ပဟေဠိဆန်သောယုံကြည်မှု
Vol. 41 Ch. 809
ပေထင်းဟွမ်သည် ရေချိုးခန်းတံခါးဆီသို့လျှောက်သွားချိန်တွင် ယန်ယဲ့ စာအုပ်လှန်သံကိုကြားနေရသည်။ ပြီးနောက် သူ့အသံကိုကြားလိုက်ရသည် “ဟွမ်အာ ကတိတည်တာတော့ ကောင်းပါတယ်၊ မင်းပြောခဲ့တာကို မှတ်မိမယ် လို့လည်းမျှော်လင့်ပါတယ် ဘယ်လိုပဲဖြစ်ဖြစ် နှစ်တွေအများကြီးကြာပြီသွားရင် ငါပြောခဲ့တာပြည့်ရမယ်”
ပေထင်းဟွမ်သည် ထိုစကားကိုကြားသောအခါ ယန်ယဲ့ပြောလိုက်သည် ကို နားမလည်သော်လည်း စိတ်ထဲတွင်ဒေါသဖြစ်သွားကာ လှည့်ပြီး ယန်ယဲ့ အာ အန္တရာယ်ကြီးစွာဖြင့် စိုက်ကြည့်လေသည် “ယန်ယဲ့ မပြောနဲ့တော့ ဒါ မကောင်းတဲ့လူတွေပြောတဲ့စကားပဲ ဒါပေမဲ့ ကျွန်တော်က ကတိတည်တတ် တယ်” ပေထင်းဟွမ်ပြောလေသည်။
ယန်ယဲ့သည် အလောမကြီးပေ။ သို့သော် ပေထင်းဟွမ်အား တည်ငြိမ်စွာ ခေါင်းညိတ်လေသည်။ “အင်း သေချာတာပေါ့ တခြားသူတွေပြောတာကို မင်း ဂုဏ်မယူစေချင်ဘူး”
ပေထင်းဟွမ်သည် နားမလည်ပေ။ သို့သော် ယန်ယဲ့ကဲ့သို့လူမျိုးသည် မဟုတ်သည့်အရာကို ပြောမည်မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေနှင့် သူသည် ခြေတစ်လှမ်းလှမ်းလျှင် သုံးလှမမ်းကိုကြိုမြင်တတ်သူဖြစ်သည်။ လေးနက်သော စိတ်နှင့် သူသည် အရာအားလုံးကို လက်ထဲတွင် ကိုင်တွယ်ခဲ့ သည်။ သူသည် အလွန်ကြောက်ဖို့ကောင်းသည်ဟု ပြောလျှင် ချဲ့ကားရာ မရောက်ပေ။
ရေချိုးကန်ကို ကျောက်စိမ်းဖြင့်ပြုလုပ်ထားပြီး ဘတ်စကတ်ဘောကွင်း အရွယ်အစားရှိသည်။ ၎င်းကို မီးအမျိုးအစားသားရဲ၏ အမြုတေဖြင့်ပြုလုပ်ထား သည်။ ရေပူစမ်းမှရေသည် ဝိညာဉ်ထောင်ချီတောင်မှ စီးလာခြင်းဖြစ်ပြီး တစ်နှစ်ပတ်လုံး ပုံမှန်အပူချိန်နီးပါးပင်။ ပေထင်းဟွမ်သည် ရေထဲသို့ တစ်ကိုယ် လုံးကိုမြှုပ်ကာ ဤကဲ့သို့လူမျိုးနှင့်အတူရှိလျှင် အရိုးပါမကျန်အစားခံရမည်ဟု တွေးမိသည်။
သူမသည် အမြဲတမ်းပြတ်သားပြီး တည်ငြိမ်ကာ မှီခိုကင်းသည်။ သို့သော် ယန်ယဲ့နှင့်ဆိုလျှင် သူမ၏စည်းမျဉ်းများကို ချိုးဖောက်မိသလိုပင်။
“သူက တကယ် အန္တရာယ်များတဲ့လူပဲ ဒါပေမဲ့ ငါလည်း...” ပေထင်းဟွမ် သက်ပြင်းချလေသည် “သူ့ကိုယ်သူ နာကျင်အောင်လုပ်ရင်တောင် ငါ့ကို နာကျင်အောင်မလုပ်ပါဘူးလို့ ငါယုံနေမိပါလိမ့်၊ အကုန်လုံးက သူ့ကိုကြောက် နေတဲ့အချိန်မှာ ငါက သူ့ရှေ့မှာတောင် အန္တရာယ်ကိုဘာလို့မခံစားမိတာလဲ”
ရေချိုးပြီးနောက် အဖြူရောင်အင်္ကျီပေါ့ပေါ့ပါးပါးဝတ်ပြီး ပေထင်းဟွမ် သည် အိပ်ရာဆီသို့တည့်တည့်သွားကာ ပစ်လှဲလိုက်သော်လည်း အိပ်မပျော်ပေ။ ယန်ယဲ့၏အသက်ရှူသံမျှင်းမျှင်းသည် သူမနားထဲဝင်လာပြီး အနားယူမရဖြစ် နေသည်။
