ဗိုလ်ချုပ်တွေအားလုံးက နတ်ဘုရားသားရဲဘုံလား ။
Vol. 12 Ch. 166
လုံထန်က နောက်ရက်များတွင် သဘာဝမီးစွမ်းအားအရင်းမြစ်က မည်သို့မည်ပုံ ပြောင်းလဲလာမည်ကို တွေး၍ ၊ ၎င်းရှိရာနေရာသို့ တစ်ချက်ပြန်ကြည့်လိုက်ပြီးနောက်တွင်တော့ ၊ သွားကြစို့ယွီရန် ။
အွန်း ~ ။
လုံထန်နှင့်အောင်းယွီရန်က ပင်မကျွန်းပျံသို့ပျံတက်သွားခဲ့သည်။ အချိန်အနည်းငယ်ကြာပြီးနောက် အောင်းယွီရန်နှင့်လုံထန်တို့က ပင်မကျွန်းပျံ၏ နန်းတော်အရှေ့ရှိ ဉယျာဉ်ကျယ်ကြီးထဲသို့ပြန်လည်ရောက်ရှိလာခဲ့သည်။
ဤအချိန်၌ ညနေစောင်းသို့ပင် ရောက်ပေတော့မည်ဖြစ်သည်။ ယွီရန် ကိုယ်တို့လည်း အပြင်မထွက်တာကြာပြီ အပြင်ကအခြေနေကို တစ်ချက်သွားကြည့်ရအောင် ။ တော်ဝင်အကြီးကဲအောင်းထန်ရန်ကို အသစ်တည်ခိုင်းထားတဲ့မြို့တော်ကိုလည်း သေချာကြည့်ရအောင် ၊ လုံထန်ရ အောင်းယွီဘက်သို့လှည့်ကာ ပြုံး၍ ပြောလိုက်သည်။
အင်း~ သွားကြည့်တာပေါ့။ အောင်းယွီရန်ကလည်း ခေါင်းညိတ်ပြလိုက်သည်။ သူမလည်း ဤကမ္ဘာလေးထဲ၌ လေ့ကျင့်ကြံလိုက် ၊ ကိစ္စရှိလာရန် စီမံခန်ခွဲလိုက်ရင်းဖြင့် အနည်းငယ်ငြီးငွေ့သလို့ ခံစားနေရသည်။
လုံထန်နှင့် အောင်းယွီရန်တို့က စကားပြောရင်းဖြင့် ကမ္ဘာငယ်လေး၏ ထွက်ပေါက်ရှိရာသို့ သွားနေခဲ့သည်။ ကမ္ဘာငယ်လေး၏ ထွက်ပေါက်မှ တစ်ဆင့် ထွက်လိုက်ချိန်၌ မိုးထိတောင်၏ ထိပ်ရှိ ကျောက်ပြားအထက်၌ ပေါ်ထွက်လာခဲ့သည်။
အပြင်ရောက်ချိန်၌ လုံထန်ကပြုံးလိုက်ရင်းဖြင့် ကောင်းကင်သို့ကြည့်ကာ အသက်ကိုပြင်းပြင်းရှုလိုက်သည်။
အား~ ကမ္ဘာငယ်လေးက အစစ ၊ အရာရာသာလွန်ပေမဲ့ ပြင်ကမ္ဘာကြီးရဲ လေထုကပိုလက်ဆက်တယ်လို့ ခံစားရတယ် ။ လုံထန်က သူ၏ ခန္ဓာကိုယ်အညှောင်းညာဆန့်လိုက်ရင်းဖြင့်ပြောလိုက်သည်။
နှစ်လလောက်ကို သူတစ်ယောက်ထဲအပြင်းထန်လေ့ကျင့်ခဲ့ပြီးနောက် ဤသည့်ကသူ၏ ပထမဆုံးအကြိမ်အပြင်သို့ ပြင်ထွက်လာခြင်းပင်ဖြစ်သည်။
