ဆယ်လေးထပ်မြောက်။
Vol. 12 Ch. 163
လုံထန်က သူရပ်နေရာမှ ပျောက်ကွယ်သွားကာ အနက်ရောင်ပုံရိပ်နက်တစ်ခု၏ နောက်ကျောဘက်သို့ရောက်သွားကာ လက်သီးဖြင့်ထိုးချလိုက်သည်။
သို့သော်လည်း ~ အနက်ရောက်ပုံရိပ်က သူလက်သီးကို လျှင်မြန်စွာပြန်လည့်တုန့်ပြန်၍ တားစီးလိုက်သည်။ အခြားသော အရိပ်နက်တစ်ခုကလည်း ထိုအချိန်စတင်၍ လျှင်မြန်စွာဖြင့် တိုက်စစ်ဆင်လာခဲ့သည်။
ဟင်းလင်းပြင်ကြီး၏ အထဲ၌ အနက်ပုံရိပ်နှစ်ခုနှင့်ခု သားရဲတစ်ကောင် တိုက်ပွဲက ပြင်းထန်စွာဖြစ်တည်လာခဲ့သည်။
ဘုန်း ~ ။
အနက်ရောင်ပုံရိပ်တစ်ခုက ထူးဆန်းသော လှုပ်ရှားမှုတစ်ခုကို ပြုလိုက်သည်။ ထိုအချိန်၌ သူ၏ အမြန်နှုန်းက အလွန်ပင်တိုးမြင့်သွားခဲ့သည်။
နောက်ထပ်ပုံရိပ်တစ်ခုကလည်း ဆန်းကျယ်သော လက်ဟန်တစ်ခုကိုပြုလုပ်၍ ကောင်းကင်ကိုညွှန်ပြလိုက်သည်။ ထိုအချိန်၌ ဟင်းလင်းပြင်၏ အထက်၌ ရှုပ်ထွေးသော အက္ခရာများဖြင့် ရေးထွင်းထားသော စက်ဝိုင်းပုံ အစီရင်ပုံစံတစ်ခုပေါ်လာခဲ့သည်။
အစီရင်ထွက်ပေါ်လာချိန်၌ လေထုက အလွန်မင်းပင်တင်းကြပ်သွားသည့်ကို လုံထန်ခံစားလိုက်ရသည်။ ဤပုံရိပ်နှစ်ခုက လှုပ်ရှားမှုများက အလွန်ပင် လိုက်ဖက်ညီကြသည်။ တစ်ခုက အမြန်နှုန်းကို မြင့်တင်သော နည်းစနစ်ကို အသုံးပြုကာ ပြိုင်ဘက်၏ ဟာကွက်ကို စောင့်ကြည့်ရန်အတွင် သူ၏ ပတ်ပတ်လှည့်တွင် လျှင်မြန်စွာ လှုပ်ရှားနေ၏ ။ အခြားတစ်ခုက ပြင်းထန်သော တိုက်ကွက်ကို ဖော်စောင့်ခဲ့သည်။
လုံထန်လည်း သူ၏ ခွန့်အားကို ထပ်မြင့်၍ တိုးမြင့်လိုက်သည်။ ဤအချိန်၌ လုံထန်၏ ဦးခေါင်းထက်တွင်လည်း ဒြပ်စင်အလင်းများလင်းလတ်နေသော ဦးချို့နှစ်ချောင်းထွက်ပေါ်လာခဲ့သည်။ သူ၏ မျက်နှာ နှင့် ၊ လက်မောင်းများ၌ ဒြပ်စင်အလင်းများခပ်မှိန်မှိန်ရှိနေသော အကြေးခွံများပေါ်လာခဲ့ ကာ ၊ လက်နှစ်ဖက်စလုံးကလည်း နဂါးလက်များကဲ့သို့ ပြောင်းလဲသွားခဲ့သည်။
ဤအချို့၌ လုံထန်၏ အရှိန်မှာ ပို၍ မြင့်မြတ်ကာ ၊ တော်ဝင်ဆန်လာသလို့ ၊ ပို၍လည်း ကြောက်မက်ဖွယ်ရာအငွေ့သတ်ကို ထုတ်လွတ်နေသည်။
ဘုန်း ~ ။
ထိုအစဉ်၌ အနက်ရောင်ပုံရိပ်ဖော်ဆောင်ထားသော အစီရင်က ပို၍ တောက်ပလာခဲ့ကာ အလယ်ဗဟိုထံမှ မီတာ ထောင်ချီသော ဧရာမ ဓားကြီးတစ်ချောင်းအသွင်ပြောင်းလဲသွားခဲ့ကာ လုံထန်ကို ဦးတည်၍ ကျဆင်းလာခဲ့သည်။
