တောက်ပသော ဝင်ပေါက်အဆင့် (၂)
Vol. 12 Ch. 177
နောက်တစက္ကန့်တွင် ဥခွံကွဲသွားသကဲ့သို့ လင်းရှန်၏ စိတ်ထဲတွင် ကျောက်စိမ်းပြွန်၏ ပုံရိပ်သည် ရုတ်တရက် ကွဲအက်သွားသည်။
ထိုအရာမှ ပြင်းပြင်းထန်ထန်တစ်ခုကို ခံစားမိလိုက်လေ၏
သူ့စိတ်ထဲ၌ အခန်းတစ်ခုလုံး ပြည့်ကျပ်သွားသလိုပင်။
ခဏအကြာတွင် လင်းရှန်သည် စိတ်ထဲ၌ ရုတ်တရက်ပေါ်လာသော ခံစားချက်ကို ချေဖျက်လိုက်သည် ။
မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တော့ လင်းရှန်မျက်လုံးတွေက အံ့ဩမှုတွေနဲ့ ပြည့်နှက်နေသည်။
ဓားခုနစ်စင်းစွမ်းအင်
ကျောက်စိမ်းပြွန်ထဲတွင် မှတ်တမ်းတင်ထားသည့်အရာမှာ အစွမ်းထက်သော မှော်စွမ်းအားဖြစ်သည်။
"အဲ့ဒါက တကယ် မှော်စွမ်းအားပဲ။ ကျောက်စိမ်းပြွန်ကို ပြန်ယူဖို့ အဲဒီလူက ငါ့ကို ညလယ်ခေါင်မှာ တိုက်ခိုက်လာတာက အံ့ဩစရာ မရှိပါဘူး”
သိချင်စိတ်ကြောင့် လင်းရှန်သည် အရည်အသွေးခန်းမမှ မှော်စွမ်းအား လဲလှယ်စာရင်းကို တွေးကြည့်လိုက်သည်။၎င်းတွင် ဓားခုနှစ်စင်း စွမ်းအင်ကို မတွေ့ဖူးပေ။
တစ်နည်းဆိုရသော် ဤစွမ်းအားသည် နိုင်ယန်းကျောင်း မှမဟုတ်ပေ။
ခဏလောက် စဉ်းစားပြီးနောက် လင်းရှန်က ရပ်တန့်သွားသည်။
ဘာပဲဖြစ်ဖြစ် သူရလာတဲ့ ကိုယ်ခံပညာကို ကျင့်ကြံရမည်။
ထိုအချိန်တွင် သူသည် ကျောက်စိမ်းပြွန်ကို ဘေးဖယ်ထားကာ နောက်ပိုင်းမှ ပြန်လည်
ကျင့်ကြံဖို့ ပြင်ဆင်ထားသည်။ ထို့နောက်၎င်း၏သိုလှောင်အိတ်မှ ပျားအုံနှင့်တူသော အရာတစ်ခုကို ထုတ်ယူခဲ့သည်။
ငရဲပျားအုံ
ထိုအချိန်က သူသည် ဝံပုလွေရိုင်းအဖွဲ့၏ ကြာရှည်စွာ အသက်ရှုခြင်းအဆင့် ကျင့်ကြံသူထံမှ ဤနတ်ဆိုးသားရဲအသိုက်ကို ရယူခဲ့တာ ဖြစ်သည်။
လင်းရှန်သည် အသိုက်ကို ရယူလိုက်စဉ်က အတွင်း၌ ငရဲပျားအုံသည် သေနေပြီဖြစ်သည်။ ဒါက အလွတ်ကြီးပင်။
သို့သော် သူ့လက်ထဲတွင် ၎င်းကို ကိုင်ထားသောအခါ သူ၏ ဝိညာဉ်သံ ပဲ့တင်ထပ်သံနဲ့အတူ အသိုက်၏ အနက်ရှိုင်းဆုံး နေရာမှ ရှင်သန်လာသည်ကို သိသိသာသာ ခံစားလိုက်ရသည်။
