အခန်း (၁၆၅)
Vol. 12 Ch. 165
ယောင်္ကျား လေ့ကျင့်တာကနေထွက်လာပြီလား ။ အောင်းယွီရန်က လုံထန်ရှိရာသို့ လှည့်ကြည့်၍လာကာမေးလိုက်သည်။
ဟုတ်တယ် ~ ။ ကိုယ်အခုပဲ တိုက်ခိုက်ရေးမျော်စင်ကနေပြန်လာတာ ။ လုံထန်က ခေါင်းညိတ်၍ အောင်းယွီရန်ကို ပြုံးကာပြန်ပြောလိုက်သည်။
ယွီရန်မင်းလည်း တိုက်ခိုက်ရေးမျော်စင်ကိုသွားပြီးတော့ မင်းရဲ့ နည်းစနစ်တွေကို စမ်းသပ်ကြည့်သင့်တယ် ။
နောက်မှသွားပြီးတော့ ~ စမ်းသပ်ကြည့်လိုက်ပေါ့မယ် ။ အောင်းယွီရန်က ပြန်၍ပြောလိုက်သည်။
လုံထန်လည်း ခေါင်းညိတ်လိုက်၏ ။ ယွီရန် ငါတို့ ကမ္ဘာလေးက မြေပြင်ဆီကိုသွားကြည့်ရအောင် ။ အဲဒီမှ လုပ်စရာရှိသေးလို့ ။
ဟမ့် ~ ယောင်္ကျားက ဘာလုပ်မလို့လည်း ၊ အောင်းယွီရန်က သိလိုဟန်ဖြင့် မေးလိုက်သည်။
ဟားဟား ~ လျို့ဝှက်ချက် ။အောက်ကြမှ ကြည့် လုံထန်က အောင်းယွီရန်၏ လက်ကိုဆွဲကာ အပြင်သို့ ခေါ်သွားရင်းပြောလိုက်သည်။
အောင်းယွီရန်လည်း လုံထန်၏ ပုံစံကြောင့် ဆက်၍ မမေးတော့ပဲ ၊ သူမကပြုံးကာ သူမ၏ ဦးခေါင်းကို ခါရမ်းလျက်လုံထန်၏ နောက်မှ တိတ်ဆိတ်စွာ လိုက်ပါသွားခဲ့သည်။
လုံထန်လည်း အောင်းယွီရန်၏ လက်ကိုဆွဲကာ ကျွန်းပျံများ၏ အောက်သို့ ပျံဆင်းသွားခဲ့သည်။ ကျွန်းပျံများက မြေပြင်နှင့်ဆိုရင် မိုင်တစ်ရာအမြင့်၌ ရှိနေ၏ ။ ဤအတွက်ကြောင့် သူတို့က ပုံမှန်အတိုင်းသာ ပျံသန်း၍ ဆင်းသက်သွားသည့်မှို့ အချိန်အနည်းငယ်တော့ကြာနိုင်သည်။
အရင်က လုံထန်က သဘာဝမီးစွမ်းအားအရင်းမြစ်ကို ကျွန်းပျံများ၏ အပေါ်တွင်သာ ထားရှိရန်တွေးထားခဲ့သည်။ သူသေချာစဉ်းစားကြည့်လိုက်တော့ သဘာဝမီးစွမ်းအားအရင်းမြစ်က အခုမှ ဖွံ့ဖြိုးစဲကာလပင် ဖြစ်သော်လည်း ဆယ်မိုင်ကျယ်ကိုပင် ဖုံးအုပ်နိုင်သည်ဟု ဆိုသော စနစ်၏ အပြောကြောင့် ရေရှည်၌ ကျွန်းပျံများက သဘာဝမီးစွမ်းအားအရင်းမြစ်အတွက် ဘယ်လို့မှ အဆင် ပြေပြေဖြင့် ထောက်ပံထားနိုင်တော့မည်မဟုတ်ချေ။ အဲဒီအချိန်ကျရင် မလိုလားအပ်သော ပြဿနာများဖြစ်လာနိုင်သည်။
ဤအတွက်ကြောင့် လုံထန်က သဘာဝမီးစွမ်းအားအရင်းမြစ်ကို ကမ္ဘာငယ်လေး၏ မြေပြင်၌ နေရာချထားရန် ကြံရွယ်လိုက်ခြင်းပင် ။ သူနောက်ထပ်ကံကောင်း၍ အခြားသော သဘာဝအရင်းမြစ် စွမ်းအားများထပ်မံ၍ ရရှိခဲ့ပါလျှင်လည်း ကမ္ဘာငယ်လေး၏ မြေပြင်၌ပင် အသုံးပြုရန် ကြံစီထားခဲ့သည်။
