အဖွဲ့နှစ်ဖွဲ့တိုက်ခိုက်ခြင်း
Vol. 41 Ch. 817
သခင်ကြီးပေထင်းဟွမ်သည် တိုက်ကြီးတစ်ခုလုံးမှ သိထားကြသည့် အမြင့်ဆုံးသားရဲထိန်းဖြစ်သည်။ အမြင့်ဆုံးသားရဲထိန်းနောက်လိုက်ပြီး လေ့ကျင့်ရသည်ကို တိုက်ကြီးတစ်ခုလုံးမှ ဝမ်းမမြောက်သူမည်သူရှိမည်နည်း။
မလာခင်တွင် မိသားစုခေါင်းဆောင်များသည် ဤအခွင့်အရေးကို အမိအရဖမ်းဆုပ်ရန် အကြိမ်ကြိမ်အခါခါပြောခဲ့သည်။ မိသားစုထဲမှ အကေင်း ဆုံးဆေးများကိုပင် ထုတ်လာခဲ့သည်။ ပြီးခဲ့သည့်ညက လူတချို့ အုတ်မြစ်ဆေး နှင့် အဆင့်တက်ရန် မြေကြီးဝိညာဉ်ဆေးတို့ကို သုံးရခြင်းမှာ ဤအခွင့်အရေး တွင် အချီကြီးရိတ်သိမ်းရန်ဖြစ်သည်ဟု ပြောကြသည်။
ပေထင်းဟွမ် အားတက်နေရန်မလိုပေ။ ထောင်ချီသောလူများ ဝိညာဉ် ထောင်ချီတောင်သို့ဝင်သည်နှင့် သူတို့သည် လှောင်အိမ်မှလွှတ်လိုက်သည့် ယုန်များကဲ့သို့ တောင်အနက်ပိုင်းထဲသို့ဝင်ကြသည်။ သေချာပေါက်ပင် ပေထင်းဟွမ်၏တောင်းဆိုချက်ကို မမေ့မလျော့နှင့် ၅ ယောက်တစ်ဖွဲ့ဖွဲ့ကြ၏။
နတ်သားရဲ ၅ ကောင်နှင့်အတူ ပေထင်းဟွမ်သည် ဘာမှမလုပ်ဘဲ နှစ် ၃ ထောင်သက်တမ်းရှိသစ်ပင်ကို လက်ပိုက်ပြီးမှီထားကာ မျက်လုံးမှိတ်ထားပြီး အဆင့် ၇ သားရဲဆွဲခေါ်ပြီးထိန်းကျောင်းပေးရမည့်အရေးကို စောင့်ဆိုင်းနေ၏။ ထိုအချိန်က ပေထင်းဟွမ်သည် နဖူးကိုပင့်ထောက်ထားကာ စိတ်ဆိုးမာန်ဆိုး နှင့် ပြောလေသည် “အဆင့် ၇ သားရဲထိန်းကျောင်းခိုင်းပါဦး ဘယ်လိုလုပ် ဒါမျိုး ကိုယူလာရတာလဲ”
“ခွီး” မိုးကြိုးသွားသည် ဘေးမှ မကြင်မနာနှင့်ရယ်မောလေသည်။ သူသာ ပုံစံငယ်ဖြစ်နေပါက မြေကြီးပေါ်တွင် လူးလှိမ့်နေလိမ့်မည်ဟု ပေထင်းဟွမ် ခန့်မှန်းမိသည်။
“အာ..” ဆယ်ကျော်သက် ၅ ယောက်သည် ရှက်ကိုးရှက်ကန်းနှင့် ထို အခိုက်အတန့်တွင် မည်သို့လုပ်ရမည်ကို မသိတော့ပေ။ အဖွဲ့ခေါင်းဆောင် ကျီလင်သည် ပေထင်းဟွမ်ဆီသို့ သားရဲအလျင်စလိုယူဆောင်လာသည် “သခင်ကြီး အကောင်းဆုံးကိုပဲ ဖမ်းလာတာပဲ”
