ယန်ယဲ့ရဲ့ ချီးမွမ်းမှုက မဆိုးဘူး
Vol. 41 Ch. 813
နို့နှစ်ဖြူရောင်ဆေးလုံးသည် အရည်အသွေးပြောင်းသွားသည်။ နောက်ဆုံးအခိုက်အတန့်တွင် ရွှေရောင်အလင်းတန်း ၅ ခုသည် ဆေးမှထွက် လာကာ ရနံ့ခပ်ပြင်းပြင်းပျောက်ကွယ်သွားပြီး လန်းဆန်းသွားစေကာ ကျွတ်ဆတ်သောအသံ ၅ သံသည် တစ်သံပြီးတစ်သံထွက်ပေါ်လာသည်။ ထိုအချိန်တွင် ဒယ်စောက်ထဲတွင် လှုပ်ရှားမှုကြီးဖြစ်ပေါ်လာကာ စူးရှသော အသံထွက်ပေါ်လာ၏။ ပေထင်းဟွမ်သည် ပျံသွားကာ ဆေး ၅ လုံးကို လက်ထဲ ဆုပ်ကိုင်လိုက်သည်။
ဆေးသည် ရုန်းကန်နေရာ ပေထင်းဟွမ်သည် နှာမှုတ်လေသည် “ပြေး ချင်တာလား၊ အဲလောက်မလွယ်ဘူးလေ”
ကိုးရောင်မီးတောက်သည် သူမလက်ထဲတွင်တောက်လာသည်မှာ ခြိမ်းခြောက်နေခြင်းပင်ဖြစ်သည်။ ဝိညာဉ်အသိစိတ်ရှိသော ဆေး ၅ လုံးသည် မီးတောက်၏ လွှမ်းမိုးမှုကိုခံစားနိုင်သဖြင့် ငြိမ်ကျသွားသည်။ ပေထင်းဟွမ် သည် ကျောက်စိမ်းပုလင်းထုတ်ကာ ဆေးကိုထည့်ကာ လှုပ်ယမ်းလိုက်သည် “ဒီ ဆေး ၅ လုံးနဲ့ဆိုရင် နတ်မိစ္ဆာဝိညာဉ်ဂူသင်္ချိုင်းကိုသွားရင်တောင် မကြောက် တော့ဘူး”
စီရင်ချက်ဗိမာန်မျလူများနှင့် ငွေလရောင်အင်ပါယာမှလူများကို သတ်ဖြတ်ပြီးနောက် ပေထင်းဟွမ်သည် နတ်မိစ္ဆာဝိညာဉ်ဂူသင်္ချိုင်းသို့ သွားတော့မည်။ ထိုအချိန်တွင် ယန်ယဲ့လိုက်ပါကာ အားလုံးအတူသွားကြမည် ဖြစ်သည်။ စီရင်ချက်ဗိမာန်မှလူများသာ စုပြီး သူတို့ကိုသတ်မည်ဆိုပါက သူမသည် မိသားစုကြီးလေးခု၏ အပြစ်တင်ခြင်းကိုခံရနိုင်သည်။
ပေထင်းဟွမ် အစိုးရိမ်ဆုံးမှာလည်း ထိုအရာပင်ဖြစ်သည်။ ယခုအခါ လက်ထဲတွင် နတ်ဆေးလုံးရှိနေပြီဖြစ်ရာ မိသားစုထဲတွင် နည်းဆုံး နတ်ဘုရား ၄ ယောက်ရှိတော့မည်။ စီရင်ချက်ဗိမာန်မည်မျှပင်ကြီးစေကာမူ မိသားစုလေးခု လုံးကို တစ်ခါတည်းရှင်းထုတ်ရန်မဖြစ်နိုင်ပေ။ နတ်ဘုရားအဆင့်ရောက်လျှင် ပေထင်းဟွမ်သည် နတ်မိစ္ဆာဝိညာဉ်ဂူသင်္ချိုင်းသို့ ယုံကြည်ချက်ရှိရှိသွားနိုင်မည် ဖြစ်သည်။
“အရုဏ်တက်ပြီးရင် သားရဲတွေဖမ်းပြီးပြန်လာမယ်၊ အချိန်ကျရင် မိသားစုတွေရဲ့ ခွန်အားက မြင့်သွားမှာပဲ၊ စီရင်ချက်ဗိမာန်နဲ့ အမှောင်ခန်းမတို့ လည်း မိသားစုကြီးလေးခုကို ဖြေရှင်းဖို့မလွယ်ဘူး၊ ဘာများစိတ်ပူနေရမှာလဲ” ပေထင်းဟွမ်သည် သူမကိုယ်သူမ ရေရွတ်မိသည်။
