စွမ်းရည်ပြောင်းလဲမှု (၁)
Vol. 12 Ch. 178
ထောင်ကျုံးပိုင်သည် မယုံကြည်မှုများနှင့် ပြည့်နှက်နေသည်။
သံသယကြောင့် သူသည် အစမ်းသဘောဖြင့် ပြောလိုက်သည် ။
"ကောင်းပါပြီ၊ တာအိုသခင် လင်း..ဒါပေမဲ့သိတဲ့အတိုင်းပဲ၊ ကျောင်းရဲ့ စည်းမျဉ်းတွေအရ အဲ့တာက တောက်ပသောဝင်ပေါက်အဆင့်ကို တက်လှမ်းနိုင်တဲ့ တပည့်တွေပဲ ရတာ..."
သူ့စကားက မဆုံးသေးပေမဲ့ အဓိပ္ပါယ်က သိသာသည်။
လင်းရှန်သည် ထိုစကားကိုကြားသောအခါ အနည်းငယ် ပြုံးကာ စိတ်မပျက်သွားခဲ့ပေ။ သူ့လက်ညိုးကို မြှောက်ပြီး လေထဲမှာ ရွှေ့လိုက်သည်။
သူ့လက်ချောင်းထိပ်ကို ရွှေ့လိုက်သည်နှင့်အမျှ အစိမ်းရောင်အလင်းတန်းများသည် လေထဲတွင် တဖြည်းဖြည်း ပေါ်လာပြီး ဆန်းကြယ်သော ခံစားချက်ကို ပေးစွမ်းသည်။
ထောင်ကျုံးပိုင်က အံသြသွားသည်။
သူသည် ဝိညာဉ်ရေးရာအလင်းရောင်ကို အသုံးပြု၍ လေထဲတွင်အဆောင် ရေးဆွဲနေတာ ဖြစ်သည်။
ဤသည်မှာ တောက်ပသောဝင်ပေါက်အဆင့်ရှိသူများသာ လုပ်နိုင်သောနည်းစနစ်ဖြစ်သည်။
လင်းရှန်သည် မည်သည့်စွမ်းအားကိုမျှ မကျင့်ကြံရသေးတာကြောင့် အဆောင်ကို မဆွဲနိုင်သော်လည်း သူ၏စွမ်းရည်ကို ပြသနိုင်ဆဲဖြစ်သည်။
အချိန်အတော်ကြာပြီးနောက် ထောင်ကျုံးပိုင်သည် ရုတ်တရက် တုန်လှုပ်သွားပြီး အသိပြန်ဝင်လာခဲ့သည်။ ထို့နောက် လင်းရှန်ကို ပြန်ကြည့်လိုက်သောအခါ သူ့မျက်လုံးများတွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေကာ "တာအိုသခင်လင်းက တကယ် အရည်အချင်းရှိတာပဲ။ တောက်ပသော ဝင်ပေါက်အဆင့်ကိုရောက်တာ မြန်လွန်းတယ်။ အခုပဲ မင်းကို စော်ကားမိလိုက်တယ်။ ခွင့်လွှတ်ပေးပါနော်” လင်းရှန်သည် သူ့၏စစ်ဆေးမေးမြန်းမှုအပေါ်မကျေနပ်
မည်ကို စိုးရိမ်သဖြင့် ထောင်ကျုံးပိုင်က ကြောက်လန့်တကြား ပြောလိုက်သည်။
လင်းရှန်သည် တောက်ပသော ဝင်ပေါက်အဆင့်သို့ တက်လှမ်းနေပြီဖြစ်ကြောင်းကို သိရှိပြီးနောက် ဤလူငယ်အပေါ် သူ၏ ရိုသေမှုသည် အမြင့်ဆုံးထိသို့ ရောက်ရှိသွားခဲ့သည်။
ကျောင်းသို့ဝင်ရောက်ပြီး တစ်နှစ်မပြည့်ခင်မှာပဲ သူက တောက်ပသော ဝင်ပေါက်အဆင့်ကိုဖြတ်ကျော်သွားခဲ့သည်။
ဤကဲ့သို့ ပါရမီရှင်ကို သူ့ဘဝတွင် ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။