ပေထင်းဟွမ်သည် သူတို့၏ခွန်အားကိုကြည့်လိုက်သည်။ သူတို့သည် ဝိညာဉ်သခင်အဆင့်များဖြစ်ကြသည်။ သို့သော် အချိန်တိုအတွင်းတွင် အဆင့် ၇ သားရဲကိုဖမ်းလာနိုင်သည်မှာ အံ့လောက်ဖွယ်ရာပင်။ သူမသည် လက်မြှောက် ကာ သားရဲ၏ဦးခေါင်းပေါ်တင်လိုက်သည်။ အတန်ကြာပြီးနောက် ယဉ်ပါးလာ ချိန်တွင် အဆင့် ၇ သားရဲငယ်ကို လူ ၅ ယောက်ဆီသို့ ကန်ပေးလိုက်သည် “ဟုတ်ပြီ စာချုပ်တည်ထောင်လိုက်တော့ အချိန်ယူကြပါ စိတ်မပူနဲ့”
လူထောင်ချီသောအဖွဲ့ကို ထိန်းချုပ်ရသည်မှာ မလွယ်လှပေ။ ထို့အပြင် ဝိညာဉ်ထောင်ချီတောင်တွင် လူအုပ်ကြီးရှိနေကာ အဆင့်မြင့်သားရဲများသည် အဆုံးမရှိထွက်ပေါ်နေသည်။ ရံဖန်ရံခါတွင် အမျက်ကြီးသောသားရဲများသည် လူစားရန် အစွန်အဖျားတွင် ပေါ်လာတတ်သည်။ သို့သော် ပေထင်းဟွမ် ဦးဆောင်သည့်အဖွဲ့တွင် ဝိညာဉ်သခင်များစွာပါဝင်သည်။ ထိုလူများသည် ပေထင်းဟွမ် နှစ်သက်ရန်ထိုက်တန်သည်။ ပေထင်းဟွမ်သည် အကြောက်တရားဆိုသည့် စကားလုံးကို မည်သို့ရေးရမည်ကို သိရန်မလိုသည့် ပုံပင်။
ကံကောင်းစွာပင် နတ်သားရဲ ၅ ကောင်အပါအဝင် ပေထင်းဟွမ်သည် သားရဲများအားလုံးကို လွှတ်ထားသည်။ အထူးသဖြင့် အဖြူရောင်အလုံး ၁၀၈ လုံးရှိသည့် နွယ်ပင်လေးကိုလွှတ်ကာ ဤနေရာမှ သားရဲများအားလုံးကို စောင့်ကြည့်စေသည်။ တောင်ပေါ်ရှိ အကိုင်းအခတ်များသည် ဖုံးလွှမ်းခံလိုက်ရ သည်။
“သခင် ရှေ့မှာအဖွဲ့ ၂ ဖွဲ့တိုက်ခိုက်နေကြတယ်၊ တစ်ဖွဲ့က ကျွန်တော်တို့ အဖွဲ့ဖြစ်တဲ့ပုံပဲ” နွယ်ပင်လေး၏အသံသည် ပေထင်းဟွမ်၏အသိစိတ်ထဲတွင် ပေါ်လာသည်။ နွယ်ပင်လေးပြသောမြင်ကွင်းမှတစ်ဆင့် တိုက်ခိုက်နေသူသည် သူမခေါ်လာသည့်သူများမဟုတ်ဘဲ နန်ကုန်းမိသားစုမှဖြစ်သည်ကိုမြင်လိုက်ရ သည်။
တစ်ဖက်သည် စီရင်ချက်ဗိမာန်ဖြစ်သည်။
“ဟားဟား” စီရင်ချက်ဗိမာန်၏ သူတော်စင်သည် ကောင်းကင်အဆင့် ဝိညာဉ်သခင်ဖြစ်သည်။ ရှုံ့မဲ့သောအပြုံးနှင့်အတူ နန်ကုန်းမိသားစုမှ အမျိုးသမီး ဝိညာဉ်သခင်ဆီသို့ ချည်းကပ်လေသည် “မင်း အပြစ်တင်ချင်ရင်လည်း မင်းက မိသားစုကြီးလေးခုကဖြစ်နေတာကိုပဲ အပြစ်တင်လိုက်၊ မဟုတ်သေးဘူး အပြစ်တင်မယ်ဆိုရင် ပေထင်းမိသားစုနဲ့ ပေါင်းလိုက်တာကိုပဲ အပြစ်တင်လိုက် မင်းပြောလိုက်တာနဲ့ သခင်လေး ၉ သေမယ် ပြောမယ်ဆိုရင် မင်းကို ချက်ချင်း လွှတ်ပေးမယ် မဟုတ်ရင်တော့... ဟီးဟီး...”