← Chapters

အခန်း (၁၆၇)

Vol. 12 Ch. 167

အခန်း (၁၆၇)

Vol. 12 Ch. 167

အောင်းထန်ရန် ထွက်ခွာသွားပြီးနောက် မိုးထိတောင်၏ ထိပ်၌ လုံထန်နှင့် အောင်ယွီရန်သာ ကျန်ရစ်နေတော့ပြီးအနည်းငယ် တိတ်ဆိတ်နေခဲ့သည်။

မိုးထိတောင်၏ ထိပ်မှာ အရာရာအားလုံးကို အုပ်မိုးကြည့်ရှုနေရသည့်ခံစားချက်က အလွန်ပင်ကောင်းမွန်သည်။ အရာရာအားလုံး သူ၏ ထိန်းချုပ်မှုအောက်ရောက်ရှိနေသလို့ပင် ခံစားရသည်။

ဝင်လုစဲစဲ နေမင်းမင်းကြီးနှင့် ဧရာမမြို့တော်ကြီးကိုကြည့်ရင်းဖြင့် လုံထန်ပျော်ရွှင်မိသည်။

သူ၏ အင်ပါယာကြီးမှာ လမ်းကြောင်းမှန်အပေါ်၌ စတင်၍ ရောက်ရှိနေပြီဖြစ်သည်။ အနှေးနဲ့အမြန်ဆိုသလို့ စွမ်းအားကြီးမားသော အင်ပါယာတစ်ခုဖြစ်လာမည်မှာ မလွဲဧကန်ပင် ။

သို့သော်လည်း ~ ယခု၌ မြို့တော်ကြီး၌ မျိုးနွယ်စုသုံးခု၏ နေထိုင်ရာနေရာများသာရှိနေသေးသည်။ ဧရာမမြိုတော်ကြီး၌ ဆယ်မိုင်စီခွဲဝေကာ နေထိုင်ကြသော၊ ရွှေနဂါးမျိုးနွယ်စု၊ ရေခဲနဂါးမျိုးနွယ်၊ မိုးပြာနဂါးမျိုးစုတို့သာရှိသေးသည်။

၎င်းတို့သုံးခုမှာလည်း လက်သည်းကိုးခုရွှေနဂါးမျိုးနွယ်စုတစ်ခုသာ သူတို့သာ မျိုးနွယ်စုအားလုံးကို ပြောင်းရွေ့နေထိုင်ကြခြင်းပင် ၊ အခြားမျိုးနွယ်စုနှစ်ခုမှာတော့ သုံးပုံပုံရင် ၊ တစ်ပုံခန့်သာရှိသေးသည်။

ဤအတွက်ကြောင့် ဧရာမမြို့တော်ကြီးက မစီကားနေပဲ အနည်းငယ်ခြောက်ကပ်နေခဲ့သည်။ မျိုးနွယ်စုသုံးခုနေထိုင်ရာနေရာများကသာ စီကားသိုက်မြိုက်နေကြဤ။

ကျန်ရစ်နေသော နေရာလွတ်များကိုကြည့်ရင်းဖြင့် သူကိုယ်ပို၍ အလုပ်ကြိုးစားရန် ခိုင်းစေနေသလိုပင် ။ အဲဒီနေရာများမှသာ အခြားသော မျိုးနွယ်စုတွေရောက်လာရင် သမိုင်းမှာ တစ်ခါမှမရှိဖူးသော နဂါးအင်ပါယာကြီးတစ်ခုပေါ်ပေါက်လာမည်ဖြစ်သလို့ ၊ ဤအင်ပါယာ၏ စွမ်းအားက မည်မျှအထိ စွမ်းအားကြီးမားမည်နည်း ။ ဤအတွေးများက လုံထန်ကို သွေးများဆူပွတ်လာသလို့ ခံစားရစေသည်။

သူတို့ရဲ့စွမ်းအားများကို တိုးမြင့်ပြီး နဂါးမျိုးနွယ်စုတိုင်းကို စုစည်းရန် သူပို၍ မြန်မြန်ဆန်ဆန်လုပ်ဆောင်ရင် လုံထန်တစ်ယောက်စိတ်ထဲ၌ သံန္ဒိဠာန်ချလိုက်သည်။

သူကနောက်တစ်ကြိမ် ဝင်လုစဲစဲ နေမင်းကြီးနှင့် ကြီးမားသောလမ်းမကြီး ဧရာမတံတိုင်းကြီးများကိုကြည့်လိုက်သည်။ ၎င်းတို့ကိုယ်ကြည်ရှုရင်း သူ၏ အရင်လများကို တွေးမိချိန်မှာတော့ သက်ပြင်းရှည်ကြီးသာ ချမိသည်။

ယခင်လအချို့မှာ သူက ပထမအဆင့်သားရဲ အထွတ်ထိပ်သာရှိသော အနှိမ့်ခံကောင်လေးတစ်ယောက်ဖြစ်သည်။ ယခုတော့ နှစ်ဝတ်ကျော်ရုံမှ အချိန်လေး သူယခုလိုအမြင်အထိ တက်လှမ်းလာနိုင်ခဲ့ကာ သူ၏ ကျင့်ကြံမှုကလည်း အလင်းအလျှင်နှုန်းဖြင့် တက်လာခဲ့ကာ ပထမအဆင့်သားရဲဘုံမှာ သားရဲအင်ပါယာဘုံသို့ ရောက်လာခဲ့သည်။

