ယန်ယဲ့က အဲဒါကိုစက်ဆုပ်တယ်
Vol. 41 Ch. 805
ယန်ယဲ့သည် သူမခေါင်းပေါ်မှ ဖဲပြားကိုဆုပ်ကိုင်ပြီး အသာဆွဲဖြုတ်လိုက် ရာ ပေထင်းဟွမ်၏ မှင်ရောင်ရှည်လျားသောဆံပင်များ လျှောကျလာသည်။ သူသည် သူမလက်ကောက်ဝတ်မှ လက်ပတ်ကို ဆုပ်ပြီးအသာလှည့်လိုက်သည် နှင့် ဖုံးကွယ်ထားသည့် လုပ်ဆောင်ချက်ပြောင်းသွားကာ သူ့ရှေ့မှ ကောင်လေး သည် လုံးဝပြောင်းလဲသွားလေသည်။ မိန်းကလေးတစ်ယောက်၏ ရနံ့ခပ်ဖျော့ ဖျော့သည် ယန်ယဲ့၏နှာခေါင်းအတွင်းတိုးဝင်လာကာ သူ၏မျက်လုံးများသည် ပေထင်းဟွမ်၏မျက်နှာပေါ်သို့ ကျရောက်ကာ သူ့မျက်လုံးထဲမှ အထီးကျန် သော မျက်နှာအမူအရာသည် သိုဝှက်ခြင်းမရှိတော့ဘဲ တောက်လောင်သည့် မီးတောက်အရိပ်အယောင်ရှိလေသည်။ “ဟွမ်အာ မင်း မလွတ်နိုင်ပါဘူး၊ ဟုတ်တယ် မင်းလည်း ငါ့အပေါ် ခံစားချက်ရှိတယ်မလား”
ပေထင်းဟွမ်သည် သူ့မျက်နှာကိုမကြည့်ရဲဘဲ မျက်လွှာချထားသည်။
“မင်းကို အခွင့်အရေးတစ်ခါပေးပြီးပြီ၊ မင်း ငါ့ကို မကြိုက်တာတို့ မုန်းတာ တို့ဆိုရင် ငါက မင်းကို... အတင်းဖိအားမပေးဘူး၊ မင်းပျော်ရင် လုံခြုံမှာပါ” ယန်ယဲ့၏လက်သည် ရုတ်တရက် တင်းကြပ်လာသည် “ဒါပေမဲ့ ငါ အဲဒါကို မကြိုက်ဘူး၊ မင်း မဟာမိတ်မြို့မှာ တိုက်ကြီးတစ်ခုလုံးရှေ့မှာ ငါ့ကို မျက်နှာ မပေးတုန်းက ငါ ဆုံးဖြတ်ချက်ချလိုက်တယ်၊ ဟွမ်အာ ငါ မင်းကို လုံးဝလက် မလွှတ်ဘူး၊ မင်းက ထက်တယ် ငါမင်းကို ထိခိုက်အောင်မလုပ်ဘူးဆိုတာ မင်း မှန်းမိပြီးသားပဲ၊ မင်း မှားရင်တောင် မင်းသာငါ့ကြင်နာမှုကိုလက်ခံရင် ငါ့ဆီက ထွက်ပြေးဖို့ ဘယ်တော့မှစဉ်းစားမှာမဟုတ်ဘူး”
“ယန်ယဲ့” ပေထင်းဟွမ်သည် မျက်လုံးပင့်ကာ သူ့မျက်နှာကို စိုက်ကြည့် လေသည်။ သူသည် တခြားသူများနှင့် အနည်းငယ်ကွာခြားသည်။ သူသည် သူမ၏မျက်လုံးများမှတစ်ဆင့် သူမ၏ဝိညာဉ်ကို မြင်နေရသည်။ “ရှင့် မျက်လုံးထဲမှာ ကျွန်မက ဘယ်သူလဲ.. ဘယ်သူလဲ”
ယန်ယဲ့သည် ခေတ္တမျှမှင်တက်သွားသည်။ ထိုအချိန်တွင် သူ့နှုတ်ခမ်း ထောင့်သည် ဖြည်းဖြည်းချင်းကွေးတက်သွားကာ မျက်လုံးထဲမှ စိတ်ပျက်မှု သည် နည်းနည်းစီပျောက်ကွယ်သွားပြီး လတ်ဆတ်နေသော ခရမ်းရောင် မျက်အိမ်သည် လှပသောမြစ်နှင့်တောင်တို့ပင် ရောင်ပြန်ဟပ်နေသလိုပင် “ငါ့မျက်လုံးထဲမှာ မင်းတစ်ယောက်ပဲရှိတယ်၊ မင်း ဘယ်သူပဲဖြစ်ဖြစ် လှသည် ဖြစ်စေ ရုပ်ဆိုးသည်ဖြစ်စေ၊ လူသားပဲဖြစ်စေ မကောင်းဆိုးဝါးပဲဖြစ်စေ မင်း တစ်ယောက်ပဲ”
သူသည် သူ၏နှလုံးသားတစ်ခုကဲ့သို့၊ အဖိုးမဖြတ်နိုင်သော ရတနာတစ်ပါး ကို ပွေ့ဖက်ထားသကဲ့သို့ သူမကို ရင်ခွင်ထဲမြုပ်အောင်ဖက်ထားပြီး သက်ပြင်း ချလိုက်သည် “လွန်ခဲ့တဲ့နှစ်တစ်သောင်းတုန်းက မင်းက ငါ့ဇနီးဖြစ်ခဲ့တာ”
ဇနီးဟုတ်လား။
