← Chapters

သဘာဝမီးစွမ်းအားအရင်းမြစ် ။

Vol. 12 Ch. 164

သဘာဝမီးစွမ်းအားအရင်းမြစ် ။

Vol. 12 Ch. 164

လုံထန် တစ်ယောက်မျော်စင်၏ အပြင်သို့ ရုတ်တရက်ပြန်ရောက်လာခဲ့၏ ။ သူအပြင်သို့ပြန်ရောက်ချိန်၌ မျော်စင်ကိုကြည့်၍ ခါးသီးစွာဖြင့် ခေါင်းသာရမ်းမိသည်။

သားရဲဧကရာဇ်ဘုံ စတုတ္တအဆင့် လေးယောက်ပေါင်းတိုက်ခိုက်မှုကို သူမှ ခုခံရန်ပင် ၊ မတက်နိုင်ခဲ့ချေ။ ဟုတ်ပေသည်၊ ဤသည့်က သူအရင်ကတိုက်ခိုက်နေခဲ့သောကြောင့်လည်းပါသည်။ မဟုတ်ပါက သူအခုလို ဆိုးဆိုးဝါးဝါးတော့ မဖြစ်နိုင်ချေ။

ဒင် ! မီးနဂါးမျိုးနွယ်စုကို ပေါင်းစည်းနိုင်ခဲ့ခြင်းအတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ် ။

ဆုလာဘ် ~ သဘာဝမီးစွမ်းအားအရင်းမြစ် ကိုရရှိပါသည်။

လုံထန် သူမျော်စင်ကိုကြည့်၍ အတွေးများနေချိန်၌ သူမျက်နှာပြင်အရှေ့မှာမှန်ဘောင်ပြင်တစ်ခုပေါ်ထွက်လာရင်းဖြင့် အချက်ပေးသံကို ကြားလိုက်ရသည်။

ဟမ့် ~ နောက်ဆုံးတော့ သူတို့တွေ အပြီးသတ်လိုက်ပြီးပဲ ။ လုံထန် ပျော်ရွှင်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

သူက ဆုလာဘ်ဖြစ်သော သဘာဝမီးစွမ်းအားအရင်းမြစ်ဆိုတာကို အကြည့်ရောက်သွားခဲ့သည်။ ဤအရာကို သိချင်စနစ်ကို မေးလိုက်၏ ။

စနစ် ~ သဘာဝ မီးစွမ်းအားအရင်းမြစ်က ဘယ်လို့အသုံးဝင်လည်း ။

ဒင် ! သဘာဝမီးစွမ်းအားအရင်းမြစ်က ကောင်းကင်နဲ့ မြေပြင်ကြားက သဘာဝ ရတနာတွေပါ ။

သူတို့ရှိရာနေရာတွေမှာက မီးစွမ်းအားကျင့်ကြံသူများအတွက် အဖိုးမဖြတ်နိုင်သော ကျင့်ကြံမှုနယ်မြေပါ ။ သူတို့ရှိရာနေရာမှာ လေ့ကျင့်ရင် မီးစွမ်းအားကို တိုးပွားစေကာ ၊ မသေမျိုးအဆင့် ဒါမှာမဟုတ် ထိုထက်မြင့်သော အဆင့်များဆိုရင် မီးစွမ်းအား စည်းမျဉ်းများကိုပင် နားလည်သဘော ပေါက်ရလွယ်ကူအောင် ကူညီပေးနိုင်ပါတယ် ။

ဘာ~ ဒါကဒီလောက်တောင် တန်ဖိုးရှိတာလား

။ လုံထန်တစ်ယောက် ထိတ်လန့်သွားခဲ့သည်။ မသေမျိုးများ၏ အထက်ဆင့်ဆိုတာဘာပြောတာလည်း ၊ ၎င်းတို့က ခန့်မှန်းမရသော ဖြစ်တည်မှုအဆင့်တွေဖြစ်သည်။

သားရဲနတ်ဘုရားဘုံအဆင့်နှင့် မသေမျိုးအဆင့်ဆိုသည့်ပင် ၊ ခြားနားသော အဆင့်ဖြစ်သည်။

မသေမျိုးအဆင့်သို့ရောက်ရှိသွားသောစွမ်းအားကြီးသူများက ၊ နတ်ဘုရားသားရဲဘုံအဆင့်ရှိသူများကို သေမျိုးအဆင့်ထက်အနည်းငယ်သာလွန်သည့်ဟုသာသတ်မှတ်ကျသည်။ ( ရိုင်းရိုင်းပြောရရင် ပုရွတ်ဆိတ်လေးထက် ၊ အနည်းငယ်ကြီးသော ပုရွတ်ဆိတ်ပင် ) ။

သားရဲနတ်ဘုရားဘုံအဆင့်မှ မသေမျိုးအဆင့်ကို တက်ဖို့ ပြောင်းလဲခြင်းလေးမျိုးကို ဖြတ်ကျော်ရသည်။

ဤသည့်က မသေမျိုးစွမ်းအားပြောင်းလဲခြင်း ၊ မသေမျိုးရုပ်ခန္ဓာကိုယ်ပြောင်းလဲခြင်း၊ မသေမျိုးဝိညာဉ်ပြောင်းလဲခြင်း ၊ နောက်ဆုံးက ကပ်ဘေးမိုးကြိုးကို ကျော်ဖြတ်ကာ မသေမျိုးအဆင့်တရားဝင် ရောက်ပြောင်းလဲခြင်းတို့ဖြစ်သည်။

