အခန်း (၁၆၀)
Vol. 12 Ch. 160
အောင်းကျန်းဟန်က ရုတ်တရက်ပြောင်းလဲသွားသော ပတ်ဝန်းကျင်၏ အခြေနေကိုကြည့်၍ သူက အထင်သေးဟန်ဖြင့် လှောင်ပြောင်ကာ သူ၏ ခေါင်းကိုခါရမ်းလိုက်သည်။
သူက ၊ ဟော်ဖုရှိရာသို့ပြန်လှည့်ကြည်လိုက်ကာ သူ၏ လက်ညိုးကို ညွှန်ပြလိုက်သည်။ လက်ညိုး၏ ထိပ်၌ အလွန်ပြင်းထံလှသော ချီစွမ်းအင်များက သိပ်သည်းစွာဖြင့် စုစည်းသွားခဲ့ကာ ဟော်ဖုထံသို့ပစ်လွတ်လိုက်သည်။
ရွှစ် ~ ။
၎င်းက အလင်း၏ အလျှင်ထက်ပင်မြန်ဆန်၏ ။ချီစွမ်းအင်အလင်းတန်းက ဒေါသတစ်ကြီးဖြင့် ပေါက်ကွဲခါနီးမီးတောက်ကြီးအလားဖြစ်နေသော ဟော်ဖု၏ ခန္ဓာကိုယ်သို့ ထိမှန်သွားခဲ့သည်။
ဘုန်း ~ ။
သေးငယ်သော ချီစွမ်းအလင်းတန်းက ဟော်ဖု၏ ခန္ဓာကိုယ်နှင့် ထိတွေ့ချိန်မှာတော့ ဧရာမတူကြီးဖြင့် ထုလွတ်လိုက်သကဲ့သို့ ဟော်ဖုကို အမြှောင်ဆန် တစ်ခုအလား အဝေးသို့ လွှင့်စင်သွားစေခဲ့သည်။
ဟော်ဖု၏ ခန္ဓာကိုယ်က မထိန်းချုပ်နိုင်စွာလွင့်စင်သွားခဲ့၏ ။ သူ၏ ခန္ဓာကိုယ်ဖြင့်ပင် " မိုးမြေတခွင် မီးတောက်အကျဉ်းထောင် " ထိုးဖောက်သွားသည့်အတွက်ကြောင့် လျို့ဝှက်ကျင့်စဉ်မှာလည်း စွမ်းအားအထောက်ပံမရှိသည့်အတွက်ကြောင့် ပြိုလှဲ့သွားရတော့သည်။
ဘာ~ ဘိုးဘေးက ဘယ်လိုဖြစ်လို့ ရှုံးနိမ့်သွားရတာလည်း ။ အဝေးစီမှနေ၍ စစ်တပ်များကို ပြင်ဆင်၍ စောင့်ဆိုင်း နေသော မီးနဂါးဧကရာဇ် ဟော််ရိမှ မယုံကြည့်နိုင်ဟန်ဖြင့် ရေရွတ်လိုက်သည်။
သူ၏ ~ ဘိုးဘေးက သားရဲနတ်ဘုရားဘုံ၏ အဠမအဆင့်သို့ရောက်ရှိ နေသည့်အတွက်ကြောင့် ထိုကဲ့သို့ ရန်သူများကို အလွယ်တစ်ကူ တွန်းလန်ပစ်နိုင်မည်ဟု ယုံကြည့်ထားခဲ့သည်။
သို့သော်လည်း ~ ရှုံးနိမ့်သွားခဲ့သည်။ တစ်ဖက်ရန်သူများက သားရဲနတ်ဘုရားဘုံ အဠမအဆင့်ရှိသော သူကိုပင် လက်တစ်ချောင်းဖြင့် ဖိနှိပ့်နိုင်သည်။
သူက ယခုမှ သားရဲနတ်ဘုရားဘုံ ပထမအဆင့် သူဘာလုပ်နိုင်မနည်း ။ မီးနဂါးဧကရာဇ်ဟော်ရိတစ်ယောက် သူ၏ စွမ်းအားကင်းမဲ့မှုတွေးမိချိန်၌ ၊ စိတ်ပျက်သွားခဲ့ကာ သူ၏ မျက်နှာက အနည်းငယ် အိုစာသွားခဲသည်။