ဧရာမဓားကြီးက ထွက်ပေါ်လာချိန်၌ ကြမ်းတမ်းသော စွမ်းအားများက အဖက်ဖက်သို့ ပျံလွင့်လာသည်။ ဓားကြီးက အောက်သို့မကျရောက်သေးခင်မှာပင် ၎င်းမှထွက်ပေါ်နေသောစွမ်းအင်များက လုံထန်၏ ခန္ဓာကိုယ် သေးငယ်သော ဓားငယ်လေးပေါင်းသိန်းချီ ၊ သန်းချီက ပွတ်တိုက် လှီးဖြတ်နေသလို့ခံစားရ စေသည်။
သူ၏ သန်မာလွန်းသော ရုပ်ခန္ဓာကြောင့်သာမဟုတ်ပါက ဤဓားကြီးနှင့် မထိတွေ့ခင်မှာ ပင် ၊ ၎င်းဓားမှထွက်ပေါ်နေသော အဖျက်စွမ်းအားကြောင့် ၊သူ၏ ခန္ဓာကိုယ်က အပိုင်းပိုင်းပျက်သွားနိုင်သည့်ဟု ခံစားမိသည်။
လုံထန်က အစီရင်၏ အလယ်မှထွက်လာသော ဧရာမဓားကြီးကိုလည်း သတိထား၍ ကြည့်လိုက်သူ၏ အနီးနား၌ လျှင်မြန်စွာလည့်ပတ်နေသော အနက်ရောင်ပုံရိပ်ကိုလည်းကြီးကာ လှောင်ပြုံးပြီုးလိုက်မိသည်။
လျို့ဝှက်ကျင့်စဉ် ။ " ကံကြမ္မာမျက်လုံး " ။
လုံထန်က ကံကြမ္မာမျက်လုံးကျင့်စဉ်ကို စတင်၍ ပထမဆုံးအကြိမ်အသုံးပြုလိုက်သည်။ ထိုအချိန်၌ သူ၏ မျက်လုံးများက အလွန်ပင်ဆန်းကြယ်သော ရွှေရောင်စွမ်းအင်အလင်းများဖြာ ထွက်လာခဲ့ကာ ၊ အချိန်များပင် ရပ်တန့်သွားသယောင်ပင် ။
လုံထန်က ထိုအချိန်၌ သူ၏ အနာဂတ်၏ နှစ်စက္ကန့်ဆိုသောအချိန်ကို သူ၏ မျက်ဝန်းအတွင်း၌ ရှင်းလင်းစွာမြင်တွေလိုက်ရသည်။ တိုက်ပွဲ၌ ပထမဆုံးအကြိမ်အသုံးပြုသည့်မှို့ လုံထန်တစ် " ကံကြမ္မာမျက်လုံး " လျို့ဝှက်ကျင့်စဉ်၏ စွမ်းအားကြောင့် အနည်းငယ် ကြောင်အသွားသော်လည်း ၊ သူကလျှင်မြန်တုန်ပြန်လိုက်သည်။
လုံထန်က သူမြင်တွေခဲ့ရသော နှစ်စက္ကန့်၌ သူက အပေါ်က ဧရာမဓားကို ခုခံရန်ပြင်ဆင်ချိန်၌ သူ၏ ပတ်ပတ်လည်တွင် ၊ လျှင်မြန်စွာလှည့်ပတ်နေသော အနက်ရောင်အရိပ်က စတင်၍ လှုပ်ရှားသည့်ကို တွေ့ခဲ့ရသည်။
လုံထန်လည်း သူမြင်တွေခဲ့ရစဉ်ကအတိုင်းပင် သူ၏ အပေါ်မှ ကျဆင်းလာသော ဧရာမဓားကြီးကို ခုခံရန်ပြင်လိုက်သည်။ ထိုအချိန်၌ လျှင်မြန်စွာသွားလာနေသော အရိပ်နက်က လုံထန်၏ နောက်ကျောသို့ ရောက်လာကာ ပြင်းထန်သော လက်ဝါးဖြင့်ရိုက်ချလိုက်သည်။
ဟမ့် ~ ငါတွေ့ပြီးသွားပြီကွ ။
လုံထန်က လှောင်ပြောင်လိုက်ရင်းဖြင့် အနက်ရောင် အရိပ်၏ တိုက်ခိုက်မှုကို လျှင်မြန်စွာဖြင့်ရှောင်တိမ်းလိုက်သည်။
ရေလှိုင်းနဂါးလက်ဝါး ။
ဝေါင်း~ ။
နဂါးတစ်ကောင်၏ ဟိန်းသံထွက်ပေါ်လာခဲ့ကာ ဧရာမရေနဂါးတစ်ကောင်ဖြစ်တည်သွားခဲ့ပြီးတော့ အနက်ရောင်အရိပ်ကို တိုက်ခိုက်လိုက်သည်။
