Chapters

သူတကယ်ရောက်လာတာပဲ

Vol. 41 Ch. 820

သူတကယ်ရောက်လာတာပဲ

Vol. 41 Ch. 820

ကောင်းကင်ပြာစွမ်းအင်ရစ်ပတ်နေသော ဓားပျော့သည် စီရင်ချက်ဗိမာန် မှလူများ၏ လည်ပင်းပေါ်သို့ရောက်နေသည်။ ပေထင်းဟွမ်တွေးလိုက်သည်နှင့် ထိုဓားပျောသည် ဤနေရာမှလူများကို သတ်နိုင်သည်။

ဤအခိုက်အတန့်တွင် မိန်းကလေး ၆ ယောက်သည် အသက်ရှူပြန်ချောင် လာသည်။ သူတို့၏အော်သံသည် သခင်လေး ၉ ကိုခေါ်ပြီးသားဖြစ်လိမ့်မည်ဟု ထင်မထားပေ။ သူတို့အော်လိုက်ချိန်တွင် သခင်လေး ၉ လာလိမ့်မည်ဟု ထင် မထားမိပေ။ ဤအချိန်တွင် သူတို့သည် ရင်ထဲတွင် မျှော်လင့်ချက်များရှိနေချေ ပြီ။ သခင်လေး ၉ ၏နာမည်ကိုခေါ်ခြင်းသည် သူတို့ကို လွယ်လွယ်နှင့်သေစေလို သည်ဟု အမြဲတမ်းခံစားရသည်။

သူ တကယ်ရောက်လာသည်။

သူသည် သူ့ကိုချစ်ပေးသူများကို ဘယ်သောအခါမှ စိတ်မပျက်စေပေ။

အဝတ်အစားအများဆုံးကျန်သူမှာ ဘောင်းဘီနှင့် ခါးစည်းကြိုးသာကျန် သည်။ ကံကောင်းစွာပင် ထိုမိန်းကလေးများသည် သိုလှောင်လက်စွပ်ဝတ်ထား ရာ အထဲမှအဝတ်အစားများထုတ်ဝတ်ကြသည်။ မြေကြီးပေါ်မှထကာ မြန်မြန် ဆန်ဆန်ပင် အင်္ကျီဝတ်ကြသည်။ ထိုမိန်းကလေးများသည် ပေထင်းဟွမ်ကို မကြည့်ရဲကြပေ။ ဤကဲ့သို့အရှက်ရစရာမြင်ကွင်းမျိုး ပေထင်းဟွမ်ရှေ့တွင် ဖြစ်ပျက်သွားရာ သူတို့၏နှလုံးသားမှာ ခံနိုင်ရည်မရှိတော့ပေ။ ဒေါသများ အားလုံးသည် စီရင်ချက်ဗိမာန်မှလူများအပေါ်သို့ ကျရောက်သွားတော့သည်။

မြေပေါ်မှကျနေသော ဓားကိုကောက်ယူပြီး မိန်းကလေးများသည် ဓားပေါ်သို့ဒေါသများပုံချပြီး ထိုလူများကို အပိုင်းပိုင်းဖြတ်ချင်စိတ်ဖြင့် မုန်းတီး စွာ ထိုးစိုက်လိုက်တော့သည်။

သူတို့ထက်အင်အားနည်းသော မိန်းကလေးများကိုကြည့်ပြီး တချို့သော စီရင်ချက်ချသူများသည် ခုခံချင်ကြသော်လည်း သူတို့မလှုပ်ရှားခင်တွင် လည်ပင်းပေါ်သို့ရောက်နေသော ဓားသည် ထိုးစိုက်ပြီး အသက်ကိုနှုတ်ယူလိုက် တော့သည်။

ထိုမြင်ကွင်းသည် သူတော်စင်၏မျက်လုံးထဲ တိုးဝင်လာပြီး အကြောက် တရားသည် ခန္ဓာကိုယ်အနှံ့ပျံ့နှံ့သွားလေသည်။ သူ၏ရင်ထဲမှ ဆန္ဒပြင်းပြမှု သည် အဆိပ်ပြင်းသောမြွေတစ်ကောင်လိုပင်။ သူသည် ခေါင်းမော့ကာ တုန်ယင်နေသောအသံဖြင့်ပြောလေသည် “မင်း.. မင်း ငါ့ကိုလွှတ်ပေးရင် မင်းကို လျှို့ဝှက်ချက်တစ်ခုပြောပြမယ်”

