← Chapters

အခန်း (၁၆၈)

Vol. 12 Ch. 168

အခန်း (၁၆၈)

Vol. 12 Ch. 168

နောက်တစ်နေ့မနက်၌ လုံထန်က အိပ်ယာထက်မှ လန်းဆန်းတက်ကြွစွာနိုးလာခဲ့သည်။ ညကတစ်ညလုံး သူတို့ပျော်ပါးထားသော်လည်း ပင်ပန်းမှုကို မခံစားရချေ။

လုံထန်က သူ၏ ဘေး၌ အပြုံးယောင် ယောင်လေးနှင့် အိပ်စက်နေသော အောင်းယွီရန်ကိုကြည့်၍ သူက အိပ်ယာထက်မှ သူမနိုးသွားစေရန် ဖြေးညှင်းစွာထလိုက်သည်။

အိပ်ယာ၏ အောက်ဘက်မှ သူ၏အဝတ်စားများကိုကြည့်လိုက်သော်လည်း အဝတ်စားများအားလုံးမှ ညစ်ပတ်နေချေပြီ ။ ဤအတွက်ကြောင့် လုံထန်က သူ၏ သို့လှောင်လက်စွပ်အတွင်းမှ ၊ ရွှေရောင်ဝတ်စုံတစ်ခုကို ထုတ်ယူကာဝတ်ဆင်လိုက်သည်။

လုံထန်က အဝတ်စားများဝတ်ပြီးနောက် အိပ်ပျော်နေသော အောင်းယွီရန်၏ နဖူးလေးကို နမ်းလိုက်သည်။ ထိုအချိန်မှ အောင်းယွီရန်၏ မျက်လုံးများပွင့်လာခဲ့သည်။

ယောင်္ကျား ~ လေ့ကျင့်ဖို့သွားတော့မလို့လား ။ အောင်းယွီရန်က နိုးလာသည့်နှင့် လုံထန်ကိုမေးလိုက်သည်။

ဟုတ်တယ် ~ သွားလေ့ကျင့်တော့မလို့လေ ။ မိန်းမကဆက်ပြီးတော့အနားယူလိုက်ပါအုန်း ။ လုံထန်ပြုံးကာပြောလိုက်သည်။

ဒါဆိုရင် ~ ကိုယ်သွားတော့မယ် ။ လုံထန်က အိပ်ဆောင်ထံမှ ထွက်၍ ပင်မနန်းဆောင်၏ ကျင့်ကြံမှု ပြုလုပ်ရာအခန်းသို့သွားလိုက်သည်။

အောင်းယွီရန်လည်း လုံထန်၏ ထွက်ခွာသွားရာနောက်ကျောကိုယ်ကြည့်၍ သူမလည်း အိပ်ယာထက်မှ ထ၍ သူမ၏ အဝတ်စားများကို ပြန်လှည့်ဝတ်ဆင်ကာ လေ့ကျင့်ရန်ပြင်လိုက်သည်။

တစ်လခွဲ ၊ နှစ်လနီးပါးလောက် ရှားပါးတန်ဖိုးကြီး ဆေးများနှင့် ဝိညာဉ်ရေစင်တော်ကိုပါ အသုံးပြုခဲ့သော အောင်းယွီရန်မှာလည်း နတ်ဘုရားသားရဲဘုံ ပထမဆင့်၏ အလယ်လတ်အဆင့်မှ ပထမအဆင့်၏ ထွတ်ထိပ်သို့ရောက်ရှိလာခဲ့ကာ ၊ သူမက ဒုတိယအဆင့်သို့ရောက်ရန် နီးကပ်နေပြီဖြစ်သည်။

သူမ၏ ယောင်္ကျားကပင် ထိုမျှလောက်ကြိုးစားနေမှတော့ သူမလည်း ကြိုးစားကာကျင့်ကြံရမည်ဖြစ်သည်။ သူမကအခုချိန်မှာကျင့်ကြံမှု မြင့်မားနေသော်လည်း နောက်အချိန်၌ သူမယောင်္ကျားနောက်ကျသွားနိုင်သည်။ ဤအတွက်ကြောင့် သူမလည်း ကြိုးစားရမည်။

