← Chapters

တိုက်ခိုက်ရေးမျော်စင် ။ --------

Vol. 12 Ch. 161

တိုက်ခိုက်ရေးမျော်စင် ။ --------

Vol. 12 Ch. 161

အချိန်ခုနှစ်ရက်ကြာပြီးတဲ့နောက်။

အောင်းမင်က ၊ " နဂါးထိန်းချုပ်ရေးစာအုပ် " ကိုယူဆောင်၍ မီးနဂါးနယ်မြေရှိရာသို့ ရောက်ရှိလာခဲ့သည် ။

သူက လုံထန်အမိန့်ပေးထားသည့် ၊ အမိန့်ကိုလည်း သယ်ဆောင်လာခဲ့ကာ အားလုံးကိုလည်း မချွင်းမချန် ပြောပြလိုက်သည်။

အရှင်မင်းကြီးက ~ အမိန့်ပေးလိုက်တယ် ။ မီးနဂါးမျိုးနွယ်စုကို တစ်လခွဲမအတွင်းမှာ အားလုံးအဆုံးသတ်ပြီးတော့ ပြန်လာဖို့ မှာကြားလိုက်တယ် ။ မီးနဂါးမျိုးနွယ်စုရဲ့ အရေးပါသူတွေပါ တစ်ပါထဲ ခေါ်ဆောင်လာခဲ့ရမယ့်တဲ့ ။

မီးနဂါးမျိုးနွယ်စုကို သိမ်းသွင်းပြီးတာနဲ့ အင်ပါယာကို တရားဝင် ထုတ်ပြန်ကြေညာမယ်လို့ မှာကြားလိုက်တယ် ။ အားလုံးပြီးတဲ့နောက်မှာတော့ အရေးကြီးတာတစ်ခုကို တော်ဝင်အကြီးတွေ လုပ်ဆောင်ရမှာရှိတယ်လို့ မှာကြားလိုက်တယ် ။ အောင်းမင်က ခန်းမတစ်ခု၏ အတွင်း၌ အောင်းကျန်းဟန်တို့ကို အုပ်စုကို ကြည့်၍ ပြောကြားလိုက်သည်။

ကောင်းပြီလေ ~ ဒါဆိုလည်း အချိန်မဆွဲပဲ အခုချက်ချင်းလုပ်ဆောင်ကြတာပေါ့ ။ အောင်းကျန်းဟန်က ထိုင်နေရာမှ ထ၍ ပြောလိုက်သည်။

အခြားသော တော်ဝင်အကြီးကဲများကလည်း ၊ အောင်းကျန်းဟန်ကဲ့သို့ ထရပ်လိုက်ကြကာ သူတို့အားလုံးမီးနဂါးမျိုးနွယ်စုများထိန်းသိမ်းထားရာစီသို့ ထွက်ခွာသွားတော့သည်။

∆∆∆

အချိန်များကုန်ဆုံးမှုက အလွန်ပင်လျှင်မြန်လှသည်။ တစ်လဆိုသော အချိန်က မျက်စိတစ်မှိတ်အတွင်းမှာ ကုန်ဆုံးသွားခဲ့သည်။

ထိုအချိန်၌ ။

မိုးထိတောင်၏ ထိပ် ကမ္ဘာငယ်လေး၏ အတွင်းမှ လေ့ကျင့်ရေးကျွန်းပျံကြီး၏ အထက်တွင်တည်ရှိသော ဧရာမမျော်စင်တစ်ခုရှိ၏ ။ ၎င်းက " တိုက်ခိုက်ရေးမျော်စင် " ဟု ရေးထိုးထားသော အထပ် ကိုးဆယ်ကိုးထပ်ပါသော ရှေးဟောင်း အငွေ့သတ်များ ရစ်သိုင်းနေသော အဆောက်ဦးတစ်ခုဖြစ်သည်။

ဤ တိုက်ခိုက်ရေးမျော်စင်ကို ယခင် ကံကြမ္မာဧကရာဇ်ဟောင်းက ဖန်တီးထားခဲ့ခြင်းဖြစ်သည်။

သူ ဤနေရာမှ စတင်၍ အသုံးပြုချိန်ကစလို့ မည်သူဦးတစ်ယောက်ကမှ တိုက်ခိုက်ရေးမျော်စင် ၉၉ ထပ်သို့ မရောက်ရှိ ခဲ့ကြောင်းကို သိခဲ့ရသည်။

