← Chapters

မီးနဂါးနယ်မြေမှ တိုက်ပွဲ ( ၄ )

Vol. 12 Ch. 159

မီးနဂါးနယ်မြေမှ တိုက်ပွဲ ( ၄ )

Vol. 12 Ch. 159

အောင်ရွှီရန်က သူမက ဟော်ဖု၏ အဝေးစီသို့လွင့်စင်သွားခြင်းကိုကြည့်နေခဲ့သည်။

ထိုအစဉ် ~ ကောင်းကင်နှင့်မြေပြင်အကြားရုတ်တရက်ပြောင်းလဲမှုကို သူမခံစားလိုက်ရသည်။

သူမသေချာကြည်လိုက်ချိန်၌ မိုင်တစ်ရာခန့်၏ ကောင်းကင်နှင့်မြေပြင်ကို ဖုံးအုပ်ထားသော ဧရာမ မီးတောက်အကျဉ်းထောင်ကြီးကို မြင်တွေ့လိုက်သည်။

ဤသို့သောကြီးမားသော အပြောင်းလဲကြီးဖြစ်ပျက်သွားသည့်ကို သူမပင် သေချာသတိမထားမိလိုက်ချေ။ ဘယ်လိုဖြစ်သွားတာလည်း ~ အောင်းရွှီရန်တစ်ယောက်ခင် အချိန်ခနတာကို ပြန်စဉ်းစားကြည့်နေခဲ့သည်။

သို့သော်လည်း မည်သည့်ထူခြားမှုမှ မတွေ့ခဲရချေ။

အဟွက် ~ အဟွက် ။

အောင်းရွှီရန် ပတ်ဝန်းကျင့်ကို စူးစမ်းကြည့်ရင်း စဉ်းစားကြည့်နေစဉ်၌ သူမနှင့်ဆယ်မိုင်ခန့်အကွာ၌ သို့ ချောင်းဆိုးနေသော ပုံရိပ်တစ်ခု ရောက်လာသည့်ကို တွေလိုက်ရသည်။

၎င်းကတော့ ဟော်ဖုသာဖြစ်သည်။ သူ၏ အဝတ်စားများမှ စုတ်ပြဲနေကာ သူ၏ ခန္ဓာကိုယ်အထက်တွင်လည်း သွေးများစီးကျနေခဲ့သည်။ ၎င်း၏ ပုံစံက ယခင်ကဲ့သို့ ထည်ဝါခမ်းနားမှုများ မရှိချေ။

ယခုအချိန်၌ ဟော်ဖုတစ်ယောက် အလွန်ဒေါသထွက်နေသည့်မှာလည်း ထင်ခြားသည်။

သူက ယခင်ပျောက်ကွယ်နေသော မျိုးနွယ်စု ပြန်လည်ထွက်ပေါ်လာသည့်ကို သတိရ၍ သူအမှန်တစ်ကယ် အံဩနေခဲ့ချိန်၌ ပြင်းထန်သော တိုက်ခိုက်မှုက ရောက်ရှိလာခဲ့သည်။ ထိုတိုက်ခိုက်မှုကို သူလည်း အပြည်ဝ တားစီးဖို့ရာ အချိန်မမှီနိုင်တော့သဖြင့် ထိုတိုက်ခိုက်မှု၏ တစ်ဝက်ကိုသာ တားစီးနိုင်ခဲ့၏ ။ သူလွင့်စင်သွားချိန်၌ သူ၏ စတုရန်းပုံစံ ကောင်းကင်လက်နက်ကို အစိတ်ပိုင်းငယ်လေးများအဖြင့် ခွဲထွက်စေကာ ၊ " မိုးမြေ တခွင် မီးတောက် အကျဉ်းထောင် " လျို့ဝှက်ကျင့်စဉ်ကို လျင်မြန်စွာအသက်သွင်းလိုက်ခြင်းပင်ဖြစ်သည်။