ထိုစကားလုံးသည် ပေထင်းဟွမ်ကို ထိတ်လန့်သွားစေသည်။ သူမသည် အစောကရှိခဲ့သည့် အားရကျေနပ်မှုများ ပျောက်ဆုံးသွားကာ ယန်ယဲ့၏ ရင်ခွင် ထဲမှနောက်သို့ ခြေလှမ်းအနည်းငယ်ခုန်ထွက်ကာ ခေါင်းခါပြီးပြောလေသည် “ယန်ယဲ့ ရှင် မမှားဘူးဆိုတာသေချာလား”
နှစ်တစ်သောင်းဟုတ်လား။ လူတစ်ယောက်အတွက် အသက်ပေါင်း ဘယ်လောက်တောင် ပြန်ဝင်စားရမှာလဲ။ ကြောက်ဖို့ကောင်းလိုက်တာ။ ပြီးတော့ လွန်ခဲ့တဲ့နှစ်တစ်သောင်းက ယန်ယဲ့အပေါ်မှာ တင်ခဲ့တဲ့အကြွေးကို ဒီဘဝမှာ လာဆပ်စေချင်တာလို့တော့ မပြောလိုက်နဲ့နော်။
သူမသာ သူ၏ဇနီးဖြစ်ခဲ့လျှင်တောင် ဘာကိုမှမမှတ်မိဘဲ သူမနှင့် ပြန်ဆက်သွယ်ရန် ထိုအကြောင်းပြချက်ကို မသုံးသင့်ပေ။
“ဟား ဟား” ယန်ယဲ့သည် စိတ်ဆိုးမာန်ဆိုးနှင့် ရယ်မောလေသည်။ သူ၏ ရှည်လျားပြီး ကျဉ်းမြောင်းသည့် မျက်လုံးများသည် အနည်းငယ်ကျဉ်းမြောင်း သွားကာ မျက်နှာအမူအရာသည် အလွန်ပင် အန္တရာယ်များလှသည် “ငါ ယန်ယဲ့က ကိုယ့်မိန်းမကိုယ် မှားရလောက်အောင် မတုံးပါဘူး”
“ရှင် အမှားကိုဝန်ခံသည်ဖြစ်စေ မဝန်ခံသည်ဖြစ်စေ ဂရုမစိုက်ဘူး” ပေထင်းဟွမ် ပြောလေသည် “ကျွန်မက ရှင့်အပေါ်ကို ခံစားချက်ရှိတယ်လို့ ခုနက ပြောခဲ့တယ်နော်၊ ကျွန်မဝန်ခံပါတယ် ကျွန်မ ပေထင်းဟွမ်က မဆင်မခြင်လုပ်တတ်တဲ့သူမဟုတ်ဘူး၊ ဒါပေမဲ့ ကျွန်မက ရှင့်အပေါ် ခံစားချက် ရှိနေတယ်လို့ မဆိုလိုဘူး၊ ကျွန်မက ရှင့်ကိုလက်ထပ်မယ်ဆိုတဲ့ ခံစားချက်တော့ ရှိနေပါပြီ၊ ရှင်နဲ့အတူရှိဖို့ ကြိုးစားချင်တယ်လို့ပဲ ကတိပေးနိုင်မယ်၊ ကိုယ်ရည် ကိုယ်သွေးတွေ အဆင်မပြေဘူးဆိုရင်တော့ ကျွန်မကို လက်ထပ်ဖို့ ဖိအားပေး လို့မရဘူး၊ ရှင့်ကိုလက်ထပ်ရင်တောင် ရှင့်ကို မျိုးရိုးစဉ်ဆက်လက်ထပ်ရမယ်လို့ မဆိုလိုဘူးလေ ဟုတ်တယ်မလား”
ယန်ယဲ့သည် သူ့အား ဝံပုလွေတစ်ကောင်ကဲ့သို့ သတိရှိရှိကြည့်နေသည် ကို မြင်နေရပြီး သူမ ကြည့်လေလေ ဒေါသထွက်လေဖြစ်လာသည်။ သူ့မျက်လုံး များသည် သူမ၏ခန္ဓာကိုယ်ပေါ်တွင် သွားချည်ပြန်ချည်ဖြစ်နေသည်။ “စိတ်မပူ ပါနဲ့ မင်းအခု ငိုယိုပြီး ငါ့ကိုလက်ထပ်ခိုင်းရင်တောင် မင်းကို ငါလက်မထပ်ဘူး၊ မင်းခန္ဓာကိုယ် ဖွံ့ဖြိုးလာတဲ့အထိစောင့်လိုက်တာ ပိုကောင်းမယ်၊ အဲတော့မှ လက်ထပ်ဖို့ကိစ္စထပ်ပြောတာပေါ့”
ပေထင်းဟွမ်သည် အကြမ်းပတမ်းခုန်နေသည့်ရင်ကို ပုတ်ကာ အသက် ရှူပြတ်မတတ်ဖြစ်သွားသည်။ ဒီလိုစကားပြောတတ်တဲ့သူရှိသေးတာလား။ သူမက အခုငိုယိုပြီး လက်ထပ်ခိုင်းမယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ။ ပဲပင်ပေါက် ခန္ဓာကိုယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ၊ သူမ အရင်ဘဝတုန်းက အခုထက်ပိုပြီး ဖွံ့ဖြိုးတယ်။ အရင်ဘဝက ခန္ဓာကိုယ်က လူသတ်နိုင်လောက်အောင် ဆွဲဆောင် မှုရှိခဲ့တာလေ။