← Chapters

အဆုံးစွန်သော ကန့်သတ်ချက်ကို ရှာဖွေ့ခြင်း ။

Vol. 12 Ch. 162

အဆုံးစွန်သော ကန့်သတ်ချက်ကို ရှာဖွေ့ခြင်း ။

Vol. 12 Ch. 162

လုံထန်က သူ၏ ကိုယ်ဝိုင်းရံကာ ရပ်နေသော အနက်ရောင်ပုံရိပ်ဆယ်ခုကို ကြည့်ကာ လေးနက်နေသော အမှုရာဖြင့် ရှိနေခဲ့သည်။

ယခုအချိန်၌ သူကအနက်ရောင်အရိပ်များအရင်လှုပ်ရှားမှုကို စောင့်၍ မကြည့်နေပဲ သူကဦးစွာလှုပ်ရှားလိုက်သည်။

လုံထန်၏ ပုံရိပ်က ရပ်နေရာမှ ပျောက်ကွယ်သွား၍ အနက်ရောင်ပုံရိပ်တစ်ခု၏ နောက်ကျော၌ ထွက်ပေါ်လာကာ သူ၏ လက်သီးဖြင့် ထိုးချလိုက်သည်။

မိုးကြိုးလက်သီး ။

ဂျိမ်း~ ။

ခရမ်းရောင်မိုးကြိုးအလင်းဖြင့် ရစ်သိုင်းနေသော လက်သီးပုံရိပ်ကြီးက အနက်ရောင်ပုံရိပ်တစ်ခုကို အညှာတာမဲ့စွာဖြင့်ထိုးချလိုက်သည်။

အနက်ရောင်ပုံရိပ်က လုံထန်၏ လက်သီးကို မတားစီးနိုင်ခဲ့ကာ မိုးကြိုးလက်သီး၏ ဖျက်စီးခြင်းကို ချက်ချင်းပင် ခံလိုက်ရတော့သည်။

သူရပ်တန့်မနေပဲ အခြားသော အနက်ရောင်အရိပ်များကိုလည်း ဆက်လက်၍ တိုက်ခိုက်လိုက်သည်။ သို့သော်လည်း အခြားသောအနက်ရောင်အရိပ်များကလည်း အလွန်ပင်သန်မာ၏ ။အထပ်တိုင်း၌ အနက်ရောင်အရိပ်များက မည်သည့်နည်းစနစ်ကိုမျှမသုံးပဲ ရုပ်ခန္ဓာသန်မာမှုအပေါ်မှာ မူတည်၍ ပြင်းထန်သော ခွန့်အားကို အသုံးပြုကာ တိုက်ခိုက်ကျ၏။ အထပ်တိုင်း၌လည်း သူတို့၏ သန်မာမှုက တိုးပွားလာသည်။

လုံထန်၏ မိုးကြိုးလက်သီးနည်းစနစ်၏ တိုက်ခိုက်မှုအပေါ်မှာ အနက်ရောင်ပုံရိပ်များက သူတို့က သူတို့၏ ပြင်းထန်သော ခွန့်အားများကိုသာ အသုံးပြု၍ ပြန်လှည့်ကာ တားစီးလိုက်ကြသည်။

လုံထန်လည်း သူခွန့်အားကို ငါးဆယ်အထိတိုးမြင့်လိုက်သည်။ ဆယ်ထပ်မြှောက်၏ အနက်ရောင်အရိပ်များ ရုပ်ခန္ဓာသန်မာမှုက အခြားသော အထပ်များနှင့် ခြားနားသောအဆင့်၌ရှိသည့်ကို သူခံစားမိသည်။ အနက်ရောင်အရိပ်တစ်ခုကိုသတ်ဖြတ်လိုက်နိုင်ခြင်းက သူ၏ သာလွန်သော အမြန်နှုန်းနှင့် ခွန့်အားကိုမှီခို၍ သူကအရင်လှုပ်ရှား တိုက်ခိုက်လိုက်ချင်းကြောင့်ပင် ။

သူ၏ ခွန့်အားကို ငါးဆယ်ရာခိုင်နှုန်းအထိ တိုးမြင့်လိုက်ပြီးနောက် အနက်ရောင်အရိပ်များ၏ သန်မာမှုနှင့် နှိုင်းယှဉ်နိုင်သွားခဲ့သည်။