ဤအချိန်၌ သူ၏လွန်ခဲ့သော နှစ်ဝက်က ပထမအဆင့်သားရဲဘုံ အထွတ်ထိပ်အဆင့်သာရှိသေးသည့်ဟုပြောပါက မည်သူမျှပင် ယုံကြည့်မည်မဟုတ်ချေ။

ကံတရားက ဆန်းကြယ်၏ ။ သူကိုယ်ဤသို့ဖြစ်လာစေသည့်များက " စနစ် " ဆိုသောအရာကြောင့်ပင်ဖြစ်သည်။ ဤစနစ်ကြောင့်ပင် သူ၏ ဘဝကလည်း ပြောင်းလဲလာခဲ့ရခြင်းပင် ။

စနစ်၏ လုပ်နိုင်စွမ်းနှင့်စွမ်းအားက သူတို့တွေးရခက်အောင်ဖြစ်စေသည်။ တစ်နေ့နေ့မှာတော့ သူက လောကကြီးတစ်ခုလုံး၏ ထိပ်ဆုံးသို့ရောက်ချိန်၌ စနစ်တိုသော တည်ရှိမှုကို ရှာဖွေ့ရန် ကြည့်ရန် တွေးထားခဲ့သည်။ ဤသည့်က သူ၏ အတွေးပင် ထိုအဆင့်ထိရောက်ရန် အချိန်မည်မျှကြာမည်ကို သူမသိချေ။

ယခုအချိန်မှာတော့ စနစ်က သူအတွက်ကြီးမားဆုံးသော ကံကောင်းမှုကြီးပင်ဖြစ်သည်။ လုံထန်ရှေ့ဆက်လျှောက်လမ်းရမည် အရေးကိုတွေးကြည့်ရင်းဖြင့် သက်ပြင်းကိုထပ်ကာချလိုက်သည်။

လုံထန်၏ ဘေး၌ ရှိနေသော အောင်းယွီရန်က လုံထန်ကိုကြည့်နေခဲ့သည်။ သက်ပြင်းချလိုက် ၊ အလိုမကျဟန်ဖြင့် ခေါင်းခါနေ၍ သူမက မေးလိုက်သည်။

ဘာဖြစ်လို့လည်း ~ ။

ဘာမှမဖြစ်ပါဘူး ~ ကိုယ်ရဲ့ အတိတ်ကြောင်းတွေကို သတိရမိလို့ပါ ။ လုံထန်က ပြုံးကာပြောလိုက်သည်။

အောင်းယွီရန်က သူမ၏ လက်လေးဖြင့် လုံထန်၏ လက်ကို ဆုပ်လိုက်သည်။ သူမလည်း ထာဝရနှောင်ကြိုးကျင့်စဉ်မှ တစ်ဆင့် လုံထန်၏ အတိမှ အဖြစ်ပျက်များကိုသိသည်။ ဤအချိန်၌ သူကို နှစ်သိမ့်ပေးရန်မလိုချေ။ သူ၏ ဘေး၌ ရှိနေပေးရန်သာလိုအပ်သည့်ဟု အောင်းယွီရန် ယုံကြည်သည်။

လုံထန်လည်း အောင်းယွီရန်ကို ကြည့်ကာပြုံးလိုက်သည်။ ဒီနေ့တော့နားကြစို့ ~ လုံထန်က အောင်းယွီရန်ကိုကြည့်ကာပြောလိုက်သည်။

ကောင်းပြီ ~ ပြန်ကြစို့ ။

အောင်းယွီရန်က လုံထန်၏ လက်ကိုဆွဲက အရှေ့မှ နေ၍ ကမ္ဘာငယ်လေး၏ အတွင်းသို့ပျံဝင်သွားခဲ့သည်။

သူတို့နှစ်ဦးက ပင်မကျွန်းပျံ၏ နန်းတော်အရှေ့ရှိ ဉယျာဉ်ထဲ၌ ပေါ်လာခဲ့သည်။ အောင်းယွီရန်က လုံထန်ကို နားခိုရာနန်းဆောင်လေးထံသို့ ခေါ်ဆောင်သွားကာ ထိုင်စေလိုက်သည်။

သူမက သူမ၏ သို့လှောင်လက်စွပ်၏ အတွင်းမှ သေရည်အိုးတစ်အိုးကို ထုတ်ကာ ခွက်ထဲငဲ့၍ လုံထန်ကိုပေးလိုက်သည်။

လုံထန်လည်း အောင်းယွီရန်၏ ကမ်းပေးသော သေရည်ခွက်ကိုယူကာ တစ်ကျိုက်ထဲမော့သောက်လိုက်သည်။