ယန်ယဲ့သည် ပေထင်းဟွမ် အိပ်ရာထဲမှထသွားသည်နှင့် နိုးလာသည်။ သူသည် အမှန်တကယ်ပင် ပင်ပန်းနေ၏။ ကစဥ့်ကလျားနတ်အရင်းအမြစ်ကို သန့်စင်ရသည်မှာ နှစ်တစ်သောင်းအတွင်း သူတိုက်ခိုက်ခဲ့သည့်တိုက်ပွဲထဲမှ အခက်ခဲဆုံးပင်။ သူပင်ပန်းချိန်တွင် ကစဥ့်ကလျားနတ်အရင်းအမြစ်ကို ဖယ်ရှား ကာ လှည့်လိုက်ချိန်တွင် သူချစ်မြတ်နိုးသည့်မိန်းကလေးသည် သူ့ဘေးတွင် မေ့မြောနေသည်ကိုတွေ့လိုက်ရသည်။ ထိုအခိုက်အတန့်တွင် ၎င်းသာ သူ့ အသက်ကိုယူသွားလျှင်တောင် ထိုက်တန်သည်ဟု ယန်ယဲ့ခံစားရသည်။
သူမသည် သူ့ကို ထိုမျှယုံကြည်နေလိမ့်မည်ဟု မမျှော်လင့်ထားပေ။ ဤကဲ့သို့ အရေးကြီးသောအခိုက်အတန့်၊ ကြီးမားသောပေါက်ကွဲမှု အချိန်မရွေး ဖြစ်ပေါ်နိုင်သည့်နေရာတွင် သူမသည် သူ့ကိုမှီခိုပြီး အိပ်မောကျနေခဲ့သည်။
သူ သူမကို ပွေ့ဖက်ချိန်တွင် ရင်တစ်ခုလုံးတုန်ယင်နေခဲ့သည်။ ထို့နောက် သူသည် သူမ၏နဖူးကို ကြင်နာစွာအနမ်းပေးပြီး သူမကိုတင်းကြပ်စွာ ပွေ့ဖက် ကာ သူမသည် မနားမနေ ကြပ်မတ်ခဲ့သဖြင့် ဤအခြေအနေဖြစ်နေခြင်းဟု သူ ပြောနေခဲ့မိသည်။ ကြီးမားသောမတော်တဆမှုကြီးဖြစ်ပြီးနောက် ရှုပ်ပွနေမှု များကို သူရှင်းခဲ့သည်။ သူသည် နှစ်ပေါင်းသောင်းချီစောင့်ခဲ့ရာ ဤအချိန် လောက်ကို မစောင့်ဘဲနေနိုင်မည်လား။
သူမ အိပ်မောကျနေချိန်တွင် သူမ၏လက်များ သူ့ကိုဖက်ထားသဖြင့် ယန်ယဲ့၏နှလုံးသားသည် အရည်ပျော်ကျနေခဲ့သည်။
ပေထင်းဟွမ် ထသွားပြီးနောက် ယန်ယဲ့လည်း ထလိုက်သည်။ သူမသည် မနေ့ညက သူ့နည်းလမ်းအတိုင်း နတ်အဆင့်ခွဲဆေးသန့်စင်နေသည်ကို ကြည့်ပြီး ယန်ယဲ့သည် သူမ ကြောက်သွားမည်ကို စိုးရိမ်နေခဲ့သည်။
အစပိုင်းတွင် သူကိုယ်တိုင်လုပ်ချင်ခဲ့သည်။ မနေ့ညက ကစဥ့်ကလျား နတ်အရင်းအမြစ်ကို သန့်စင်ပြီးနောက် ယန်ယဲ့သည် ကစဥ့်ကလျားနတ်အရင်း အမြစ်အားလုံးကို စုပ်ယူခဲ့သည်။ သူ့ခန္ဓာကိုယ်ထဲတွင် ကစဥ့်ကလျားနတ် အရင်းအမြစ်အလင်းတန်းဝင်ရောက်ပြီးနောက် သူလည်း ထိုအရာကို သန့်စင် နိုင်ပြီဖြစ်သည်။ ဆေးအဆင့်တက်မှုကို ကူညီရန်စဉ်းစားမိသော်လည်း ပေထင်းဟွမ်သည် အလေးအနက်ထားလုပ်နေသည်နေကိုမြင်သောအခါ ယန်ယဲ့သည် ထိုအတွေးကိုပြန်ရုတ်သိမ်းလိုက်သည်။
အခြေအနေသည် ရုတ်တရက်ပြောင်းလဲသွားသည်။ မှော်ဆေးသည် ပျံတက်သွားသည်။ ပေထင်းဟွမ်၏ ကြောင်မျက်နျာသည် အိုးဖင်မှပြာများဖြင့် ပေကျံနေကာ မဲ့ပြုံးလည်းရှိနေသည်။ သူမ လှည့်လိုက်ချိန် ယန်ယဲ့ကိုမြင် သောအခါ စိတ်လှုပ်ရှားစွာဖြင့်ပြေးသွားပြီး လက်ထဲမှ ကျောက်စိမ်းပုလင်းကို ပြလေသည် “မိုက်လိုက်တာ မိုက်တယ်မလား ကောင်းပါတယ်လို့တော့ မပြော နဲ့နော်”
“မဆိုးပါဘူး” ယန်ယဲ့သည် ပြုံးပြီးပြောလိုက်သည်။