အောင်းယွီရန်ကလည်း လုံထန်၏ ဘေးမှရပ်နေကာ လုံထန်ကိုကြည့်၍ ရီမောနေခဲ့သည်။ သူမ၏ ပြုံးရီလိုက်တိုင်းက ဝင်ကာနီး၌ တိမ်နီများကို လှပစွာ ခြယ်သထားသော နတ်ဘုရား၏အနုပညာလက်ရာလိုပင် အလွန်တရာမှလှပသော နေမင်းကြီး၏ တိမ်နီရောင်တောက်နေသော ကောင်းကင်ပန်းချီကားကြီးပင် အောင်းယွီရန်၏ အပြုံးအောက်၌ မှေးမှိန့်သွားရသည်။
လုံထန်လည်း သူ၏ ဘေးရှိ အလှလေး၏ အပြုံး၌ နစ်မျောသွားခဲ့သည်။ ဤမျှလှပသော ပန်းချီကားထဲမှ ခုန်ထွက်လာသော နတ်သမီးလေးအလားလှပသော သူမကို ပိုင်ဆိုင်ရတာက သူ၏ ကြီးမားသော ကံကောင်းမှုကြီးတွေထဲက တစ်မျိုးပင်ဖြစ်သည်။
∆∆∆
ထိုအစဉ်၌ ။
မိုးထိတောင်၏ ထိပ်မှာ ကောင်းကင်ယံရှိ လေဟာနယ်က အက်ကွဲသွားခဲ့ကာ ပုံရိပ်ငါးခုထွက်လာခဲ့သည်။ ၎င်းတို့အားလုံးက အားကောင်းသော အရှိန်ဝါများကို ထုတ်လွတ်ထားကြသည်။
အရှင်မင်းကြီးနှင့် အရှင်မင်းသမီးကို နှတ်ဆက်ပါတယ် ။ တော်ဝင်ဗိုလ်ချုပ်ငါးယောက်က နှတ်ဆက်လိုက်သည်။
လုံထန်က ခေါင်းညိတ်ပြလိုက်ရင်းဖြင့် တော်ဝင်ဗိုလ်ချုပ်ငါးယောက်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အငွေ့သက်များကို အံအားသင့်စွာကြည့်နေခဲ့သည်။
ဤအငွေ့သက်များကို သူရင်းနှီး၏ ။ထိုအငွေ့သက်များက နတ်ဘုရားသားရဲဘုံ ပထမအဆင့်၏ အရှိန်ဝါများပင် ။
လုံထန်က အောင်းယွီရန်ကို သိလိုဟန်ဖြင့်ကြည့်လိုက်သည်။ အပြင်ဘက်ရှိကိစ္စများကို စီမံခန့်ခွဲသူမှာ သူမသာရှိသဖြင့် သူမသာလျှင်ဤကိစ္စကို သိနိုင်၏ ။
တော်ဝင်ဗိုလ်ချုပ်ငါးယောက်စ လုံးကိုယ် အရှင်မင်းကြီးပြောထားသလို့ပဲ ၊ ဆေးဝါးများနှင့် နည်းစနစ်များကို ရွှေးချယ်ခိုင်းခဲ့ပါတယ် ။ အဲဒီဆေးဝါးများ၏ အစွမ်းကြောင့် ယခင်ထဲက အရှင်သခင်သားရဲ ဒဿမအဆင့်ရဲ့ အထွတ်ထိပ်မှာ ရှိနေသော ဗိုလ်ချုပ်ငါးယောက်စလုံးက နတ်ဘုရားသားရဲအဆင့်ကို တက်လှမ်းသွားတာပါ ။
ဗိုလ်ချုပ်ငါးယောက်လုံးက လွန်ခဲ့တဲ့ တစ်လက ပဲ နတ်ဘုရားသားရဲဘုံကို ရောက်ရှိသွားကြတာပါ ။ အောင်းယွီရန်က လုံထန်ကိုသေချာခြင်းပြလိုက်သည်။