ဒါအပြင် ၉၉ ထပ်သို့ရောက်ရှိပါက ယခင်ကံကြမ္မာဧကရာဇ် ချန်ထားသော ရတနာနှင့် " တိုက်ခိုက်ရေး ဘုရင် " ဘွဲ့ကို ရရှိမည်ဖြစ်သည်။ ဤအကြောင်းရာများကို လုံထန်တစ်ယောက် တွေ့ခဲ့ရသည်။

ဤအတွက်ကြောင့်လုံထန်လည်း သူ၏ နည်းနစ်များကို ပြီးမြှောက်ပြီးချိန်၌ လာရောက်စမ်းသပ်ကြည့်ခြင်းပင် ဖြစ်သည်။

အချိန်နှစ်လနီးပါးလောက် ကြာမြင့်ချိန်၌ လုံထန်က " ဒြပ်စင်ငါးခု နဂါးလက်ဝါး " လျို့ဝှက်ကျင့်စဉ်၏ " ရေလှိုင်းနဂါးလက်ဝါး " ကို ပြီးမြှောက်သွားခဲ့ကာ တတိယအဆင့်ဖြစ်သော ၊ "နဂါးစိမ်းလက်ဝါး " ကိုပင် အသုံးပြုနိုင်သည့်အထိ ပြီးမြှောက်ခဲ့သည်။

( အရင်က သစ်တောစိမ်းနဂါးလက်ဝါးလို့ ၊ ရေးခဲ့ပေမဲ့ အခုကစလို့ " နဂါးစိမ်းလက်ဝါး " လို့ ပြောင်းသုံးပေါ့မယ် ။ )

ဒြပ်စင်ငါးခုနဂါးလက်ဝါးက တတိယအဆင့်သို့ရောက်ရှိခဲ့သည့်တိုင်အောင် ၊ သူ၏ ကံကြမ္မာမျက်လုံးကျင့်စဉ်မှာလည်း များစွာတိုးတက်လာခဲ့ကာခဲ့သည်။ ယခင် တစ်ကြိမ်အသုံးပြုပါက အနာဂတ်ကို တစ်စက္ကန့်သာ ကြိုမြင်နိုင်သောလည်း ၊ ယခုမှတော့ တစ်ကြိမ်ကို နှစ်စက္ကန့်လောက် အထိကို ကြိုတင်မြင်တွေ့နိုင်ပြီဖြစ်သည်။

ဤအတွက်ကြောင့် သူ၏ တိုးတက်လာသော နည်းစနစ်များကို စမ်းသပ်ကြည့်ရှုချင်ခြင်းဖြစ်သည်။

လုံထန်က တိုက်ခိုက်ရေးမျော်၏အတွင်းသို့ ချက်ချင်းပင် ဝင်ရောက်လာသည်။ သူဝင်လိုက်ချိန်၌ ရှားနား သော နေရာတစ်ခုသို့ ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူသေချာကြည့်လိုက်ပါက အဆုံးမရှိကျယ်ပြန့်ဟန်ရှိ သောဟင်းလင်းပြင်ကြီး၏ အတွင်း၌ သူတစ်ကိုယ်ထဲ ရပ်နေသည့်ကို တွေ့လိုက်ရသည်။

ထိုအချိန်၌ သူ၏ရှေ့၌ လှုပ်ရှားမှုတစ်ခုဖြစ်ပေါ်လာခဲ့ကာ အနက်ရောင်ပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည့်ကို တွေ့လိုက်ရသည်။ ၎င်း၏ ကအနက်ရောင် အတိဖြစ်နေကာ ပုံရိပ် ခန္ဓာကိုယ်အရွယ်စားမှာတော့ သူ၏ ပုံစံနှင့် တစ်ထပ်ထဲပင်ဖြစ်သည်။

ထိုပုံရိပ်၏ ကျင့်ကြံမှုကလည်း သားရဲအင်ပါယာဘုံ ပထမအဆင့်ဖြစ်နေသည်။

အနက်ရောင်ပုံရိပ်ကို လုံထန်က သေချာစူးစမ်းကြည်နေချိန် အနက်ရောင်ပုံရိပ်က မလှုပ်ရှားပဲ ရပ်တန့်နေရာမှ ရုတ်တရက်ဆိုသလို စတင်၍ လှုပ်ရှားတိုက်ခိုက်လိုက်သည်။