ဘာမှ အမှားအယွင်းမရှိလျှင် သူသည် အနာဂတ်တွင် ဂိုဏ်း၏အဆင့်မြင့်မြင့် နေရာများ၌ နေရာတစ်နေရာစာ ရရှိမည်မှာ အသေအချာပင်။
ထောင်ကျုံးပိုင်ကဲ့သို့သော ကျောင်းမှ လက်ထောက်အဆင့်က ထိုကဲ့သို့သော ပုဂ္ဂိုလ်ကို စော်ကားရန် မည်သို့ သတ္တိရှိမည်နည်။
ဒါကိုကြားတော့ လင်းရှန်က သူအနေနဲ့ဘာမှမဖြစ်ကြောင်းကို လက်ကို ဝှေ့ယမ်းပြီး ပြောရင်း ထောင်ကျုံးကို ထပ်ပြီး သတိပေးလိုက်သည်။
"နေကိုးစင်းကျမ်းစာကရော ဘယ်လိုလဲ။"
ထောင်ကျုံးပိုင်သည် အိပ်မက်မက်ရာမှ နိုးလာပြီး အမြန် တောင်းပန်လေ၏ သူက တပည့်တစ်ဦးကို ခေါ်ကာ နေကိုးစင်းကျမ်းကို ယူဆောင်လာဖို့ အမိန့်ပေးလိုက်
သည်။ သူက လင်းရှန်နဲ့ လက်ပွန်းတတီးလည်း နေနေ၏။ သူ့အမူအရာနှင့် အပြုအမူများသည် ယခင်ထက် ရိုသေလေးလေးစားနေသည်။
မကြာခင်မှာပဲ တပည့်က လင်းရှန်လိုအပ်တဲ့ နေကိုးစင်းကျမ်းနဲ့ ပြန်လာခဲ့သည်။
"ကျေးဇူးတင်ပါတယ်၊ လက်ထောက်ထောင် " လင်းရှန်သည် နေကိုးစင်းကျမ်းအားယူ
ကာ ထောင်ကျုံးပိုင်ကို ပြုံးပြီး ကျေးဇူးတင်လိုက်သည်။
ထိုအခါ ထောင်ကျုံးပိုင်က ခေါင်းကို အမြန်ယမ်းကာ ဖြူစင်သော အပြုံးနဲ့ ပြုံးလိုက်သည်။
"ဒါက ကျွန်တော်ရဲ့တာဝန်ပဲ၊ နောက်ကျလည်း တာအိုသခင်လင်း တောင်းဆိုစရာတွေရှိရင် စွမ်းဆောင်နိုင်သမျှ အကုန်လုပ်ပေးပါ့မယ်။"
လင်းရှန်သည် မရယ်ဘဲ မနေနိုင်တော့ပေ။ သူက တစ်ခုခုကို ချက်ချင်း တွေးလိုက်သည်။
"အဲ့တာဆို သဘာဝရတနာတွေ စုဆောင်းပေးပါအုံး”
ထောင်ကျုံးပိုင်သည် ချက်ချင်းဆိုသလို သူ့ရင်ဘတ်ကို ပွတ်သပ်ပြီး “တပည့်တွေက မကြာသေးခင်ကမှ စုဆောင်းထားတာတွေရှိတယ်။ သူတို့ကို ဆက်သွယ်ဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်ပါ့မယ် “
လင်းရှန်က သူ့ကို ပြုံးပြုံးရွှင်ရွှင်နဲ့ ကျေးဇူးတင်ကြောင်းပြောပြီး ပြည်တွင်းရေးရာဌာနကနေ ထွက်သွားခဲ့သည်။
လင်းရှန် တံခါးကနေ ထွက်သွားတာကို ကြည့်ပြီးနောက် ထောင်ကျုံးပိုင်သည် သက်ပြင်းချလိုက်သည်
"ဒီသတင်းသာ ပြန့်သွားရင် ကျောင်းမှာ အကြီးအကျယ် ရုန်းရင်းဆန်ခတ် ဖြစ်သွားမှာကို စိတ်ပူရတယ်။"
အချိန်အတော်ကြာ လက်မှတ်ရေးထိုးပြီးနောက် ထောင်ကျုံးပိုင်က အသိပြန်ဝင်လာပြီး တပည့်တွေကို အမြန်ခေါ်ကာ လူတွေကို စတင်ဆက်သွယ်ဖို့ ညွှန်ကြားလိုက်သည်။