“လျှို့ဝှက်ချက်လား ဘာလျှို့ဝှက်ချက်လဲ ပြောပါဦး” ပေထင်းဟွမ်သည် ထိုသူတော်စင်အား လှောင်ပြောင်သောအပြုံးဖြင့်ကြည့်ရာ သူမကို ပို၍ နတ်ဆိုး၊ မကောင်းဆိုးဝါးနှင့်တူစေသည်။

“မင်း ကျိန်ရမယ် ငါ့ကိုလွှတ်ပေးရင် ငါပြောမယ်” သူတော်စင်သည် ခေါင်းမာမာဖြင့် ပြောလေသည်။

ပေထင်းဟွမ်သည် သဲ့သဲ့ပြုံးလိုက်သည်။ ထိုလူ့လက်ထဲတွင် သေခါနီးဖြစ် ခဲ့သည့်မိန်းကလေးများကိုကြည့်ပြီး သူတို့ရခဲ့သောအရှက်အတွက် တစ်ဖက်လူ ၏ သွေးနှင့်ဆေးကြောခဲ့သည်။ ရုတ်တရက်ဆိုသလိုပင် မြေကြီးပေါ်တွင် သွေး များစီးကျလာပြီး အရိုးများပုံကျကာ မြင်ကွင်းမှာ ခံနိုင်ရည်မရှိလောက်အောင် ပင်။

နောက်ဆုံးတွင် ဤသူတော်စင်တစ်ယောက်သာကျန်ခဲ့သည်။ ပေထင်းဟွမ်၏ခန္ဓာကိုယ်အောက်မှ ငွေရောင်အလင်းတန်းလက်လာသည်။ သူမသည် မိုးပေါ်မှဆင်းလာပြီး တောင်ပေါ်တွင်ရပ်ကာ ခန္ဓာကိုယ်ပေါ်တွင် မရှိ သည့် ဖုန်မှုန့်ကိုခါထုတ်ပြီး သူတော်စင်ဆီသို့ လျှောက်သွားလေသည်။

မိန်းကလေး ၆ ယောက်သည် ပေထင်းဟွမ်လာသည်နှင့် လမ်းဖယ်ပေးကြ ပြီးပေထင်းဟွမ်၏ အနောက်တွင် တစ်ယောက်ပြီးတစ်ယောက်ရပ်ကာ ပေထင်းဟွမ်ဦးဆောင်မှုနောက်သို့လိုက်ကြသည်။

သူတော်စင်၏မျက်လုံးထောင့်များ တွန့်ရှုတ်သွားသည်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် မိသားစုကြီးလေးခုသည် အတွင်းရေးရန်စများရှိသော်လည်း အရေးကြီးသည့်အချိန်တွင် တစ်ဦးနှင့်တစ်ဦးကူညီကြသည်။ မိသားစုကြီးလေး ခုက ဘယ်တုန်းက ဒီလိုမျိုးစည်းလုံးသွားကြတာလဲ။ အထူးသဖြင့် ပေထင်း မိသားစုနဲ့ အပြိုင်အဆိုင်ပြင်းထန်တဲ့ နန်ကုန်းမိသားစုက မိန်းကလေးတွေက ဘယ်လိုလုပ် ပေထင်းမိသားစုရဲ့တိုက်ရိုက်ဆက်ခံသူကို ဘာတွေဒီလောက် လေးစားနေတာလဲ။

မဟုတ်ပေ၊ လေးစားမှုကိုထိန်းသိမ်းသည်ထက် ပေထင်းဟွမ်သည် သူတို့ ရင်ထဲတွင် ဇာတ်လိုက်ဖြစ်ခဲ့သည်။

ဖူး

သူတော်စင်သည် မျက်နှာဘေးမှ အပူကိုခံစားမိပြီး ရုတ်တရက် ထိတ်လန့် သွားသည်။ သူ၏မျက်နှာနှင့် တစ်လက်မအကွာတွင် မီးတောက်များရှိပြီး ပေထင်းဟွမ်၏ တိုးညင်းသောလေသံကိုကြားလိုက်ရသည် “ခင်ဗျား ကျုပ်ကို ပြောဖို့မလိုပါဘူး၊ လူတွေက သေပြီးသွားရင် ဝိညာဉ်ရှိတယ်လို့ကြားတယ်၊ ပြောရင် ခင်ဗျားကိုပြန်ဝင်စားဖို့ အခွင့်အရေးပေးမယ်၊ မပြောရင်တော့ တောင်းပန်ပါတယ် ခင်ဗျားဝိညာဉ်လွင့်ပြီး အစပျောက်ဖို့သာ စောင့်နေလိုက် တော့”