သူသည် အသက်စွမ်းအားကို အသုံးပြုကာ အသိုက်ကို သန့်စင်နိုင်ရန်လျှင် ငရဲပျားအုံကို ထပ်မံအကောင်ပေါက်အောင် လုပ်နိုင်မည်ပင်။
“ငရဲပျားအုံက ဝိညာဉ်နိုးကြားခြင်း နှောင်းပိုင်းအဆင့်က ဝိညာဉ်ရေးရာ သားရဲတွေဆိုပေမဲ့ အရေအတွက်ကတော့ အားသာတယ်။ အကောင်ရေ သုံးထောင်ကနေ လေးထောင်အထိရှိလာရင် တောက်ပသောဝင်ပေါက်အဆင့် ကျင့်ကြံသူတောင် အခက်တွေ့မှာ။ ဒီအသိုက်က အရေးကြီးတဲ့အခိုက်အတန့်မှာ သုံးလို့ရမဲ့ဝှက်ဖဲတစ်ခုပဲ”
လင်းရှန်က ခေါင်းညိတ်လိုက်ပြီး ငရဲပျားအုံ၏ အသိုက်ကို ပြုပြင်ရန် ဆုံးဖြတ်လိုက်သည်။
အသိုက်ကို သန့်စင်အောင်ပြုလုပ်နည်းကို ကျောင်းစာကြည့်တိုက်တွင် သူမြင်ခဲ့သည်မှာ ကြာလှနေပြီပင်။
ထိုနည်းစနစ်များသည် ဝိညာဉ်စာချုပ်နှင့် ဓမ္မစာချုပ်ကဲ့သို့ပင် နိုင်ယန်ကျောင်းတွင် လူသိရှင်ကြား ကြေညာထားသော အသိပညာများဖြစ်သည်။
သန့်စင်မှုနည်းလမ်းက မခက်ခဲပေ။ အဓိကက ကျင့်ကြံသူသည် သေချာသောအဆင့်တစ်ခုကိုရောက်ရမည်ပင် ဖြစ်သည်။
ဒါကိုတွေးတောနေရင်း လင်းရှန်သည် ချက်ချင်းပဲ ပျံ့လွင့်နေသောအတွေးတွေကို ထိန်းထားကာ ဝိညာဉ် ပဲ့တင်သံအချို့ကို ပေါင်းစည်းပြီး ငရဲပျားအုံအသိုက်ကို စတင်သန့်စင်လိုက်သည်။
ဝိညာဉ်ရေးရာအနှစ်သာရကို စဉ်ဆက်မပြတ်ထိုးသွင်းနေမှုအောက်တွင် အသိုက်၏အနက်ရှိုင်းဆုံးအပိုင်းရှိ အသက်စွမ်းအားသည် လေနှင့်ပြည့်နေသော ပူဖောင်းတစ်ခုကဲ့သို့ လျင်မြန်စွာကြီးထွားလာသည်။
တစ်ချိန်တည်းမှာပင် လင်းရှန်၏ ပဲ့တင်ထပ်နေသော စိတ်ဝိညာဉ်သည် အသိုက်ကို အဆက်မပြတ် ကျူးကျော်ဝင်ရောက်နေပြီး ၎င်း၏ "ပုံသဏ္ဍာန်" အဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲလာအောင် ပုံဖော်နေသည်။
နှစ်နာရီခန့်အကြာတွင် အသိုက်ကို သန့်စင်တာ ပြီးမြောက်ခဲ့သည်။
လင်းရှန်သည် စိတ်သက်သာရာရသွားပြီး တောက်ပသော မျက်လုံးများဖြင့် ငရဲပျားအုံ ၏ အသိုက်ကို ကြည့်လိုက်သည်။
အသိုက်သည် အနည်းငယ် တုန်ခါသွားပြီး အနက်ရောင် တွင်းနက်ထဲမှ အနက်ရောင် အရိပ်ခုနစ်ခု၊ ရှစ်ခုခန့် ထွက်ပေါ်လာသည်။
