စွမ်းရည်ပြောင်းလဲမှု (၂)
Vol. 12 Ch. 179
ခံနိုင်ရည်ပြန်လည်ကောင်းမွန်ခြင်းသည် ၃၀%တိုးလာသော်လည်း ပို၍ပင် အသုံးမဝင်တော့ပေ။
ကြာရှည်စွာအသက်ရှုခြင်းအဆင့်နှင့်အထက်ရှိ ကျင့်ကြံသူများအကြား တိုက်ပွဲတွင် စစ်မှန်သော အာရုံစူးစိုက်မှုသည် ဝိညာဉ်ရေးရာအနှစ်သာရဖြစ်သည်။
ဝိညာဉ်ရေးရာအနှစ်သာရ မကုန်သရွေ့ သူတို့ ခံနိုင်ရည်လည်း ကုန်ဆုံးမည် မဟုတ်ပေ။
ယေဘုယျအားဖြင့် "ဒဏ်ရာပြန်လည် သက်သာမှု အမြန်နှုန်း + ၃၀%" သည်သာ တစ်ခုတည်းသောလက်ခံနိုင်သည့် အကျိုးသက်ရောက်မှုဖြစ်ပုံရသည်။
သို့သော်လည်း ၎င်းသည် အခြားသော စွမ်းရည်ငါးခုထက် များစွာ နိမ့်ကျနေသေးသည်။
ခဏလောက်စဉ်းစားပြီးနောက် လင်းရှန်သည် သူ့စိတ်ကို ပြင်ဆင်ခဲ့သည်။
သူ့စွမ်းရည်ကို ပြန်လည်ဆန်းသစ်ရတော့မည်ပင်။
အဲ့တာက အခုတော့ မဟုတ်သေးပေ။
ထောင်ကျုံးပိုင်သည် မကြာမီတွင် သဘာဝရတနာများကို စုဆောင်းပေးမည် ဖြစ်သည်။ လင်းရှန်သည် ဇွဲ့လုံ့လကို အသစ်စွမ်းရည်နဲ့မလဲခင် ၎င်းတို့ကို ချေဖျက်ခိုင်းရမည်။
အဲ့တာက ထိရောက်မှုကို ပိုမြှင့်တင်ရန်ပင်။
လင်းရှန်သည် စိတ်ကိုပြင်ဆင်ပြီးနောက် အသက်ပြင်းပြင်းရှူကာ အာရုံပျံ့လွင့်နေသော အတွေးများကို ထိန်းရင်း ဓားခုနစ်စင်းစွမ်းအင်ကို စတင်ကျင့်ကြံသည်။
မှော်စွမ်းအားများကို မကျွမ်းကျင်လျှင် သူသည် စစ်မှန်သော တောက်ပသောဝင်ပေါက်အဆင့် ကျင့်ကြံသူ ဖြစ်လာလိမ့်မည်မဟုတ်ပေ။
မှော်စွမ်းအားများကို ကျင့်ကြံတာပဲဖြစ်စေ၊ သုံးစွဲတာပဲဖြစ်စေ သူအနေနဲ့ ဝိညာဉ်အားဖြည့်ဆေးများ လိုအပ်မည်ဖြစ်သည်။
မတူညီသော မှော်စွမ်းအားများသည် မတူညီသော စွမ်းအားဖြည့်ဆေးများ လိုအပ်
သော်လည်း အများစုမှာ ရင်နဲ့ယန် သို့မဟုတ် ဒြပ်စင်ငါးပါးနှင့် သက်ဆိုင်နေသည်။
ဥပမာအားဖြင့် ဓားခုနစ်စင်းစွမ်းအင်သည် ဒြပ်စင်ငါးပါး၏ အစိတ်အပိုင်းဖြစ်သော ရွှေစွမ်းအင် လိုအပ်သည်။
ဤဝိညာဉ်ဓာတ်မျိုးသည် ရှာဖွေရန် အတော်လေးလွယ်ကူသည်။
အခြေခံအားဖြင့် သတ္ထုနှင့်စပ်လျဉ်းသည့် သဘာဝရတနာတစ်ခုခုတွင် ရွှေစွမ်းအင်ပါရှိသော်လည်း ပါဝင်သည့်ပမာဏမှာ ကွဲပြားသေးသည်။
ဥပမာအားဖြင့် လင်းရှန်၏ သိုလှောင် အိတ်ထဲတွင် အနက်ရောင်သံများစွာ ရှိနေပြီး အများစုမှာ ရန်သူများကို သတ်ပြီးနောက် သူရရှိသော ရွှေစွမ်းအင်များဖြစ်သည်။
ထို့အပြင် လမ်းပြတိုက်ပွဲတွင် သူအနိုင်ရခဲ့သော ရွှေရောင်မြှားတွင်လည်း ရွှေစွမ်းအင်ပါရှိသည်။
