ကြောက်တာနဲ့ထွက်ပြေးလို့မရဘူးလေ
Vol. 41 Ch. 804
သူမ၏ရင်ထဲတွင် အေးစိမ့်မှုတစ်ခုဖြတ်ပြေးသွားကာ ရင်ခုန်နေသည့် ခံစားချက်မှာ ပျောက်ကွယ်သွားလေသည်။ သူမခန္ဓာကိုယ်မှ အမွှေးအမျှင်များ အားလုံး အဆုံးထိ ထောင်သွားသည်။ သူမသည် ခေါင်းကို ခပ်ကြမ်းကြမ်း ခါယမ်းလိုက်သည်။ ထိုလူသည် ညအရှင်သခင်ဖြစ်သည်။
“သူက ငါ့အပေါ်ကောင်းကောင်းဆက်ဆံပေးတယ် ဒါပေမဲ့ ငါ လက်ခံနိုင် တဲ့ကြင်နာမှုမျိုးမဟုတ်ဘး၊ ငါ့ကို ဒီလိုဖြစ်အောင် သူဖြစ်နေလို့လား” ပေထင်း ဟွမ်သည် စိတ်ထဲမှပြောမိသည် “တစ်ခါတလေ သူ ငါ့ကိုကြည့်တဲ့အချိန်ကျ ငါ့ မျက်လုံးထဲကနေ ဝိညာဉ်ထဲထိရောက်အောင်ကြည့်တယ်၊ သူက ငါ့ဝိညာဉ်န့ ရင်းနှီးနေပြီးတော့ ငါ့ခန္ဓာကိုယ်၊ သရုပ်မှန်နဲ့ ခွန်အားမဟုတ်တာကို သူ သိနေ တာလား”
ဝိညာဉ်သည် အကျည်းတန်ခြင်း၊ အလှတရားများနှင့်မဆိုင်ပေ။ ယန်ယဲ့ ကဲ့သို့ အေးစက်ပြီး ရက်စက်တတ်သည့်လူမျိုးသည် သူမကိုတွေ့သည့် ပထမဆုံးအကြိမ်၌ပင် ချုံချီအား ကုသရန်ဆေးပေးခိုင်းခဲ့သည်။ သူမသည် တစ်ဆင့်ချင်းကာကွယ်ပြီး၊ ထိုမိန်းကလေး၏သရုပ်မှန်ကိုမြင်ပြီးမှ သိခဲ့ရသည်။
“မဟုတ်ဘူး ငါ့စိတ်ထဲမှာ တွေးထားပြီးသားလေ၊ ငါ့ကိုယ်ငါအခွင့်အရေး ပေးပြီးတော့ သူ့ကိုလည်းအခွင့်အရေးပေးချင်တယ်၊ နောက်ဆိုရင် တစ်ယောက် နဲ့တစ်ယောက် မပတ်သက်အောင်နေလိုက်ရင် ဒီလောက်ရှုပ်ထွေးနေဖို့မှ မလို တော့တာ” ပေထင်းဟွမ်သည် အသက်ပြင်းပြင်းရှူကာ ခြံဝင်းထဲရှိ နှင်းချယ်ရီ ပင်ဆီသို့ တစ်လှမ်းချင်းလှမ်းကာ ယန်ယဲ့လှဲခဲ့သည့် ဆိုဖာပေါ်သို့ ပစ်လှဲလိုက် သည်။ “အရေးအကြီးဆုံးက စွန့်ပစ်ခံထားရလို့မဖြစ်ဘူး အားနည်းတဲ့သူ အဖြစ် မခံနိုင်ဘူး အကြောက်တရားကြောင့် ထွက်ပြေးလို့မရဘူး”
ယန်ယဲ့သည် လေဟာနယ်ထဲမှ တွန့်ပို့ခံရပြီးနောက် သူ၏အခန်းထဲသို့ ရောက်သွားသည်။ သူသည် လှည့်ပတ်ကြည့်ပြီးနောက် စိတ်ပျက်လက်ပျက် ခံစားရလေသည်။ ထိုစဉ်က သူ ထိုလက်ပတ်ကိုသန့်စင်စဉ်က ပေထင်းဟွမ်၏ လုံခြုံမှုအတွက် တခြားသူများလက်ထဲသို့ ရောက်သွားလျှင် နောက်ဆက်တွဲ ဖြစ်နိုင်ခြေများကိုစဉ်းစားခဲ့သည်။ လက်ပတ်ပိုင်ရှင်ရှိနေသရွေ့ တခြားသူများ အခွင့်ကောင်းယူ၍ သုံးရန်မဖြစ်နိုင်ပေ။ ရလဒအနေနှင့် သူကိုယ်တိုင်ပင် လေဟာနယ်ထဲသို့ ဝင်မရတော့ပေ။
