ဆေးသန့်စင်ဖို့အဖွဲ့ဖွဲ့ခြင်း၊ ပေါက်ကွဲခြင်း
Vol. 41 Ch. 811
“ဟုတ်ပြီလေ”
ပေထင်းဟွမ်သည် ထပ်မံဆွဲဆောင်ခံလိုက်ရသလိုပင်။ သူမ နိုးလာချိန် တွင် မျက်နှာဖောင်းနေသည်ကို သတိထားမိလိုက်သည်။ သူမသည် နဖူးကို ပွတ်ကြည့်ပြီး နားမလည်နိုင်ဖြစ်နေသည်။ သူမသည် အရင်ဘဝက ယောက်ျား မရှိသည့်ဘဝတွင် ကြာရှည်စွာနေခဲ့ခြင်းကြောင့်များ ဤဘဝတွင် မကျေနပ်နိုင် သည်လား။
ကံကောင်းစွာပင် ယန်ယဲ့သည် သူမကိုမရယ်ခဲ့ပေ။ သို့သော် နောက်ပိုင်း ဆေးသန့်စင်သည့်လုပ်ငန်းစဉ်တစ်ခုလုံးတွင် အနည်းငယ်မိန်းမောမိသည်။ သူမ သည် နတ်အဆင့်ခွဲဆေးသန့်စင်သည်ဟုပြောသည်ထက် ယန်ယဲ့သန့်စင်သည် ဟု ပြောလျှင်ပိုကောင်းမည်။
ဒယ်စောက်သည် ရွှေသားရဲလေးကောင်ဆေးဖိုဖြစ်သော်လည်း ယန်ယဲ့၏ ငရဲမီးကိုသုံးသည်။ ယန်ယဲ့သည် ဤလေဟာနယ်တွင် ငရဲမီးကို ဖွံ့ဖြိုးအောင် လုပ်နိုင်သည်ကို အဂူးပင်လျှင်မယုံနိုင်ပေ။ ယန်ယဲ့သည် ဒယ်စောက်ထဲသို့ တစ်ခုချင်းစီထည့်သည်။ သို့သော် သန့်စင်သည့်နောက်ဆုံးအချိန်တွင် ယန်ယဲ့ သည် သူမ၏လက်ကိုဆုပ်ကိုင်ပြီး ဒယ်စောက်ထဲလောင်းထည့်လိုက်သည် “လာခဲ့လေ ကစဥ့်ကလျားနတ်အရင်းအမြစ်က လုံလောက်ပြီ”
“ဟုတ်ပြီ”
ပေထင်းဟွမ်သည် ရှုပ်ထွေးစွာစိုက်ကြည့်ပြီး သူမ မည်သည့်အရာများ တွေးနေသည်ကို မသိတော့ပေ။ သူမသည် ကစဥ့်ကလျားနတ်အရင်းအမြစ်ဟူ သည့်စကားလုံးကိုသာကြားသည်။ ပြီးနောက်တွင် အကြောထဲမှ ကစဥ့်ကလျား နတ်အရင်းအမြစ်ကို လှုံ့ဆော်လိုက်သည်။ ထိုအခြေအနေတွင် ၎င်းသည် ရွှေ သားရဲလေးကောင်ဒယ်စောက်ဆီသို့ အားပါပါပြောင်းရွှေ့သွားလေသည်။
ဘုန်း...
မူလက အလွန်ဟန်ချက်ညီသောမီးတောက်သည် ယခုအချိန်တွင် ဓာတု စမ်းသပ်မှုတွင် ဓာတ်ကူပစ္စည်းထပ်ပေါင်းထည့်လိုက်သကဲ့သို့ မီးတောက်သည် ရုတ်တရက်မြင့်တက်လာပြီး ပေပေါင်းများစွာရောက်ကာ ခေါင်မိုးဆီသို့ သွားဟပ်လေသည်။
ယန်ယဲ့ထိတ်လန့်သွားသည်။ သူ၏မီးတောက်များ ဤနေရာတွင် မည်သို့ လွှမ်းမိုးနိုင်သည်ကို သိသည်။ ဤအချိန်တွင် သူသည် ဒယ်စောက်ထဲမှ ဆေးကို ဂရုမစိုက်နိုင်တော့ပေ။ မရဏပြည်မှမီးတောက်များသည် ကစဥ့်ကလျားအရင်း အမြစ်ကို အထောက်အကူဖြစ်စေပြီး မီးတောက်များကြီးစေသည်။ သူသည် ဒယ်စောက်ထဲမှ ဆေးများလောင်ကျွမ်းသွားသည်ကိုပင် အနံ့ရလေသည်။ ယခု သူလုပ်ရမည်မှာ မီးတောက်သည် အိမ်ကိုလောင်မသွားစေရန်ဖြစ်သည်။