ဤအတွက်ကြောင့် လုံထန်က မိုးကြိုးလက်သီးနည်းစနစ်ကို အသုံးပြု၍ ဆယ်မိနှစ်ခန့်အကြာ၌ ဆယ်ထပ်မြှောက်၏ ကျန်ရစ်နေသောအနက်ရောင်ပုံရိပ် ကိုးခုကို အဆုံးသတ်နိုင်ခဲ့သည်။ အနက်ရောင်ပုံရိပ်များက အလင်းမှုန့်များဖြင့် ပြန့်ကျဲသွားခဲ့တော့သည်။ ထိုအချိန်၌ ထုံးစံအတိုင်းပင်လျှင် အလင်းတန်းတစ်ခုက သူကို အခြားနေရာတစ်ခုသို့ထပ်မံ၍ ပို့ဆောင်လိုက်တော့သည်။

ဆယ်တစ်ထပ်မြှောက် ။

ဆယ်တစ်ထပ်မြောက်က ယခင်ကအနက်ရောင်ဟင်းလင်းပြင်ကြီးနှင့် မတူညီစွာကြယ်ရောင်စုံများဖြင့်တောက်ပနေသည့်ကိုတွေလိုက်ရသည်။ သူပတ်ဝန်းကျင့်ကို လေ့လာကြည့်ပြီး အချိန်အနည်းငယ်အကြာ၌ သူ၏အရှေ့ဟင်းလင်းပြင်က တုန်ခါသွားခဲ့ကာ အနက်ရောင်ပုံရိပ်တစ်ခုဖြစ်တည်လာသည့်ကို တွေလိုက်ရသည်။

၎င်းထွက်လာချိန်၌ အနက်ရောင်ပုံရိပ်၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်အော်ရာတစ်ခုကပါ ဖြာထွက် နေသည့်ကို ခံစားမိသည်။

ဤသည့်က သားရဲဧကရာဇ်ဘုံ ပထမအဆင့်၏ အရှိန်ဝါဖြစ်သည်။ အောက်ဘက်ရှိအထက်များမှ အနက်ရောင်အရိပ်များကဲ့သို့ ထိုပုံရိပ်က တန်း ပြီးမလှုပ်ရှားချေ။ သူကလုံထန်က အနည်းငယ်စူးစမ်းနေဟန်ရသည်။

လုံထန်လည်း အနက်ရောင်ပုံရိပ်ကိုကြည့်ပြီးနောက် သူထက်တစ်ဆင့်မြင့်သော ပြိုင်ဘက်နှင့် ယှဉ်ဆိုင်ရမည်ဖြစ်သဖြင့် အနည်းငယ်ပင် စိတ်လှုပ်ရှားသလို့ခံစားရသည်။

လာလိုက်စမ်း ~ ။

လုံထန်က စိတ်လှုပ်ရှားနေဟန်ဖြင့် အနက်ရောင်ပုံရိပ်ကိုကြည့်ကာပြောလိုက်သည်။ အောက်ဘက်အထပ်များက သူ၏ ခွန့်အားအပြည်ပင် မသုံးရချေ။ သူ၏ လျို့ဝှက်ကျင့်စဉ်များကတော့ ဝေလားဝေးပင် ။

ထိုအချိန်၌ အနက်ရောင်ပုံရိပ်က စတင်လှုပ်ရှားလာခဲ့သည်။ အောက်ဘက်ရှိ အရိပ်များကဲ့သို့ မဟုတ်ပဲ ၊ အနက်ရောင်ပုံရိပ်က နည်းစနစ်တစ်ခုကိုအသုံးပြုလိုက်သည်ကိုတွေလိုက်ရသည်။ ဤနည်းစနစ်က ကြယ်ခုနှစ်ပွင့်နည်းစနစ်တစ်ခုဖြစ်ဟန်ရသည်။

အနက်ရောင်ပုံရိပ်က သူ၏ လက်သီးကို လုံထန်ရှိရာသို့ထိုးနက်လိုက်သည်။ ထိုတိုက်ခိုက်မှု၌ သားရဲဧကရာဇ်ဘုံ၏ စွမ်းအားကို ထုတ်လွတ်ထား၏ ။ ဤအတွက်ကြောင့် ဟင်းလင်းပြင်ကြီးပင် အလွန်ပြင်းထန်စွာတုန်ခါနေပေသည်။