သူဘာလုပ်နိုင်မည်နည်း ~ ယခုအချိန်မှ တော့ သူဘာမှ လုပ်၍ မရတော့ချေ။ မျိုးနွယ်စု၏ ဘိုးဘေးသုံးယောက်ပင်လျှင်ရှုံးနိမ့်သွားရသည်။
∆∆∆
တစ်ဖက်၌ ။
အောင်းကျန်းဟန်က ဟော်ရိ၏ အတွေးများကို မသိချေ။ သိခဲ့လျှင်လည်း သူဂရုစိုက်နေမည်မဟုတ်ချေ။
သူက လွင့်စင်သွားသော ဟော်ဖုကိုပင် သေချာမကြည့်ခဲ့ချေ။ အောင်းရွှီရန်ထံသို့ တိုက်ရိုက်ပျံသန်းသွားခဲ့ကာ ၊ သူမကို ကုသရေးဆေးတစ်လုံး ထုတ်ပေးကာ သူ၏ ဒဏ်ရာအနည်းငယ်ကို ကုသစေသည်။
အောင်းရွှီရန်က ကလည်း ဘာစကားတစ်ခွန်းမှ မပြောပဲ ဆေးကိုယူ သောက်သုံးလိုက်ကာ တင်ပျဉ်ခွေထိုင်ချလိုက်ကာ သူမ၏ ဒဏ်ရာများကို ကုသလိုက်တော့သည်။
ဆယ်မိနှစ်ခန့်အကြာ၌ အောင်းယွီရန်က သူမ၏ မှုလ အခြေနေသို့ပြန်လည်ရောက်ရှိသွားခဲ့သည်။
အဲဒီဟော်ဖုက တိုက်ခိုက်ရေးစွမ်းအားက တော်တော်မြင့်တဲ့ အဆင့်မှာရှိတယ် ။ ကောင်းကင်အဆင့်ချပ်ဝတ်ကို သုံးလိုက်ရင် နိုင်မယ် ထင်ပေမယ့် ။ အဲတာတောင်မှ သူကိုယ် ဒဏ်ရာအနည်းငယ်ပဲ ဖြစ်စေတယ် ။ အောင်းရွှီရန်က ဟော်ဖုနှင့် ယခုလေးတွင် တိုက်ခိုက်ခဲ့သည့်အတွက်ကြောင့် ဟော်ဖု၏ တိုက်ခိုက်ရေးစွမ်းအားကို နားလည်၍ အောင်းကျန်းဟန်ကို ပြောလိုက်သည်။
အောင်းကျန်းဟန်က ခေါင်းညိတ်ကာ ထောက်ခံလိုက်သည်။ မင်းလည်း " ဒြပ်စင်ငါးခုကို အလင်းတန်း " ကို သေချာလေ့ကျင့်ပြီး အောင်မြင်မှုရရင် ဟော်ဖုကို အသာလေးနိုင်နိုင်မှာပါ ။
ဤသို့ သူပြောလိုက်သော်လည်း သူကိုယ်တိုင်လည်း ဟော်ဖု၏ တိုက်ခိုက်ရေးစွမ်းအားက မြင့်မားသည့်ကို တော့လက်ခံရမည်ဖြစ်သည်။
ရွှီရန် နင် အရှင်မင်းသမီးကို သတင်းပို့လိုက်ပါ ။ ဒီကကိစ္စပြီးမြှောက်ပြီလို့ ၊ အရှင်မင်းကြီးက ဘာဆက်လုပ်ဆောင်ခိုင်းထားလည်းလို့ အရှင်မင်းသမီးကို သတင်းပို့လိုက်ပါ ။
ငါကဒီက ကျန်နေတဲ့ ပြသာနာအနည်းငယ်ကို ဖြေရှင်းလိုက်မယ် ။
အောင်းကျန်းဟန်က ပြောပြီးသည့်နှင့် အောင်းရွှီရန်၏ ပြန်ပြောစကားကို မစောင့်တော့ပဲ မီးနဂါးအင်ပါယာဘက်သို့ ဦးတည်ပျံသန်းသွားခဲ့သည်။