ထိုတိုက်ခိုက်လာ သော အနက်ရောင်အရိပ်မှာလည်း မြန်ဆန်လွန်းလှသော တိုက်ခိုက်မှုကြောင့် မရှောင်ခြားနိုင်တော့ချေ။ ရေနဂါးကြီး၏ ဆုပ်ဖြဲမှုကို ခံလိုက်ရကာ အလင်းမှုန့်များဖြင့်သို့ပြောင်းလဲသွားကာ ပြန့်ကျဲသွားတော့သည်။
လုံထန်က ထိုမျှနှင့်မရပ်တန့်သေးပဲ သူ၏ အပေါ်၌ ဧရာမ ဓားအစီရင်ကို ထိန်းချုပ်နေသော အနက်ရောင်အရိပ်၏ အနားသို့ လျှင်မြန်စွာရောက်ရှိသွားခဲ့ကာ သူ၏ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
အနက်ရောင်အရိပ်မှာလည်း အစီရင်ကို ထိန်းချုပ်နေရသည့်အပြင် ရုတ်တရက်အပြောင်းလဲကြောင့် တုန့်ပြန်ရန် အချိန်ပင်မရပဲ လုံထန်၏ ဖျက်စီးခြင်းကို ခံလိုက်ရတော့သည်။
ဟူး ~ လုံထန်လည်း ပြန်ကျဲသွားသော အလင်းမှုန့်များကို ကြည့်၍ သက်ပြင်းချလိုက်သည်။ ဤအနက်ရောင်ပုံရိပ်နှစ်ခု၏ လှုပ်ရှားမှုများက အလွန်ပင်လျှင်ကိုက်ညီကာ ၊ လိုက်ဖက်ကြသည်။ သူကသာ " ကံကြမ္မာမျက်လုံး " ကျင့်စဉ်ကို အသုံးမပြုခဲရရင် ကျော်လွှားနိုင်မည်ဟု အာမ ... မခံနိုင်ချေ။
အလင်းတန်းတစ်ခုက လုံထန်အပေါ်သို့ကျဆင်းလာကာ သူကိုယ်နောက်ထပ်အဆင့်သို့ပို့ပေးလိုက်တော့သည်။
ဆယ်သုံးထပ်မြှောက် ။
ဆယ်သုံးထပ်မြှောက်၌လည်း လုံထန်က ကံကြမ္မာမျက်လုံးကျင့်စဉ်ကို အသုံးပြုကာကျော်လွှားနိုင်ခဲ့သည်။ သို့သော်လည်း သူလည်းပဲ ဒဏ်ရာများရရှိခဲ့သည်။ ဤသည့်က သူ၏ ကျင့်ကြံမှုအဆင့်ကြောင့်ပင် ကံကြမ္မာမျက်လုံးကျင့်စဉ်ကို အချိန်အနည်းငယ်လေးအတွင်း၌ နှစ်ကြိမ်မြှောက်ဆက်တိုက်အသုံးလိုက်သည့်အတွက်ကြောင့် လုံထန် သူ၏ မျက်လုံးများက ပေါက်ကွဲလုမတက်နာကျင်လာခဲ့ကာ သွေးများစီးကျလာခဲ့၏ ။
ချီးပဲ ~ ဒါက တစ်ကယ်ကို ဆိုးဝါးတာပဲ ၊ လုံထန်က သူ၏ မျက်လုံများထံမှ ကျဆင်းလာသော သွေးများကိုသုတ်ရင်းရေရွတ်လိုက်သည်။
ထိုအစဉ် အလင်းတန်းက လုံထန်ကို လွမ်းခြုံသွားကာ ဆယ်လေးထပ်သို့ပို့ဆောင်လိုက်သည်။
ဆယ်လေးထပ်၌တော့ သားရဲဧကရာဇ်ဘုံ စတုတ္ထအဆင့်သို့ရောက်နေပြီဖြစ်သည်။
အနက်ရောင်အရိပ်လေးခုက လုံထန်၏ ပတ်ပတ်လည်၌ ပေါ်လာကာ ၊ သူပင်လှုပ်ရှားမှုကို မလုပ်နိုင်သေးခင် အနက်ရောင်အရိပ်လေးခုက တိုက်ခိုက်လာခဲ့သည်။
၎င်းတို့က သားရဲဧကရာဇ်ဘုံ စတုတ္ထအဆင့်ဖြစ်ကာ သူတို့၏ တိုက်ခိုက်မှုများက ဟာသမဟုတ်ချေ။ လုံထန်တစ်ယောက် တုန်ပြန်ရန်အချိန်ပင် မရလိုက်ပဲ၊ တိုက်ခိုက်ရေးမျော်စင်၏ ဆယ်လေးထပ်မှ ထုတ်ပယ်ခံလိုက်ရတော့သည်။
အပိုင်း ၁၆၄ မျော်