အနက်ရောင်လက်သီးပုံရိပ်ကြီးက ဆန်းကြယ်သော စွမ်းအချို့ကရစ်သိုင်းနေကာ လုံထန်ကို တိုက်ခိုက်လိုက်သည်။ ၎င်းလက်သီးကြီးက ကြောက်မက်ဖွယ်ခွန့်အားကြီးကို သယ်ဆောင်ထားလျက် ကြမ်းတမ်းသော စွမ်းအင်တို့ကို ထုတ်လွတ်နေ၏။ ထိုလက်သီးကြီးမှ ထွက်ပေါ်နေသော ကြမ်းတမ်းသည့်စွမ်းအားကပင် ဧရာမတောင်ကြီးများကို အစိတ်စိတ်အမွမွ ကွဲကျေနိုင်စေသည်။

လုံထန်က ထိုအခြင်းရာကိုကြည့်၍ ယခင်ကံကြမ္မာဧကရာဇ်ကြီးကို ဤအတွေးမျိုးကို ဘယ်လိုတွေးမိကာ တည်ဆောက်ထားသလဲ ၊ သိချင်လာသည်။ ဤအပြင်က ထိုကံကြမ္မာဧကရာဇ်ကြီးကို စိတ်ထဲမှလည်း လေးစားမိသလို့ သူတစ်ကယ်လည်း အသိမှတ်ပြုမိသည်။

သူကထိုအတွေးကိုလျင်မြန်စွာဖြင့် ဘေးဖယ်လိုက်ကာ သူ၏ အရှေ့က ဧရာမလက်သီးကြီးကိုကြည့်၍ သူလည်းတိုက်ခိုက်မှုတစ်ခုကိုပြန်လည်ကာဖော်ဆောင်လိုက်သည်။

လျို့ဝှက်ကျင့်စဉ်~~~ ရေလှိုင်းလုံး နဂါးလက်ဝါး ။

ဗုန်း ~ ။

လုံထန်က တစ်ဖက်က သားရဲဧကရာဇ်ဘုံအဆင့်ပြိုင်ဖက်မှို့ အလေးနက်ထားကာ သူ၏ ခွန့်အားကို ထိန်ချန်မထားပဲ တစ်ရာ ၊ ရာခိုင်နှုန်းထုတ်လွတ်လိုက်ရင်းဖြင့် " ဒြပ်စင်ငါးခုနဂါးလက်ဝါး " လျို့ဝှက်ကျင့်စဉ်ကိုပါ အသုံးပြုလိုက်သည်။

ဝေါင်း ~ ။

ဟင်းလင်းပြင်၏ အတွင်း၌ ရုတ်တရက်ဆိုသလို့ အလွန်ပြင်းထန်သော စွမ်းအင်များပေါက်ကွဲထွက်လာခဲ့ကာ နဂါးဟိန်းသံကျယ်ကြီးနှင့်အတူတူ ၊ ရေနဂါးကြီးတစ်ကောင်ပေါ်ထွက်လာကာ အနက်ရောင်ပုံရိပ်၏ ဧကရာမလက်သီးကြီးကို တိုက်ခိုက်လိုက်သည်။

ဟင်းလင်းပြင်ကြီး၏ အလယ်၌ သိပ်မကြာခင်မှာပင် ရေနဂါးကြီးနှင့် ဧရာမအနက်ရောင်လက်သီးကြီးတို့ထိတွေ့သွားခဲ့သည်။

ဘုန်း ~ ။

၎င်းတို့ထိတွေ့သွားချိန်၌ ကျယ်လှောင်သော ပေါက်ကွဲသံကြီးကထွက်ပေါ်လာခဲ့ကာ ၊ စွမ်းအင်လှိုင်းများက ကြမ်းတမ်းစွာဖြင့် ဘေးပတ်ဝန်းကျင်သို့ ပျံလွင့်သွားသည်။ ထိုစွမ်းပင်လှိုင်းများဟင်းလင်းပြင်ကို ကြမ်းတမ်းစွာ တုန်ခါစေသော်လည်း ပျက်စီးခြင်းတော့မဖြစ်စေချေ။

ခရှက် ~ ခရှက် ။

ကြမ်းတမ်းသောစွမ်းအင်လှိုင်းများထွက်နေရာ အလယ်ဗဟိုမှ တစ်ခုခု၏ အက်ကွဲသံကိုကြားလိုက်ရသည်။