တွင်းထဲမှ ထွက်လာသည်နှင့် တပြိုင်နက် အနက်ရောင် အရိပ်များသည် အံ့အားသင့်ဖွယ် အရှိန်အဟုန်ဖြင့် ကျယ်ပြန့်လာကာ အရွယ်ရောက်ပြီးသားသူ၏ လက်သီးအရွယ်ရှိ နကျယ်ကောင်များအဖြစ်သို့ ပြောင်းလဲသွားကြသည်။ သူတို့တွင် ဝိုင်းစက်သော အနက်ရောင်သွေးမျက်လုံးများရှိပြီး ဇာဂနာလို မေးရိုးကြီးများရှိသည်။
ပြီးသွားပြီ
လင်းရှန်၏ မျက်လုံးများသည် ရွှင်မြူးစွာဖြင့် တောက်ပလာသည်။
အသိုက်ကို အောင်မြင်စွာ သန့်စင်ပြီးသွားချေပြီ။ ယခုအချိန်မှစ၍ အသိုက်တွင် မွေးဖွားလာသော ငရဲပျားများကို သူ့အလိုဆန္ဒအရ ထိန်းချုပ်နိုင်မည်ဖြစ်သည်။
ထို့နောက် သူသည် အသိုက်ထဲသို့ ဝိညာဉ်ရေးရာအနှစ်သာရကို ပုံမှန်ထိုးသွင်းပေးပြီး ငရဲပျားအုံများပေါက်ဖွားရန်အတွက် ဓာတ်ကူပေးဖို့သာ လိုအပ်သည်။
တကယ်က ဝိညာဉ်ရေးရာအနှစ်သာရကို မထိုးထည့်ပေးလည်း အဆင်ပြေသည် ။ သို့သော် အသိုက်မှ ငရဲပျားအုံများ ပေါက်သည့်အမြန်နှုန်းမှာ အလွန်နှေးကွေးမည်ဖြစ်သည်။
လင်းရှန်က ဒါကို လုံးဝ ဂရုမစိုက်ပေ။
သူ့တွင် ငရဲပျားအုံ ၏အသိုက်ထဲသို့ ဝိညာဉ်ရေးရာအနှစ်သာရကိုနေ့တိုင်းအလှည့်ကျ ထိုးသွင်းနိုင်သည့် ကိုယ်ပွားများ များစွာရှိနေသည်။ ထို့အတွက်ကြောင့် ကုန်ကျနိုင်သည့် သုံးစွဲမှုစရိတ်ကို ဂရုစိုက်စရာမလိုပေ။
"ပြီးတော့ ငါအရင်ကရခဲ့တဲ့ ဝိညာဉ်ပျိုးထောင်ခြင်းဆေးတွေနဲ့ ဝိညာဉ်
မီးတောက်ဆေးပြားတွေကိုလည်း စားလို့ရသေးတယ်။"
လင်းရှန်သည် ဝိညာဉ် ပျိုးထောင်ခြင်းဆေးပြားကို ထုတ်ကာ ခေါင်းကို မြှောက်ပြီး မျိုချလိုက်သည်။ ထို့နောက် စတင် ကျင့်ကြံတော့သည်။
ကျင့်ကြံနည်းအသစ်ကို မပြောင်းထားသောကြောင့် အနည်းငယ် ထိရောက်မှု မရှိသော်လည်း ဝိညာဉ်ပျိုးထောင်ခြင်းဆေးပြား၏ ဆေးဖက်ဝင်မှုသည် တစ်နာရီကျော်ကြာပြီးမှ လုံး၀ ကြေညက်သွားသည်။
လင်းရှန်သည် သူ့စိတ်တွေ ပိုကြည်လင်လာသည်ကို သိသိသာသာ ခံစားလိုက်ရသည်။
အဲဒါက စိတ်ဝိညာဉ်ကို ခိုင်ခံ့စေခြင်းရဲ့ လက္ခဏာပဲ
တောက်ပသော ဝင်ပေါက်အဆင့်တွင် ကျင့်ကြံခြင်းသည် စိတ်ဝိညာဉ် အားကောင်းအောင်လုပ်ရသည့် လုပ်ငန်းစဉ်နှင့် ဝိညာဉ်ပဲ့တင်ထပ်ခြင်း လုပ်ငန်းစဉ်ပင်ဖြစ်သည်။
