ဒယ်စောက်မပေါက်ကွဲတဲ့အတွက် ကျေးဇူးတင်ပါတယ်
Vol. 41 Ch. 815
ထိုအသံထွက်လာချိန်တွင် ချက်ချင်းဆိုသလိုပင် မျိုးနွယ်ကြီးလေးခု တံခါးဂိတ်တစ်ခုလုံးသည် တိတ်ဆိတ်သွားကာ မွန်မြတ်သောသားရဲဆွဲသည့် ရထားလုံးကို စိုက်ကြည့်ကြရာ ခမ်းနားမှုအထွဋ်အထိပ်ရောက်နေသဖြင့် နှုတ်ဆိတ်နေကြရ၏။
ထိုအရာကိုကြည့်ပြီး ညအရှင်သခင်သည် နှုတ်ဆက်ရန်ခံစားချက် မကောင်းသည်ကို တခြားမိသားစုသုံးခု၏ခေါင်းဆောင်များ သိသဖြင့် ခြေလှမ်း များရပ်ကာ ရထားလုံးရှိရာဘက်သို့ ဦးညွှတ်ရုံညွှတ်ကာ ရှေ့ဆက်မတိုးတော့ ပေ။
ပေထင်းဟွမ်သည် ရထားလုံးမှဆင်းမည်အပြုတွင် သူမ၏ အထင်များ ဖြစ်မလားဟုတွေးပြီး ယန်ယဲ့အား ခေါင်းလှည့်ကြည့်လေသည်။ သို့သော် ထို ယန်ယဲ့၏ခွန်အားသည် ထပ်မံတိုးပွားလာသည်။
သူမဖြစ်စေသော ဘေးဒုက္ခသည် သူ့အတွက် အခွင့်အရေးဖြစ်ကာ ကစဥ့်ကလျားနတ်အရင်းအမြစ်ကို သန့်စင်ရန်ဖြစ်စေပြီး သူ၏ခွန်အားကို တိုးသွားစေသည်လားမသိပေ။ ပေထင်းဟွမ်၏ရင်ဘတ်ထဲတွင် ပျော်ရွှင်မှုများ လှိမ့်တက်လာကာ ယန်ယဲ့၏နားထဲကြားအောင်ပြောလေသည် “ဟင်း ခင်ဗျား ကျွန်တော့်ကို ကျေးဇူးတင်သင့်တယ်”
ပေထင်းဟွမ်သည် ဘာမှမပြောသော်လည်း သူမ သတိထားမိသည်ကို ယန်ယဲ့သိသဖြင့် သူမ၏နားသန်သီးကို ဆိတ်ကာ နှာခေါင်းချင်းထိလုနီးပါး အနေအထားဖြင့်ပြောလေသည် “ဒယ်စောက်ပေါက်ကွဲပြီး ငါ့ကိုမသတ်တာကို ကျေးဇူးတင်ရမှာလား”
ထိုအချိန်က အန္တရာယ်သည် သူမ၏စိတ်လွင့်မှုကြောင့်ဖြစ်လာသည့် ဘေးဒုက္ခဖြစ်သည်ကို တွေးမိသည်နှင့် ပေထင်းဟွမ်သည် အနည်းငယ် ရှက်ရွံ့ ပုံပေါ်သည်။ သို့သော် ခွင့်လွှတ်ရန်မတောင်းခံသလို ပြောလေသည် “ခင်ဗျား တန်ပါတယ်”
ထိုသို့ပြောပြီးနောက် သူမသည် ရထားလုံးပေါ်မှ ခုန်ဆင်းလေသည်။
ယန်ယဲ့သည် ကန့်လန့်ကာနောက်တွင် ပျောက်ကွယ်သွားသည့် သူမ၏ နောက်ကျောပြင်ကိုကြည့်ပြီး ခေါင်းမယမ်းဘဲမနေနိုင်တော့ပေ။ သူသည် ရထားလုံးပြတင်းပေါက် ကန့်လန့်ကာကိုမ,ပြီး အပြင်သို့ကြည့်လိုက်သည်။
ပေထင်းဟွမ်သည် အားလုံးရှေ့တွင်ရပ်လိုက်သည်။ သူမ၏အနောက်တွင် မြင့်မားသော မျိုးနွယ်ကြီးလေးခုဂိတ်တံခါးသာ နောက်ခံအဖြစ်ရှိနေသည်။ သူမသည် အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားကာ ခက်ထန်သည့်လေနှင့်အတူ ပျံသွားသည်မှာ စစ်နတ်ဘုရားကဲ့သို့ဖြစ်နေသည်။ ငွေရောင်မျက်နှာဖုံးသည် မနက်ခင်းအလင်း၏ အလင်းတန်းများကို ရောင်ပြန်ဟပ်ကာ မည်းနက်သော မျက်လုံးအစုံသည် တောက်ပနေပြီး ဆံနွယ်ရှည်များလွင့်ကာ ခရမ်းရောင်ဖဲပြား သည် တလွင့်လွင့်ရှိနေသည်။ သူမ၏ ကြည်လင်သောအသံ ထွက်ပေါ်လာ သည် “အကုန်ရောက်ကြပြီလား”