အောင်းယွီရန်က ပင်မကျွန်းပျံထံမှ သူ၏ ကိုယ်ပိုင်ကျွန်းပျံသို့ ပြန်သွားခဲ့ကာ ၊ ဒုတိယအဆင့်သို့ ရောက်သို့အထိ တံခါးပိတ်လေ့ကျင့်ရန်ပြင်ဆင်လိုက်သည်။

သူမ၏ အိမ်တော်သို့ပျံရောက်ချိန်၌ အောင်းယွီရန်က ကျန်နေသေး သော ဝိညာဉ်ရေစင်တော်ကို အသုံးပြုလိုက်ကာ ဆေးအာနိသင်များကို စုပ်ယူကာ ဒုတိယအဆင့်သို့ ချိုးဖြတ်ရန် ကျင့်ကြံတော့သည်။

∆∆∆

တစ်ဖက်၌ လုံထန်လည်း ကျင့်ကြံခြင်းခန်းမသို့ရောက်ချိန်၌ ခန်းမ၏ အလယ်သို့သွား၍ တင်ပျဉ်ခွေထိုင်ချလိုက်ကာ ဝိညာဉ်ရေစင်တော်ကိုအသုံးပြုလိုက်သည်။

ဝိညာဉ်ရေစင်တော်ကို အသုံးပြုပြီးနောက် လုံထန်က ကိုးရောင်ခြယ်ဒြပ်စင်နဂါးကျင့်စဉ်ကို လည့်ပတ်လိုက်၏ ။ ထိုသို့လည့်ပတ်လိုက်ချိန်၌ ဝိညာဉ်ရေစင်တော်၏ စွမ်းအားများက လုံထန်၏ ဝိညာဉ်ပင်လယ်၏ အထက်ရှိ ဒြပ်စင်အလင်းများထဲသို့ အလင်းစီး ကြောင်းများကဲ့သို့ တိုးကာဝင်ရောက်သွားကြသည်။

ဝိညာဉ်ရေစင်တော်၏ စွမ်းအားများကိုစုပ်ယူသန့်စင်ရင်းဖြင့် လုံထန်၏ အရှိန်ဝါက ပို၍ တိုးပွားလာခဲ့သည်။

ယခင်လများတွင့်တော့ သူက နည်းစနစ်များကို သာ ဦးစားပေးလေ့ကျင့်ခဲ့၍ ယခင်က စုပ်ယူထားသော ကောင်းကင်သစ်ပင် အဆီနှစ်များ၏ လက်ကျန်စွမ်းအင်များကို သန့်စင်နေရင်းဖြင့် သူ၏ အခြေခံကို ပို၍ ခိုင်မာစေရန်ပြုလုပ်နေခဲ့သည် ။ ဤအတွက်ကြောင့် ယခုလများ၌ လုံထန်တစ်ခါမှ ပင်စွမ်းအင်လေ့ကျင့်မှု မလုပ်ခဲ့ချေ။

ယခုအချိန်မှ ပထမဆုံး ဝိညာဉ်ရေစင်တော်ကို အသုံးပြု၍ ပြန်လည်စတင်ကာ ကျင့်ကြံခြင်းဖြစ်သည်။

ယခင်က ဆဠမအဆင့်၏ အလယ်လတ်၌ ဖိနှိပ့်ထားသော လုံထန်၏ ကျင့်ကြံမှုက ဝိညာဉ်ရေစင်တော်ကို စုပ်ယူလိုက်ချိန်၌ ချက်ပင်းပင် အဆင့်မြင့်အဆင့်သို့ ချိုးဖြတ်သွားခဲ့တော့သည်။

လုံထန်က အဆင့်ငယ်တစ်ဆင့်ချိုးဖြတ်ပြီးနောက် ဆက်လက် အဆင့်ကို မတက်စေရန် ဖိနှိပ့်လိုက်တော့၏ ။ သူက အဆင့်ကို အလျှင်စလို့မတက်သေးပဲ ဝိညာဉ်ရေစင်တော့၏ စွမ်းအားများဖြင့် သူ၏ အခြေခံကို ခိုင်မာအောင်ထပ်မံ၍ မွမ်းမံလိုက်ပြန်သည်။