ကောင်းတယ် ~ အရင်က ငါသတိလက်လွတ်ဖြစ်သွားတာ အခုတော့ အဲလို့မဖြစ်တော့ဘူး ။ ဒီလို့ဖြစ်လာစေဖို့မင်းကိုယ်တိုင် တောင်းဆိုတာပဲ ၊ ဟော်ဖုက အောင်းရွှီရန်ကို သတ်ဖြတ်ချင်စိတ်အပြည်ဖြင့်ကြည်ကာ ပြောလိုက်သည်။

ဟော်ဖု၏ စကားအဆုံးသည်နှင့် မြေပြင်များက အက်ကွဲလာကာ မီးများနှင့် ချော်ရည်များထွက်လာခဲ့သည်။ ချော်ရည်များကြားမှ မီးတောက် တိုင်လုံးကြီးများက ကောင်းကင်ယံသို့ တစ်ခုပြီးတစ်ခု ထိုးတက်သွားခဲ့သည်။

ကောင်းကင်ယံထက် လေဟာနယ်များ၏ အတွင်းမှလည်း မီးတောက်များထွက်ပေါ်လာခဲ့သည်။

∆∆∆

ဤသည့်က မိုးမြေတခွင် မီးတောက်အကျဉ်းထောင်၏ ကြောက်ဖွယ်ရာ စွမ်းအားက ယခုအချိန်မှ အစ သာရှိသေးသည်။ အထဲ၌ ပိတ်မိသွားသူတစ်ယောက်က မြေပြင်က ထွက်လာသော ချော်ရည်မီးတောက်တိုင်လုံးများကို ရှောင်တိမ်းပြီးချိန်၌ ကောင်းကင်ယံက မိုးများအလား ကျဆင်းနေသော မီးတောက်များကလည်း ရှိသေးသည်။ အချိန်ခနတာ ရှောင်တိမ်းရန် လွယ်ကူသော်လည်း အချိန်ကြာလာသည့်နှင့် အမျှ ရှောင်တိမ်းနေပါက နောက်ဆုံး၌ သက်လုံက ကုန်ဆုံးကာ အသက်ခံရမှာက မလွဲမသေပင် ။ ဤသည့်က မီးတောက်အကျဉ်းထောင်၏ ကြောက်မက်ဖွယ်ရာ စွမ်းအားသာဖြစ်သည်။

∆∆∆

မီးတောက်အကျဉ်းထောင်၏ အတွင်းက အပူရှိန်က လျှင်မြန်စွာ မြင့်တက်လာသလို ၊ မိုင်တစ်ရာနယ်မြေတစ်ခုအလုံးကလည်း အချိန်ခနတာလေးအတွင်း၌ ငရဲခန်းလား အသွင်ပြောင်းသွားခဲ့သည်။

မြေပြင်ထက်မှ ရုတ်တရက်ထိုးတက်လာသော မီးတောက် တိုင်လုံးများနှင့် ကောင်းကင်ယံမှ ထွက်ကျလာသော မီးတောက်များကြောင့် အောင်းရွှီရန်၏ ရှောင်တိမ်းရာ လမ်းများကို ပိတ်ဆို့သလိုဖြစ်နေခဲ့သည်။

သူမက မီးစွမ်းအင်ကို မကြောက်ရွံသော်လည်း ၎င်းတို့၏ နောက်မှပါဝင်သော ဟော်ဖု၏ စွမ်းအင်များကိုတော့ သူမစိုးထိတ်မိသည်။

များပြားသော ချော်ရည် မီးတောက်တိုင်လုံးများ၏ တိုက်ခိုက်မှုများက အချိန်နှင့်အမျှ ပို၍ပို၍ သာ များပြားလာသည့်အတွက်ကြောင့် အောင်းရွှီရန်တစ်ယောက် ရှောင်တိမ်းရန် ပိုပို၍ ခက်ခဲလာသည်။

