← Chapters

သူ့ကိုရူးအောင်လုပ်တဲ့စည်းချက်

Vol. 41 Ch. 807

သူ့ကိုရူးအောင်လုပ်တဲ့စည်းချက်

Vol. 41 Ch. 807

“ယန်ယဲ့ ခုနက တမင်လုပ်လိုက်တာလား” အသံကြားသည်နှင့် အိပ်ရာ နှင့် မျက်နှာချင်းဆိုင်ရပ်နေသော ပေထင်းဟွမ်သည် ရုတ်ချည်းလှည့်ကာ ခက်ထန်သောမျက်လုံးများဖြင့် ကြည့်လေသည်။

လိင်ပိုင်းဆိုင်ရာနှင့်ပတ်သက်ပြီး စွဲလမ်းရန် သူမအတွက်မဖြစ်နိုင်ပေ။ ဤခန္ဓာကိုယ်သည် ၁၄ နှစ်သာရှိသေးကာ တခြားစိတ်ဖြစ်ပေါ်နိုင်သည့် အချိန် မဟုတ်သေးပေ။ သို့သော် အစောက သူမသည် သူ့ကို ပစ်လှဲချကာ သူ၏အင်္ကျီ များကိုပင် ဆွဲဖြဲခဲ့သည်။ သူ့ခန္ဓာကိုယ်မှ ခြေလက်များသည် သူမကို ရူးသွပ်စေ သည်။

၎င်းသည် ပုံမှန်မဟုတ်ပေ။ သူမသည် ဤကဲ့သို့သော ခံစားချက်ကို မခံစားဖူးသလောက်ပင်။ သူမသည် သူ့ကို သူမအပိုင်ဖြစ်သိမ်းရန် အကြံရှိခဲ့ သည်။

သူမ သတိပြန်ဝင်လာပြီးနောက် ယန်ယဲ့သည် အတန်ကြာအောင် မှင်တက်နေခဲ့သည်။ ဤကောင်မလေးသည် သူမအပေါ်တွင် လှည့်စားခြင်း ဟုတ်မဟုတ်ကို မေးခွန်းထုတ်နေသည်။

ယန်ယဲ့၏ ရင်သည် အကြမ်းပတမ်းနှိမ့်ချည်မြင့်ချည်ဖြစ်ကာ သူ၏မျက်နှာတွင် အပြုံးသဲ့သဲ့ရှိနေသယောင်ဖြစ်သော်လည်း ပြုံးမနေပေ။ သူ၏ ရှည်လျားသော ငွေရောင်ဆံပင်သည် အနောက်တွင် တွဲလွဲကျနေကာ အလင်းရောင်အောက်တွင် တောက်ပနေရာ ပေထင်းဟွမ်ကို မျက်လုံးပင် မဖွင့် နိုင်လောက်အောင်ဖြစ်စေသည်။ သို့သော် သည်အချိန်တွင် ယန်ယဲ့၏အသက် ရှူသံကပင် အန္တရာယ်များသည်ဟု ခံစားရသည်။

“ဟွမ်အာ ငါ တမင်လုပ်တာပဲလေ မင်းမသိဘူးလား” ယန်ယဲ့သည် ရှေ့တိုးလာကာ သူမ၏ခါးကို လက်တစ်ဖက်ဖြင့် ပွေ့ဖက်ပြီး နောက်လက်တစ် ဖက်ဖြင့် သူမ၏လက်ကောက်ဝတ်ကိဆုပ်ကိုင်ကာ အိပ်ရာပေါ်သို့ပစ်တင်လိုက် သည်။ ယန်ယဲ့သည် အသက်ရှူထုတ်ပြီး စွမ်းအားထည့်လိုက်သည်။ သို့သော် အိပ်ရာသည် အလွန်နူးညံ့ရာ ပေထင်းဟွမ် ကျသွားချိန်တွင် နှစ်ခါခုန်လေ၏။ သူမအမှားမလုပ်မိသော်လည်း ယန်ယဲ့ကို ထိတ်လန့်သွားကာ အကြောက်တရားဖြစ်ပေါ်လာသည်။

သူမသည် အကြောက်တရားကို မျက်နှာတွင်မပြဘဲ ခက်ထန်သော အကြည့်ဖြင့်ကြည့်နေသည်ကို သူ စိုးရိမ်လာသည်။ သူသည် ဒူးထောက်ပြီး ပေထင်းဟွမ်အပေါ်တွင် အုပ်မိုးလိုက်သည် “အသားယူပါတယ်ဆိုပြီး စကား တွေနဲ့ငေါ့နေတာ၊ ပေထင်းဟွမ် ငါ ဘယ်လိုလုပ်မသိဘဲနေမလဲ၊ မင်းက ဒီလောက်တောင်အရှက်မရှိတာလား၊ ငါ ယန်ယဲ့ ဒီနှစ်တွေမှာခံစားရတဲ့ နာကျင် မှုတွေပေါင်းလိုက်ရင် ပြီးခဲ့တဲ့ရက်ပိုင်းမှာ ခံစားရတာလောက်တောင်မများဘူး”

