Chapters

စီရင်ချက်ချသည့်စည်းချက်

Vol. 41 Ch. 819

စီရင်ချက်ချသည့်စည်းချက်

Vol. 41 Ch. 819

“ဟားဟား ဒီငတုံးတွေကိုကြည့်ပါဦး လူတွေက ဉာဏ်ရည်မှာသွား သက်ရောက်တာထင်တယ်၊ ဒီအချိန်မှာတောင် မင်းကို ကောင်းကောင်းဆက်ဆံ ဖို့ မပြောဘဲ သခင်လေး ၉ ကိုခေါ်နေသေးတယ်၊ ဟား ဟား သခင်လေး ၉ က နတ်ဘုရားမို့လို့လား အဲလိုဆိုရင် လောင်ကျီက နတ်ဆိုးဧကရာဇ်လား” သူတော်စင်သည် မိန်းကလေး၏အင်္ကျီကိုဆွဲဖြဲလိုက်ရာ အထဲမှအတွင်းခံ ပန်းရောင်ပေါ်လာသည်နှင့် သူ၏မျက်လုံးများ ချက်ချင်းနီရဲသွားက မိန်းကလေး ဆီသို့ ပစ်ဝင်လေသည်။

အနည်းငယ်အေးစက်မှုသည် သူ့လည်ပင်းဆီသို့ရောက်လာသည်။ သူ တင်သာမကဘဲ တခြားအယောက် ၂၀ သည်လည်း အေးစက်မှုခံစားလိုက်ရ ကာ ဓားထိပ်ကဲ့သို့ချွန်ထက်သောခံစားချက်မျိုးဖြစ်သည်။ မည်သူမှ မကြည့်ရဲ ကြပေ။ ထိုအချိန်တွင် လေထုသည် အလွန်တင်းမာနေသည်။ တောင်ဧရိယာ ပိုင်းတွင် လေတိုက်ခတ်ခြင်းလည်းမရှိ၊ မြေကြီးအောက်မှ ပိုးမွှားများပင် အသံ မထွက်ဘဲ သစ်ကိုင်းမှ ငှက်များလည်း အသံမထွက်ရဲကြပေ။

ထူးဆန်းလွန်းသည်။ ထူးဆွန်းလွန်း၍ ထိုလူများသည် အသက်အောင့်မိ ကြသည်။

သူတော်စင်သည် ခေါင်းကိုအနည်းငယ်စောင်းငဲ့ကြည့်ကာ မျက်လုံးထေင့် မှရှာကြသည်။ သူ၏လက်သည် မိန်းကလေး၏စကတ်ထောင့်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားကာ ထိုလက်ပင်တုန်ယင်နေပြီး လွှတ်လိုက်ချင်သော်လည်း မလွှတ်ရြပေ။

“ဒီသခင်လေးက နတ်ဘုရားလားတော့မသိဘူး၊ ဒါပေမဲ့ နတ်ဆိုးဧကရာဇ် လို သားရဲ့နဲ့ယှဉ်ရဲရင်တော့ သေလမ်းရှာတာပဲ”

အားလုံး၏ဦးခေါင်းအထက်တွင် ကြည်လင်သောအသံတစ်ခုထွက်လာ သည်။ ထိုအသံကိုကြားပြီးနောက် တားမြစ်မှုသည် ပျက်စီးသွားသလိုပင်။ အားလုံးသည် ရုတ်တရက်ကြည့်လိုက်ကြရာ ပြာလဲ့သောကောင်းကင်တွင် ဓားပျော့ပိုက်ကွန်ကိုမြင်လိုက်ရသည်။ ငွေရောင်နှင့် မိုးပြာရောင်ကောင်းကင် သည် တစ်ခုနှင့်တစ်ခု ပနံတင့်လှသည်။ တောက်ပသော အရည်အသွေးမြင့် ပစ္စည်းသည် လူအများကို ထိတ်လန့်စေသည်။ ဓားပိုက်ကွန်ပေါ်တွင် အနက် ရောင်ဝတ်ထားသော လူငယ်တစ်ယောက်သည် ထိပ်တွင်ရပ်နေသည်။ သူသည် ငွေရောင်မျက်နှာဖုံးဖြင့် မျက်နှာအစိတ်အပိုင်းအများစုကိုအုပ်ထားကာ ရှည်လျားသောအနက်ရောင်ဆံပင်များသည် အနောက်တွင်တွဲလွဲကျနေကာ ခရမ်းရောင်ဖဲပြားသည်လှုပ်ယမ်းနေပြီး မျက်လုံးနက်နက်များသည် ထိုလူများ ၏ ဝိညာဉ်များကို လောင်မြိုက်စေမည့် ကခုန်နေသောမီးတောက်များသဖွယ် ပင်။