လုံထန်နှင့် အောင်းယွီရန်နှင့်က ပတ်ဝန်းကျင့်မှ ရှုခင်းများ၏ အလှတရားကို ခံစားရင်းဖြင့် ဖြေးညှင်းစွာ ဆင်းသက်လာသည့်မှို့ မြေပြင်ထက်သို့ရောက်ရှိရန် မိနှစ်သုံးဆယ်နီးပါး အချိန်ကြာမြင့်ခဲ့သည်။
လုံထန်နှင့်အောင်းယွီရန်က ကမ္ဘာငယ်လေးထဲရှိ မြေပြင်ထက်ရှိ မီတာတစ်ထောင်အမြင့်ရှိသော တောင်၏ထိပ်သို့ဆင်းသက်လိုက်သည်။
လုံထန်လည်း တောင်၏ ထိပ်မှနေ၍ သဘာဝမီးစွမ်းအားအရင်းမြစ် ထားရှိရန်အတွက် အဆင်ပြေမည်နေရာကို လိုက်၍ ကြည့်၍နေခဲ့သည်။ သူပတ်ဝန်းကျင့်ကို လိုက်၍ ကြည့်ရှုလိုက်သော်လည်း သူစိတ်ကြိုက်နေရာကို မတွေ့ရချေ။
ဤအတွက်ကြောင့် နောက်ထပ်နေရာကို ရှာဖွေ့ရန်အတွက် ကောင်းကင်ယံထက်သို့ ပျံသန်းသွားလိုက်ကာ လိုက်လန်၍ ရှာဖွေ့တော့သည်။
အောင်းယွီရန်က တော့ လုံထန်လုပ်နေသည့်ကို သူမက ဘာတစ်ခွန်းမှ မမေးပဲ နောက်မှနေ၍ လိုက်ပါလာခဲ့သည်။
သူတို့နှစ်ဦးက ဟိုဟိုသည်သည်ကြည်ရင်းဖြင့် ကောင်းကင်ယံ ခပ်နိမ့်နိမ့်မှ ပျံသန်းနေခဲ့၏ ။ အချိန်အချို့ကြာသည်အထိ လုံထန်လည်း သူစိတ်နှင့်ကိုက်ညီသောနေရာကို ရှာဖွေသည့်မှာ မတွေ့ရသေးချေ။
အချိန်၌ သူတို့ဆင်းသက်လာသော နေရာနှင့်ဒီနေရာနှင့်ဆိုရက် မိုင်တစ်ရာကျော်ထိပင် ဝေးကွာနေခဲ့ပြီဖြစ်သည်။
လုံထန်လည်း လိုက်ရှာနေရင်းဖြင့် နောက်ထပ် မိုင်ငါးဆယ်နီးပါးခန့်အထိသွားရောက်ခဲ့သည်။ ဤနေရာတွေတော့ သူ၏ စိတ်နှင့် ကိုက်ညီသော နေရာကိုတွေ့လိုက်ရသည်။
၎င်းက ဧရာမ ကျောက်တောင်ကြီးသုံးတောင်က ဘေးပတ်ပတ်လည်တွင် ကာရံထားကာ အလယ်၌ ဆယ်မိုင်မကကျယ်ဝန်းသော ကျောက်သား မြေပြင်ကြီးရှိသည်။ လုံထန်က ထိုနေရာကိုကြည့်၍ ခေါင်းညိတ်လိုက်သည်။
သွားကြစို့ ~ ယွီရန် ။
လုံထန်က အောင်းယွီရန်၏ လက်ကိုဆွဲကာ ဧရာမ တောင်ကြီးသုံးတောင် ဝန်းရံထားသော ကျောက်သား မြေကွက်လပ်ကြီး၏ အထဲသို့ပျံသန်းသွားလိုက်သည်။ သူက ကျောက်သားမြေကွက်လပ်၏ အလယ်ဗဟိုသို့ရောက်ချိန်၌ ရပ်တန့်လိုက်ကာ ပတ်ဝန်းကျင့်ကို သေချာအကဲခတ်လိုက်သည်။ ပတ်ဝန်းကျင့်တစ်ခုလုံးကလည်း ဧရာမကျောက်တုန်းကြီးများဖြင့် ပြည့်နက်နေခဲ့သည်။
စနစ် ! သဘာဝမီးစွမ်းအားအရင်းမြစ်ကို ထုတ်လိုက်ပါ ။ ဒီနေရာမှ အသုံးပြုမယ် ။ လုံထန်က သူ၏ စိတ်ထဲမှပြောလိုက်သည်။