တစ်နာရီနည်းပါးအကြာ၌ လုံထန်က မျက်လုံးမှိတ်ထိုင်နေရာမှ နိုးလာခဲ့သည်။ ဟူး~ သူ၏ ကိုယ်တွင်းမှ လေပူများကို မှုတ်ထုတ်လိုက်၏ ။

လုံထန်က သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို စစ်ဆေးကြည့်ပြီးနောက် တိုးပွားလာသော စွမ်းအားများကို ခံစားကြည့်နေခဲ့သည်။ အဆင့်ငယ်တစ်ဆင့်သာချိုးဖြတ်ကျော်သော်လည်း စွမ်းအားများကတော့ အလွန်ပင်တိုးပွားလာခဲ့သည်။

လုံထန်က သူ၏ တိုးပွားလာသော စွမ်းအားများကို ခံစားကြည့်ပြီးနောက် ထိုင်နေရာမှထ၍ ဒြပ်စင်ငါးခု နဂါးလက်ဝါးကို အသုံးပြုလိုက်သည်။

မီးတောက်လောင်နဂါးလက်ဝါး ။

ကျင့်ကြံမှုခန်းမထဲ၌ ဧရာမမီးနဂါးကြီးတစ်ကောင်က ထွက်ပေါ်လာခဲ့ကာ ခန်းမ၏ နရံများကို ထိမှန်သွားခဲ့သည်။ သို့သော်လည်း နရံများကို ထိမှန်ချိန်၌ ခန်းမနရံများက အလင်းတန်းများထွက်ပေါ်လာခဲ့ကာ နဂါးကြီး၏၏ ပုံရိပ်များကို ချေဖြတ်ပစ်လိုက်သည်။

လုံထန်က ဤတိုက်ခိုက်မှုမှ တစ်ဆင့် သူ၏ စွမ်းအားများက ၊ အရင်ထက် တစ်ဆခန့်တိုးပွားလာသည့်ကို တွေ့လိုက်ရသည်။

အခုတော့ ဒြပ်စင်ငါးနဂါလက်ဝါးကျင့်စဉ်ရဲ့တတိယအဆင့်ကို နဂါးစိမ်းလက်ဝါးကိုပဲ အာရုံစိုက်လေ့ကျင့်တာပေါ့ ။ လုံထန်က စွမ်းအင်ကျင့်ကြံမှုဆက်မလုပ်ပဲ နည်းစနစ်များကို သာဦးစား ပေးဆက်လက်လေ့ကျင့်ရန် ပြင်ဆင်လိုက်တော့သည်။

ကမ္ဘာငယ်လေး၏ အတွင်း၌ တဖန်ပြန်လည့်ကာငြိမ်သက်သွားခဲ့သည်။ လုံထန်ကလည်း ကျင့်ကြံမှု ခန်းမထဲမှ မထွက်ပဲ လေ့ကျင့်နေသလို့ အောင်းယွီရန်ကလည်း ဒုတိယအဆင့်သို့ ချိုးဖြတ်နိုင်ရန် လေ့ကျင့်နေခဲ့သည်။

ဤအတွက်ကြောင့်ကမ္ဘာငယ်လေး၏ အတွင်း၌ တိတ်ဆိတ်နေခဲ့တော့သည်။

∆∆∆

အခြားဖက်၌ ။

မိုးထိတောင်၏ ရှေးဦးမြို့တော်နှင့် မိုင်တစ်ထောင်အကွာ၌ ဝိညာဉ်စွမ်းအင်သုံးလှေပျံတစ်စီးက လျှင်မြန်သော အရှိန်ဖြင့်ပျံသန်းနေခဲ့သည်။