ထိုမြင်ကွင်းကိုကြည့်နေသော ဟော်ဖုက ကျယ်လှောင်စွာဖြင့် ရီမောလိုက်သည်။

ဟားဟား ~ မင်းက လက်သည်းကိုးခု ရွှေနဂါးမျိုးနွယ်စုက ၊ ဖြစ်တော့ရော ဘာအရေးလည်း ၊ အခုမင်းက ဘာလုပ်နိုင်မှာလည်း ဟော်ဖုရ အောင်းရွှီရန်၏ အခက်တွေ့နေဟန်ကို သဘောကျဟန်ဖြင့် ရေရွတ်လိုက်သည်။

အခုချိန်၌ အောင်းရွှီရန်က သူ၏ လက်ခုတ်အတွင်းက ရေကဲ့သို့ပင် သူသွန်ချင်သွန် မှောက်ချင်မှောက် လုပ်နိုင်သော အနေထားတွင်ရှိနေခဲ့သည်။

ဟိုးယခင်အတိတ်များတုန်းက သူက လက်သည်းကိုးခု ရွှေနဂါးမျိုးနွယ်စုများက ၊ ဒြပ်စင်ငါးခုကို ထိန်းချုပ်နိုင်စွမ်းရှိသည့်ကို သူကြားဖူး၏ ။ ထိုအစဉ်က သူသည့် ထိုစွမ်းရည်များကို အားကျခဲ့ဖူးသည်။

တချိန်က သူအားကျခဲ့ဖူးသော မျိုးနွယ်စု၏ အဖွဲ့ဝင်တစ်ယောက်က သူ၏ အရှေ့၌ ကူရာမဲ့နေဟန်ရသော မြင်ကွင်းက သူ၏ စိတ်ဝိညာဉ်၏ အတွင်းမှ စိတ်ကျေနပ်မှုကို ခံစားရသည်။

မင်းဘယ်အချိန်အထိ ရုန်းကန်နိုင်မှာလည်း မင်းဘယ်တော့မှ လွတ်မြှောက်နိုင်မှာမဟုတ်ဘူး ။ အခုအချိန်မှာ မင်းက သေဖို့စောင့်နေရုံသာ ရှိတေ့ာတယ် ။ အပိုရုန်းကန်မနေနဲ့တော့ ၊ ဟော်ဖုက အောင်းရွှီရန်ကို ထပ်မံ၍ လှောင်ပြောင်လိုက်သည်။

အို့ ~ ဟုတ်ပါမလား ။ အဲဒီလို့ဖြစ်အောင် မင်းမှာ လုပ်နိုင်စွမ်းရှိပါမလား ။

ဟော်ဖု၏ စကားဆုံးချိန်၌ ရုတ်တရက် ဆိုသလို့ အေးစက်စက်အသံတစ်ခုကို ဟော်ဖုတစ်ကြားလိုက်ရသည်။ ထိုအသံကို ကြားလိုက်ချိန်၌ သူ၏ တစ်ကိုယ်လုံးရှိ မွေးညှင်းများပင် ထောင်ထသွားသလို့ ခံစားလိုက်ရသည်။

သူက အသံကြားရာသို့လည့်ကြည့်လိုက်ချိန်၌ သူကိုယ်အထင်သေးဟန်ဖြင့် ကြည့်နေသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုလူ၏ ခန္ဓာကိုယ်ကမည်သည့် စွမ်းအင်များမှ ထုတ်လွတ်နေခြင်းမရှိချေ။

ထိုလူက ပုံမှန်တိုင်းသာရပ်နေသော်လည်း သူ၏ အနီးသို့ရောက်လာသော မီးတောက်များမှ သူ၏ ခန္ဓာကိုယ်ထံသို့ မရောက်မီ ဆယ်မီတာအကွာ၌ ပင် ထူးဆန်းသောစွမ်းအားကြောင့် ပျောက်ကွယ်၍ သွားကြသည်။

ထိုလူကတော့ အောင်းကျန်းဟန်သာဖြစ်သည်။ သူက အဝေးမှ အမြဲတန်းစောင့်ကြည့်နေခဲ့သည့်မှို့ ဟော်ဖု၏ လှုပ်ရှားမှုကို ချက်ချင်းသတိထားမိကာ သူလည်း ထိုအချိန်၌ တန်း၍ လှုပ်ရှားလိုက်ခြင်းပင်ဖြစ်သည်။

