← Chapters

ထပ်ချီးမွမ်းပြန်ပြီ သူမက ငါယန်ယဲ့ကြိုက်တဲ့ မိန်းကလေးပီသတယ်

Vol. 41 Ch. 814

ထပ်ချီးမွမ်းပြန်ပြီ သူမက ငါယန်ယဲ့ကြိုက်တဲ့ မိန်းကလေးပီသတယ်

Vol. 41 Ch. 814

“အာ.. ဒီလူကြီးတော့ စကားအကောင်းပြောရင် မိုးပြိုမှာမို့လို့လား” ပေထင်းဟွမ်သည် စိတ်ဆိုးဆိုးဖြင့် ယန်ယဲ့အား လက်သီးဆုပ်ဖြင့်ထိုးလေ၏။

ယန်ယဲ့သည်ပြုံးကာ သူမ၏လက်ကိုဆုပ်ကိုင်ပြီး ခရမ်းရောင်မျက်လုံး အစုံသည် ဝေဝါးကာဆွဲဆောင်မှုစွာဖြင့် သူမအားချော့လေသည် “မျက်လုံးမှိတ် ထား ငါပြောပြမယ်”

ဤကမ္ဘာတွင် မည်သူကမှ သူ၏ချီးမွမ်းမှုကိုမရခဲ့ပေ။ သူ၏မျက်လုံးထဲ တွင် သက်ရှိများအားလုံးသည် ပုရွက်ဆိတ်သာသာပင်။ ဤမိန်းကလေး သူမ သာလျှင် သူ့မျက်လုံးထဲဝင်လာပြီး နှစ်ပေါင်းသောင်းချီသည်အထိ မပြောင်းမလဲ ရှိနေကာ နှစ်ပေါင်းသောင်းချီကြာသွားသည်အထိ သူမ၏ဝိညာဉ်ကို သူ သိခဲ့ သည်။

ပေထင်းဟွမ်သည် ကျိုးနွံစွာဖြင့် မျက်လုံးများကို မှိတ်ကာ စိတ်ထဲမှတွေး နေသည်။ ယန်ယဲ့ ကျွန်တော့်ကိုအရူးလုပ်ရဲရင် ကြည့်ကောင်းတော့မယ်။

နှုတ်ခမ်းများသည် သူမ၏နှုတ်ခမ်းပေါ် ခပ်ဖွဖွလေးကျရောက်လာပြီး ပြန် ခွာတော့မည့်အချိန်တွင် ခန္ဓာကိုယ်မှ မှတ်ထားသည့် နွေးထွေးမှုနှင့် နူးညံ့သည့် ခံစားချက်ကြောင့် ပေထင်းဟွမ်သည် မကျေနပ်စွာ နှုတ်ခမ်းပြန်သပ်လိုက်ကာ မျက်လုံးပြန်ဖွင့်တော့မည့်အချိန်တွင် ယန်ယဲ့သည် နားထဲသို့လေသံဖြင့်ပြော လေသည် “မိုက်တယ် အရမ်းကောင်းတယ် သူမက ငါ ယန်ယဲ့သဘောကျတဲ့ မိန်းကလေးပီသတယ်”

သူမသည် အမှန်တကယ်ပင် အံ့ဩစရာကောင်းနေသည်လား သို့မဟုတ် သူမကို သူလေးစားနေသည်လား။ ဤယောက်ျားသည် အလွန်မောက်မာကာ သူပိုင်ဆိုင်သောအရာသည် အလွန်ထူးခြားသည့်အမှတ်အသားရှိသည်ဟု ခံစားနေ၏။

သို့သော် သူမသည် သူ၏အကြိုက်ဖြစ်သည်ဟု ယန်ယဲ့ပြောချိန်တွင် ပေထင်းဟွမ်သည် ရင်ထဲမှ ပျော်ရွှင်မှုကိုမချုပ်တည်းနိုင်ပေ။ သို့သော် သူသည် မျက်နှာတည်ငြိမ်စွာဖြင့် နှာမှုတ်လေသည် “မင်းစိတ်ထဲမှာတွေးနေတာဖြစ်မယ် ငါ့ကိုသင်ပေးတာမင်းပဲလေ၊ ဟင်း မင်းပြောတာက မရိုးသားဘူး”

ဒီလိုကို့ရိုးကားရားနိုင်တဲ့မိန်းကလေးမျိုး မတွေ့ဖူးဘူး။ ယန်ယဲ့သည် သူမ၏ အသွင်အပြင်ကို အလွန်သဘောကျသည်။ သူ့မျက်လုံးထဲတွင် အပြုံး နက်နက်ရှိနေသော်လည်း သူ့ပါးစပ်သည် လုံးဝခွင့်မလွှတ်ပေ။ သူသည် သူမကို ပွေ့ဖက်ပြီး ပြုံးကာပြောလေသည် “ထွက်မသွားချင်ဘူးလား၊ ဒီမှာနှစ်သစ်ကူး တော့မှာလား၊ ဝိညာဉ်ထောင်ချီတောင်ကို ဦးဆောင်မသွားတော့ဘူးလား”

