တောက်ပသော ဝင်ပေါက်အဆင့် (၁)
Vol. 12 Ch. 176
လင်းရှန်သည် သစ်သားအဆောက်အအုံသို့ပြန်ရောက်လာခဲ့သည် ။
ထို့နောက် လေ့ကျင့်ရေးအခန်းသို့ သွားကာ ကိုယ်ပွါးများကို ဆင့်ခေါ်ပြီး အခင်းအကျင်းဖွဲ့စည်းပုံကို စတင်ကျင့်ကြံခဲ့သည်။
ယန်ကျုံးရီပြောခဲ့သည့် အထက်အိမ်တော်မှ တပည့်များကို စိန်ခေါ်ရန် ကိစ္စအား သူအမှန် တကယ်ပင် စဉ်းစားနေခဲ့သည်။
သို့သော် ၎င်းသည် တောက်ပသော ဝင်ပေါက်အဆင့်သို့ တက်ပြီးမှသာ ဖြစ်နိုင်သည်။
ဤအဆင့်တွင် သူ၏အရေးကြီးဆုံးသောမစ်ရှင်မှာ တောက်ပသော ဝင်ပေါက်အဆင့်ကို ဖြတ်ကျော်ပြီး မဟာဒြပ်စင်ငါးခု ဓားဖွဲ့စည်းပုံ
နှင့် မရွေ့လျားတောင်တန်း ခုနစ်ပိုင်း အခင်းအကျင်းကို ကျွမ်းကျင်ရန်ဖြစ်သည်။
ထို့နောက် လင်းရှန်သည် ကိုယ်ခံပညာများကျင့်ကြံခြင်းကို ရွှေ့ဆိုင်းထားပြီး ရွှေကျီးကန်းကျမ်းကို ကျင့်ကြံရန် စိတ်နှစ်ခဲ့သည်။
ရံဖန်ရံခါတွင် ကျင့်ကြံရန် ငြီးငွေ့လာသောအခါ သူသည် အခင်းအကျင်းပုံစံများကို ကျင့်ကြံရန် သူ၏ကိုယ်ပွားများကို ဆင့်ခေါ်လေ့ရှိသည်။
ထိုသို့သော အခင်းအကျင်းဖွဲ့စည်းပုံကို ကျင့်ကြံရာတွင် အကြီးမားဆုံးအခက်အခဲမှာ ပူးပေါင်းဆောင်ရွက်မှု ဖြစ်သည်။
သို့သော် ဤသည်မှာ လင်းရှန်နှင့် သူ၏ကိုယ်ပွားများအတွက် ပြဿနာမဟုတ်ပေ။
သူတို့၏ အကြီးမားဆုံး အားသာချက်မှာ ပြောစရာမလိုဘဲ နားလည်တာပင် ဖြစ်သည်။
သူတို့သည် လူခုနစ်ယောက်နှင့်တူသော်လည်း အမှန်တကယ်တွင် လူတစ်ဦးတည်းသာ ဖြစ်သည်။
အခင်းအကျင်း ဖွဲ့စည်းပုံများကို ကျင့်ကြံသောအခါ လင်းရှန်သည် လျင်မြန်စွာ တိုးတက်ခဲ့သည်။
ဤကာလအတွင်း လင်းရှန်၏ ကျင့်ကြံမှုအဆင့်သည်လည်း တဖြည်းဖြည်း တိုးလာခဲ့လေသည်။
အချိန်တွေကုန်တာ မြန်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာ လဝက်ကျော် ကုန်ဆုံးသွားခဲ့သည်။
လေ့ကျင့်ရေးခန်းမှာတော့ လင်းရှန်သည် တင်ပျဉ်ခွေထိုင်ကာ မလှုပ်ရှားပေ။ သူပုံစံက အိပ်ပျော်နေပုံရသည်။
အချိန်ကြာလာသည်နှင့်အမျှ ရေစီးသံများက အခန်းထဲတွင် တဖြေးဖြေး ကျယ်လောင် လာပြီး ဗုံသံများနဲ့ ရောထွေးလာချေ၏
သေချာနားထောင်ကြည့်လျှင် အသံတွေက လင်းရှန်ခန္ဓာကိုယ်ကနေ
ထွက်လာတာပင် ။
ကျင့်ကြံခြင်းတွင် နစ်မြှပ်နေသော လင်းရှန်သည်ပင် သူနှလုံးခုန်သံကို ဒရမ်တစ်ခုလို ခံစားနေရသည်။ သူ့ခန္ဓာကိုယ်မှ သွေးများသည် ဒီရေကဲ့သို့ အသံမြည်လာသည်။
