သခင်လေး ၉ ကူညီပါဦး
Vol. 41 Ch. 818
“ဟင်း အိပ်မက်မက်နေလိုက် စီရင်ချက်ဗိမာန်” အမျိုးသမီးဝိညာဉ်သခင် သည် အသက် ၂၀ အရွယ်ရှိကာ ခေါင်းမာစွာဖြင့်လက်မြှောက်ပြီး စီရင်ချက် ဗိမာန်မှလူများကို မုန်းတီးစွာဖြင့်ကြည့်နေသည်။ သည်တစ်ခေါက်တွင် သူတို့ သည် ၂၃ ယောက်ပါဝင်သောအဖွဲ့အနေနှင့်ထွက်လာခဲ့သည်။ ၁၇ ယောက်ကို စီရင်ချက်ဗိမာန်မှလူများ သတ်သွားပြီး မိန်းကလေး ၆ ယောက်သာကျန်တော့ သည်။ မထင်မှတ်စွာပင် စီရင်ချက်ဗိမာန်သည် သူတို့မှာ နတ်ဘုရား၏ ပြောရေး ဆိုခွင့်ရှိသူဟုပြောနေကာ သူတို့၏အတွေးမှာလည်းလိုက်မမှီတော့ပေ။
“သတ်ချင်လည်း သတ်လိုက်လေ သတ်.. ငါတို့ကကြောက်မယ်ထင်နေ လား” ၁၈ နှစ်အရွယ်ရှိ မိန်းကလေးဝိညာဉ်သခင်နောက်တစ်ယောက်သည် ကြောက်ရွံ့မှုကြောင့်မျက်နှာတစ်ခုလုံး ဖြူဖျော့နေသော်လည်း ခေါင်းမာစွာ ပြောနေတုန်းပင် “စီရင်ချက်ဗိမာန်ရဲ့ ခွေးတွေ ငါတို့ကိုမသတ်ရင် ဆံပင်တစ်ပင် လောက်ပဲထိရဲထိကြည့်လေ၊ သခင်လေး ၉ သိရင် မင်းတို့ရဲ့ သန့်စင်တဲ့မြို့လို့ ခေါ်တဲ့နေရာကို မီးမြှိုက်ပစ်မယ်”
“ဟား ဟား ဟား သခင်လေး ၉... အဲဒီသခင်လေး ၉ ကို နတ်ဘုရားလို့ ထင်နေတာလား၊ ဒီအချိန်မှာတောင် သခင်လေး ၉ အကြောင်းတွေးနေတာ၊ မင်းတို့တွေ ဦးလေးကို စိတ်ပျော်အောင် ဘာလို့မလုပ်ပေးတာလဲ၊ မသေခင် ပျော်စရာရှိသွားတာပေါ့”
ပြောရင်းနှင့် သူတော်စင်သည် ၁၈ အရွယ်မိန်းကလေးဆီသို့ ခါးကိုင်းကာ သူမ၏ မျက်နှာကိုလက်နှင့်ထိလေသည်။ သံသယမရှိစွာပင် ထိုမိန်းကလေး သည် ကျန်ရစ်သည့် ၆ ယောက်ထဲတွင် အလှဆုံးနှင့် စွမ်းအားအကောင်းဆုံးဖြစ် သည်။ သူမသည် ကြယ် ၇ ပွင့်ဝိညာဉ်သခင်ကြီးဖြစ်နေပြီဖြစ်သည်။ သို့သော် ကောင်းကင်အဆင့် သူတော်စင်နှင့်တော့ မယှဉ်နိုင်ပေ။
ကြယ် ၇ ပွင့်ဝိညာဉ်သခင်ကြီးသည် ပင်မတိုက်ကြီးတွင် ထိပ်တန်း ကျွမ်းကျင်သူဖြစ်နေပြီဖြစ်၏။ သူတို့အဖွဲ့သည် ကြယ် ၇ ပွင့်ဝိညာဉ်သခင်ကြီး သုံးယောက်ဦးဆောင်သည့်အဖွဲ့ဖြစ်သည်။ သူတို့သည် ဆေးပင်များစုရန် တောင်သို့ဝင်လာခြင်းဖြစ်သော်လည်း စီရင်ချက်ဗိမာန်မှလူများနှင့် တွေ့ရလိမ့် မည်ဟု ထင်မထားပေ။ နောက်ဆုံးတွင် မိန်းကလေး ၆ ယောက်သာ အသက်ရှင် ကျန်နိုင်ခဲ့သည်။