ပေထင်းဟွမ်သည် အိပ်ရာပေါ်တွင်လှဲကာ မျက်လုံးဖွင့်ပြီး သူ့ကိုကြည့် နေသည်။ သူမ၏ဆံပင်သည် အိပ်ရာပေါ်တွင် ပြန့်ကျဲကာ ခေါင်းအုံးကို ဖုံးကာမိ နေသည်။ သူသည် အသက်ပြင်းပြင်းရှူကာ အံကြိတ်ပြီးပြောလိုက်သည် “အခု တော့ ငါမင်းကို ဘာမှမလုပ်ဘူး ဒါပေမဲ့ တစ်နေ့ကျရင် ပေထင်းဟွမ် သေချာ မှတ်ထားပါ.. တစ်နေ့ကျ မင်းကို ပြန်ခံစားသွားစေရမယ်”

“ရှင် ကျွန်မကို လုပ်နိုင်တာဘာမှမရှိဘူး” ပေထင်းဟွမ်သည် အနည်းငယ် နားမလည်နိုင်ဖြစ်ကာ သူ့အား အပေါ်အောက်ကြည့်သည်။ အထူးသဖြင့် သူ၏ အောက်ပိုင်းကို ကြည့်ကာ “ဘာလို့လဲ ရှင် တကယ်ကြီး... မလုပ်နိုင်ဘူးလား”

ပေထင်းဟွမ်သည် နောက်ဆုံးစကားလုံးနှစ်လုံးကို အားပျော့စွာပြော လိုက်သည်။

“ပေထင်းဟွမ်”

စူးရှသောအော်သံနှင့်အတူ ‌ယန်ယဲ့သည် ဒေါသဖြင့်သူမကိုဆုပ်ကိုင်ပြီး သူ့ဆီသို့ ဆွဲကာ ဝါးမတတ်ဖြစ်သွားချိန်တွင် ပေထင်းဟွမ် မျက်မှောင်ကြုတ် လိုက်သည်ကိုမြင်လိုက်ရသည်။ သူသည် အသက်ပြင်းပြင်းရှူကာ ပေထင်းဟွမ် အား အိပ်ရာပေါ်သို့ပစ်တင်လိုက်သည် “ငါ့ကို ဖိအားလာမပေးနဲ့”

ထိုသို့ပြောပြီးနောက် သူသည် အိပ်ရာပေါ်မှဆင်းကာ အနောက်မှ ရေချိုး ခန်းဆီသို့ လျှောက်သွားလေသည်။

ပေထင်းဟွမ်သည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချကာ သူမ၏ လက်ကိုမြှောက်ကြည့်ကာ နှာခေါင်းကိုအသာထိကြည့်ရာတွင် လက်ထဲ၌ သွေးများပါလာသည်။ သူမသည် စိတ်ထဲမှကျိန်ဆဲမိသည်။ သူမသည် သူမ၏ ဆန္ဒကိုမကျေနပ်ပေ။ နှာခေါင်းသွေးပင်ထွက်နေသေးသည်။

ယန်ယဲ့သည် သူမကို ဘာမှမလုပ်နိုင်သည်ကို သူမလည်းသိသည်။ သို့သော် မိန်းကလေးတစ်ယောက်သည် ယောက်ျားတစ်ယောက်၏ ဆွဲဆောင်ခြင်းကိုခံရပြီး အဓမ္မပြုကျင့်လုနီးပါးဖြစ်သွားသည်မှာ အလွန်ရှက်ဖို့ ကောင်းသည်။

“အိုး ထားလိုက်ပါတော့ အကုန်လုံးကို သင်ခန်းစာလို့ပဲထားလိုက်ပါတော့” ပေထင်းဟွမ်သည် ပြောလေသည် “ဒါပေမဲ့ အချိန်တစ်ခုလောက်တော့ တခြား စိတ်တွေးလို့ရမှာမဟုတ်ဘူး၊ အဲတော့ ခံလိုက်ဦး၊ ကျွန်မအတွက်က သည်းခံရ တာမခက်ဘူး၊ နောက်ဆိုရင် နှာခေါင်းသွေးလျှံတော့မှာမဟုတ်ဘူး”

ပေထင်းဟွမ်သည် စိတ်ပိုင်းဖြတ်ကာ အိပ်ရာပေါ်မှထပြီး ခန္ဓာကိုယ်မှ ကြေမွနေသော အင်္ကျီများကို သပ်ရပ်အောင်ပြင်ပြီးမှ စဉ်းစားကြည့်ကာ အသစ် နှင့်လဲလှယ်ကာ လက်ပတ်ပြန်ဝတ်လိုက်သည်။ ထို့နောက် ထွက်သွားကာ ပြတင်းပေါက်ဖွင့်ပြီး ချုံချီပြန်လာမလာကို မေးလိုက်သည်။

All Chapters