝှက်ကျင့်စဉ်ဖြစ်တဲ့ " ဒြပ်စင်ငါးခုကို နဂါးလက်ဝါး "ကို ရှေးဘိုးဘေးတွေက စုပေါင်းပြီး တော့ တုပပြီး ဖန်တီးထားတဲ့ လျို့ဝှက်နည်းစနစ်ပဲ ။
အောင်းရွှီရန်က ဟော်ဖုလွင့်စင်သွားရာကို ကြည့်ကာ တီးတိုးရေရွတ်လိုက်သည်။သူမ၏ မျက်နှာကလည်း ယခုအချိန်၌ ဖြူလျော့နေခြဲသည်။ သူမက ချီစွမ်းအင်အများပြားကို အသုံးပြုရသည့်မှာ သိသာသည်။
အပိုင်း ၁၅၉ မျော်