“အကုန်ရောက်ပြီ” ထောင်ချီသောလူများ၏အသံများသည် တညီတညာ တည်းထွက်ပေါ်လာသည်။ သူတို့ ပေထင်းဟွမ်ကို မြင်လိုက်သည်နှင့် တစ်ဖွဲ့လုံး သည် အရှိန်အဟုန်ဖြင့် ပြည့်နှက်နေသည်။ ၎င်းသည် မာကျောကြမ်းတမ်းပြီး စစ်သည်များ တဟုန်ထိုးတိုက်ခိုက်သည့်အတိုင်းဖြစ်နေသည်။ ၎င်းသည် ပေထင်းဟွမ်၏ ဆွဲဆောင်မှုပင်ဖြစ်သည်။
“အရမ်းကောင်းတယ်” ပေထင်းဟွမ်၏မျက်လုံးများသည် အဖွဲ့ထဲမှ လူတိုင်းဆီသို့ ရောက်သွားသည်။ သူမနောက်လိုက်ရန် အရည်အချင်းပြည့်မှီသူ များသည် ကြယ် ၇ ပွင့်ဝိညာဉ်သခင်နှင့်အထက်ဖြစ်သည်။ အနောက်မှပါလာ သူများသည် ကြယ် ၇ ပွင့်ဝိညာဉ်သခင်နှင့် ကောင်းကင်အဆင့်အောက်ရှိသော လူ ထောင်ချီရှိသည်။ ထိုအဖွဲ့သည် ကြီးမားနေပြီဖြစ်သည်။
သူမ၏ နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခုရှိနေသည်။ ထင်ရှားစွာပင် သူမ သည် အဖွဲ့ကိုကျေနပ်လျက်ရှိသည်။ “မထွက်ခင်ကို မစ်ရှင်ကြေညာပါမယ်၊ ကျွန်တော်တို့ ပန်းတိုင်က ဝိညာဉ်ထောင်ချီတောင်ရဲ့ ဆေးဖက်ဝင်ပစ္စည်းတွေ နဲ့၊ လက်နက်တွေပဲ၊ အဆင့် ၁ ဆေးပစ္စည်း ၅ ခုနဲ့ အဆင့် ၁ ဆေးနဲ့ လာလဲလို့ရ တယ်၊ နောက်ဆုံးကျရင် အဆင့်တက်ဖို့ ထောက်ပံ့ပေးမယ့် ဆေးတစ်လုံး ဆုအဖြစ်ပေးမယ်၊ သားရဲတွေကို ထိန်းကျောင်းဖို့အတွက် ကျွန်တော် တာဝန်ယူ ပေးမယ်၊ စာချုပ်တည်ထောင်ပေးရင် ကျန်တဲ့သားရဲတွေကို သက်ဆိုင်ရာ မိသားစုတွေကို ဝေပေးမယ် အဲဒါတွေကိုရောင်းလို့မရဘူး၊ သိရင်တော့ အညှာတာမရှိ အသတ်ခံရပါမယ်”
ပေထင်းဟွမ်ပြောပြီးနောက် သူမ၏ အကြည့်ခပ်ဖျော့ဖျော့သည် အကျပ် ကိုင်မှုဖြည့်ပြည့်ကာ မျက်နှာတိုင်းကို တဖြည်းဖြည်း ဖတ်လေသည်။ ခြိမ်းခြောက်မှုသက်ရောက်သည်ကို မြင်တွေ့နိုင်သည်။ ထိုလူငယ်များသည် သူတို့၏မျက်နှာများတွင် ထက်သန်မှုများရှိနေရာ သူမ ဖြည်းဖြည်းချင်း ခေါင်းညိတ်လေသည်။ “ဖြစ်နိုင်မလား”
“ရပါတယ်” အားလုံးသည် တညီတညွှတ်တည်း ပြန်ဖြေကြလေသည်။
ထိုအရာကိုမြင်ပြီး မိသားစုခေါင်းဆောင်လေးယောက်သည် တိတ်တိတ် ကလေးခေါင်းညိတ်ကြလေသည်။ သူတို့သည်ခေါင်းဆောင်ပေထင်းဟွမ်၏ အစွမ်းအစကို တစ်ခါမှသံသယမဝင်ဖူးပေ။ ၁၅ နှစ်ပင်မပြည့်သေးသည့် လူငယ် တစ်ယောက်သည် ဤမျှကျွမ်းကျင်အဆင့်သို့ရောက်လိမ့်မည်ဟု ထင်မထားရုံ သာဖြစ်သည်။
“ရှောင်ကျို့ စိတ်မပူနဲ့ ငါတို့တွေ သားရဲဖမ်းမိတာနဲ့ မင်းကိုပေးမယ်၊ မင်း ထိန်းကျောင်းပြီးရင် မိသားစုကို ညီတူမျှတူခွဲပေးပါမယ်” တုန်ဖန်းမိသားစုမှ လူငယ်တစ်ယောက် မတ်တတ်ရပ်လေသည်။
“ပြီးတော့ စုလို့ရတဲ့ဆေးဖက်ဝင်ပစ္စည်းအကုန်လုံးကို သခင်လေး ၉ ကို ပေးပါမယ်၊ ဆေးလိုရင် မိသားစုကိုမပေးမှာတော့ကြောက်ပါတယ်” နန်ကုန်း မိသားစုမှလူငယ်ထည်း ထရပ်လေသည်။
“သေချာပေါက် သဘောတူပါတယ်” မည်သူမှ ငြင်းဆန်ခြင်းမရှိပေ။ သူတို့အားလုံးပြောနေသည့်အရာကို ထိုလူငယ်မှထုတ်ဖော်ပြောလိုက်ခြင်းပင်။