ပေထင်းဟွမ် အသင်းကိုဦးဆောင်ခြင်း
Vol. 41 Ch. 816
ပေထင်းဟွမ်သည် သူမကိုယ်တိုင်အတွက် ဆေးလုံးဝမသုံးပေ။ သူမ သန့်စင်သည့် ဆေးအများစုသည် မိသားစုတွင်း၌ သုံးရန်သာဖြစ်သည်။ အားလုံး မငြင်းဆန်သဖြင့် သူမသည် ကြောင်သူတော်ယောင်ဆောင်ပြီး မငြင်းဆန်တော့ ပေ။ သူမ လက်ဝေ့ယမ်းလိုက်ပြီး ခပ်တိုးတိုးအော်လိုက်သည် “သွားကြမယ်”
ပေထင်းဟွမ်သည် ယန်ယဲ့၏ရထားလုံးကိုကြည့်ပြီး ခန္ဓာကိုယ်ကို လှုပ်ရှားကာ ဝိညာဉ်ထောင်ချီတောင်တန်းရှိရာဘက်သို့ ပျံသွားလေသည်။ သူမ အနောက်တွင် မိသားစုကြီးလေးခုမှ အရည်အချင်းရှိသော ဆယ်ကျော်သက် လူငယ်များသည် အဖွဲ့ ၄ ဖွဲ့ခွဲကာ လိုက်လာကြသည်။ တစ်ဖွဲ့ချင်းစီကို မွတ်မြတ်သောသားရဲရှိသည့် လူငယ်မှဦးဆောင်ပြီး ပေထင်းဟွမ်နောက်လိုက် ကာ ဝိညာဉ်ထောင်ချီတောင်ဆီသို့ ခမ်းနားစွာ ဦးတည်သွားလေသည်။
သူတို့အဖွဲ့သည် မျိုးနွယ်ကြီးလေးခုမြို့မှ ထွက်ခွာကာ မျိုးနွယ်ကြီးလေးခု နှင့် တော်ဝင်မြို့ကြားမှာ ပင်မလမ်းအတိုင်း ဝိညာဉ်ထောင်ချီတောင်သို့ သွားကြ လေသည်။ မနက်ခင်းဖြစ်ရာ လမ်းပေါ်တွင် လူအုပ်ကြီးရှိနေသည်။ စိတ်ဓာတ် တက်ကြွနေသောအဖွဲ့နှင့် လူငယ်တစ်ယောက်ရှေ့မှဦးဆောင်လာာသည်ကို မြင်သည်နှင့် အားလုံးသည် ခြေလှမ်းများရပ်ကာ လမ်းဖွယ်ပေးပြီး ထိုဘက်သို့ ကြည့်ကြသည်။
“သူတို့တွေက မိသားစုကြီးလေးခုက ဆယ်ကျော်သက်တွေပဲ၊ သူတို့တွေ ထပ်ပြီးလေ့ကျင့်ဖို့သွားကြတာပဲ၊ မိသားစုကြီးလေးခုက ကောင်းလိုက်တာ၊ နှစ်တိုင်း လေ့ကျင့်ဖို့ အခွင့်အရေးအများကြီးရတယ်”
“မိုးနတ်မင်းရေ ငါဖတ်တာမမှားရင် ဒီတစ်ခေါက်လေ့ကျင့်ဖို့ ဦးဆောင်တဲ့ သူက သခင်ကြီးပေထင်းဟွမ်ဖြစ်နေတာပဲ”
“ဘာ သခင်ကြီးပေထင်းဟွမ် ဟုတ်လား ဘယ်မှာလဲ ဘယ်မှာလဲ”
“ဝိုး သခင်ကြီးပေထင်းဟွမ်ဖြစ်နေတာပဲ မိုက်လိုက်တာ”
ပေထင်းဟွမ်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူမသည် လူအုပ်အဝိုင်းခံရသည့်ခံစားချက်ကို မကြိုက်ပေ။ သို့သော် မိသားစုကြီးလေးခု မြို့မှ ဝိညာဉ်ထောင်ချီတောင်သို့သွားရာလမ်းမှာ ဤတစ်လမ်းသာရှိသည်။ ထို့အပြင် သူမသည် သူမဘာသာပျံသွားရန်မဖြစ်နိုင်သဖြင့် လေ့ကျင့်ရေးအဖွဲ့ ကို ဦးဆောင်လာရသည်။ လမ်းလျှောက်သွားကာ အဖွဲ့အားဦးဆောင်နိုင်သူမှာ မည်သို့သော နည်းပြဖြစ်မည်နည်း။
ဟုတ်သည်။ အသက် ၁၄ နှစ်နှင့် သူမသည် မိသားစုကြီးလေးခု၏ အထူး နည်းပြဖြစ်လာခဲ့သည်။ မိသားစုကြီးလေးခု လေ့ကျင့်ရာတွင် သူတို့၏ ကိုယ်ပိုင် နည်းပြမှဦးဆောင်လေ့ရှိကြသည်။ သည်တစ်ကြိမ်မှပင် မျိုးနွယ်ကြီးလေးခုမှ ဆယ်ကျော်သက်များကို နည်းပြတစ်ယောက်သာ ဦးဆောင်လာခဲ့သည်။