“ဒီမိန်းကလေးက ငါ့ဟာပဲ တခြားသူတွေက မင်းတို့လုပ်ချင်သလိုလုပ်” စီရင်ချက်ဗိမာန်မှသူတော်စင်ပြောပြီးနောက် မိန်းကလေးဆီသို့ ပြေးသွားလေ သည်။ သူ့အနောက်တွင် အယောက် ၂၀ ပါကာ အားလုံးသည် ဝိညာဉ်သခင်ကြီး များဖြစ်ကြသည်။ ခွန်အားနှင့်တင် ထိုမိန်းကလေး ၅ ယောက်ကိုဖိနှိပ်နိုင်သည်။ ခွန်အားမကောင်းလျှင်တောင် လူအများသည် လူအနည်းကို အနိုင်ကျင့်နိုင်၏။ သို့သော် ထိုမိန်းကလေးများသည် သူတို့၏ပြိုင်ဘက်မဟုတ်ပေ။
“မဟုတ်ဘူး မဟုတ်ဘူး လာခွင့်မရှိဘူး”
ဝံပုလွေနှင့် ကျားကဲ့သို့ဖြစ်နေသည့်လအုပ်ကိုကြည့်ပြီး မိန်းကလေးများ သည် ကျောချင်းကပ်လူစုသွားကာ အသေခံရန်ပြင်ဆင်ထားကြသ်ည။ နန်ကုန်း မိသးစုတွင်နေရသည်မှာ သူတို့၏ရာထားသည် နန်ကုန်းချန်ရှီးတို့လောက် မမြင့်သော်လည်း ဤလမ်းတွင်ရှိသည့် မျိုးရိုးမြင့်မိန်းကလေးများဖြစ်နေတုန်း ပင်။ သူတို့သည် ဤမိစ္ဆာများ၏စော်ကားခံခြင်းကိုခံရသည်ထက် သေလိုက် မည်။
ဝိုး...
သူတို့၏ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအားများအားလုံး ဖိနှိပ်ခံလိုက်ရသည်။ ကောင်းကင်အဆင့်ဝိညာဉ်သခင်၏ အားကောင်းသောဝိညာဉ်စွမ်းအား ပိတ်ပင် ခြင်းကိုခံရပြီးနောက် သေကြောင်းကြံရန် အခွင့်အရေးပင်မရှိတေ့ပေ။ သူတို့၏ ခန္ဓာကိုယ်များ အေးစက်လာသည်နှင့် အင်္ကျီဖြဲခံရသည့်အသံများထွက်ပေါ်လာ ကာ မိန်းကလေးတစ်ယောက်သည် တုန်တုန်ယင်ယင်နှင့် စတင်ငိုတော့သည် “ဟီး ဟီး သခင်လေး ၉ ကူညီပါဦး”
“ဟုတ်တယ် သခင်လေး ၉ က ဒီနေ့ အဖွဲ့ကိုဦးဆောင်ပြီး တောင်ကို ဝင် မှာ၊ သခင်လေး ၉ ကို အတူခေါ်ရအောင်”
ကပ်ဘေးအကြားတွင် အကြံတစ်ခုပေါ်လာကာ အကြီးဆုံးမိန်းကလေး သည် စိတ်ငြိမ်ငြိမ်ထားကာ ဦးဆောင်အော်လေသည် “သခင်လေး ၉ ကယ်ပါဦး”
တခြားမိန်းကလေးများလည်း သူမနောက်လိုက်အော်ကြသည်။ သို့သော် သည်တစ်ကြိမ်တွင် သူတို့သည် စဉ်းတီတုံးပေါ်ရောက်နေသော ငါးကဲ့သို့ဖြစ်နေ ကာ နတ်ဘုရား၏ပြောရေးဆိုခွင့်ရှိသူဟုခေါ်သည့်လက်များထဲတွင် သူတို့၏ အဝတ်အစားများပြဲနေကြသည်။ သူတော်စင်များ၏ လှောင်ပြောင်သောအသံ များနှင့် အကူအညီးတောင်းသံများသည် တောင်ပေါ်တွင် ပျံ့နှံ့နေသည်။
ပေထင်းဟွမ်၏ခြေလှမ်းများလေထဲတွင် ရပ်တန့်သွားသည်။ သူမ၏ သွေးများဆူပွက်လသည်။ မျက်စိရှေ့မှ သားရဲလောက်ပင်မကောင်းသည့် မြင်ကွင်းကိုမြင်ပြီး ပေထင်းဟွမ်သည် လက်ထဲမှ ဓားပျော့ကိုထုတ်ကာ တွေး လိုက်သည်နှင့် ဓားပျော့ ၃၂ ချောင်းပွားပြီး သူတော်စင်များ၏ဦးခေါင်းကို တစ်ခု ပြီးတစ်ခု လှီးဖြတ်လေသည်။