ဝိညာဉ်စွမ်းအင်သုံးလှေပျံ၏ ကုန်းပတ်ပေါ်၌ အပြာရောင်နှင့်အနက်ရောင်စပ် ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးရပ်နေ၏ ။ သူက အသက်ခြောက်ဆယ်နီးပါးလောက်ရှိ၏ ။ သို့သော်လည်း သူ၏ ဆံပင်များကတော့ နက်မှောင်နေစဲပင် ။

ဤသူကတော့အခြားမဟုတ် အဘိုးကြီးဖေးသာဖြစ်၏ ။ သူက ဝိညာဉ်ရေစင်တော်နှင့် အခြားသော်ရှားပါးတန်ဖိုးကြီး ဆေးများကို အသုံးပြုခဲ့ပြီးနောက် ပြန်လည်၍ သတိရလာခဲ့၏ ။

သူသတိရချိန်၌ ဝိညာဉ်ရေစင်တော် နှင့် အခြားရှားပါးတန်ဖိုးကြီးဆေးများ၏ အကျိုးအာနိသင်များက အဘိုးကြီးကို သားရဲဘုရင်ပထမအဆင့်မှ သားရဲဘုရင် ပဉ္စမအဆင့်၏ အလယ်လတ်သို့ တိုက်ရိုက်မြင့်တက်သွားစေခဲ့သည်။ ဝိညာဉ်ရေစင်တော်၏ စွမ်းအားဖြင့်ကုသခံရပြီးနောက် အဘိုးကြီးဖေး၏ ကျင့်ကြံမှုလမ်းကြောင်းက နောက်တစ်ကြိမ်မည်သည်ပိတ်ဆ်ို့မှု ပြသာနာမဖြစ်နိုင်တော့ချေ။

သူကပြန်၍ သက်သာလာချိန်၌ လုံထန်နှင့် တွေစုံရန် ချက်ချင်းပင် မိုးပြာနဂါးအင်ပါယာမှထွက်ခွာလာခြင်းပင်ဖြစ်သည်။

သူကလုံထန်၏ သတင်းများကိုကြား၍လည်း အလွန်ပင်ပျော်ရွှင်နေခဲ့သည်။ သူ၏ အရှေ့၌ အမြဲတမ်းလိုလို့ သန်မာသည့်ကဲ့သို့ ဟန်ဆောင်ခဲ့သော် ဤကောင်လေးမှာ သူ၏ မျက်စိအောက်၌ အမှန်ပင် ကြီးထွားသန်မာလာခဲ့ပြီဖြစ်သည်။

အဘိုးကြီးဖေးက ကုန်းပတ်ပေါ်၌ ရပ်နေရင်းဖြင့် သူ၏ အတိတ်မှ အချို့သောအကြောင်းရာများကို တွေးတောရင်းဖြင့် သူတို့၏ ဝိညာဉ်စွမ်းအင်သုံးလှေပျံက ရှေးဦးမြိုတော်၏ အရှေ့ဖက်ဂိတ်နှင့် တစ်မိုင်အကွာသို့ရောက်လာခဲ့ကြသည်။

ရပ်လိုက် ~မင်းတို့ရဲ့ အထောက်ထားကိုပြပါ ။

ဂိတ်၏ အတွင်းပိုင်းမှ အားကောင်းသောအော်ရာတစ်ခုထွက်ပေါ်လာကာ ဝိညာဉ်စွမ်းအင်သုံး လှေပျံ၏ အရှေ့ မီတာတစ်ရာအကွာ၌ ပေါ်လာကာပြောလိုက်သည်။ ၎င်းက အပြာရောင်ချပ်ဝတ်ကိုဝတ်ဆင်ထားက တစ်ကိုယ်လုံးက အေးစက်သော အငွေ့သတ်များဖြာထွက်နေ၏ ။

ဝိညာဉ်စွမ်းအင်သုံး လှေပျံက မိုးပြာနဂါးမျိုးနွယ်စု၏ အထောက်ထားရှိသော်လည်း သူ၏ တာဝန်ကတော့ စစ်ဆေးကြည့်ရအုန်းမည်ဖြစ်သည်။