ဒင် ! သဘာဝမီးစွမ်းအားအရင်းမြစ်ကို ထုတ်လိုက်ပါပြီ ။ စနစ်၏ အေးစက်သော စကားသံအဆုံး၌ လုံထန်၏ မျက်နှာအရှေ့၌ တောက်ပသော အလင်းတန်းများဖြာထွက်လာခဲ့သည်။
အလင်းတန်းများဖြာထွက်လာချိန်ပြီး ခနအကြာ၌ ပတ်ဝန်းကျင်တစ်ခုလုံး၏ အပူရှိန်က အလွန်ပင်ထိုးတက်သွားခဲ့သည်။
အလွန်ပြင်းထန်သော အပူရှိန်ကြောင့် လုံထန်နှင့် အောင်းယွီရန်တို့၏ အဝတ်စားများပင် ပြာအဖြစ်သို့ပြောင်းလဲသွားခဲ့သည်။
ဟမ့် ~ အောင်းယွီရန်က ရုတ်တရက်အပြောင်းလဲကြောင့်ရှက်ရွံသွားခဲ့သည်။ သူမ၏ ကျောက်စိမ်းရောင်ကဲ့သို့ အသားရည်ကလည်း နီရဲသွားခဲ့ကာ သူမ၏ ရှက်ဖို့ကြီးငယ်အသွယ်သွယ်ကို သူမ၏ လက်များဖြင့် အလျှင်မြန်ပင် ကွယ်ဝှက်လိုက်သည်။
လုံထန်က တောက်ပနေသော အလင်းတန်းများ၏ ကြားကိုကြည့်လိုက်သည်။ အလင်းတန်းများ၏ကြား၌ တစ်ဆယ်စင်တီမီအရွယ်စားခန့်ရှိသော အနီရင့်ရောင်မီးတောက်လေးတစ်ခုရှိသည်။ ၎င်းမီးတောက်လေးက သူ၏ အကြည့်များ အောက်၌ ပင် အသွင်ပုံသဏ္ဍန်အမျိုးမျိုး ပြောင်းလဲနေသည့်ကို တွေလိုက်ရသည်။
တစ်ရံတစ်ခါ ၊ လူပုံသဏ္ဍန် ၊ တစ်ရံတစ်ခါ သားရဲ တိရစ္ဆာမျိုးစုံ၏ ပုံသဏ္ဍန်တို့ ဖြစ်ပေါ်နေခဲ့သည်။ လုံထန်လည်း ၎င်းကိုကြည့်ကာ မင်သက်နေခဲ့သည်။
စနစ်ပြောထားသလို့ ဖွံဖြိုးစဲအရွယ်ဆိုတဲ့ အတိုင်းပဲ အခုထိအသိဉာဏ်မရှိသေးဘူး ။ လုံထန်က မီးတောက် လေးကိုကြည့်၍ ရေရွတ်လိုက်သည်။
စနစ် ! ငါက ဒါကို ဘာဆက်လုပ်ရမှာလည်း ၊ လုံထန်က သူ၏ စိတ်အတွင်းမှမေးလိုက်သည်။
ဒင် ! ဘာမှ ဆက်လုပ်စရာမလိုပါဘူး ။ ပိုင်ရှင်ကသဘာဝမီစွမ်းအားအရင်းမြစ်ကို မြေပြင်ပေါ်မှာ ဒီအတိုင်းထားလိုက်ရုံပါပဲ ။ သူက တဖြေးဖြေးနှင့် ဒီနေရာရဲ့ ပတ်ဝန်းကျင့်နှင့် ပေါင်းစည်းသွားပြီးတော့ ကြီးထွားလာပါလေ့မယ် ။
သူဒီနယ်မြေနှင့် ပေါင်းစည်းသွားသည့်နှင့် ဒီမြေမှာ မီးစွမ်းအားလေ့ကျင့်သူများစတင်ပြီးတော့ လေ့ကျင့်လို့ရပါပြီ ။ စနစ်၏ အေးစက်စက် အသံက လုံထန်ကိုပြောလိုက်သည်။
လုံထန် သဘာဝမီးစွမ်းအားအရင်းမြစ်ကို ထားခဲ့၍ နောက်ကိုပြန်ဆုတ်လိုက်သည်။
နောက်သို့တစ်မိုင်အကွာလောက်ထိပြန်ဆုတ်လိုက်ချိန်ထိပင်ပြင်းထန်ပူလောင်လှသော အပူရှိန်ကို ခံစားနေရသေးသည်။ ဤဖြစ်ပျက်ကြောင့် လုံထန်က သဘာဝမီးစွမ်းအားအရင်းမြစ်၏ စွမ်းအားကို သဘောကျစွာဖြင့် ခေါင်းညိတ်လိုက်သည်။ ပတ်ဝန်းကျင်နှင့် မပေါင်းစည်းရသေးသော်လည်း အပူရှိန်က တစ်မိုင်ထိပင် ရောက်ရှိသည်။