အဲတာတွေကို အောင်မြင်သွားမှ တရားဝင်မသေမျိုးအဆင့်ကို ရောက်ပြီးတော့မှ ၊ ကောင်းကင်နဲ့ မြေပြင်ကြားက စည်းမျဉ်းများကို သိမြင်နိုင်ရုံသာရှိသေးသည်။ သူအထက်ဆင့်များမှသာ စည်းမျဉ်းများကို စတင်၍ ထိတွေနိုင်သော အဆင့်များဖြစ်သည်။

စည်းမျဉ်းများကို မထိနိုင်သောကြောင့် မသေမျိုးများကို သွား၍ အထင်သေးမရချေ။ သူတို့ကစည်းမျဉ်းများကို စတင်သိမြင်နိုင်ရုံအဆင့်သာဖြစ်သော်လည်း သူတို့၏ လက်တစ်ချက်အဝှေ့က သားရဲနတ်ဘုရားဘုံအဆင့် တစ်ရာလောက်ကို သတ်ဖြတ်နိုင်စွမ်းရှိ၏ ။

အဲဒီလိုအဆင့်မျိုးကပင် အသုံးပြု၍ ရသည်ဆိုပါက ဤရတနာ၏ အစွမ်းကို ပြောပြရန်ပင် မလိုအပ်တော့ချေ။

စနစ် ! ငါဒီလို့ သဘာဝအရင်းမြစ်ရတနာလို မျိုး အခြားစွမ်းအားတွေ ထပ်ပြီးတော့ ရရှိနိုင်သေးလား ။ လုံထန်က သူ၏ ပျော်ရွှင်မှုများကို ထိန်းချုပ်မေးလိုက်သည်။

ဒင် ! ပြန်ဖြေပါတယ် ၊ပိုင်ရှင် ၊ တာဝန်တွေပြီးမြှောက်အောင် လုပ်ဆောင်သရွေ့ဖြစ်နိုင်ပါတယ် ။ စနစ်က ထိုစကားပြောပြီးနောက် မည့်သည့်မှ ဆက်၍ မေးမရတော့ချေ။

စနစ် ! ဒါဆို သဘာဝမီးအရင်းမြစ်ကို အသုံးပြုဖို့ နေရာဘယ်လောက် အကျယ်လို့လည်း ၊ လုံထန်လည်း သတိရသွားကာ အရေးကြီးတာကို မေးလိုက်သည်။

ဒင် ! ဤသဘာဝမီးအရင်းမြစ်က အခုမှဖွံ့ဖြိုးစဲကာလမှို့ ဆယ်မိုင်လောက်အကျယ်ရှိသောနေရာဆိုရင် ရပါတယ် ။ စနစ်၏ အေးစက်စက် ပြန်ဖြေသံကို လုံထန်ကြားလိုက်ရသည်။

အခုမှ ဖွံ့ဖြိုးစဲတောင်မှ ဆယ်မိုင်လား ၊ လုံထန်တစ်ယောက် ထိတ်လန့်သွားခဲ့သည်။ အရွယ်ရောက်တဲ့အခြေနေဆိုရင် ဘယ်လောက်တောင်မှကြောက်စရာကောင်းမှလည်း ၊ လုံထန်တွေးပင် မတွေးရဲတော့ချေ။

သူ၏ စိတ်အခြေနေကလည်း ၊ ဤအခြင်းရာများကြောင့် ပို၍ပို၍ ကောင်းလာခဲ့သည်။

ဟားဟား ၊ ဟားဟား။

လုံထန်က ကျယ်လှောင်စွာရီမော၍ အောင်းယွီရန်ရှိရာ ကျွန်းပျံအိမ်တော်သို့ ပျံသန်းသွားတော့သည်။

အချိန်အနည်းငယ်ကြာပြီးနောက် ပင်မကျွန်းပျံနှင့် အနီးတွင်ရှိသော အောင်းယွီရန် ရှိရာ နေရာသို့လုံထန်ရောက်ရှိသွားခဲ့သည်။

လုံထန်ရောက်သွာချိန်၌ အောင်းယွီရန်တစ်ယောက် သူမ၏ အိမ်တော်၏ အရှေ့ရှိ မြေကွက်လပ်၌ သူမက သူမရွှေးချယ်ထားသော ကြယ်ကိုးပွင့်နည်းစနစ်များကို လေ့ကျင့်နေသည်ကိုတွေလိုက်ရသည်။ အောင်းယွီရန်၏ ရိုးရှင်းသော လှုပ်ရှားဟန်များက လုံထန်၏ မျက်ဝန်းများအတွင်း၌ တော့ လှပသော ငန်းပျိုမလေး ကခုန် နေသကဲ့သို့ ခံစားရစေသည်။

လုံထန်က သူမရှိရာသို့ ဖြေးညှင်းစွာဖြင့် တိုးကပ်သွားခဲ့ချိန်မှ အောင်းယွီရန်က လေ့ကျင့်နေမှုကို ရပ်တန့်လိုက်ကာ လုံထန်ရှိရာသို့လေ့ကြည့်လာခဲ့သည်။

အပိုင်း ၁၆၅ မျော်

All Chapters