ပင်လယ်ဒီရေကဲ့သို့ ကြီးမားသောစိတ်စွမ်းအင်သည် မရဏမီးတောက်ဆီ သို့လွှမ်းမိုးသွားရာ မီးတောက်များရုတ်တရက်လျော့ကျသွားသည်။ သို့သော် ချက်ချင်းဆိုသလိုပင် ကစဥ့်ကလျားအရင်းအမြစ်အနေနှင့် နဂါးတစ်ကောင် ပင်လယ်ထဲသို့ဝင်သွားသကဲ့သို့ မီးတောက်များထဲသို့ မွှေကာ မီးတောက်သည် ၎င်းကိုပြန်ဝါးမျိုပြီး ယန်ယဲ့ဆီသို့ တဟုန်ထိုးလာလေသည်။
၎င်းသည် ဖန်တီးရေးနတ်ဘုရား၏မိခင် သန့်စင်ခဲ့သည့်ရတနာပီသသည်။ ၎င်းသည် လက်ချောင်းတစ်ချောင်းစာသာထူသော ကစဥ့်ကလျားနတ်အရင်း အမြစ် အလင်းတန်းသာဖြစ်ကာ ကစဥ့်ကလျားနတ်အရင်းအမြစ်၏ ကိုယ်ထည် မဟုတ်ပေ။ ၎င်းသည် ယန်ယဲ့ပင် ခတ်မထုတ်နိုင်သည့် ကြီးမားသောစွမ်းအား ဖြစ်သည်။
ခန္ဓာကိုယ်ထဲမှ မရဏဘုံချိသည် ထွက်လာကာ ကစဥ့်ကလျားနတ်အရင်း အမြစ်ကို လွှမ်းမိုးလိုက်သော်လည်း ထိုအချိန်တွင် ကစဥ့်ကလျားနတ် အရင်းအမြစ်သည် ယန်ယဲ့၏မရဏဘုံကို စတင်ဝါးမျိုလေသည်။ ထိုအရာကို ကြည့်ပြီး ယန်ယဲ့လည်းထိတ်လန့်သွားသည်။
ထိုအချိန်တွင် ပေထင်းဟွမ်သည် အိမ်အပြင်မှပြေးဝင်လာပြီး ယန်ယဲ့ ဘေးတွင်ရပ်ကာ သူ၏ပခုံးပေါ်မှကျော်ကြည့်ရာ ကစဥ့်ကလျားနတ် အရင်းအမြစ်သည် အမှောင်စွမ်းအင်ကို ဝါးမျိုနေသည့်အခြေအနေကို မြင်တွေ့လိုက်ရသည်။ ကစဥ့်ကလျားနတ်အရင်းအမြစ်သာ အမှောင်စွမ်းအင် ကို အမှန်တယ်ဝါးမျိုလိုက်ပါက ယန်ယဲ့သည် များစွာနာကျင်နိုင်သည်။
“ထွက်သွား” ပေထင်းဟွမ် အနောက်တွင်ရောက်နေသည်ကို အာရုံခံမိ သဖြင့် ကစဥ့်ကလျားနတ်အရင်းအမြစ်အကြောင်း ဘာမှမသိသည့်ယန်ယဲ့သည် တစ်စုံတစ်ရာဖြစ်ပြီး ပေထင်းဟွမ်ကိုပါ သက်ရောက်မည်ကိုစိုးသဖြင့် အော် လိုက်သည် “မင်းကို ထွက်သွားလို့ပြောနေတယ်”
“ဘာလို့လာအော်နေတာလဲ” ပေထင်းဟွမ်သည် စိတ်ဆိုးမာန်ဆိုးနှင့် ယန်ယဲ့၏ခန္ဓာကိုယ်ကို လက်တစ်ဖက်ဖြင့်တွန်းကာ မေးလေသည် “ကျွန်တော် ဘာလို့မစမ်းကြည့်ရမှာလဲ”
“မဟုတ်ဘူး” ယန်ယဲ့သည် တုံ့ဆိုင်းခြင်းမရှိ ငြင်းဆန်လေသည် “ကစဥ့် ကလျားနတ်အရင်းအမြစ်ကို မရဏမီးတောက်နဲ့ ရောထားတာ၊ ပြီးတော့ သန့်စင်တဲ့ကစဥ့်ကလျားနတ်အရင်းအမြစ်မဟုတ်တော့ဘူး၊ ဘာဖြစ်မလဲဆို တာ မသိနိုင်ဘူး၊ မင်းအရင်သွားလိုက်တော့ လိမ္မာတယ်၊ နားထောင်နော်”
နောက်ဆုံးတွင် ယန်ယဲ့သည် စကားချိုရတော့သည်။ ဤကောင်မလေး ကို ချော့ရသည်မှာ မလွယ်ကူသည်ကို သူသိသော်လည်း သူမကို နေရောင်ခြည် ပေးလျှင် သူမသည် တောက်ပမည်။ သူမကို လှေကားပေးလျှင် မိုးပေါ်ထိတက် မည်ဖြစ်သည်။ သို့သော် ဤအခိုက်အတန့်တွင် အခြေအနေသည် အလွန် အရေးကြီးနေသည်။ သူလုပ်နိုင်သည့်အရာ ဘာမှမရှိပေ။