သဘာဝမီးစွမ်းအားအရင်းမြစ်က ပတ်ဝန်းကျင်နှင့် ပေါင်းစပ်သွားလျှင် စနစ်ပြောခဲ့သလို့ ဆယ်မိုင်အတွင်းက ထူးရှား သောအခြေနေတစ်ခုသို့ ပြောင်းလဲသွားနိုင်သည်။
ယောင်္ကျား ~ အဝတ်ဝတ်လိုက်အုန်း ။ လုံထန်၏ နောက်မှ အောင်းယွီရန်က လုံထန်၏ ကိုယ်တီးလုံးခန္ဓာကိုယ်ကို ကြည့်၍ သူမ၏ မျက်နှာလေးက နီရဲနေကာပြောလိုက်သည်။
ဟမ့် ~ အဝတ်စား ၊ လုံထန်က သူ၏ ခန္ဓာကိုယ်ကို ငုံကြည့်လိုက်ပြီးနောက် ကျက်သေသေသွားခဲ့သည်။
သေစမ်း ~ စောစောက သူ သဘာဝမီးစွမ်းအားအရင်းမြစ်ကို စိတ်ရောက်နေသည့်မှို့ သူ၏ အဝတ်စားများ လောင်ကျွမ်းသွားသည့်ကိုပင် သတိမထားမိခဲ့ချေ။
လုံထန်လည်း အောင်းယွီရန် ပြင်ဆင်ထားပေးသော အဝတ်စားကို လျှင်မြန်စွာယူ၍ ဝတ်လိုက်သည်။
ယောင်္ကျား ၊ အဲတာဘာမီးတောက်အမျိုးစားလည်း။ သူရဲ့စွမ်းအားက အရမ်းကြီးမားတယ်လို့ခံစားရတယ် ။ သူရဲ့ အပူရှိန်ကို သားရဲနတ်ဘုရားဘုံစွမ်းအားနဲ့တောင် ကာကွယ်လို့မရဘူး ။ အောင်းယွီရန်က သိချင်ဟန်ဖြင့် မေးလိုက်သည်။
ဒါက သဘာဝမီးစွမ်းအားအရင်းမြစ်လို့ခေါ်တယ်။ အခုမှ ဖွံ့ဖြိုးစဲ ကာလမှို့မဟုတ်ရင် သားရဲနတ်ဘုရားဘုံမပြောနဲ့ အဲဒီထက်မြင့်တဲ့ အဆင့်တွေတောင် အလျှင်စလို့သူ အနားကို ကပ်မိရင် ပြာအဖြစ်ပြောင်းသွားရလေ့မယ် ။ လုံထန်က ပြောပြလိုက်သည်။
သူက ကြောက်မက်ဖွယ်ရာ စွမ်းအားရှိပေမဲ့ ကောင်းကင်နဲ့ မြေပြင်ကြားက သဘာဝ ရတနာဆိုတော့ မီးစွမ်းအားကျင့်ကြံသူတွေက သူ၏ ပတ်ဝန်းကျင့်မှာကျင့်ကြံရင် အနည်းငယ်ကြိုးစားရုံနဲ့ အကျိုးရလဒ်က နှစ်ဆဖြစ်နေလေ့မယ် ။
အံဩစရာပဲ ~ အောင်းယွီရန်၏ လှပသောမျက်နှာလေးထက်တွင် အံဩမင်သက်မှုများပြည့်နေခဲ့သည်။
ဟားဟား ~ ဒီနေ့က အံဩဖို့မကောင်းသေးဘူး မနက်ဖြန်မှ အခြေနေကိုတစ်ချက် ပြန်လာကြည့်မယ် ။ အဲတာမှ ပိုအံဩဖို့ကောင်းမှ လုံထန်က အောင်းယွီရန်ကိုပြောလိုက်သည်။ ဤနေ့မှ သဘာဝမီးစွမ်းအားအရင်းမြစ်က ပတ်ဝန်းကျင်နှင့် ပေါင်းစပ်ရအုန်းမည်မှို့သူ၏ သက်ရောက်မှုကို ယနေတော့ မသိနိုင်သေးချေ။
နောက်ရက်များဆိုရင်တော့ ကွဲပြားသောအရာဖြစ်သွားပြီဖြစ်သည်။ သူသည်လည်း သဘာဝမီးစွမ်းအားအရင်းမြစ်က ပတ်ဝန်းကျင့်နှင့် အပြည်ဝပေါင်းစပ်ပြီးချိန်၌ မည်သို့မည်ပုံပြောင်းလဲသွားမည်ကို သိချင်နေခဲ့မိသည်။
အပိုင်း ၁၆၆ မျော်