ပြတင်းပေါက်ဘေးရှိ ဆိုဖာ်ပေါ်ထိုင်ချပြီး ယန်ယဲ့သည် ခြံဝင်းထဲသို့ အမိန့်ပေးလိုက်သည် “ချုံချီ ရှောင်ကျို့သန့်စင်ထားတဲ့ ဆေးယူပြီး ရှီမန်ဆုန်း ကိုပို့ပေးပြီးတော့ ညအရှင်ရဲ့အမိန့်လို့ပြောပြီး စစ်သူကြီးပေ့ရဲ့လူတွေကို ရှီမန်ဆုန်းကိုခေါ်သွားပြီး မင်းသမီးကျင်းနဲ့တွေ့ခွင့်ပေးဖို့ ပြောလိုက်၊ ကုသတဲ့ လုပ်ငန်းစဉ်ကအရမ်းနာမယ်၊ မင်းသမီးကျင်းခံနိုင်ရည်ပေါ်မှာ မူတည်မယ်လို့ ရှီမန်ဆုန်းကို ပြောလိုက်”
ချုံချီသည် နားထောင်ပြီးနောက် တလေးတစားနှင့် 'ဟုတ်ကဲ့' လိုက်ကာ ထွက်သွားလေသည်။
သူသည် တခြားဘာတစ်ခွန်းမှမပြောရဲပေ။ တကယ်တော့ ယန်ယဲ့သည် ခံစားချက်မကောင်းပေ။ သူ့အသံသည် ပေါ့ပါးပြီး တိုးညင်းကာ ဒေါသကို များစွာဖိနှိပ်ထားခဲ့သည်။ ဟူး သခင်လေး ၉ သူ့ကို ဒေါသထပ်ထွက်ရင် ဘယ်လို လုပ်ရမလဲမသိတော့ဘူး။
ယန်ယဲ့သည် ပြတင်းပေါက်ရှေ့တွင်ထိုင်ပြီး လက်ဖက်ရည်ထဲ လက်ချောင်းနှစ်ကာ စားပွဲပေါ်တွင် 'ဟွမ်' ဆိုသည့်စာလုံးကို ထပ်ခါထပ်ခါ ရေးနေမိသည်။
အချိန်မည်မျှကြာသွားသည်မသိ အခန်းထဲတွင် စွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်လာသည်။ ပေထင်းဟွမ်သည် လေဟာနယ်ထဲမှထွက်လသည်။ သို့သော် သူမသည် အခန်းထဲတွင် မရပ်နိုင်တော့ပေ။ သူမသည် ယန်ယဲ့အား မြင်သောအခါ ထိတ်လန့်သွားသည်။ ထင်ရှားစွာပင် သူမသည် စဉ်းစားစရာကိစ္စ များရှိနေသဖြင့် ဤအချိန်တွင် ယန်ယဲ့၏အခန်းထဲရှိ လေဟာနယ်ထဲဝင်သွားမိ သည်ကိုပင် မေ့လျော့နေခဲ့၏။
“ဟွမ်အာ”
ယန်ယဲ့သည် ရုတ်ခြည်းထရပ်ကာ ပေထင်းဟွမ်ကိုမြည်သည်နှင့် လွင့်နေ သောစိတ်များ ငြိမ်ကျသွားသည်။ သူမသည်လည်း အနည်းငယ် စိတ်မအေး သလိုခံစားရလေသည်။ ပေထင်းဟွမ် ကြည့်လိုက်ရာ စားပွဲပေါ်တွင် သူရေးခဲ့ သည့်စာလုံးကိုမြင်လိုက်ရသည်။ သူ အကြိမ်မည်မျှရေးသည်ကို မသိသော် လည်း စားပွဲပေါ်တွင် အမှတ်အသားရှိနေသည်မှာ သူမ၏နာမည်ဖြစ်သည်။
ပေထင်းဟွမ်၏ မျက်နှာသည် ခေတ္တမျှပူထူသွားသည်။ သူမသည် စိတ်ပြင်ဆင်လာခဲ့သော်လည်း ရင်ခုန်နေဆဲဖြစ်ရာ အလျင်အမြန်ပင် ပြောလိုက် သည် “အာ.. အင်း ခင်ဗျားအလုပ်များနေမှတော့ ကျွန်တော်လည်း လုပ်စရာရှိ သေးလို့ အရင်သွားနှင့်မယ်”
စကားပြောပြီးနောက် သူမ လစ်ထွက်သည်။ သူမသည် မြန်ဆန်သည်။ သို့သော် ယန်ယဲ့က ပိုမြန်သည်။
ယန်ယဲ့သည် အဆိပ်ပြင်းသည်ဟုဆိုကြသည်။ သူထွက်လာသည်နှင့် အတွေးများပျောက်ဆုံးကာ ဤလူအားဘာမှမလုပ်နိုင်သဖြင့် မျက်ရည်များကျ လာခဲ့သည်။
ငါမလွှတ်လိုက်ရင် သူငယ်ချင်းတွေက ဓားတွေပို့တော့မှာပဲ။ ဒါက ဝဋ်လည်တာပဲလား။