စိတ်ဝိညာဉ်သည် အတိုင်းအတာတစ်ခုအထိ ကြီးထွားလာသောအခါ ၎င်းသည် ကွဲထွက်သွားပြီး ဝိညာဉ်ရေးရာ အသိဉာဏ်ကို မွေးဖွားပေးသည် ။ ထိုအချိန်တွင် လူတစ်ယောက်၏ ချီသည် ဝိညာဉ်ရေးရာအနှစ်သာရအဖြစ် ပြောင်းသွားမည် ဖြစ်သည်။ ထိုအခါ ကျင့်ကြံသူသခင် အဆင့်ကိုတက်လှမ်းနိုင်ပြီး မသေနိုင်သောလမ်းသို့ စတင်နိုင်ပြီပင်။
ငြိမ်သက်သွားပြီးနောက် လင်းရှန်သည် မျက်နှာပြင်ကို ဆင့်ခေါ်လိုက်ကြည့်လေ၏ ။
ကျင့်ကြံမှုက ၃%ထိ တိုးလာပြီ ဖြစ်သည်။
“ငါ့သိုလှောင်အိတ်ထဲမှာ ဝိညာဉ်ပျိုးထောင်ခြင်းဆေး ၂၃ လုံး ရှိသေးတယ်။ အဲ့တာက ငါ့ကိုပထမအဆင့်ရဲ့ ၇၀%ကျော်အထိကို ရောက်စေမှာပဲ”
လင်းရှန်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
ဝိညာဉ်ပျိုးထောင်ခြင်းဆေး၏အကူအညီနဲ့အတူ ကျင့်ကြံနည်းစနစ်ကို ပြောင်းလဲလိုက်လျှင် လဝက်အတွင်း တောက်ပသောဝင်ပေါက်၏ ဒုတိယအဆင့်သို့ ဖြတ်ကျော်နိုင်မည်ဖြစ်သည်။
ထိုအချိန်တွင် တပည့်အဆင့်စိန်ခေါ်ရမည့်အချိန်ကလည်း နီးနေချေပြီ။
လင်းရှန်သည် သတိပြန်ဝင်လာသောအခါတွင် နောက်ထပ် ဝိညာဉ်မီးတောက်ဆေးပြားကို ထုတ်ကာ မျိုချလိုက်သည်။
ဝိညာဉ်မီးတောက်ဆေးသည် ဝိညာဉ်ပျိုးထောင်ခြင်းဆေးကဲ့သို့ လူတစ်ဦး၏ အဆင့်ကို မတိုးလာစေနိုင်သော်လည်း ၎င်းတို့သည် လူတစ်ဦး၏ ရိုးတွင်းခြင်ဆီနှင့် အရိုးများကို သန့်စင်ရာတွင်ဖြစ်စေ၊ ခန္ဓာကိုယ်၏ ပြီးပြည့်စုံမှုကို မြှင့်တင်ရာတွင်ဖြစ်စေ အလွန်အရေးပါသည်။ ထိုအရာက ကျင့်ကြံသူ၏ အခြေခံကျင့်ကြံမှုဖြစ်ပြီး အနာဂတ်ကျင့်ကြံမှုကိုလည်း အကျိုးရှိစေသည်။
အမှန်တော့ အရည်အသွေးခန်းမတွင် ဝိညာဉ်မီးတောက်ဆေး၏ လဲလှယ်စျေးနှုန်းသည် ဝိညာဉ်ပျိုးထောင်ခြင်းဆေးထက် အဆများစွာ မြင့်မားသည်။
ဤအရာနဲ့တင် ဒါက မည်မျှ အဖိုးတန်သည်ကို သိနိုင်သည်။
လင်းရှန်သည် ကျင့်ဟိုင်ထံမှ ဝိညာဉ်မီးတောက်ဆေးပြား ၁၂ ပုလင်းကို ရရှိခဲ့သည်။
သို့သော် စတုတ္ထဆေးကို သောက်သုံးသောအခါ အကျိုးသက်ရောက်မှုသည် အားနည်းလုနီးပါးဖြစ်ပြီး ဆေးအာနိသင်သည် သူ့ခန္ဓာကိုယ်တွင် ကြာရှည်စွာ ရှိမနေကြောင်း ရှင်းရှင်းလင်းလင်း ခံစားခဲ့ရသည်။
