← Chapters

သူနဲ့ညီအစ်ကိုပဲဖြစ်ချင်တာလား

Vol. 41 Ch. 803

သူနဲ့ညီအစ်ကိုပဲဖြစ်ချင်တာလား

Vol. 41 Ch. 803

ယန်ယဲ့၏လက်သည် အားပျော့စွာကျသွားသည်။ သို့သော် သူသည် ပေထင်းဟွမ်၏လက်ကို တင်းကြပ်စွာဆုပ်ကိုင်ထားသည်။ သူသည် အရာ အားလုံးကို အဆုံးရှုံးခံပြီး တစ်ကမ္ဘာလုံးနှင့်ရန်သူဖြစ်နိုင်သည်။ သို့သော် သူ့ရှေ့ မှ မိန်းကလေးမရှိဘဲမနေနိုင်ပေ။ သူမသည် သူ၏ဇနီးဟောင်းဖြစ်ကာ သူ နှစ်ပေါင်းတစ်သောင်းကြာအောင် ရှာခဲ့သူဖြစ်သည်။

“ဒါငါ့အမှားပါပဲ၊ မင်းရဲ့မှော်သားရဲကို ကူညီတဲ့ကိစ္စမှာ ငါ မင်းကိုမတား သင့်ဘူး” ယန်ယဲ့သည် ဖြည်းဖြည်းချင်းလက်ဆန့်တန်းပြီး သူမကို ပွေ့ဖက် လိုက်သည် “နောက်ဆိုရင် မင်းလုပ်မယ့်ဟာကို ဘာကိုမှမငြင်းဆန်တော့ပါဘူး၊ မင်းကို ထောက်ပံ့ပေးမယ် စိတ်မဆိုးနဲ့တော့နော် ဟုတ်ပြီလား”

စိတ်မဆိုးနဲ့တော့နော် ဟုတ်ပြီလား။ ပေထင်းဟွမ်သည် ထိုနေရာတွင် ငေးကြောင်စွာရပ်နေသည်။ သူမ၏ခံစားချက်များသည် လှုပ်ခတ်နေသည်။ သူမ၏ခံစားချက်များသည် အလွန်နက်ရှိုင်းသည်။ ထိုခံစားချက်များသည် သူမ မကိုင်တွယ်နိုင်လောက်အောင်ပင် သန်မာလွန်းသည်။

ရုတ်တရက်ပင် ပေထင်းဟွမ်သည် ရင်ထဲမှမကြုံစဖူး အကြောက်တရား ကို ခံစားမိလေသည်။ သူမသည် အနည်းဆုံးတော့ လက်ရှိအချိန်တွင် သူနှင့် မနေနိုင်တော့ပေ။ သူမ အနည်းငယ် ရှုပ်ထွေးသွားသည်။ သူမ၏ အရင်ဘဝနှင့် ယခုဘဝတွင် သူမသည် မစတင်ခင်တွင် အရာအားလုံးကို တွက်ချက်ခဲ့သည်။ သို့သော် ဤကိစ္စသည် ရုတ်တရက်ဖြစ်လွန်းရာ သူမ သတိပင်လွတ်သွားခဲ့ သည်။

သူမသည် ယန်ယဲ့အား လေဟာနယ်ထဲမှ တွန်းထုတ်လိုက်သည်။ လေဟာနယ်ထဲတွင် သူမ တစ်ယောက်တည်းကျန်ခဲ့သည်။ သူမသည် လေဟာ နယ်ဝင်ပေါက်တွင် ရပ်နေလေသည်။ နေရာတစ်ခုလုံးသည် သူ၏အလိုဆန္ဒ အောက်တွင် ပိတ်မိနေခဲ့သည်။ သူမသည် အပြင်ဘက်မှ ယန်ယဲ့၏အော်သံကို ပင် မကြားတော့ပေ။ လေဟာနယ်ထဲတွင် သူမ ရပ်နေတုန်းပင်။ လေဟာနယ် ထဲမှ လေသည် တိုက်ခတ်လာကာ အကြောင်းအရင်းမရှိ အနည်းငယ် အေးလာ သည်။ သူမသည် လက်များကို တင်းကြပ်စွာပိုက်လိုက်သည်။

သူမ ယန်ယဲ့ကို အနမ်းပေးသည့် ပထမဆုံးအကြိမ်ဆိုပါက ထိုခံစားချက် ကို သိချင်မိမည်မှာ အမှန်ပင်။ ထို့အပြင် သူမ၏ အရင်ဘဝတွင် သူမ၌ ညီအစ်ကိုများသာရှိခဲ့ကာ ယောက်ျားဟူ၍မရှိခဲ့ပေ။ သူ ဖက်ခြင်းကိုခံရသည့် ခံစားချက်သည် ဝတ္ထုတစ်ပုဒ်လိုပင်။

ထိုအခါ ထို့နောက် မည်သို့ဖြစ်မည်နည်း။ သူမသည် ယန်ယဲ့အား အခွင့် ကောင်းယူသလို ဆက်ဆံခဲ့သည်။

