Chapters

ခုနက မင်း ငါ့ကို မသန်စွမ်းဖြစ်အောင်လုပ်မိတော့မလို့

Vol. 41 Ch. 802

ခုနက မင်း ငါ့ကို မသန်စွမ်းဖြစ်အောင်လုပ်မိတော့မလို့

Vol. 41 Ch. 802

ယန်ယဲ့သည် သက်ပြင်းချကာ ရှည်လျားသောလက်ကိုဆန့်တန်းပြီး သူမ ကို ပွေ့ဖက်လိုက်သည်။ သူ ပေထင်းဟွမ်၏လည်ပင်းထဲသို့ မျက်နှာမြှုပ်တော့ မည်အပြုတွင် သူမ ရုန်းကန်လေသည် “လွှတ်ပါ လူကြီး လွှတ်”

“ဟွမ်အာ ခုနက မင်းငါ့ကို မသန်စွမ်းဖြစ်အောင်လုပ်မိတော့မလိုဖြစ်သွား တာသိလား၊ ငါသာ မသန်စွမ်းဖြစ်သွားရင် မင်း...” ယန်ယဲ့သည် သူမကို တင်းကြပ်စွာ ပွေ့ဖက်ထားသည်မှာ ပေထင်းဟွမ်သည် ဒေါသထွက်နေသည့် ကြောင်တစ်ကောင်လေးလိုပင်။ သူမသည် လှုပ်မရတော့သလို ပြန်လည်း မတိုက်ခိုက်နိုင်တော့ပေ။ သူမသည် ရုတ်တရက် ‌ယန်ယဲ့၏မျက်နှာကို ကုတ် လိုက်သည်။ ယန်ယဲ့သည် အကုတ်မခံပေ။ မဟုတ်လျှင် သူ အရှက်ရသွားလိမ့် မည်။

“ဟင်း ကျွန်တော့်ကို လျစ်လျူရှုချင်သေးတာလား၊ ကျွန်တော့်ကို မြင်ရ တာ အရမ်းစိတ်တိုတာမဟုတ်ဘူးလား၊ ကျွန်တော်ကရော ခင်ဗျားကို မြင်ချင် တယ်လို့ထင်နေတာလား၊ ခင်ဗျားရဲ့ သရဲလိုမျက်နှာကို ကျွန်တော်က ဘာလို့ မြင်ချင်ရမှာလဲ” ပေထင်းဟွမ်သည် သန်မာပြီး ခေါင်းမာသည်။ သူမသည် အသက်အန္တရာယ်နှင့်ကြုံလျှင်တောင် စိတ်ဓာတ်ကျမည်မဟုတ်ပေ။ သို့သော် ယန်ယဲ့သည် မျက်လုံးမှိတ်ပြီး သူမကို လျစ်လျူရှုသည်ကိုမြင်သောအခါ ရုတ်တရက် အသည်းကဲသလိုခံစားလာရသည်။

သို့သော် ယခုအချိန်တွင် သူမသည် ယန်ယဲ့၏အပြုအမူကို ဘာကြောင့် ဂရုစိုက်နေမိသည်ကို နားမလည်တော့ပေ။

“ငါ့အမှားပါ အကုန်ငါ့အမှားပါ ဟွမ်အာကို တောင်းပန်ပါတယ် ဟုတ်ပြီ လား” ယန်ယဲ့သည် အသက်ပြင်းပြင်းရှူလိုက်သည်။ ပေထင်းဟွမ်၏မျက်လုံး များ အရည်လဲ့လာသည်။ ထိုအရာကိုကြည့်ပြီး သူ၏နှလုံးမှာနာကျင်ပြီး အပ် များဖြင့် ထိုးစိုက်နေသည့်အလားခံစားရလေသည်။ သူသည် ပေထင်းဟွမ်၏ လက်များကိုချုပ်ပြီး ခေါင်းငုံ့ပြီး ပေထင်းဟွမ်၏နှုတ်ခမ်းအား အနမ်းပေးလေ သည်။

သူသည် ပေထင်းဟွမ်အား ဖက်လျက်နှင့် သူ၏မျက်နှာကို သူမ၏ မျက်နှာပေါ်သို့ ကျေနပ်စွာထပ်ထားသည်။ သူသည် သူမ၏မျက်နှာကို ဂရုတစိုက်နှင့် ပွတ်သပ်ပေးလိုက်သည် “စိတ်ဆိုးနေတုန်းပဲလား ငါ့ကိုမစားချင် ဘူးလား၊ နောက်တစ်ကိုက်ကိုက်ချင်သေးလား”

“ဘယ်သူက မကြိုက်ဘူးလို့ ပြောလို့လဲ” ယန်ယဲ့သူမကို ပထမဆုံးအကြိမ် နမ်းဖို့ကြိုးစားစဉ်က သူမကသာ လက်ဦးမှုအရယူပြီး နမ်းခဲ့သည်ကို တွေးမိ လျှင် ပေထင်းဟွမ်သည် ရှက်လာသည်။ “ကျွန်တော်က သိချင်ရုံပါပဲ၊ တစ်ယောက်နဲ့တစ်ယောက်ကိုက်တဲ့သူကိုတွေ့ဖူးတော့ အရသာမြည်းဖူးချင်ရုံ ပဲ”

“ဟွမ်အာ စမ်းကြည့်လိုက်တော့ ဘယ်လိုနေလဲ” ယန်ယဲ့ ပျော်သွား၏။ သူသည် ပေထင်းဟွမ်အား ရင်ခွင်ထဲထည့်ထားရာ နှလုံးသားတစ်ခုလုံး ပြည့်နှက်သွားသလို ခံစားရလေသည်။ ဤအခိုက်အတန့်အတွင် နှစ် တစ်သောင်းကြာအောင် မည်မျှစောင့်ခဲ့ရသနည်း။ သူ့ဘေးမှာ မည်သူ့ကိုမှ မရှိ စေချင်၍မဟုတ်ပေ။ မိန်းကလေးများ မည်မျှပင်လှပပြီး ဆွဲဆောင်မှုရှိစေကာမူ သူ့ကို အလေးအနက်ဖြစ်စေသည့်လူမရှိပေ။ စကြာဝဠာတစ်ခုလုံးတွင် သူမ တစ်ယောက်သာ သူနှင့်ယှဉ်နိုင်သည်။

သူမတစ်ယောက်သာ သူ့ကို ထိုအရာများလုပ်ရန် လှုံ့ဆော်နိုင်သည်။

“ဟင်း ဒီလိုပါပဲ” ပေထင်းဟွမ်သည် ဂုဏ်ယူစွာဖြင့် ပြောလေသည်။ သူမ သည် ယန်ယဲ့အား မျက်စောင်းထိုးကာ သူမ၏အကြည့်များသည် သူ့နှုတ်ခမ်း အပေါ်ကျရောက်သွားသည်။ “ကျွန်တော်က အဲလိုမျိုး အရှက်အကြောက်မရှိတဲ့ မိန်းကလေးလို့ထင်နေတာလား၊ ခင်ဗျားချော့လိုက်တာနဲ့ စိတ်ဆိုးပြေသွားမယ် လို့ထင်နေတာလား”

ယန်ယဲ့၏မျက်နှာအမူအရာသည် အနည်းငယ်ပြောင်းလဲသွားသည်။ သူ့ နှုတ်ခမ်းထောင့်ကွေးတက်သွားပြီး စိတ်မအေးစွာဖြင့် ပြောလေသည် “ဟွမ်အာ”