" တောက်ပသော ဝင်ပေါက်အဆင့် ကျင့်ကြံသူတွေက န္ဓာကိုယ်အတွင်းက ပြီးပြည့်စုံမှုတွေကို ရဖို့ဆို ဝိညာဉ်မီးတောက်ဆေးခြောက်လုံးကနေ ရှစ်လုံးအထိ လိုအပ်တယ်လို့ ပြောကြတယ်။ အဲ့နောက်မှ ဒါကိုစားသုံးခြင်းက အကျိုးသက်ရောက်မှု မရှိတော့ဘူးတဲ့။ ငါကတော့ စတုတ္ထတစ်ခုပဲရှိသေးတာကို …ငါ့ကန့်သတ်ချက်ကို ရောက်သွားလို့များလား”
လင်းရှန် အလွန်အံ့သြသွားသည်။
၎င်းကို တွေးကြည့်ပြီးနောက်တွင် သူကျင့်ကြံခဲ့သော ကိုယ်ခံပညာ နည်းစနစ်များစွာအပေါ်တွင်သာ အပြစ်တင်နိုင်ခဲ့သည်။
သူသည် သာမန် တောက်ပသော ဝင်ပေါက်အဆင့် ကျင့်ကြံသူများထက် များစွာပို၍ သန်မာသော ကိုယ်ခံပညာများစွာကို ကျင့်ကြံထားသောကြောင့် ဖြစ်နိုင်ချေရှိသည်။
ဒါကလည်း ဆေးတွေကိုချွေတာနိုင်သည့်ကောင်းသောနည်းလမ်းပင်။ လင်းရှန်သည် ဆေးများကို ဖယ်ထုတ်ကာ မတ်တပ်ရပ်ပြီး လေ့ကျင့်ရေးအခန်းမှ ထွက်လာခဲ့သည် ။
လဲလှယ်ရေးခန်းမ…
လင်းရှန်သည် လဲလှယ်စာရင်းကို လှန်ကြည့်လိုက်သည်။
ရေကြေးမုံ နည်းစနစ် ၊ အလယ်အလတ် အရည်အသွေးအမှတ်သုံးခု
လေဟုန်စီးခြင်းနည်းစနစ် ၊ အလယ်အလတ် အရည်အသွေးအမှတ်သုံးခု
လျှပ်စီးလက်ဝါး၊ အလယ်အလတ် အရည်အသွေးအမှတ်ငါးခု
ကြက်သွေးရောင် အရည်ပျော်ခြင်း ပိုးချည်
အလယ်အလတ် အရည်အသွေးအမှတ် ဆယ်ခု
စာရွက်လူသား နည်းစနစ်၊ အလယ်အလတ် အရည်အသွေးအမှတ်ဆယ်ခု
ချီဖိနှိပ်ခြင်းငါးပါး ၊ အဓိက အရည်အသွေးအမှတ် တစ်ခု
မှော်စွမ်းအားတစ်ရာထက်မနည်း ရှိပြီး လင်းရှန်သည် ၎င်းတို့အားလုံးကိုယူပြီး ကျင့်ကြံရန်ပင် ဆန္ဒရှိခဲ့သည်။
သို့သော် စျေးအသက်သာဆုံးမှော်စွမ်းအားပင် အလယ်အလတ် အရည်အသွေးအမှတ်သုံးခုရှိသည်။
ကျင့်ဟိုင်လက်ထဲတွင် လင်းရှန်မြင်ခဲ့သည့်အားကောင်းသော လျှပ်စီးလက်ဝါးနှင့် အရည်ပျော်ခြင်းပိုးချည်ကဲ့သို့ မှော်စွမ်းအားများသည် အလယ်အလတ် အရည်အသွေးအမှတ် ငါးခုမှ ရှစ်ခုအထိ လိုအပ်သည်။
ဒါတောင် အဓိက အရည်အသွေးအမှတ်များ ကုန်ကျနိုင်သည့် မှော်စွမ်းအားများကို ဖော်ပြမထားပေ။