သို့သော် ယနေ့သည် မည်သို့ဖြစ်နေသနည်း။ ယနေ့ သူသည် သူမအား ထပ်မံအနမ်းပေးခဲ့သည်။ သူသည် သူမအတွက် အလွန်ကောင်းလွန်းသည်။ သို့သော် သူသည် သူမအပေါ်တွင် ဤကဲ့သို့အရာမျိုးလုပ်နိုင်သည်ဟု မဆိုလို ပေ။

သူတို့ပထမဆုံးအကြိမ်တွေ့ဆုံစဉ်က သူမသည် အမှိုက်တစ်စသာဖြစ်ခဲ့ သည်။ သူမ ဤကမ္ဘာတွင် ပြန်မွေးဖွားလာချိန်တွင် လော့ပေမြို့မှ ထိုလူဆိုးများ ၏လုပ်ရပ်ကြောင့် သူမ လက်ကောက်ဝတ်ပြတ်လုနီးပါးဖြစ်သွားခဲ့သည်။ သူသည် သူမ၏ဒဏ်ရာကိုကုသရန် ချုံချီအား ဆေးပုလင်းများပို့ပေးခဲ့သည်။ နောက်ပိုင်းတွင် ညအရှင်သခင်သည် ကိုးရောင်နဂါးဇာမဏီဥအတွက် တာဝန် ပေးခဲ့သည်။ သူသည် သူမကို ခေါ်သွားပြီး ထောက်ပံ့ပေးကာ အားလုံး၏ လေးစားမှုကို ယူဆောင်ပေးခြ့သည်။ နောက်ပိုင်းတွင် ကိုးရောင်နိဗ္ဗာန်မီးထဲ၌ သူသည် သူမကိုထားမသွားခဲ့ကာ သူသေသွားလျှင်တောင် သူမကို လက်မလွှတ် ခဲ့ပေ။

နှင်းဖြူမှ ညကွက်မျက်အထိ၊ ဝိညာဉ်ရှင်သန်ဆေးမှ ကျောက်စိမ်းဝိညာဉ် ဆေးအထိ တိုက်ကြီးပေါ်ရှိဈေးကွက်တွင် ထိုပစ္စည်းများကို ရောင်းချခြင်းမရှိ ပေ။ သူသည် သူမအား နတ်လက်နက်များနှင့် နတ်အဆင့်ဆေးများပေးရာတွင် ရက်ရောခဲ့သည်မှာ အဖွဲ့အစည်းတစ်ခုကို အမြင့်သို့ရောက်သည်အထိဖြစ်စေခဲ့ သည်။

မည်သူကမှ သူမကို ဤမျှကောင်းကောင်းမဆက်ဆံပေးခဲ့ပေ။

ပေထင်းဟွမ်သည် မြေပေါ်တွင် ဖြည်းဖြည်းချင်း ဆောင့်ကြောင့်ထိုင် လိုက်သည်။ သူမ၏အရင်ဘဝမှ ဤဘဝထိ ညီအစ်ကိုများနှင့်သာ ပေါင်းလာခဲ့ ကာ တိုက်ပွဲတွင် အပေါင်းအပါများနှင့် သေအတူရှင်အတူနေခဲ့ပြီး ရဲဘော်ရဲဘက်နှင့် တိုက်ခိုက်ခဲ့သည်။ သို့သော် သူမသည် တစ်စုံတစ်ယောက်၏ အချစ်ကို မည်သို့လက်ခံရမည်ကို သင်ကြားဖူးခြင်းမရှိသလို မည်သို့ချစ်ရမည် ကိုလည်းမသိပေ။

ဤသည် သူမကြောက်ရွံ့နေရသည့် အကြောင်းအရင်းပင်။

“သူက တကယ်လူကောင်းပါ၊ စုံတွဲတွေက နောက်ဆုံးကျရင် ကွဲတာပဲလို့ ကြားဖူးတယ် ဒါပေမဲ့ ညီအစ်ကိုဖြစ်ရတာပိုကောင်းတယ်၊ ဒီလိုဆက်ဆံရေးက တစ်သက်တာမြဲတယ်၊ သူနဲ့ ညီအစ်ကိုပဲလုပ်ရမလား”

သူမ မည်သို့လုပ်ရမည်နည်း။ ဘာလုပ်ရမည်နည်း။ နောက်ဆိုလျှင် သူမ ကို အလွယ်တကူမနမ်းရန် သူမ ယန်ယဲ့အားပြောရမည်။ သူမကို နမ်းရသည်ကို စွဲလမ်းသွားလျှင် မည်သို့လုပ်မည်နည်း။

ပေထင်းဟွမ်သည် သူမ၏နှုတ်ခမ်းများကို ထိလိုက်သည်။ ဤအခိုက်အတန့်တွင် နွေးထွေးမှုနှင့် ထူးခြားသောခံစားချက်သည် သူမ၏ ရင်ထဲတွင် လှိုက်တက်လာသည်။ သူမသည် ထိုအရသာကို သတိရနေတော့ မည်။ တခြားသူသာ သူမကို ထိုကဲ့သို့ပြုမူလာပါက မည်သို့ဖြစ်မည်ကို သူမ သိချင်သည်။ သူမ နှစ်ခြိုက်ပါဦးမလား။

All Chapters