သူကလုံထန်၏ အရှေ့သို့ရောက်လာကာ သူ၏ လက်ဝါးဖြင့်ရိုက်ချလိုက်သည်။ ထိုပုံရိပ်၏ အမြန်နှုန်းက အလွန်ပင်လျှင်မြန်၏ ။

သို့သော်လည်း လုံထန်ကပို၍ လျှင်မြန်သည်။ သူက အနက်ရောင်ပုံရိပ်၏ တိုက်ခိုက်မှုကို ရှောင်တိမ်းပြီးနောက်တွင် သူ၏ လက်ဝါးတစ်ချက်ပြန်ရိုက်ချလိုက်သည်။

ဝုန်း ~ ။

တည်ငြိမ်နေသော ဟင်းလင်းပြင်ကြီး၏ အတွင်း၌ လှုပ်ရှားမှု လှိုင်းအတွန့်လေးများပေါ်ထွက်လာကာ လုံထန်၏ လက်ဝါးရိုက်ချက်က အနက်ရောင်ပုံရိပ်ကို ဖြိုခွင်းပစ်လိုက်တော့သည်။ အနက်ရောင်ပုံရိပ်က လုံထန်ဖျက်စီးခံလိုက်ရချိန်၌ အလင်းမှုန့်လေးများအလား ပြန်ကျဲသွားခဲ့တော့သည်။

ဟမ့် ~ လွယ်လိုက်တာ ။ လုံထန်က သူ၏ လက်ဝါးကို ပြန်ကြည့်လိုက် သူ၏ အရှေ့၌ ပြန့်ကျဲသွားသော အလင်းမှုန့်များကို ကြည့်လိုက်ဖြင့် ရေရွတ်လိုက်သည်။ အလင်းမှုန့်များ အားလုံးပြန့်ကျဲသွားချိန်၌ ဟင်းလင်းပြင်ကြီးထဲ မှ အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ လုံထန်ကို စုပ်ယူသွားတော့သည်။

လုံထန်ချက်ချင်းပင် တိုက်ခိုက်ရေးအဆောက်ဦး၏ ဒုတိယအထက်သို့ရောက်ရှိသွားခဲ့တော့သည်။

ဒုတိယထပ်မှာလည်း ကျယ်ပြန်သော ဟင်းလင်းပြင်ကြီး ဖြစ်သည်။ လုံထန်လိုက်၍ ကြည့်ရှုနေစဉ်အောက်၌ အနက်ရောင် အရိပ်နှစ်ခုပေါ်လာသည်။ လုံထန်သူတို့နှစ်ယောက်ကို သေချာကြည့်လိုက်ချိန်၌ ၎င်းတို့နှစ်ဉီးက သားရဲနတ်ဘုရားဘုံ ဒုတိယ အဆင့်သို့ရောက်နေသည့်ကို တွေ့လိုက်ရသည်။

ဘာလည်းဟ ~ တစ်ဆင့်မြင့်တိုင်းအရေတွက်လည်း တိုးလာသလို့၊ ကျင့်ကြံမှုလည်း တိုးလာတာလား ။ လုံထန်က အရိပ်နက်များကို ကြည့်၍ တီးတိုးရေရွတ်လိုက်သည်။

သူ၏ စကားဆုံးချိန်၌ ပုံရိပ်နက်နှစ်ခုကလည်းစတင်၍ လှုပ်ရှားလာခဲ့သည်။ ၎င်းတို့နှစ်ယောက်က ပြိုင်တူလှုပ်ရှားလာမှုက အလွန်ပင်လျှင်မြန်၏ ။ ပုံရိပ်နက်နှစ်ခုက လုံထန်၏ အရှေ့နှင့်အနောက်၌ ပေါ်လာခဲ့ကာ တိုက်ခိုက်လိုက်သည်။