မင်းဘယ်သူလည်း ~ ဟော်ဖုက သူ၏ အရှေ့ရှိလူကို သတိထားကာမေးလိုက်သည်။ ထိုသူက သူ၏ အနီးသို့ရောက်လာသည့်ကိုပင် သတိမထားမိချေ။ အနည်းလူက သူထက် သာလွန်သော အဆင့်၌ ရှိနေမှန်း သူလည်း သိနိုင်သည်။

အောင်းကျန်းဟန်က ဟော်ဖုကို ပြန်မဖြေချေ။ သူက အောင်းရွှီရန်၏ ခက်ခဲနေသော အခြေနေကို ကြည့်ပြီး သူ၏ ခေါင်းကို ခါရမ်းလိုက်သည်။

ထိုမြင်ကွင်းကြောင့် ဟော်ဖုတစ်ယောက်ထိတ်လန့်နေသော်လည်း ပို၍ ဒေါသထွက်သွားသည်။ ဤနေ့၌ သူကို ထိုအမျိုးသမီးကလည်း လစ်လျုရူခဲ့သလို ၊ အခု ရောက်လာသော လူမှ လစ်လျုရူနေပြန်သည်။ သူသည့် ယခင်ကထဲက မည်သူမျှ သူကိုယ် လစ်လျူရူမထားရဲကြချေ။ ဤအခြေနေက သူကိုယ် မီးထဲသို့ လောင်စာ ထည့်လိုက်သကဲ့သို့ ၊ ရမ်းပုံမီးကျ သလို့ပို ၍ ပျောက်ကွဲစေသည်။

မင်းတို့က ငါကို အရမ်းအထင်သေးနေတာပဲ ၊ ဟော်ဖုက ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်သည်။ သူအမှန်ပင် ဒေါသထွက်ချေပြီ ၊ သားရဲနတ်ဘုရားဘုံအဆင့်သို့ ရောက်ချိန်ကနေစ၍ ထိုမျှအထိ သူတစ်ကြိမ်ပင် ဒေါသမထွက်ခဲ့ချေ။

ဝုန်း ~ ။

ဟော်ဖု၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်အပူ လှိုင်းများနှင့်အတူတူ အနီရင့်ရောင်မီးတောက်များထွက်ပေါ်လာတော့သည်။ ထိုမီးတောက်များထွက်ပေါ်လာချိန်၌ မိုးမြေတခွင်မီးတောက် အကျဉ်းထောင်ကြီးက ဟောဖု၏ ဒေါသကို တုန့်ပြန်လိုက်သည့်အလား ပို၍ မီးတောက်များ နှင့် ချော်ရည်များ ၊ မီးတိုင်လုံးများက များပြားစွာဖြင့် ထွက်ပေါ်လာခဲ့ကာ ၊ အကျဉ်းထောင်၏ အတွင်းရှိ အရာရာတိုင်းကို ဖျက်စီး ရန် လုပ်ဆောင်တော့သည်။

ချော်ရည်များက မြေပြင်ထက်သို့ မြင့်တက်လာခဲ့ကာ ကောင်းကင်ယံက အုပ်မိုးထားသော အကျဉ်းထောင် အမိုးကြီးကလည်း နိမ့်ဆင်းလာခဲ့သည်။

ဤအတွက်ကြောင့် မီးများက ပို၍ ကြောက်စရာ ကောင်းလာသလို့ အပူရှိန်ကလည်း ပြောပြလို့မရသော အနေထားသို့ပင် ရောက်သွားခဲ့သည်။

( သို့သော်လည်း ဟော်ဖု၏ အလွန်ပူပြင်းလှသော မီးတောက်များမှာလည်း မြန်မာနိုင်ငံလောက် တော့မပူချေ 😂 )

အပိုင်း ၁၆၀ မျော်

All Chapters