သူ့ခန္ဓာကိုယ်တွင်းရှိ အပ်စိုက်ကုသရသည့် နေရာတိုင်းသည် ပြင်းထန်စွာ တုန်ခါနေပြီး ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းကို သံတူနှင့် ရိုက်နေသကဲ့သို့ပင် သူ့အဆစ်များနှင့် မျက်နှာပြင်များမှာလည်း တုန်ခါနေလေ၏
လင်းရှန်သည် သူ့စိတ်ကို ထိန်းထားပြီး ဆူညံသံများကို လျစ်လျူရှုကာ ရွှေကျီးကန်းကျမ်းကို ကျင့်ကြံဖို့သာ အာရုံစိုက်နေလိုက်သည်။
ဝိညာဉ်ရေးရာအနှစ်သာရကို အကြိမ်ပေါင်းများစွာ ဖြန့်ကျက်ပြီးနောက် လင်းရှန်
ပတ်ဝန်းကျင်သည် ရုတ်တရက် တိတ်ဆိတ်သွားသည်ကို ခံစားလိုက်ရလေသည်။
အဲ့တာက အလွန်တိတ်ဆိတ်သော ခံစားချက်တစ်ခုပင်။
ကမ္ဘာကြီးကို မဖန်တီးထားသလို…ကမ္ဘာဦးအဖြစ်အပျက်များ မဖြစ်ပျက်ခဲ့သလို…ဘာမှလည်း မဖန်တီးထားသလိုပင်။
တစ်ခဏအတွင်းမှာပင် လင်းရှန်၏စိတ်နှင့် အသိဉာဏ်များက မှုန်ဝါးသွားပုံရသည်။
အချိန်ကာလတစ်ခု ကြာပြီးနောက် သူ့စိတ်ထဲတွင် လှုံ့ဆော်မှုမီးတောက်တစ်ခု ပေါ်လာသည်။
ဝိညာဥ်အလင်းအနည်းငယ်သည် ကမ္ဘာကြီးကို ပွင့်ပွင့်လင်းလင်းခွဲထုတ်ပစ်သည့် ဧရာမပုဆိန်နှင့်တူပြီး ဖရိုဖရဲကမ္ဘာတစ်ခုလုံးကို ချက်ချင်းရှင်းလင်းပစ်လိုက်သည်။
လင်းရှန် အသိစိတ်သည် လျင်မြန်စွာ ပြန်ရောက်လာချေသည်။ သံချေးတက်နေသော သော့ခလောက်တစ်ခုက မြေပြင်ကို ပြုတ်ကျသွားသလိုပင် သူ့နားထဲတွင် ဓားသွားသံများ ရုတ်တရက် ထွက်ပေါ်လာသည်။ သူ့ခန္ဓာကိုယ် တစ်ခုလုံး ပေါ့ပါးလာပြီး ပြန်လည်မွေးဖွားလာသလို ခံစားလိုက်ရသည်။
အချိန်အတော်ကြာတော့ လင်းရှန်သည် မျက်လုံးများကို ဖွင့်ကြည့်လိုက်လေ၏ ။ ထိုအချိန်တွင် တောက်ပသော အလင်းရောင်တစ်ခု ထွက်ပေါ်လာပြီး လေ့ကျင့်ရေးခန်းတစ်ခုလုံး လင်းလက်သွားသည် ။
အခန်းထဲမှာ လျှပ်စီးလက်နေသလိုပင်။
သူသည် တောက်ပသော ဝင်ပေါက်အဆင့်သို့ ရောက်ရှိသွားချေပြီ။
လင်းရှန်သည် မတ်တပ်ထရပ်လိုက်ပြီး တစ်ကိုယ်လုံးက တက်ကြွနေ၏ သူခန္ဓာကိုယ်က တိမ်တွေပေါ်မှာ စီးမျောနေသလိုပင်။ တခြားခန္ဓာကိုယ်တစ်ခုအဖြစ် ပြောင်းလဲသွားသလိုပင်ခံစားရသည်။
ဒါက အမှန်ပင်။ တောက်ပသော ဝင်ပေါက်အဆင့်သို့ တက်ပြီးနောက် သူသည် “လူသား” ဟု မခေါ်နိုင်တော့ပေ။ မသေမျိုးအဆင့်၏ ခြေလှမ်းတစ်ဝက်သို့ ရောက်သွားခဲ့ချေပြီ ။