ကောင်းတယ် ~ ဟားဟား ။
နောက်ဆုံးတော့ နတ်ဘုရားသားရဲဘုံအဆင့်ရှိတဲ့သူတွေ ငါရဲ့လက်အောက်မှာတိုးပွားလာပြီပေါ့ကောင်းတယ် ။ လုံထန်က ကောင်းတယ် ၊ ကောင်းတယ်ဟု ဆိုသော စကားကို ထပ်ကာထပ်ကာ ပြောနေခဲ့သည်။
နတ်ဘုရားသားရဲဘုံ အဆင့်ရှိသောသူ ငါး ယောက်ထပ်တိုးလာသည့်က ကိစ္စကြီးတစ်ခုဖြစ်သည်။ နတ်ဘုရားသားရဲဘုံပထမအဆင့်သာရှိသော်လည်း သူတို့၏ လှုပ်နိုင်စွမ်းကများပြားသည်။
ကောင်းတယ် ၊ ဗိုလ်ချုပ်တို့က အခုလို့အဆင့်တက်သွားပြီဆိုမှာတော့ ကိုယ်တော်ကလည်း ဆုလာဘ်တွေပေးရမှာပေါ့ ။ နောက်ရက်မှာ ရတနာဆောင်ကိုဝင်ရောက်ပြီးနောက် လက်နက်တစ်မျိုးစီရွှေးချယ်ခွင့်ရှိတယ် ။ ယွီရန်စီကို သွားကြပါ ။ လုံထန်က ပျော်ရွှင်စွာဖြင့်ပြောလိုက်သည်။
ကျေးဇူးအများကြီးတင်ပါတယ် ~ အရှင်မင်းကြီး ၊ တော်ဝင်ဗိုလ်ချုပ်ငါးယောက်စလုံးက ပျော်ရွှင်ရိပ်သန်းနေသော မျက်လုံးများဖြင့် လုံထန်ကို သူတို့၏ ခန္ဓာကိုယ်များကို ကိုးဆယ်ဒီကရီကိုင်းက ဦးညွတ်လိုက်သည် ။
ရပါတယ် ~ သွားကြတော့ ၊ လုပ်စရာရှိတာ ဆက်လုပ်ကြပါ ။ လုံထန်က သူ၏ လက်ကိုရမ်းကာ ဗိုလ်ချုပ်ငါးဦးကို ထွက်သွားစေလိုက်သည်။
တစ်ဖက်၌ ဗိုလ်ချုပ်ငါးဦးကို ကြည့်နေသော အောင်းယွီရန်၏ မျက်ဝန်းများကလည်း ပျော်ရွှင်မှုများ ပြည့်နက်နေသည်။ ယခင်က သူတို့ငါးယောက်စလုံး နတ်ဘုရားသားရဲဘုံရောက်တုန်းက ပျော်ရွှင်ခဲ့ရသလို့ ယခုလည်း လုံထန်မှ ကောင်းကင်အဆင့် ၊လက်နက်များဆုလာဘ်အဖြစ်ပေးသည့်ကို တွေ၍ ထပ်မံ၍ ပျော်ရွှင်ရပြန်သည်။
ဤသို့ဤပုံဖြင့် သူတို့၏ မျိုးနွယ်စုဝင်များပိုပို၍ အင်အားတောင်တင်းလာသည့်က သူမကို အမှန်တစ်ကယ်ပျော်ရွှင်စေသည် ။ ဤကဲ့သို့ သူမတို့မျိုးနွယ်စုကို အင်အားတောင့်တင်းလာစေသူမှာလည်း သူမချစ်ရသော အမျိုးသားသာဖြစ်သည်။
လုံထန်ကတော့ အောင်းယွီရန်၏ အတွေးကို မသိချေ။သူသာသိခဲ့ပါလျှင် သူမိန်းမ အတွေးများပုံကိုယ်ကြည့်၍ ရီမောနေမည်ဖြစ်သည်။ ယခင်ကထဲက သူက ကောင်းကင်အဆင့်လက်နက်များကိုတော့ နတ်ဘုရားသားရဲဘုံကို ရောက်သူတိုင်းအား တစ်ခုစီအဖြင့် ဆုလာဘ်အဖြင့် ချီးမြင့်ရန် တွေးထားခြင်းဖြစ်သည်။
