ညအရှင်သခင်အိမ်တော်ကိုမကြိုက်တော့ဘူးလား
Vol. 41 Ch. 808
ပိုင်ဇယ့်ရောက်လာပြီး သူမ၏ဖရိုဖရဲဖြစ်နေသော ဆံပင်ကိုကြည့်ပြီး ပြော လေသည် “မင်းသမီး မင်းသားက ချုံချီကို သခင်ကြီးရှီမန်ဆုန်းကို နန်းတော်ကို ခေါ်သွားခိုင်းထားပါတယ်၊ မင်းသမီးကျင်းက အရင်တစ်ခေါက် မင်းသမီး သန့်စင်ထားတဲ့ဆေးကို သောက်ပြီးပါပြီ၊ သူမခန္ဓာကိုယ်က ယင်အကြောတွေ ပွင့်သွားလို့ အဆင့် ၇ ဝိညာဉ်သခင်ဖြစ် ခွန်အားတက်သွားပါပြီ မနက်ဖြန် လောက်ဆို သခင်ကြီးရှီမန်ဆုန်းက မင်းသမီးကို လာပြီးကျေးဇူးတင်လောက်မှာ ပါ”
“ငါ့ကို မင်းသမီးလို့မခေါ်နဲ့” ပေထင်းဟွမ်သည် ရှန်းယန်ကျင်း၏ အခြေ အနေကိုကြားသောအခါ စိတ်အေးသွားသည်။ သူတို့သည် မမြင်သင့်သည့်အရာ ကိုမြင်ခဲ့ကြောင်းကို သိသဖြင့် သူမသည် ပိုင်ဇယ့်အား ကြည့်လိုက်သည်။ သူမ သည် ရှက်သွေးဖြာရင်း ရှင်းပြလေသည် “ငါ မင်းတို့မင်းသားကိုလည်း ဘာမှ မလုပ်ဘူး”
“နှုတ်ဆက်ပါတယ် ကြင်ယာတော်” ပေထင်းဟွမ် လှည့်ထွက်သွားသည် ကိုမြင်သည်နှင့် ပိုင်ဇယ့်သည် အလျင်စလိုပြောလေသည် “မင်းသားက သူ့ လက်တွဲဖော်အပေါ်မှာ သစ္စာရှိပါတယ်၊ ကြင်ယာတော်သာ မင်းသားကို မလိုချင်ဘူးဆိုရင် သူ့ကို စဉ်းစားပေးလို့မရဘူးလား”
“ဘာအဓိပ္ပာယ်လဲ” ပေထင်းဟွမ်၏ မျက်လုံးများသည် စိမ်းကားနေကာ ပိုင်ဇယ့်ကို ဓားနှင့်ထိုးသလိုဖြစ်နေသည်။ ၎င်းသည် သူမအပေါ်တွင် မူတည်နေ သည်လား။ သူမက မည်သို့သူတို့မင်းသားကို စွန်းထင်းစေမည်နည်း။ သူတို့သည် ပွေ့ဖက်ပြီး အကြိမ်အနည်းငယ် နမ်းရုံသာရှိသည်။ ထိုသို့ဆိုလျှင် တာဝန်ယူရမည်လား။ ဒီလူတွေ ၂၁ ရာစု လူ့အဖွဲ့အစည်းမှာ ဘယ်လိုနေရတော့ မှာလဲ။
ပိုင်ဇယ့်သည် ယန်ယဲ့ရှိနေသည့် ရေချိုးခန်းရှိရာဘက်သို့ စိတ်လှုပ်ရှားစွာ ဖြင့်ကြည့်ကာ ပေထင်းဟွမ်အား ပြုံးစပ်စပ်မျက်နှာဖြင့် အမြန်ပြောလေသည် “ကျွန်တော်က တခြားရည်ရွယ်ချက်မရှိပါဘူး၊ မင်းသမီးသိချင်တာကို ကျွန်တော်သိပါတယ်၊ အဲဒါကို နတ်မိစ္ဆာဝိညာဉ်ဂူသင်္ချိုင်းကိုဝင်ရင်သိပါလိမ့် မယ်၊ အဲထဲမှ မင်းသမီးက မြင်ချင်တဲ့တိုက်ပွဲအကြောင်းကိုရွေးလိုက်ရင် နတ်မိစ္ဆာဝိညာဉ်ဂူသင်္ချိုင်းက အဲဒီတိုက်ပြွကိုပြပါလိမ့်မယ်၊ မင်းသမီးက လွန်ခဲ့ တဲ့နှစ်တစ်သောင်းက နတ်မိစ္ဆာဧကရာဇ်ရဲ့တိုက်ပွဲကိုကြည့်ချင်ရင်....”