သူမသည် ထိုလူများကို ပေါ့ပေါးပါးပါးကြည့်သော်လည်း သူမ၏မျက်လုံး များသည် မြေကြီးမှမခွာပေ။ ဆွဲဆောင်မှုရှိသည့် လှပသေမိန်းကလေး ၅ ယောက်သည် မြေပေါ်တွင်လှဲနေသည်။ စီရင်ချက်ဗိမာန်၏ သတ်ခြင်းကိုခံရပြီး တစ်ဦးတည်းအသက်ရှင်ကျန်ခဲ့သော နန်ကုန်းမိသားစုမှ ယောက်ျားလေး တစ် ယောက်သည် အနက်ရောင်ဝတ်ထားသောလူငယ်၏ မေးမြန်းသည့်အသံကို ကြားလိုက်ရသည် “ဘယ်နယောက်အသက်ရှင်လဲ”

အနီရောင်အင်္ကျီဝတ်ထားသောလူငယ်သည် ခေါင်းမော့ကာ ထိုလူငယ် ဆီသို့ ကြည့်လေသည်။ သူ၏နီရဲသောမျက်အိမ်ထဲတွင် အေးစက်သောအလင်း လက်သွားသည် “အားလုံးပေါင်း ၇ ယောက်ပါ၊ အဲဒီအရူးတွေက မသွက်ဘူး၊ ၁၁ ယောက်လောက်ထိ အသက်ရှင်နိုင်တာကို အားလုံးက ဝိညာဉ်သခင်ကြီး ခွန်အားရှိတဲ့သူတွေပဲ”

“အရမ်းကောင်းတယ်” လူငယ်သည် မျက်လုံးနက်နက်များဖြင့် မြေပေါ် တွင် ဒူးထောက်နေသည့် သူတော်စင်ဆီရောက်သွားသည်။ ထိုလူသည် မြေကြီး ပေါ်လက်ထောက်ထားကာ နဖူးပေါ်မှချွေးသည် မိုးရွာသလိုကျနေကာ ထို လူငယ်၏စကားကိုကြားလိုက်ရ၏ “နတ်ဘုရားရဲ့ ပြောရေးဆိုခွင့်ရှိသူတဲ့လား၊ ဟား ဟား ဟာသပဲ၊ အဲဒါဘယ်လိုစကားတွေလဲ၊ ဒီလိုမျိုး မိုက်ရိုင်းတဲ့လုပ်ရပ် တွေမလုပ်ရင်၊ မိသားစုကြီးလေးခုရဲ့ မျက်နှာပျက်မှာကိုမကြောက်ရင် ဒီ တိုက်ကြီးတစ်ခုလုံးမှာ သတင်းဖြန့်လိုက်မယ်၊ နတ်ဘုရားလို့ခေါ်တဲ့လူတွေက သားရဲလောက်တောင် လေးစားဖို့မတန်ဘူးဆိုတာ လူတွေမြင်ပါစေ”

“ပေထင်းဟွမ် ဟေ့ကောင် မင်း ဒီဓားတွေကို မြန်မြန်မဖယ်သေးဘူးလား မဟုတ်ရင်...” ပေထင်းဟွမ်၏ မျက်လုံးများသူ့ဆီရောက်လာရုံနှင့် တောင်ကြီး တစ်ခုလုံး ကာထားသလိုခံစားလာရသည်။ ထိုလူငယ်သည် ၁၄ နှစ်၊ ၁၅ နှစ် အရွယ်သာရှိပြီး သူ့ကိုဖိနှိပ်နိုင်လိမ့်မည်ဟု မထင်ပေ။

သူမသည် တခြားသူများပြောသလို ဝိညာဉ်ဂိုဏ်း သခင်ကြီးအဆင့်သို့ ရောက်နေပြီလား။ ဒါပေမဲ့ ဘာဖြစ်လဲ။

“မဟုတ်ရင်..” ပေထင်းဟွမ်သည် အေးစက်စွာနှာမှုတ်ကာ မထူးဆန်း သလိုပြေလေသည် “သေဖို့နီးနေပြီ သခင်လေးကို ခြိမ်းခြောက်နေတုန်းလား၊ အသက်ကို ဂရုမစိုက်တာ မင်းတို့ဖြစ်နေတာကိုး”