ဝုန်း ~ ။

ကြောက်မက်ဖွယ်စွမ်းအားကို သယ်ဆောင်ထားသော လက်ဝါးရိုက်ချက်နှစ်ခုမှ ထွက်လာသော ဧရာမလက်ဝါးကြီးနှစ်ခုက လုံထန်၏ ရှောင်တိမ်းရာ လမ်းကြောင်းများကို ပိတ်စို့ထားခဲ့သည်။

ဟမ့် ~ လုံထန်က ၎င်းတို့၏ ဧရာမလက်ဝါးကြီးများကို ရှောင်တိမ်းရန်မပြုပဲ တိုက်ရိုက်ပင် သူ၏ လက်ဝါးရိုက်ချက်များကို ရိုက်ချလိုက်သည်။

ဝုန်း ~ ။

ဧရာမလက်ဝါးကြီးနှစ်ခုက လုံထန်၏ တိုက်ခိုက်မှုကို ခံလိုက်ရချိန်၌ ကျယ်လှောင်သောပေါက်ကွဲသံကြီးဖြစ်ပေါ်လာခဲ့သည်။ ပေါက်ကွဲသံများ အဆုံး၌ လုံထန်၏ တိုက်ခိုက်မှုက အနက် ရောင်ပုံရိပ်များ၏ တိုက်ခိုက်မှု ဧရာမလက်ဝါးချက်ကြီးများကို ဖြိုခွင်းသွားကာ အနက်ရောင်ပုံရိပ်နှစ်ခုကိုယ်ပါ တိုက်ရိုက်ဖျက်ဆီးပစ်လိုက်သည်။

အနက်ရောင်ပုံရိပ်များပျက်ဆီးသွားပြီးနောက် အလင်းမှုန့်များ ပြန့်ကျဲသွားချိန်၌ အလင်းတန်းတစ်ခုက လုံထန်ကို နောက်တစ်ထပ်စီသို့ခေါ်ဆောင်သွားပြန်သည်။

တတိယထပ်၌ အနက်ရောင်ပုံရိပ်သုံးရိပ်ခုပေါ်လာခဲ့သည်။ ၎င်းတို့က သားရဲအင်အင်ပါယာဘုံ တတိယအဆင့်၌ ရှိနေကြသည်။ သို့သော်လည်း တတိယထပ်ကိုလည်း လုံထန်က အလွယ်တစ်ကူပင် ကျော်ဖြတ်သွားခဲ့သည်။

စတုတ္ထထပ်၌လည်း အနက်ရောင်ပုံရိပ်လေးခုနှင့် သားရဲအင်ပါယာဘုံ စတုတ္ထအဆင့် ၊ လေးယောက်ပေါ်လာပြန်သည်။ သို့သော်လည်း လုံထန်ကို မတားစီးနိုင်သေးချေ။

ပဉ္မမအထပ်၌ ထိုအတိုင်းပင် အနက်ရောင်အရိပ်ငါးခုပေါ်လာခဲ့သည်။ ထိုအပြင် သူတို့၏ ကျင့်ကြံမှုကလည်း သားရဲအင်ပါယာဘုံ ပဉ္စမအဆင့်ဖြစ်၏ ။

ဤအဆင့်များ၌ လုံထန်ကိုတားစီးဖို့ရာမဖြစ်နိုင်ပေ။ သူကသူ၏ ခွန်အားလေးဆယ်ရာခိုင်နှုန်းကိုသာ အသုံးပြုခဲ့ရ၏ ။ ဤမျှပင်လျှင် သူအလွန်ပင်မြန်စွာပင် အထပ်တိုင်းကို ကျော်ဖြတ်သွားခဲ့ကာ။ သိပ်မကြာခင်မှာပင် ဆယ်ထပ်မြှောက်သို့ရောက်ရှိသွားခဲ့သည်။

ဆယ်ထပ်မြှောက်၌ အနက်ရောင်အရိပ်ဆယ်ရိပ်ခန့်ရှိကာ အားလုံးကလည်း သားရဲအင်ပါယာဘုံ ဒဿမအဆင့်တွေချည်းသာဖြစ်သည်။

လုံထန်သူ၏ အရှေ့ရှိ အနက်ရောင်အရိပ်ဆယ်ခုကို လေးနက်စွာကြည့်လိုက်ရင်းဖြင့် သူက စတင်၍ လှုပ်ရှားလိုက်သည်။

အပိုင်း ~ ၁၆၂ မျော်

All Chapters