“အခုဘယ်အချိန်ရှိပြီလဲ” ပေထင်းဟွမ်သည် ထိုစကားကြားပြီးနောက် အထိတ်တလန့်နှင့်ထခုန်လေသည်။ သူမ နတ်အဆင့်ခွဲဆေးသန့်စင်ရန် အချိန် အတော်ကြာယူရသည်။ သို့သော် သူမ၏ စိတ်စွမ်းအားသည် သာမန်လူနှင့် မခြားသဖြင့် သတိမထားမိလိုက်ပေ။

သူတို့နှစ်ယောက်သည် လေဟာနယ်ထဲမှထွက်လာချိန်တွင် ပင်မတိုက် ကြီးသည် အရုဏ်တက်နေပြီဖြစ်သည်။ အဝတ်အစားများကို လဲလှယ် ပြီးနောက် မနက်စာစားကာ ယန်ယဲ့သည် ပေထင်းဟွမ်အားလိုက်ပို့သည်။ ရထားလုံးသည် ရှန်းယန်မြို့လမ်းပေါ်တွင် တလိမ့်လိမ့်သွားနေသည်။ အထဲတွင် လှပသောအမျိုးသားတစ်ယောက်နှင့်ရှိနေရသဖြင့် ပေထင်းဟွမ်သည် သူနှင့်အတူ တစ်သက်လုံးအိုမင်းသွားချင်စိတ်မျိုး ရုတ်တရက်ဖြစ်ပေါ်လာ၏။

မျိုးနွယ်ကြီးလေးခုမြို့တွင် လူစုပြီးသားဖြစ်နေသည်။ ပေထင်းဟွမ်သည် အဖွဲ့ကိုဦးဆောင်ကာ မစ်ရှင်သွားလုပ်တော့မည်။ ခေါင်းဆောင်လေးယောက် သည် သူတို့ကို မထောက်ပံ့နိုင်တော့ပေ။ သူတို့သည် မိသားစုမှ လူငယ်များကို ကိုယ်တိုင်လာပို့ပြီး ပေထင်းဟွမ်၏လိုအပ်ချက်နှင့် မကိုက်ညီသည့်လူငယ်များ သည်လည်း စိတ်မဆိုးကြပေ။

ခေါင်းဆောင်လေးယောက်သည် အတူရောက်လာပြီး ဘာပြောရမည်ကို မသိတော့ပေ။ သူတို့သည် အဖွဲ့ထဲတွင် လှုပ်လှုပ်ရှားရှာအသံများကြားရပြီး စောဒကတက်တော့မည်အပြုတွင် လူတစ်ယောက်ပြေးထွက်လာသည် “သခင်လး ၉ ရောက်လာပြီ သခင်လေး ၉ ရောက်လာပြီ”

သူတို့လေးယေက်သည် တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်ကြ၏။ ငွေရောင်ဦးချိုမြင်းဆွဲသော မထင်မရှားရထားလုံးသည် ဤဘက်သို့ဦးတည်လာ နေသည်။ ရထားလုံးသည် ဖြည်းဖြည်းချင်းရွေ့လျားနေသည်ဟုထင်ရ သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ရောက်ရှိလာသည်။

“ညအရှင်သခင်ရဲ့ ရထားလုံးပဲ”

မနေ့ညက ပေထင်းဟွမ်သည် ရှီမန်ဆုန်းကိစ္စကြောင့် ညအရှင်သခင်နှင့် သွားတွေ့ခဲ့သည်ကို သူတို့လေးယောက် သိထားပြီးသားဖြစ်၏။ ထိုညက ညအရှင်သခင်သည် လူလွှတ်ကာ ရှန်းယန်ကျင်းသောက်ရန် ဆေးကို နန်းတော် ထဲသို့ပို့ပေးခဲ့သည်။

ရှန်းယန်ကျင်း၏အမေသည် ရှီမန်မိသားစုမှဆင်းသက်လာကာ ရှီမန် မိသားစု၏ တိုက်ရိုက်ဆွေမျိုးတော်ဆက်သည်။ ရှီမန်ကျင်သည် ရှေ့တိုးပြီး ယန်ယဲ့၏ရထားလုံးဆီသို့သွားကာ ယန်ယဲ့အား ကျေးဇူးတင်စကားပြောလေ သည် “ရှီမန်မိသားစုက ရှီမန်ကျင် ညအရှင်သခင်ကို ဆေးအတွက်ကျေးဇူးတင် ပါတယ်”

“မလိုပါဘူး” ယန်ယဲ့၏အသံသည် ခပ်သဲ့သဲ့ထွက်လာက ခမ်းနားသည့် အရိပ်အယောင်ပါလေသည် “ဒီသခင်ကြီးက ဟွမ်အာရဲ့မျက်နှာကြောင့်လုပ် ပေးတာ”

ယန်ယဲ့က အရမ်းကို ဝမ်းမည်းတယ်လို့မထင်ဘူးလား။

လူအုပ်ထဲတွင် အလွန်တော်သော သခင်ကြီး ၈ ယောက်လည်းရှိနေသည်။

All Chapters