အဘိုးကြီးဖေးက တစ်ဖက်မှ ထွက်လာသော ဂိတ်၌ စောင့်ကြပ်သော ခေါင်းဆောင်က သားရဲဧကရာဇ်အဆင့်ရှိသူမှန်းသိ၏ ။ ဤအတွက်ကြောင့်သူကလည်း မိုးပြာနဂါးမျိုးနွယ်စု၏ အထောက်ထား တံဆိပ်ကို ပြသလိုက်သည်။

အစောင့်ခေါင်းဆောင်က အဘိုးကြီးဖေးထံမှ အထောက်ထားကို သေချာကြည့်ပြီးနောက် သူတို့ကို ဝင်ခွင့်ပြုလိုက်သည်။

ဝင်ကြပါ ~ မြို့တော်ထဲမှာ ဝိညာဉ်စွမ်းအင်သုံး လှေပျံကို အသုံးပြုခွင့်မရှိဘူး ။ အစောင့်ခေါင်းဆောင်ကအဘိုးကြီးဖေး၏ အထောက်ထားတံဆိပ်ကို ပြန်ပေးလိုက်ရင်းဖြင့်ပြောလိုက်သည်။

အဘိုးကြီးဖေးလည်း အထောက်ထားတံဆိပ်ကိုပြန်သိမ်းလိုက်ရင်းဖြင့် ဝိညာဉ်စွမ်းအင်သုံးလှေပျံကိုလည်း သိမ်းလိုက်သည်။ သူကိုလိုက်ပို့သော မိုးပြာနဂါမျိုးနွယ်စုမှ စစ်သည်တစ်ရာလည်း ထွက်လာခိုင်းလိုက်သည်။ ဤစစ်သည်တစ်ရာကို ဦးဆောင်သော ခေါင်းဆောင်ကလည်း သားရဲဧကရာဇ်အဆင့်၌ ရှိသော စွမ်းအားကြီးသူတစ်ယောက်ဖြစ်သည်။

သူတို့အားလုံးကလည်း ဝိညာဉ်စွမ်းအင်သုံးလှေပျံကိုသိမ်းပြီးနောက် ကိုယ်တိုင်ပျံသန်းကာ မြို့တော်၏ အတွင်းသို့ဝင်ရောက်သွားတော့သည်။

မြို့တော်အတွင်း၌ အချို့သောနေရာများကနေရာလွတ်များရှိသော်လည်း မြင်ရသောမြင်ကွင်းများက အလွန်ပင်မင်သက်အံဩဖွယ်ရာပင်ဖြစ်နေစဲပင် ။

သူတို့အယောက်တစ်ရာတစ်ယောက်လုံးက မင်သက်အံဩနေပြီးနောက် အဘိုးကြီးဖေးက အရင်သတိဝင်လာခဲ့ကာပြောလိုက်သည်။

ငါတို့မိုးထိတောင်ကိုပဲ တိုက်ရိုက်သွားကြတာပေါ့ ။ အဘိုးကြီးဖေးက ပြောရင်းဖြင့် ရှေ့မှ ဦးတောင်ပျံသန်းသွားခဲ့သည်။

သူ၏ နောက်၌လည်း စစ်သည်တော်တစ်ရာကလည်း လိုက်ပါ၍ ပျံသန်းသွားခဲ့တော့သည်။

သူတို့အုပ်စုက တစ်နာရီနီးပါးလောက်ပျံသန်းသွားပြီးနောက် မိုးထိတောင်၏ အောက်ခြေသို့ရောက်သွားခဲ့သည်။

ရပ်လိုက်စမ်း ~ ။

နတ်ဘုရားတစ်ပါး၏ ဟိန်းဟော်သံအလား ကျယ်လှောင်သော ဟိန်းဟောက်သံက ထွက်ပေါ်လာခဲ့သည်။ ဤအသံကိုကြားလိုက်ရချိန်၌ အဘိုးကြီးဖေးနှင့် စစ်သည်တစ်ရာလုံးမှ ရုတ်ချည်းရပ်တန့်သွားခဲ့သည်။

