Chapters

အခန်း (၈၀၆)

Vol. 41 Ch. 806

အခန်း (၈၀၆)

Vol. 41 Ch. 806

ပေထင်းဟွမ်သည် နောက်ဆုံးစကားကိုကြားသောအခါ ဒေါသတကြီး အော်ဟစ်ကာ ယန်ယဲ့ဆီသို့ပြေးသွားပြီး သူ့ကိုညောင်စောင်းပေါ်သို့ တွန်းလှဲ ပစ်ကာ ယန်ယဲ့၏လက်ကို လက်တစ်ဖက်ဖြင့်ဖိအားကာ နောက်တစ်ဖက်ဖြင့် ယန်ယဲ့၏အင်္ကျီကို ဆွဲဖြဲလေသည် “ဒီမှာ ကျွန်မကို ဘယ်လိုတောင် ပြောရဲတာ လဲ၊ ရှင့်ခန္ဓာကိုယ်ကရော ဘယ်လောက်တောင် ကောင်းနေလို့လဲ၊ ဒဏ္ဍာရီလာ ကြွက်သား ၈ ခုရှနေလို့လား ခန္ဓာကိုယ်တောင့်လို့လား..”

အခန်းထဲမှလေထုသည် အလွန်ပူလောင်နေသည်။ ခြံဝင်းထဲတွင် ချုံချီ ထွက်သွားပြီးနောက် ပိုင်ဇယ့်အပါအဝင် လူသုံးယောက် စောင့်ကြပ်ကျန်ခဲ့၏။ ကျင့်ကြံသူတစ်ယောက်၏ မျက်လုံးနှင့်နားများသည် စူးရှပြီး ပေထင်းဟွမ်၏ အသ့သည် ကျယ်လောင်ရာ မကြားဘဲမနေကြပေ။

သူတို့သည် ခေါင်းကိုဆန့်ကာ အခန်းဆီသို့ မျှော်ကြည့်ကြသည်။ ပြတင်း ပေါက်မှ အဖြူရောင်ပိတ်ကားပေါ်တွင် အလင်းနှင့်အရိပ်ထင်ဟပ်နေကာ သူတို့ သုံးယောက်သည် အရိပ်ကိုကောင်းကောင်းမြင်နေရသည်။ ဒီအချိန်ကြီးမှာ သူတို့ နှစ်ယောက်ဘာတွေလုပ်နေကြတာလဲ။

“ဘုရားရေ သူတို့သခင်မက တော်တော်ကြမ်းတာပဲ” သူတို့သုံးယောက် သည် အတွေးတူနေကြသည်။ လူသားမိန်ကလေးများသည် ချစ်မိသွားလျှင် နတ်မိစ္ဆာယောက်ျားလေးများထက်ပင် ပိုအားကောင်းသည်။ သခင်မသည် သူတို့၏ သခင်ကို အစိမ်းလိုက်ဝါးစားမှာတော့ မဟုတ်ဘူးမလား။

အကြည့်ခံနေရတာလား။

ပေထင်းဟွမ်သည် ထိတ်လန့်သွားက တုန်ယင်သွားပြီး ယန်‌ယဲ့ပေါ်မှ ဆင်းတော့မည်ပြုသည်။ သူမသည် ပြတင်းပေါက်ဆီသို့ ကြည့်လိုက်ရာ သူတို့ နှစ်ယောက်၏ အရိပ်များသည် အဖြူရောင်ဖန်သားပြင်ပေါ်တွင်ရှိနေကာ သူမ သည် အပေါ်သို့ရောက်နေပြီး သူသည် အောက်တွင်ရှိနေသည်။ အပြင်မှကြည့် လျှင် သူမ၏လက်သည် ယန်ယဲ့၏ခါးပတ်ကို ဆွဲချွတ်နေသလို ထင်ရသည်မှာ သူမ အာမခံနိုင်နိုင်သည်။