သစ်သားအဆောက်အးဦကို ပြန်ရောက်တော့ လင်းရှန်သည် နေကိုးစင်းကျမ်းစာကို ချက်ချင်းဖွင့်ကာ နားလည်အောင်ဖတ်လေသည်။
သူနှင့် လူခြောက်ယောက်သည် အတူတကွ ကျင့်ကြံခဲ့ပြီး နေကိုးစင်းကျမ်းကို အစပြုသူအဆင့်သို့ ရောက်ရှိရန် တစ်ရက်သာ အချိန်ယူခဲ့ရသည်။
မျှော်လင့်ထားသည့်အတိုင်း ကျင့်ကြံနည်းစနစ်ကော်လံရှိ ရွှေကျီးကန်းကျမ်းတွင် နေကိုးစင်းကျမ်းစာဖြင့် အစားထိုးပြီးပြီ ဖြစ်သည်။
တောက်ပသော ဝင်ပေါက်အဆင့်သို့ တက်လှမ်းပြီးနောက် ကိုယ်ပွါးများ၏ စွမ်းရည်များလည်း ပြောင်းလဲသွားသည်။
ဥပမာအားဖြင့် သန့်စင်သော ယန်ခန္ဓာကိုယ်၏စွမ်းရည်သက်ရောက်မှုသည် ' ယန်စွမ်းအား ကိုယ်ခံပညာရပ်များ/ မှော်စွမ်းအားများ ကျင့်ကြံမှု အမြန်နှုန်း +၃၀၀%,
ယန်စွမ်းအား ကိုယ်ခံပညာရပ်များ/ မှော်စွမ်းအားများ +၁၀၀%' ဆိုပြီး ဖြစ်လာခဲ့သည်။
နားလည်မှုနှင့် သတ်ဖြတ်ခြင်းကိုအားပေးသည်တွင်လည်း အလားတူ ပြောင်းလဲမှုများ ရှိခဲ့သည်။
[နားလည်မှု - နောက်ထပ် ပြီးပြည့်စုံခြင်းအဆင့် ကိုယ်ခံပညာနည်းစနစ်နှင့် မှော်စွမ်းအားတိုင်းအတွက် တိုးတက်နှုန်းသည်၁၀% (အများဆုံး ၂၀၀ %) တိုးလာမည်ဖြစ်ပြီး၊ ကိုယ်ခံပညာနည်းစနစ်နှင့် မှော်စွမ်းအား
များသည် ၅% (အများဆုံး ၁၀၀%)] တိုးလာမည်ဖြစ်သည်။
[သတ်ဖြတ်ခြင်းကိုအားပေးခြင်း - တိုက်ခိုက်မှုအမျိုးအစား ကိုယ်ခံပညာနှင့် မှော်စွမ်းအား ကျင့်ကြံမှုအမြန်နှုန်း+ ၅၀ %, တိုက်ခိုက်ရေးစွမ်းရည် +၁၀၀ % … သက်ရှိသတ္တဝါကို သတ်လိုက်တိုင်း အခွင့်အလမ်းအချို့ကို ရရှိပါသည်။ ကိုယ်ခံပညာနှင့် မှော်စွမ်းအား တိုးတက်မှု (သက်ရှိသတ္တဝါ၏ ကျင့်ကြံမှုအဆင့် မြင့်မားလေ၊ ဖြစ်နိုင်ခြေ ပိုများလေ)]
ယခင်အကျိုးသက်ရောက်မှုများနှင့် နှိုင်းယှဉ်ပါက ဤစွမ်းရည်သုံးခု၏ သက်ရောက်မှုများအားလုံးတွင် မှော်စွမ်းအားများ ပါဝင်နေသည်။
သိသာတာက စွမ်းရည်၏အကျိုးသက်ရောက်မှုကို မှော်စွမ်းအားများပေါ်တွင်
လည်း သုံးနိုင်သည်ဟု ဆိုလိုတာပင်။
ဇွဲလုံ့လ၊ သာလွန် ကိုယ်ခံပညာ နှင့် ကျွမ်းကျင်တတ်မြောက်မှုစွမ်းရည်များ၏ အကျိုးသက်ရောက်မှုကတော့ ယခင်ကနှင့် အတူတူပင် ဖြစ်သည်။