လောလောဆယ်တွင် လင်းရှန်လက်ထဲ၌ အလယ်အလတ် အရည်အသွေးအမှတ်
နှစ်ခုသာ ရှိပြီး ၎င်းတို့သည်လည်း ကောင်းကင်အဆင့် တပည့်များအတွက် လစဉ် သတ်မှတ်ထားသော အကျိုးခံစားခွင့်များသာဖြစ်သည်။ သူ့အနေနဲ့ စျေးအပေါဆုံး မှော်စွမ်းအားများကိုပင် လဲလှယ်၍မရပေ။
"ကြည့်ရတာ ငါအပြင်ထွက်ပြီး မစ်ရှင်တွေကို တတ်နိုင်သမျှ မြန်မြန်လုပ်ရမဲ့ပုံပဲ” လင်းရှန်ကသက်ပြင်းချလိုက်သည်။
ကံကောင်းထောက်မစွာပဲ နတ်ဆိုးမျိုးနွယ်သုံးခုနှင့် စစ်ပွဲသည် လွန်ခဲ့သော နှစ်လ၊ သုံးလခန့်က ပြီးဆုံးခဲ့ပြီးဖြစ်သောကြောင့် စစ်ပွဲ၏ဆိုးကျိုးများက မရှိတော့ပေ။
အကယ်၍ ယခု သူသည် နဂါးချောက်နက်တောင်တန်းသို့ သွားပါက မည်သည့် မတော်တဆမှုမှ ကြုံတွေ့ရမည် မဟုတ်ပေ။
"ငါက လျှပ်စီးလက်ဝါးကိုတော့ လဲလှယ်ရမှာပဲ။ အဲ့ဒီဟာက နတ်ဆိုးတွေကို တော်တော်ကို သေစေနိုင်တယ်။ ရေကြေးမုံနည်းစနစ်နဲ့ လေဟုန်စီးခြင်းနည်းစနစ်ကိုလည်း လက်လွတ်ခံလို့ မရဘူး”
နာမည်အတိုင်းပဲ ရေကြေးမုံသည် အတိုင်းအတာတစ်ခုအတွင်းမှ အခြေအနေကို ထင်ဟပ်စေသည့် ကြေးမုံတစ်ခုဖြစ်လာစေရန် ရေ၏ဝိညာဉ်ရေးရာအနှစ်သာရကို စုစည်းထားသော နည်းစနစ်တစ်ခုဖြစ်သည်။
လေဟုန်စီးခြင်းနည်းစနစ်လည်း ထိုနည်းလည်းကောင်းပင်။ လေကိုစီးနှင်းတာက အဆင့်နိမ့် ကျင့်ကြံသူတွေ၏ အိမ်မက်ပင် ဖြစ်သည်။
ဤနည်းသုံးမျိုးတည်းတောင် အလယ်အလတ် အရည်အသွေးအမှတ် အများကြီး လိုအပ်သည်။
ထို့အပြင် လင်းရှန်သည် မှော်စွမ်းအားများစွာကို စိတ်ကူးယဉ်ကြည့်နေမိသည်။ ထိုအခါ သူ့တွင် အရည်အသွေးအမှတ်များစွာ လိုအပ်နေသေးသည်ဟု ခံစားရစေသည်။
"ငါ ဓားခုနစ်စင်းစွမ်းအင်ကို ကျင့်ကြံပြီးရင် နဂါးချောက်နက် တောင်တန်းကို ခရီးထွက်ရမယ်”
စိတ်ဆုံးဖြတ်ပြီးတဲ့နောက်မှာ လင်းရှန်သည် ဆေးပြားများကို ကြည့်လိုက်ပြီး ဝိညာဉ်
ပျိုးထောင်ခြင်းဆေးများနှင့် ဝိညာဉ်မီးတောက်ဆေးပြားများကို ရှာတွေ့ခဲ့သည်။
ဝိညာဉ်ပျိုးထောင်ခြင်းဆေး၊ အလယ်အလတ် အရည်အသွေးအမှတ် တစ်ခု
/ ၁ပုလင်း
ဝိညာဉ် မီးတောက်ဆေးပြား၊
အလယ်အလတ် အရည်အသွေးအမှတ် ငါးခု/ ၁ပုလုံး