စွမ်းအင်လှိုင်းများကြမ်းတမ်းစွာထွက်ပေါ်နေသော နေရာကို သေချာကြည့်လိုက်ပါက ၊ ရေနဂါးကြီးနှင့်တစ်ခုနှင့် တစ်ခု တွန်းကန်နေသော ဧရာမလက်သီးကြီး၏ မျက်နှာပြင်ထက်၌ အက်ကြောင်းများပြည်နက်လာသည့်ကို မြင်ရသည်။

ခွမ်း ~ ။

ဧရာမလက်သီးပုံရိပ်ကြီးက ရေနဂါးကြီး၏ စွမ်းအားကို အချိန်အနည်းငယ်သာထိန်းထားပြီးနောက်တွင့်တော့ ၊ ဆက်လက်မထိန်းသိမ်းနိုင်တော့ပဲ ပျက်စီးသွားခဲ့တော့သည်။ ဧရာမလက်သီးကြီးကို ဖျက်စီးပြီးချိန်၌ပင် ရေနဂါးကြီးက မရပ်တန့်ခဲ့ပဲ ဆက်လက်၍ အနက်ရောင်ပုံရိပ်ထံသို့ တိုးဝင်သွားခဲ့တော့သည်။

ဘုန်း ~ .။

ရေနဂါးကြီး၏ ဆက်လက်တိုးဝင်လာချိန်၌ အနက်ရောင်ပုံရိပ်မှာလည်းဆက်လက်၍ တားစီးဟန်ပြင်ဆင်လိုက်သော်လည်းပဲ ၊ မတားစီးနိုင်ခဲ့ တော့ချေ။ ရေနဂါးကြီး၏ ဝါးမြို့မှုအောက်၌ ဆုံးဆုံး နက်မြုပ်သွားတော့သည်။ ထိုနေရာ၌ ကြမ်းတမ်းသော စွမ်းအင်လှိုင်းများဖြင့် ပြည့်နက်သွားခဲ့တော့သည်။

လုံထန်လည်း ထိုအခြင်းအရာကိုကြည့်နေခဲ့သည်။ စွမ်းအင်လှိုင်းများတည်ငြိမ့်သွားချိန်၌ အနက်ရောင်အရိပ်မှာ အလင်းမှုန့်များအဖြစ်သို့ ပြောင်းလဲသွားပြီဖြစ်သည်။

ဤရလဒ်ကြောင့်လုံထန်လည်း ခေါင်းညိတ်လိုက်သည်။ သူ၏ တစ်ရာရာခိုင်နှုန်းခွန့်အားနှင့် " ဒြပ်စင်ငါးခု " လျို့ဝှက်ကျင့်စဉ်ကို အသုံးပြုပါက သားရဲဧကရာဇ်ပထမအဆင့်ပင်လျှင် သူ၏ ပြိုင်ဘက်မဖြစ်နိုင်ချေ။

အလင်းတန်းတစ်ခုက လုံထန်ကိုဖုံးအုပ်ပြီးနောက်တွင်ဆယ်နှစ်ထပ်သို့ ပို့ဆောင်လိုက်တော့သည်။

ဆယ်နှစ်ထပ်က ဟင်းလင်းပြင်အတွင်းသို့ရောက်ချိန်၌ သူ၏အရှေ့၌ ပုံရိပ်နှစ်ခုပေါ်လာသည်။ ဤပုံရိပ်နှစ်ခုလုံးက သားရဲဧကရာဇ်ဘုံ ဒုတိယအဆင့်ကျင့်ကြံမှုများရှိကြသည်။

လာစမ်း ~ လုံထန်က ထိုပုံရိပ်နှစ်ခုကိုကြည့်ကာပြောလိုက်သည်။ သူက လည်း ....ဤအနက်ရောင်အရိပ်များဖြင့် တိုက်ခိုက်ပြီးတော့ သူ၏ အဆုံးစွန်သော ကန့်သတ်ချက်ကို သိချင်နေခဲ့သည်။ ဤအတွက်ကြောင့် သူပို၍ စိတ်လှုပ်ရှားလာခဲ့ကာ ပုံရိပ်နှစ်ခုကိုကြည့်ကာပြောလိုက်သည်။ သူ၏ စကားဆုံးချိန်၌ပင် သူက ပုံရိပ်နက်များ၏ လှုပ်ရှားမှုကို မစောင့်တော့ပဲ သူကိုယ်တိုင်ကပင် စတင်၍ တိုက်ခိုက်လိုက်သည်။

အပိုင်း ၁၆၃ မျော်

All Chapters