ကုန်သွားသော သေရည်ခွက်ကို ~ အောင်းယွီရန်က ချက်ချင်းပင် ပြန်၍ ဖြည့်ပေးလိုက်သည်။ လုံထန်လည်း သေရည်ခွက်များကို ဆက်တိုက် ၊ ဆက်တိုက် သောက်ပစ်လိုက်သည်။စကားပြောရင်းသောက်နေသဖြင့် အချိန်ကိုပင်သတိမထားမိ ၊ သူတို့ပတ်ဝန်းကျင်ကို ကြည့်လိုက်ချိန်၌ ညအချိန်သို့ပင် ရောက်ရှိနေပြီဖြစ်သည်။

ဤအချိန်၌ လုံထန်လည်း အနည်းငယ်မှုးလာသလို့ခံစားရသည်။ သူ၏ စွမ်းအားများဖြင့် မမူးအောင်လုပ်၍ ရသော်လည်း ၊ တစ်ရံတစ်ခါတွင်တော့ မှုးနေသည့်က ကောင်းလေသည်။

ယောင်္ကျား ~ အနားယူရအောင်လေ ။ အောင်းယွီရန်က နီရဲနေသော မျက်နှာလေးဖြင့်ပြောလိုက်သည်။

အောင်းယွီရန်၏ ဤပုံစံက လုံထန်ကို စိတ်ဆန္ဒကို နိုးထလာစေသည်။

အွန်း ~ အနားယူကြစို့ ~ လုံထန်က ထိုင်နေရာမှ ထ၍ ပြောလိုက်သည်။

အောင်းယွီရန်ကလည်း လုံထန်၏ လက်ကိုဆွဲ၍ နန်းတော်၏ အိပ်ဆောင်သို့ခေါ်ဆောင်သွားလိုက်သည်။

အချိန်အနည်းငယ်အကြာလမ်းလျှောက်ပြီးနောက် သူတို့နှစ်ဦးက အိပ်ဆောင်သို့ရောက်သွားခဲ့သည်။အိပ်ဆောင်၏ အတွင်းသို့ရောက်ချိန်၌ လုံထန်က အောင်းယွီရန်ကို ဆွဲဖက်လိုက်ကာ သူမ၏ နှတ်ခမ်းဖူးဖူးလေးကို နမ်းလိုက်သည်။

အောင်းယွီရန်ကလည်း လုံထန်၏ အနမ်းကို ပြန်လည်ကာ တုန်ပြန်လိုက်သည်။

လုံထန်က နမ်းနေရင်းဖြင့် အောင်းယွီရန်၏ ဝတ်ရုံများကို တစ်လွှာခြင်းချွတ်လိုက်သည်။ သိပ်မကြာခင်မှာပင် အောင်းယွီရန်၏ ပြစ်မျိုးမထင် ခန္ဓာကိုယ်လေးက လုံထန်၏ အရှေ့၌ ထွက်ပေါ်လာခဲ့သည်။

သူမကရှက်ရွံနေမှုကြောင့်သူ၏ ကျောက်စိမ်းရောင်ကဲ့သို့အသားရည်လေးက အနီရောင်သမ်းနေ၏ ။ သူမ၏ အမှို့မောက်အကွေ့ကောက်များကိုလည်း သူ၏ လက်ဝါးလေးဖြင့်ကာထားသော ၊ သို့သော်လည်း ပစ္စည်းရှိ လူတန်းစားဖြစ်သည့်မှို့ ဘယ်လောက်ပင် ဖုံးကွယ်သည့်ဖြစ်စေ မဖုံးအုပ်နိုင်ချေ။

လုံထန်လည်း အောင်းယွီရန်၏ ခန္ဓာကိုယ်ကိုကြည့်ကာ သူ၏ စိတ်ဆန္ဒာများမှာ အလွန်ပင်တောက်လောင်လာခဲ့သည်။ သူ၏ အဝတ်စားများကို လျှင်မြန်စွာ ချွတ်ပစ်လိုက်၏။ သူ၏ အဝတ်စားများကို ချွတ်ပြီးနောက် ကြီးမားသော အိပ်ယာကုတင်ကြီးအထက်သို့ အောင်းယွီရန်ကို ချီ၍ တင်လိုက်၏ ။

အချိန်အနည်းငယ်အကြာ၌ ကမ္ဘာငယ်လေး၏ အိပ်ဆောင်တစ်ခုအတွင်းမှ ရမ္မက်ဆန်သောအသံ ၊ ပျော်ရွှင်သံ၊ ငြီးငြူသံများထွက်ပေါ်လာတော့သည်။

အိပ်ခန်းအတွင်းမှ ချစ်သူနှစ်ဦး၏ ပျော်ရွှင်သံများ လွင့်ပျံထွက်နေသည့်ပုံက ကောင်းကင်ယံထက်က လမင်းကြီးကိုပင် ရှက်ရွံသွားစေသကဲ့သို့ တိမ်များကြားဖုံးကွယ်ဝင်ရောက်သွားတော့သည်။

အိပ်ဆောင်၏ အတွင်းမှ ရမ္မက်ဆန်သော အသံများမှာ မိုးလင်းခါနီးအချိန်မှငြိမ်သက်သွးတော့သည်။

အပိုင်း ၁၆၈ မျော်

All Chapters