ထိုအချိန်တွင် ယန်ယဲ့သည် ရေချိုးခန်းထဲမှထွက်လာရာ ပိုင်ဇယ့်သည် အသံကြားသည်နှင့် လစ်ခနဲပျောက်သွားသည်။
သူသည် ရေချိုးပြီးရာ နှင်းဖြူရောင်ဝတ်ရုံကိုဝတ်ဆင်ထားပြီး ရှည်လျား သောငေါရောင်ဆံပင်သည် အနောက်တွင်ကျနေကာ ခရမ်းရောင်မျက်လုံးများ လည်း တောက်ပနေသည်။ သူသည် ပေထင်းဟွမ်အား ဂရုမမူသလိုကြည့်ကာ ညောင်စောင်းဘေးသို့လျှောက်လာပြီး ထိုင်ကာ လက်ဝေ့ယမ်းပြီး ပြတင်းပေါက်ကို ကြပ်သည်အထိပိတ်လိုက်သည်။
သူ ခရမ်းရောင်အဝတ်အစားမဝတ်ချိန်တွင် ခန္ဓာကိုယ်မှ ခမ်းနားသည့် ရောင်ဝါပျောက်သွားသည်။ အဖြူရောင်ဝတ်ချိန်တွင် က္ကန္ဒြေကြီးသော အမျိုးကောင်းသား၏ အပြုအမူစွက်နေသလိုပင်။ သို့သော် မျက်စိရှေ့မှ လူသည် အမျိုးကောင်းသားနှင့် ဘာမှမဆိုင်သည်ကို ပေထင်းဟွမ်ိသည်။
သူ့နားမှ အသက်ရှူသံသည် နူးညံ့ကာ ညောင်စောင်းပေါ်တွင်လှဲလျောင်း ပြီး ခြေထောက်ကွေးထားသည်။ ထို့ကြောင့် ပေထင်းဟွမ်သည် သူ့ကို ခိုးကြည့် ကာ လျှောက်သွားပြီး အပြင်ကိုညွှန်ပြလေသည် “အင်း ယန်ယဲ့ ကျွန်တော် ဒီကို ရောက်နေတာကြာပြီ အရင်ပြန်သွားလို့ရမလား”
သူမသည် မနက်ဖြန် ဝိညာဉ်ထောင်ချီတောင်သို့ အသင်းကိုဦးဆောင် သွားရမည်ဖြစ်သည်။ ထို့အပြင် အစောပိုင်းကအပြုအမူများကြောင့် တစ်ခန်း တည်းတွင် ယောက်ျားတစ်ယောက်နှင့်အတူရှိရသည်ကို ရှက်လာသည်။
ယန်ယဲ့သည် စာအုပ်တစ်အုပ်ကို သာမန်ကာလျှံကာလှန်လောကာ ပေထင်းဟွမ်ကို ကြည့်ပင်မကြည့်ပေ။ သို့သော် အနီးကပ်ကြည့်လျှင် သူသည် ဤအချိန်တွင် ခံစားချက်မကောင်းသည်ကို ပြောနိုင်သည်။ ချက်ချင်းဆိုသလို ပင် အခန်းထဲမှလေထုသည် အနည်းငယ် တင်းမာလာသလိုပင် “ပေထင်း မိသားစုနဲ့ ပြန်ပြေလည်သွားပြီဆိုတော့ မင်းက အခု ငါ့ညအရှင်အိမ်တော်ကို မကြိုက်တော့ဘူးလား”
ဟုတ်သည်။ ပေထင်းဟွမ်သည် အသက်ပြင်းပြင်းရှူလိုက်သည်။ ယန်ယဲ့ သည် မခန့်မှန်းနိုင်သည့်အမူအကျင့်ရှိသည်ထက် ဒဏ္ဍာရီထဲကကဲ့သို့ အညှာတာကင်းပြီး ရက်စက်သည့်လူဖြစ်သည်က ပိုကောင်းသည်။ “ကျွန်တော် ရေပြန်ချိုးချင်တယ် မနက်ဖြန်စောစောထပြီး ဝိညာဉ်ထောင်ချီတောင်ကို အဖွဲ့ ကိုဦးဆောင်သွားရဦးမယ်”
သူမ ညအရှင်အိမ်တော်ကို မနှစ်သက်ခြင်းမဟုတ်သည်ကို ပြချင်၍ ပေထင်းဟွမ်သည် ဤညတော့ သည်နေရာတွင် အိပ်ရန်ဆုံးဖြတ်လိုက်သည်။ မနက်ဖြန်မှ သူမ ပြန်ရမည်။ သူမသည် ကတိဖျက်တတ်သူမဟုတ်ပေ။