∆∆∆
တော်ဝင်ဗိုလ်ချုပ်များထွက်ခွာသွားချိန်၌ မိုးထိတောင်၏ လေဟာနယ်မှာ အက်သွားခဲ့ကာ ပုံရိပ်တစ်ခုထွက်ပေါ်လာသည်။ ၎င်းကတော့ တော်ဝင်အကြီးကဲ အောင်းထန်းရန်သာဖြစ်သည်။
အရှင်မင်းကြီးနဲ့ အရှင်မင်းသမီးကို နှတ်ဆက်ပါတယ် ။ အောင်းထန်းရန်က ရောက်လာသည့်နှင့် ချက်ချင်းပင် ဦးညွတ်ကာ နှတ်ဆက်လိုက်သည်။
သက်သာသလို့နေပါ ~ လုံထန်က ပြုံးကာပြောလိုက်သည်။ တော်ဝင်အကြီးကဲ မြို့တော်နဲ့ပတ်သက်ပြီး ပြောပါအုန်း ။ လုံထန်က တောင်၏ ထိပ်မှ အတိုင်းသားမြင်နေရသော ဧရာမမြို့တော်ကြီးကို ကြည့်ကာမေးလိုက်သည်။
ဟုတ်ကဲ့ပါ ~ ။ အောင်းထန်းရန်က သူမြို့တော်တည်ထားရာနဲ့ ပတ်သက်ပြီးတော့ လုံထန်ကို အသေးစိတ် မချွင်းမချန်တင်ပြလိုက်သည်။
လုံထန်လည်း အောင်းထန်းရန်၏ တင်ပြမှုကို နားထောင်ပြီးနောက် ခေါင်းညိတ်လိုက်သည်။ စိတ်ကူးကောင်းပဲ ~ အကြီးကဲအောင်းထန်းရန် ။ လုံထန်က အောင်းထန်ရန်ကိုကြည့်ကာပြောလိုက်သည်။
အရင်ကသူတွင်လည်း အကြီးကဲအောင်းထန်ရန်ကဲ့သို့ အကြံမျိုးရှိသည်။ မြို့တော်ထဲ၌ အားလုံးရောနှောနေခိုင်းလိုက်သည့်က တစ်ချိန်ချိန်မှာ ပြဿနာအနည်းငယ်ဖြစ်လာနိုင်သည်။ အခုကဲ့သို့ မြို့တော်တစ်ခုအတွင်းမှ သူတို့နေရာနှင့်သူတို့ ခွဲနေခိုင်းခြင်းက ထိုပြသာနာများကို ကင်းရှင်းစေမည်ဖြစ်သည်။
ဒီအကြီးကဲတစ်ယောက်ထဲရဲ့ အကြံမဟုတ်ပါဘူး၊ အကြီးကဲ အောင်းမင်ရဲ့ အကြံလည်းပါပါတယ် ။
ဘယ်လိုပဲဖြစ်ဖြစ် ~ အကြီးကဲတို့ တာဝန်ကျေပါတယ် ။ ဆက်လုပ်ပါ ~ အမြန်အဆုံးသတ်ဖို့လုပ်ပါ ။ အားလုံးပြီးသွားရင် ဆုလာဘ် ချီးမြှောက်ဖို့လည်း မမေ့ပါနဲ့ ၊ လုံထန်က ပြောလိုက်သည်။
နားလည်ပါပြီ ~ အရှင်မင်းကြီး ။
အောင်းထန်ရန်ကလည်း လုံထန်နှင့် အောင်းယွီရန်ကို နှတ်ဆက်ကာ ထွက်ခွာသွားတော့သည်။
အပိုင်း ၁၆၇ မျော်