ဤအချိန်တွင် ယန်ယဲ့၏ရင်ဘတ်သည် သူမ၏ခန္ဓာကိုယ်အောက်တွင် ဝတ်လစ်စလစ်ဖြစ်နေသည်မှာတော့အမှန်ပင်။ နူးညံ့ပြီး ဖြူဖွေးသည့် ညှပ်ရိုး သည် အဖြူရောင်ကျောက်စိမ်းမှ ထွင်းထုထားသလိုပင်။ အလင်းရောင်ထဲတွင် ၎င်းသည် နွေးထွေးသောကျောက်စိမ်းကဲ့သို့ တောက်ပနေသည်။ ကြည့်လိုက် သည်နှင့် အကြည့်မခွာနိုင်တော့ဘဲ ငေးကြည့်နေမိလောက်သည်။ နူးညံ့သည့် အသားအရေသည် သူမထင်ထားသည့်အတိုင်း ယောက်ျားများ၏ ကြမ်းတမ်း သော အသားအရေနှင့်မတူသလို သူမ အရင်ဘဝတွင် မြင်ခဲ့ဖူးသည်နှင့်လည်း မတူပေ။ ထိုထူထဲသောယောက်များများသည် အရေကြမ်းများဖြင့် ဖုံးအုပ်ထား သည်။ အမွှေးအမျှင်များလည်းရှိကြသည်။

ပေထင်းဟွမ်၏ လက်သည် အသာပွတ်သပ်ပြီး နူးညံ့သည့်ခံစားချက် သည် ကျောက်စိမ်းရနံ့ကဲ့သို့ဖြစ်ကာ သူမ၏ရင်များတုန်ခါလာသည်။ ဤခံစား ချက်၊ ဤနူးညံ့မှုနှင့် ဤတည်ဆောက်မှုတို့သည် သူမထက်ပင်သသည်။ တဖြည်းဖြည်းနှင့် ဝင်ပးသည့်အလား လက်သည် သူ၏ညှပ်ရိုး၊ ရင်ဘတ်တို့ဆီ ပြေးနေရာ သူ၏တစ်ကိုယ်လုံး တုန်ယင်သွားလေသည်။

“အဟွတ် အဟွတ်”

ခြံဝင်းထဲတွင် ချောင်းဟန့်သံပေါ်ထွက်လာသည်မှာ အလွန်ပင် သိုသိုသိပ် သိပ်ရှိလှသော်လည်း သူတို့နှစ်ယောက်လုံး၏ နားထဲသို့ တစ်ချိန်တည်း ရောက် ရှိလာသည်။ ပေထင်းဟွမ်သည် ပြတင်းပေါက်ကို ထပ်မံကြည့်လိုက်ပြန်ရာ အသက်ရှူသံသုံးခုကို ကြားလိုက်ရသည်။ သူမ အစောကနှစ်မြောသွားရာ ခြံဝင်းထဲတွင် လူများရှိနေသည်ကို မေ့လျော့သွားခဲ့သည်။ သူတို့ စိုက်ကြည့်နေ မည်မှာလည်း ထင်ရှားလွန်းသည်။

ပေထင်းဟွမ်သည် ရုတ်တရက် ယန်ယဲ့၏ခန္ဓာကိုယ်ပေါ်မှ ခုန်ဆင်းကာ လေးလံသောကန့်လန့်ကာကိုမ,ပြီး အိပ်ရာဘေးသို့သွားလိုက်သည်။

ယန်ယဲ့သည် အသက်ရှူသံကို ထိန်းညှိကာ ညောင်စောင်းပေါ်မှထကာ ခန္ဓာကိုယ်ပေါ်မှ ဝတ်ရုံကို ပြန်စီစဉ်လေသည်။ သူသည် ပေထင်းဟွမ်ကြောင့် မက်မန်းရွက်ခြောက်ကဲ့သို့ ကပိုကယိုဖြစ်နေသည်။ တောက်လောင်နေသော ခံစားချက်များငြိမ်သွားချိန်တွင် သူ ထ,ပြီး ပေထင်းဟွမ်ဆီသို့ လျှောက်သွား လိုက်သည်။