ပီတီဖြစ်နေမှုနဲ့အတူ လင်းရှန်သည် ခေါင်းကို မြှောက်ကာ အော်လိုက်လေသည်။
ကံကောင်းထောက်မစွာ သူသည် သစ်သားအဆောက် အအုံထဲတွင် ရှိနေခဲ့ပြီး အခင်းအကျင်းဖွဲ့စည်းပုံက ပြင်ပကမ္ဘာနဲ့ သီးခြားခွဲခြားထားပေးသည်။ ထို့ကြောင့် သူ့အသံသည် အပြင်ဘက်သို့ ပျံ့လွင့်သွားမည်မဟုတ်ပေ။
အချိန်အတော်ကြာပြီးနောက် လင်းရှန်ကရပ်တန့်သွားသည်။
သို့သော်လည်း နောက်အခိုက်အတန့်တွင် သူသည် ရုတ်တရက် လက်ဖဝါးကို ညာဘက်သို့ ဝှေ့ယမ်းလိုက်သည်။ ပါးလွှာသောလေထုထဲမှ အနီရောင် လက်ဖဝါးကြီးတစ်ခု ထွက်ပေါ်လာပြီး ခုနစ်မီတာ၊ ရှစ်မီတာအကွာမှ နံရံကို ဥက္ကာပျံကဲ့သို့ ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။
မိုးခြိမ်းသံ ထွက်လာပြီးနောက် မာကျောသော နံရံပေါ်တွင် ကြီးမားသော လက်ဖဝါးနီကြီး ပေါ်လာလေသည်။ ၎င်း၏ မျက်နှာပြင်သည် ဂဟေဆော်ထားသော သံကဲ့သို့ နီရဲနေပြီး သတ္တုရည် သံသွန်းလောင်းထားသကဲ့သို့ အနီရောင်အရည်များ စီးဆင်းသွားသည်။
ဒီမြင်ကွင်းကိုမြင်တော့ လင်းရှန်က ဝမ်းသာသွားသည်။
တောက်ပသော ဝင်ပေါက်အဆင့်သို့ တက်လှမ်းပြီးနောက် ကိုယ်ခံပညာ၏ စွမ်းအားသည် အဆင့်တစ်ခု သို့မဟုတ် နှစ်ခုခန့် တိုးလာခဲ့သည်။ သို့သော် ဝိညာဉ်ရေးရာအနှစ်သာရနှင့် စွမ်းအင် ကုန်ဆုံးမှုမှာ ထက်ဝက်ကျော် လျော့ကျသွားခဲ့သည်။
ဤသည်မှာ စိတ်ဝိညာဉ်ကို ဆွဲဆန့်လိုက်တာ ဖြစ်ပြီး ဝိညာဉ်ပြည့်လျှံခြင်း ဖြစ်ပေါ်လာတာပင်။ ဤအဆင့်တွင် ကျင့်ကြံသူများသည် ကိုယ်ခံပညာများကို ပိုမိုသိမ်မွေ့ပြီး တိကျသောနည်းဖြင့် အသုံးပြုနိုင်လာသည်။
ရိုးရိုးရှင်းရှင်းပြောရလျှင် သူသည် အသေးစိတ် တိကျသော အဆင့်သို့ ရောက်နေပြီဖြစ်သည်။
ထို့အတွက်ကြောင့် တောက်ပသောဝင်ပေါက်အဆင့်တွင် ကျင့်ကြံမှုအမြန်နှုန်းသည် လျင်မြန်စွာ တိုးတက်လာမည်ဖြစ်ပြီး ၎င်းတို့ကျင့်ကြံခဲ့သော ကိုယ်ခံပညာများ၏ စွမ်းအားသည်လည်း တိုးလာမည်ဖြစ်သည်။
လင်းရှန်က သူ့လက်တွေကို ချလိုက်ပြီး ရင်ဘတ်ထဲမှတိုးလာသော ခံစားချက်တွေကို ငြိမ်သက်သွားစေရန် အသက်ကို ပြင်းပြင်းရှူချလိုက်သည်။ ထို့နောက် မျက်နှာပြင်ကို ဆင့်ခေါ်လိုက်သည်။
[အမည်-လင်းရှန်]
[စွမ်းရည် :ကျွမ်းကျင်တတ်မြောက်မှု]
[အဆင့်-တောက်ပသော ဝင်ပေါက် ပထမအဆင့် ၊ ၁%]