သူမ အိပ်မပျော်သဖြင့် ပေထင်းဟွမ်သည် ထထိုင်ကာ လက်ပတ်လေဟာ နယ်ထဲသို့ ဝင်လိုက်သည်။
သခင်ကြီးအဆင့်သို့တက်ပြီးနောက် သူမသည် ပေထင်းကျန့်နှင့်သာ တစ်ခါတိုက်ခိုက်ဖူးသည်။ နောက်ဆုံးတွင် သူမသည် သူမ၏ဝမ်းတွင်းပါ မီးကို သုံးကာ ကိုးရောင်နယ်ပယ်ဖန်တီးပြီး ပေထင်းကျန့်အား သေသည်အထိ မီးလောင်တိုက်သွင်းခဲ့သည်။ သူမသည် နယ်ပယ်ကဲ့သို့အရာမျိုးကို ကျွမ်းကျင် စွာမကိုင်တွယ်တတ်သေးပေ။
ဒယ်စောက်ရှေ့တွင်ထိုင်ပြီး သူမ၏လက်ချောင်းများကို အသာကွေးညွှတ် ရာ မီးတောက်များသည် သူမ၏လက်ချောင်းများအကြားတွင် ကခုန်ပြီး ပေထင်းဟွမ်သည် မီးတောက်ကို ဒယ်စောက်အောက်ခြေသို့ ပစ်လိုက်သည်။ သူမအသိစိတ်၏ ထိန်းချုပ်မျုအောက်တွင် မီးတောက်သည် ပူပြင်းလာသည်။
ဒယ်စောက်ပူနွေးလာသည်ကိုခံစားမိပြီးနောက်ပေထင်းဟွမ်သည် လင်းလုံမြက်ပင်ထုံးကို ဒယ်စောက်ထဲထည့်လိုက်သည်။ မီးတောက်သည် ဒယ်စောက်အောက်ခြေကိုစွဲနေကာ ပေထင်းဟွမ်၏ စိတ်စွမ်းအားသည် မီးတောက်နှင့် လင်းလုံမြက်ထုံးကို ခိုင်မြဲစွာပိတ်ပင်ထားသည်။
ဆေးသန့်စင်သည့်အချိန်သည် မကြာသည်ကိုကြည့်လျှင် ပေထင်းဟွမ် သည် ဆေးသန့်စက်ရာတွင် အလွန်အရည်အချင်းရှိသည့်ပုံပင်။ အဆင့် ၁ မှ အဆင့် ၂ ဆေး၊ ပေထင်းဟွမ်သည် ယခုအခါ အဆင့် ၅ ဆေးကို သန့်စင်ရန် ကြိုးစားကိုကြည့်ရသည်မှာ ပေထင်းဟွမ်သည် ချောမွေ့နေသလိုပင်။
လင်းလုံမြက်ထုံးထဲမှ ဝိညာဉ်အရည်သည် သန့်စင်မိလုနီးပါးဖြစ်ချိန်တွင် ပေထင်းဟွမ်သည် ရှည်လျားသောအရွက်တစ်ခုထည့်ကာ ပြီးနောက်တွင် ဝိညာည်သစ်သီးမည်းကိုပစ်ထည့်လိုက်သည်။ တခြားသောဆေးပစ္စည်းများကို ဖြည်းဖြည်းချင်းသန့်စင်လေသည်။
အရည်များအားလုံးနီးပါး ခမ်းခြောက်နီးချိန်တွင် ယန်ယဲ့၏ အရည်မကျန် အောင်သန့်စင်နိုင်သည်နှင့်မယှဉ်နိုင်သော်လည်း ပေထင်းဟွမ်၏လက်ရှိ အစွမ်းအစတွင် မလုံလောက်သေးပေ။ သို့သော် ပင်မတိုက်ကြီးမှ အဂ္ဂိရတ်ပညာ ရှင်များနှင့်ယှဉ်လျှင် တစ်ဆင့်မြင့်သည်။ ဒယ်စောက်ထဲမှလက်ကျန်များကို ရှင်းပြီးနောက် ပေထင်းဟွမ်သည် ကိုးရောင်မီးတောက်ကိုသိမ်းပြီး လက်ကျန် ကို ပြအဖြစ်ပြောင်းလဲလိုက်သည်။ ဒယ်စောက်ထဲတွင် သန့်စင်သောဝိညာဉ် အရည်လိမ့်နေပြီး နောက်ဆုံးတွင် ဖြည်းဖြည်းချင်း ပေါင်းစပ်ပြီးနောက် ဆေးလုံးအသင့်ဖြစ်ကာ ပိုလေးနက်သည့်အဆင့်ကို သန့်စင်ရန်သာလိုအပ်တော့ လေသည်။