သူက မီးဂါးဧကရာဇ်ဟော်ရိနှင့် မီတာ တရာအကွာ၌ ရပ်တန့်လိုက်ကာ ၊ သားရဲနတ်ဘုရားဘု့ နဝမအဆင့်၏ အဆင့်နိမ့်အော်ရာက အောင်းကျန်းဟန်၏ ခန္ဓာကိုယ်ထက်မှ ဖြာထွက်လာတော့သည်။
ဝုန်း ~ ။
အလွန်ပြင်းထန်သော အော်ရာထွက်ပေါ်ချိန်၌ လေဟာနယ်က ပကတိမျက်စိဖြင်ပင် မြင်နိုင်သော အနေထားဖြင့် ပြင်းထန်စွာ တုန်ခါနေသည်။
ကြီးစိုးကာ ဖိနှိပ့်လို့သော အော်ရာက မီးနဂါးဧရာဇ် ဟော်ရိနှင့် သူ၏ စစ်သည်သောင်းချီအပြင်ကိုမှ မီးနဂါးအင်ပါယာကြီးတစ်ခုလုံးကို လွမ်းခြုံသွားခဲ့သည်။
သက်ရှိတိုင်းက အသက်ရူရန်ခက်ခဲ့လာခဲ့ကာ မြေပြင်ထက်သို့ ဒူးများထောက်ကျသွားခဲ့ကြသည်။ မီးနဂါးဧကရာဖ် ဟော်ဖုလည်း အခြားသူများနှင့် နည်းတူ မြေပြင်ထက်၌ ဒူးထောက်ကျနေခဲ့သည်။
သူလိုကြီးမြတ်သောဧကရာဇ်တစ်ပါးက မြေပြင်ထက်၌ ဒူးထောက်နေရသည့် ၊ မည်မျှရှက်ဖွယ်အတိနည်း ။ ယခုအဖြစ်ပျက်ကြီးက မ မေ့ဖျောက်နိုင်စရာ မဲစက်ကြီးအလားပင် ။ သူက လက်သီးကို ဆုပ်ထားကာ သူ၏ မျက်နှာများက အညိုရောင်သန်းနေကာ သွေးကြောကြီးများကလည်း ပေါက်ကွဲမထက် ထောင်ထနေသည်။
ဤသို့သူဒေါသထွက်နေသော်လည်း သူ၏ ခန္ဓာကိုယ်ကတော့ အောင်းကျန်းဟန်၏ ဖိနှိပ့်မှုအောက်၌ လက်ချောင်းလေးတစ်ချောင်းပင် မလှုပ်နိုင်ချေ။
အောင်းကျန်းဟန်က ကောင်းကင်ယံမှနေ၍ အားလုံးဒူးထောက်နေသော မြင်ကွင်းကိုကြည်ကာ ခေါင်းညိတ်လိုက်သည်။
အားလုံးအညံခံလိုက်ဖို့ အကြံပေးချင်တယ် ။ အညံခံရင် အသက်ရှည်မယ့် ။ ငါတို့ရဲ့အရှင်မင်းကြီးက မင်းတို့ကို ဒုက္ခပေးမှာ မဟုတ်ဘူး ။
အဲလို့မှ မဟုတ်လို့ အညံခံဖို့ ငြင်းဆန်နေရင် ချို့ယွင်းချက်မရှိ သေရမယ် ။ အောင်းကျန်းဟန်က သူ၏ စကားဆုံးချိန်၌ သူ၏ အော်ရာကို ထပ်မံတိုးမြင့်လိုက်သည် ။
ဝုန်း ~ ။
အလွန်ပြင်းထန်သော အော်ရာက ထပ်မံထွက်ပေါ်လာခဲ့သည်။ ဤအကြိမ်မှာတော့ မီးနဂါးမြို့တော်တစ်ခုလုံး၏ သက်ရှိများမှာ မြေကြီးနှင့် မျက်နှာ ဖိကပ်နေသည့်အထိပင် အပြင်းထန်ဖိနှိပ့်ခံထားရသည်။