[ကျင့်ကြံနည်းစနစ်-ရွှေရောင်ကျီးကန်း (ပြီးပြည့်စုံခြင်းအဆင့်) ၊ အရည်ပျော်
ခြင်း(လမ်းကြောင်းအဆင့် ၂၀%)၊တားမြစ်ထားသော ရွှေရောင်ချပ်ဝတ်တန်ဆာ
( လမ်းကြောင်းအဆင့် ၁၀%)၊ တိမ်တိုက်နဂါးစည်းချက် ( လမ်းကြောင်းအဆင့် ၀%)၊ နေကိုးစင်းနတ်ဘုရားဓား (လမ်းကြောင်းအဆင့် ၀%)၊ တိမ်တိုက်ကြားမှ နဂါးဟောက်သံ (ပြီးပြည့်စုံခြင်း )၊ အဆီအနှစ်ဓားသွားလက်ချောင်း (ပြီးပြည့်စုံခြင်း )၊ သေခြင်းအတားအဆီး( ပြီးပြည့်စုံခြင်း) ]
[ကိုယ်ပွားအရေအတွက်- ၆ (၆၇%)]
"ငါက တကယ့်တောက်ပသော ဝင်ပေါက် အဆင့်ကို မရောက်သေးဘူး ။ ငါအနေနဲ့ မှော်စွမ်းအားတွေကို ကျင့်ကြံရအုံးမယ်”
လင်းရှန်သည် ခဏလောက် စဉ်းစားကြည့်နေ၏။
တောက်ပသော ဝင်ပေါက် အဆင့်၏ အမှန်တကယ်စွမ်းအားသည် လမ်းကြောင်းအဆင့် ကိုယ်ခံပညာများနှင့် မှော်စွမ်းအားများပင်။
သူသည် လမ်းကြောင်းအဆင့် ကိုယ်ခံပညာ နည်းစနစ်လေးခုကို ကျွမ်းကျင်သော်လည်း မှော်စွမ်းအားကတော့ ယခုထိ မရှိသေးပေ။
စစ်မှန်သော တောက်ပသော ဝင်ပေါက် အဆင့် ကျင့်ကြံသူဟု မယူဆမီ မှော်စွမ်းအားကို ကျင့်ကြံရမည် ဖြစ်သည်။
"တောက်ပသော ဝင်ပေါက် အဆင့်ရဲ့ ကျင့်ကြံနည်းစနစ်ကို ရဖို့အတွက် ပြည်တွင်းရေးရာဌာနကို သွားရအုံးမယ်။"
သူသည် ပိုမိုမြင့်မားသောအဆင့်သို့ဖြတ်ကျော်ပြီးနောက် ရွှေကျီးကန်းကျမ်းကို ကျင့်ကြံနည်းအသစ်နဲ့ပြောင်းလဲပစ်ရမည်။
လင်းရှန်သည် ရုတ်တရက် တစ်ခုခုကို တွေးမိသွားလေ၏။ သူ့လက်ကောက်ဝတ်ကို လှန်လိုက်တော့ တစ်စုံတစ်ခု ပေါ်လာလေသည်။
လက်နှစ်ချောင်းစာခန့် ကျယ်သော ကျောက်စိမ်းပြွန်သည် သေးငယ်ပြီး
ကြည်လင်ကာ တစ်ခုလုံးက တောက်ပနေသည်။
ထျန်းတန်လို ရာဇ၀တ်ကောင်ကို သတ်ပြီး လင်းရှန်သည် ထိုကျောက်စိမ်းပြွန်ကို ရရှိခဲ့တာပင်။
သို့သော် ကျောက်စိမ်းပြွန်ကို တောက်ပသောဝင်ပေါက်အဆင့် ကျင့်ကြံသူများသာ ဖတ်ရှုနိုင်သောကြောင့် ၎င်းကို ယခုအချိန်အထိ ဘေးဖယ်ထားခဲ့ရသည်။
ယခု သူသည် တောက်ပသောဝင်ပေါက်အဆင့် သို့ တက်လှမ်းခဲ့ပြီး ဝိညာဉ်ပြည့်လျှံခြင်း နိုးကြားလာသဖြင့် ကျောက်စိမ်းပြွန်ကို ဖတ်ရှုနိုင်ခဲ့သည်။
မဆိုင်းမတွဘဲ လင်းရှန်သည် သူ့စိတ်ကို အာရုံစူးစိုက်ပြီး လက်ထဲက ကျောက်စိမ်းပြွန်ကို “ထိ” ရန် ဝိညာဉ်ရေးရာအလင်းရောင် အနည်းငယ်ကို လှုံ့ဆော်လိုက်သည်။