၎င်းအသံက သူတို့ကိုယ် တိုက်ခိုက်ခြင်းမဟုတ်သော်လည်း အလွန်ပင်ကြောက်မက်ဖွယ်ရာကောင်းပေသည်။

၎င်းအော်ဟစ်လိုက်သံက သူတို့၏ စိတ်ဝိညာဉ်အတွင်းပိုင်းကပြင်းပြင်းထန် တုန်ခါသွားကာ ၊ သူတို့ခန္ဓာကိုယ်များပင်တုန်ခါနေကာ ချွေးများစီးကြလာတော့သည်။

အဘိုးကြီးဖေးတို့ အရှေ့လေဟာနယ်က အက်ကွဲသွားကာ ပုံရိပ်တစ်ခုထွက်လာခဲ့သည်။ ၎င်းက အညိုရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး သူ၏ ခန္ဓာကိုယ်ထက်၌ ကြောက်မက်ဖွယ်ရာအငွေ့သတ်များထွက်ပေါ်နေခဲ့သည်။

ရောက်လာသူက အခြားမဟုတ် ၊ တော်ဝင်ဗိုလ်ချုပ် ငါးယောက်အနက် ၊ မြေကမ္ဘာဗိုလ်ချုပ်သာဖြစ်သည်။

သူက အဘိုးကြီးဖေးနှင့်စစ်သည်တစ်ရာကို ကြည့်၍ မေးလိုက်သည်။

မင်းတို့ ဘယ်ကိုသွားမလို့လည်း ~ တောင်ပေါ်ကို တက်ချင်ရင် ခွင့်ပြုချက်လို့တယ် ။ မဟုတ်ရင် တက်လို့ ရမှာမဟုတ်ဘူး ။ မြေကမ္ဘာဗိုလ်ချုပ်က အဘိုးကြီးဖေးတို့ကိုယ်ကြည့်ကာပြောလိုက်သည်။

အဘိုးကြီးဖေးကလည်း သူတို့ကို ခွင့်ပြုချက်တောင်းနေမှန်းသိ၍ လုံထန်ပေးထားသော တံဆိပ်ပြားကို မြေကမ္ဘာဘုရင့်ထံသို့ပေးလိုက်သည်။ ဤသည့်က အဘိုးကြီးဖေးက ပြန်လည်ကောင်းမွန်သွားသည့်နှင့် သူစီသို့လာနိုင်မှန်းသိ၍ အရင်ထဲက အကြီးကဲအောင်းကျန်းဟန်တို့ ပြန်သွားစဉ်ကလုံထန်ပေးလိုက်ခြင်းပင် ဖြစ်သည်။

မြေကမ္ဘာဘုရင့်က တံဆိပ်ပြားကိုယူ၍ ကြည့်လိုက်ပြီးနောက် အဘိုးကြီးဖေးကိုလည်းကြည့်လိုက်သည်။

ဒါဆိုရင်သူတို့ကိုယ်အပြင်မှပဲနေခိုင်းလိုက်ပါ ။ ခင်ဗျားတစ်ယောက်ထဲ တက်သွားလိုက်ပါ ။ မြေကမ္ဘာဘုရင်၏ လေသံက ပျောပြောင်းသွားကာ အဘိုးကြီးဖေးအား တံတိပ်ပြားကို ပြန်ပေးကာပြောလိုက်သည်။

ဤတံတိပ်ပြားက သူတို့အရှင်မင်းကြီး၏ တံဆိပ်ပြားမှန်းသိ၍ မြေကမ္ဘာဘုရင်က အရင်လောက် အေးစက်စက် မဆက်ဆံတော့ချေ။

ကောင်းပါပြီ ~ အဘိုးကြီးဖေးက ခေါင်းညိတ်လိုက်ကာ သူ၏ နောက်မှ စစ်သည်တစ်ရာကို ကျန်ရစ်နေခဲ့ခိုင်းလိုက်ကာ သူတစ်ယောက် ထဲတောင်ပေါ်သို့ တက်သွားတော့သည်။

အပိုင်း၁၆၉ မျော်

All Chapters