“သွက်သွက်ကလေးသွားကြမယ်”
ပေထထင်းဟွမ်သည် ခပ်တိုးတိုးအမိန့်ပေးလိုက်သည်။ သူမသည် သားရဲ များကို ဝိညာဉ်ထောင်ချီတောင်ဝင်ပေါက်တွင် စောင့်နေရန် အသိစိတ်ပင်လယ် ထဲမှ အမိန့်ပေးပြီးသားဖြစ်သည်။
ဝိညာဉ်ထောင်ချီတောင်သည် ရာယာအင်ပါယာနှင့် အင်ပါယာကျောင်း အနောက်တွင်တည်ရှိကာ ရှန်းယန်မြို့၏ အနောက်ဘက်ဥယျာဉ်ဖြစ်သည်။ ရှန်းယန်မြို့၏ ယာယီနေထိုင်သူမှလွဲပြီး တိခြားသူများသည် ဝင်ကြေးများများ စားစားမပေးရပေ။ ၎င်းသည် ပေထင်းဟွမ်အတွက် ၂၁ ရာစုကိုရောက်သွား သလို ခံစားရသည်။ ထိုင်,တောင်နားတွင်နေထိုင်သည့်လူများသည် ထိုင်,တောင်အဝင်အထွက်အတွက် ဝင်ကြေးပေးရန်မလိုပေ။ တခြားနေရာမှလူ များသည် ခရီးသွားလာရာတွင် လက်မှတ်များဝယ်ရသည်။
ရှန်းယန်မြို့တွင် ဝိညာဉ်ထောင်ချီတောင်တွင် တစ်နှစ်ပတ်လုံးနေထိုင် သည့် ဆေးဖက်ဝင်မြက်ပင်များ၊ ဝိညာဉ်သစ်သီးများခူးသော၊ သားရဲဖမ်းပြီး ပိုက်ဆံရှာသောလူများရှိသည်။ သေချာပေါက် ဝိညာဉ်ထောင်ချီတောင်သည် ဝိညာဉ်ခွဲတောင်တန်းထက်မလျော့ကာ နေ့စဉ်နေ့တိုင်း အသက်ပေးနေရသည့် လူဦးရေမရေမတွက်နိုင်အောင်ရှိသည်။
သည်တစ်ခေါက်ပေထင်းဟွမ်လာရသည်မှာ သားရဲများဖမ်းရန်ဖြစ်ပြီး သူမ ဦးဆောင်သည့်အဖွဲ့သည် ကြယ် ၇ ပွင့်ဝိညာဉ်သခင်အထက်နှင့် ကောင်းကင်အဆင့်အောက်လူများဖြစ်ကြသည်။ အားလုံးပေါင်း အဖွဲ့ ၄ ဖွဲ့ရှိ သည်။ ပေထင်းဟွမ်၏တောင်းဆိုချက်အရ လေးဖွဲ့အတွင်းတွင် ငါးယောက် တစ်ဖွဲ့ရှိကာ အဖွဲ့ခေါင်းဆောင်သည် ထိုအသင်း၏အားအကောင်းဆုံးလူဖြစ် သည်။
သတ်မှတ်ရာနေရာရောက်ချိန်တွင် ပေထင်းဟွမ်၏သားရဲများစုဝေးရာ နေရာသို့ အဖွဲ့ကိုဦးဆောင်သွားလေသည်။ သားရဲငါးကောင်ဖြစ်သည့် အဂူး၊ ကင်းကောင်၊ ကျို့ယန်၊ လျှပ်စီးနှင့် မိုးကြိုးသွား ထူးဆန်းသောလူများအားလုံး သည် ချက်ချင်းပင် ထောင်ချီသောလူအုပ်ကြီးကို နှစ်ခြိုက်သွားကြသည်။ ဤ အခိုက်အတန့်တွင် မည်သူမှ စိတ်ထဲတွင် မတွေးမိသူမရှိပေ။ ဒီလိုမျိုး မှော်သားရဲပိုင်ဆိုင်ရရင်တော့ တော်တော်မိမိုက်နေမှာပဲ။
“သားရဲလိုချင်လား” ပေထင်းဟွမ်သည် အားလုံး၏ လိုလားသောမျက်လုံး များကို အလွတ်မခံဘဲ ရှေ့သို့ လက်ဆန့်ထုတ်ညွှန်ပြလေသည် “ကိုယ့်ဘာသာ ဖမ်းကြ၊ သားရဲဖမ်းနိုင်တာနဲ့ အထွတ်အမြတ်သားရဲဆိုရင်တောင် ထိန်းကျောင်းဖို့ ကူညီပေးမယ်”