ကြောက်မက်ဖွယ်အော်ရာအောက်၌ နယ်မြေများတစ်လျှောက်ပင် မြေပြင်ကို အက်ကွဲစေသည်။
∆∆∆
ထိုအစဉ်၌ ။
လုံချီယု နှင့် ကျီထန်ပင်းက သူတို့၏ ပြိုင်ဘက်များဖြစ်ကြသော ဟော်ကူ နှင့် ဟော်ပင်းတို့ကို ဂုတ်မှနေ၍ ဆွဲကာ အောင်းကျန်းဟန်စီသို့ ရောက်လာခဲ့သည်။
တော်ဝင်အကြီးကဲ အောင်းကျန်းဟန် ၊ ဒီလူတွေကိုဘယ်လို့လုပ်မှာလည်း အင်ပါယာကို ခေါ်သွားမှာလား ၊ ဒါမှမဟုတ် ဒီမှာပဲထားမှာလား ။ ကျီထန်ပင်းက အောင်းကျန်းဟန်ကိုကြည့်ကာ သိလို့ဟန်ဖြင့် မေးလိုက်သည်။
အခု အရှင်မင်းကြီးကို သတင်းပို့ခိုင်းထားတယ် ။ ခနနေရင် ဆက်လုပ်ရမဲ့ အကြောင်းရာတွေကို သိရလေ့မယ် ။ အခုတော့ ဒီက မီးနဂါးမျိုးနွယ်စုဝင်တွေအားလုံးကို ထိန်းသိမ်းထားကြတာပေါ့ ။
အောင်းကျန်းဟန်ကပြန်ပြောလိုက်သည်။ သူကစကားဆုံးသည့်နှင့် အဝေးဆီမှာရှိနေသော မိုးပြာနဂါး စစ်သည်သောင်းချီကို ခေါ်ကာ မီးနဂါးများကို ထိန်းသိမ်းစေလိုက်သည်။
မီးနဂါးမျိုးနွယ်စု၏ အခြားသောသူများမှာ ဤအဖြစ်ပျက်ကို မနာခံချင်သောငြားလည်း ၊ လက်တွေ့၌ မှု သူတို့ ခွန့်အားချို့တဲ့မှုကြောင့် အောင်းကျန်းဟန်တို့လို့ အစွမ်းထက်သူများရှိသော အလွယ်တစ်ကူပင် အထိန်းသိမ်းခံလိုက်ရတော့သည်။
အရှင်မင်းကြီးက ၊ ဒီကို တစ်ယောက်ယောက် စေလွတ်လိုက်မယ်၊ နဂါးထိန်းချုပ်ရေးစာအုပ်မှာ မီးနဂါးမျိုးနွယ်စုဝင်အားလုံးကို လတ်မှတ်ထိုးခိုင်းလိုက်ပါတဲ့ ၊ သူတို့အားလုံး လတ်မှတ်ထိုးပြီးမှ အရေးပါသော ပုဂ္ဂုလ်များကို ပြန်ခေါ်လာခဲ့ပါလို့ မိန့်ကြားလိုက်တယ် ။
အောင်းရွှီရန်က အောင်းကျန်းဟန်နှင့် အခြားနှစ်ယောက်ကို သူမက လုံထန်၏ အမိန့်အကြောင်းကို ပြောပြလိုက်သည်။
အောင်းကျန်းဟန်နှင့် အခြားနှစ်ယောက်က ထင်အမိန့်ကြောင့်သူတို့က ချက်ချင်းပင်လုပ်ကိုင်လိုက်သည်။
သူတို့က သားရဲနတ်ဘုရားဘုံအဆင့်ရှိသော ဟော်ဖု ၊ ဟော်ကူ ၊ ဟော်ပင်း ၊ ဟော်ရိတို့ကို အရင်ထိန်းသိမ်းလိုက်၏ ။ ပြီးတဲ့နောက်မှာတော့ မီးနဂါးမျိုးနွယ်စုဝင်များကို စတင်၍ ထိန်းချုပ်လိုက်ကြသည်။
အပိုင်း ၁၆၁ မျော်