“တကယ်တော့ ဝိညာဉ်မီးတောက်ဆေးက ဝိညာဉ်ပျိုးထောင်ခြင်းဆေးထက် အများကြီး ပိုစျေးကြီးတာပဲ”
လင်းရှန်သည် ဝိညာဉ်မီးတောက်ဆေးပြားကို မလိုအပ်တော့ပေ။ ဒါကို တွေးပြီးနောက် သူသည် သွားများကို အံကြိတ်ကာ ဝိညာဉ်
ပျိုးထောင်ခြင်းဆေးပြား နှစ်ပုလင်းကို အလယ်အလတ် အရည်အအသွေးအမှတ် နှစ်ခုနဲ့ လဲလှယ်လိုက်သည်။
“ဒီ ဝိညာဉ်ပျိုးထောင်ခြင်းဆေးပုလင်းနှစ်ပုလင်းနဲ့ ဆို တောက်ပသောဝင်ပေါက် ဒုတိယအဆင့်ကို ဖြတ်ကျော်ဖို့ ပိုလွယ်မှာပါ ၊ အဲ့အခါကျမှ နဂါးချောက်နက် တောင်တန်းကို သွားရတာ ငါပိုလုံခြုံမှာ ”
ဆေးပြားကို လဲလှယ်ပြီးနောက် လင်းရှန်သည် ပြည်တွင်းရေးရာဌာနသို့ အမြန်သွားခဲ့သည်။
သူ့အမှတ်အသားတိုကင်ကို ပြည်တွင်းရေးရာဌာနမှ တပည့်တစ်ဦးသို့ ပြလိုက်သောအခါ ထောင်ကျုံးပိုင်က အလျင်စလို ပြေးလာလေသည်။ ရုံးကိစ္စများ ရှုပ်နေသကဲ့သို့ သူ့လက်ထဲတွင် စုတ်တံကို ကိုင်ထားလေ၏။ သူက အလျင်စလို လာနေတာပင် ဖြစ်သည်။
သူရောက်မလာခင်မှာ အဝေးကနေ အားတက်သရော ရယ်မောသံ ထွက်ပေါ်လာသည်။
" တာအိုသခင်လင်း ဒီကို လာမယ်လို့ ဘာလို့ မပြောတာလဲ ငါမင်းကို ကောင်းကောင်းနှုတ်ဆက်မှာပေါ့”
"ကျွန်တော်က လက်ထောက်ထောင်ကို ဒုက္ခမပေးချင်လို့ပါ” လင်းရှန်က ပြုံးလိုက်သည်။
"ငါတို့ကြားမှာ စည်းမျဥ်းစည်းကမ်းတွေ မလိုအပ်ပါဘူး" ထောင်ကျုံးပိုင်က ရယ်မောပြီး "တာအိုသခင်လင်း ဒီနေ့ အကူအညီလိုရင် ငါ့ကိုပြောပါ”
လင်းရှန်သည် ဤစကားကိုကြားသောအခါ တုံ့ဆိုင်းမနေဘဲ ပြုံးပြီး “ကျွန်တော် နေကိုးစင်းကျမ်းကို လက်ခံဖို့ ဒီကို ရောက်နေတာ” ဟုပြောလိုက်သည်။
နေကိုးစင်းကျမ်းသည် နေကိုးစင်းဂိုဏ်း၏ ထူးခြားသည့် တောက်ပသော ဝင်ပေါက်အဆင့် ကျင့်ကြံနည်းတစ်ခုဖြစ်သည်။
ဘုတ်
ထောင်ကျုံးပိုင်၏လက်ထဲက စုတ်တံသည် မြေပြင်ပေါ်သို့ ကျသွားသော်လည်း သူက ဂရုမစိုက်နိုင်ပေ။ သူက ပါးစပ်အဟောင်းသားဖြစ်သွားပြီး လင်းရှန်ကို ထိတ်လန့်စွာ ကြည့်လိုက်သည် ။
နေကိုးစင်းကျမ်း
လင်းရှန်က တောက်ပသောဝင်ပေါက်အဆင့်ကို ဖြတ်ကျော်သွားပြီလား