ဤပြောင်းလဲမှုကြောင့် လင်းရှန် သက်ပြင်းချနိုင်ခဲ့သည်။
သူအစိုးရိမ်ဆုံးက သူ့စွမ်းရည်များသည် မှော်စွမ်းအားတွေပေါ်တွင် သက်ရောက်မှု မရှိမှာကိုပင်။
ထိုသို့ဖြစ်လျှင် ၎င်း၏ ကျင့်ကြံမှု စွမ်းဆောင်ရည်ကို သိသိသာသာ လျော့ကျစေနိုင်ပြီး ခွန်အားကို ထိခိုက်စေမည်မှာ သေချာသည်။
ကံအားလျော်စွာ အဆိုးဆုံးအထိ မဖြစ်ခဲ့ပေ။
ကျွမ်းကျင်တတ်မြောက်မှုစွမ်းရည်က မှော်စွမ်းအားများကို ထိရောက်မှုမရှိခဲ့သည့်အတွက်တော့ အနည်းငယ်စိတ်ပျက်မိသည်။
သူ၏ သာလွန်ကိုယ်ခံပညာတွင် ပြောင်းလဲခြင်းမရှိသည့်အတွက် လင်းရှန်သည် အလွန်အမင်းစိတ်ပျက်ခြင်းတော့ မရှိပေ။
ရန်သူတွေကို တိုက်ခိုက်နေချိန်တွင် အများစုကို သတ်ဖြတ်ခြင်းကို အားပေးသည့်စွမ်းရည်ဖြင့် သုံးနိုင်သည်။
အလွန်ဒုက္ခပေးသောရန်သူနှင့် ရင်ဆိုင်ရသောအခါမှသာ အခြေအနေပေါ်မူတည်၍ သန့်စင်သော ယန်ခန္ဓာကိုယ် မဟုတ် နားလည်မှုကို အသုံးပြုရန် ရွေးချယ်မည် ဖြစ်သည်။
သာလွန် ကိုယ်ခံပညာကိုသုံးတာက ရှားသည်။
အချိန်အများစုတွင် ကိုယ်ပွါးများသည် ကိုယ်ခံပညာဆိုင်ရာ နည်းစနစ်များကို ကျင့်ကြံရန် ဤစွမ်းရည်ကို အသုံးပြုခဲ့သည်။
"အဲဒါကို ပြောရင် ဇွဲလုံ့လရဲ့ အကျိုးသက်ရောက်မှုက ငါ့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုထက်ကို နောက်ကျနေပြီ။ အဲဒါကို ပြောင်းလဲပြီး အရည်အချင်းသစ်ကို ရှာသင့်
သလားလို့ “ လင်းရှန်က ရုတ်တရက် တွေးလိုက်သည်။
ဇွဲလုံ့လ၏စွမ်းရည်သက်ရောက်မှုမှာ "ခုခံမှု +၅၀% ၊ ခံနိုင်ရည် ပြန်လည်ကောင်းမွန်ခြင်း +၃၀ % ၊ ဒဏ်ရာပြန်လည်သက်သာခြင်း +၃၀%" ဖြစ်သည်။
၎င်းတို့အနက်မှ ခံနိုင်ရည်ရှိမှုသည်သာ သူ့ခန္ဓာကိုယ်အတွက် ထိရောက်မှုရှိသည်။
သို့သော်လည်း သူ့သည် အပြင်ဘက်၌ တိမ်တိုက်ဖိနှိပ်ခြင်းဝတ်ရုံကို ၀တ်ဆင်ထားပြီး အတွင်း၌ တားမြစ်ထားသော ရွှေရောင် ချပ်ဝတ်တန်ဆာရှိတာကြောင့် ရန်သူ၏ တိုက်ခိုက်မှုကို တွန်းလှန်ရန် သူ့ခန္ဓာကိုယ်ကို အားကိုးရန် မလိုအပ်ပေ။
အကယ်၍ ယခုအဆင့်သို့ အမှန်တကယ် တိုးတက်လာပါက ရန်သူ၏ စွမ်းအားသည် သူ့ကို နှိမ်နင်းနိုင်မည် မဟုတ်ပေ။ သူ၏ ခုခံမှု နှစ်ဆတိုးလာသော်လည်း ရလဒ်သည် ပြောင်းလဲလိမ့်မည် မဟုတ်ပေ။