မျှော်မှန်းမရနိုင်သောအနာဂတ်မှာ လင်း ရှန်အနေနဲ့ ဓားခုနစ်စင်း စွမ်းအင်အတွက် ဝိညာဉ်ဖြည့်စွက်စာများ ပြတ်တောက်မည်ကို စိုးရိမ်နေစရာ မလိုပေ။
လင်းရှန်သည် ဓားခုနစ်စင်း စွမ်းအင်ကို မကျင့်ကြံမီ အနက်ရောင် သံမဏိ အပိုင်းအစတစ်ခုကို ထုတ်ပြီး ရွှေရောင်စွမ်းအင် အနည်းငယ်ကို ထုတ်ယူလိုက်သည် ။
အံ့သြစရာကောင်းတာက သူ့ရဲ့ကိုယ်ပွါးသည် မှော်စွမ်းအားတွေကို ကျင့်ကြံဖို့အတွက် စွမ်းအားဖြည့်ဆေးတွေ မလိုအပ်တာပင်။
ပထမတော့ လင်းရှန် အရမ်းအံ့သြသွားပြီး ဘာကြောင့် ထိုသို့ဖြစ်တာလဲဟု နားမလည်ခဲ့ပေ။
ဒါပေမယ့် ဒုတိယအတွေးအနေနဲ့ ဖြေရှင်းကြည့်ရင် သမာရိုးကျမဟုတ်တာပဲ ဖြစ်နိုင်မည်။
ထို့ကြောင့် လင်းရှန်က စိတ်ပြတ်ပြတ်ဖြင့် လက်ခံခဲ့သည်။
မှော်စွမ်းအားများသည် သာမန် ကိုယ်ခံပညာ နည်းစနစ်များထက် ကျင့်ကြံရန် ပိုမိုခက်ခဲပြီး လမ်းကြောင်းအဆင့် ကိုယ်ခံပညာ နည်းစနစ်များကို ကျင့်ကြံခြင်းကဲ့သို့ပင် ခက်ခဲသည်။
လင်းရှန်သည် အချိန်ကာလ၏ဖြတ်သန်းမှုကို မေ့သွားကာ နေကိုးစင်းကျမ်းကို ကျင့်ကြံနေခဲ့သည်။
လင်းရှန်က သူ၏ လေ့ကျင့်မှုတွင် နှစ်မြှပ်နေချိန်မှာတော့ တောက်ပသော ဝင်ပေါက်အဆင့်သို့ သူတက်လှမ်းသည့် သတင်းသည် ကျောင်းတစ်ခွင်သို့ ပျံ့သွားခဲ့ပြီး မျှော်လင့်ထားသည့်အတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
“တောက်ပသော ဝင်ပေါက်အဆင့်…”
ရှဲ့ကျင့်ရှန်သည် သူ့လက်ထဲက စက္ကူကြိုးကြာကို ကြောင်တက်တက်ဖြင့် စိုက်ကြည့်နေရင်း သတိလက်လွတ်ဖြစ်နေ၏
သူသည် ထူးထူးခြားခြား ထက်မြက်သောသူဖြစ်သည်။ သူ၏ သာမန်နောက်ခံနဲ့ သြဇာကြီးမားသော မိသားစုများ၏ တပည့်အားလုံးကို နှိမ်နှင်းနိုင်ခဲ့သည်။
သူ့မှာ ဆရာရဲ့ ပံ့ပိုးကူညီမှု ရှိပေမယ့် သူ့မှာ အရည်အချင်းမပြည့်မီရင် ဒါကို သူလုပ်နိုင်မှာ မဟုတ်ပေ။
ဤသည်မှာ သဩဇာကြီးမားသော မိသားစုများ၏ တပည့်များပင် မငြင်းနိုင်သော အရာပင်။
ဒါတောင်မှ ကျောင်းဝင်ခွင့်ရပြီး တောက်ပသော ဝင်ပေါက်အဆင့်ကို ဖြတ်ကျော်ဖို့ နှစ်နှစ်ကျော် အချိန်ယူရသေးသည်။
လင်းရှန်အတွက်ကတော့
ကျောင်းကို စဝင်တာ တစ်နှစ်တောင် မပြည့်သေးပေ။
ဒီလိုအချိန်တိုလေးအတွင်းမှာ တောက်ပသော ဝင်ပေါက်အဆင့်ကို တက်လှမ်းနိုင်တာဆိုတော့ လင်းရှန်မှာ ဘယ်လောက်တောင် အလားအလာ ရှိလိုက်သလဲ။
အချိန်အတော်ကြာပြီးနောက် ရှဲကျင့်ရှန်သည် ထိတ်လန့်နေရာမှ ပြန်လည်အသိဝင်လာခဲ့လေ၏ သူသည် သက်ပြင်းချကာ သူ့ရှေ့ရှိ အရပ်မြင့်မြင့်နဲ့လူကို အနည်းငယ် ဦးညွှတ်လိုက်သည်။
"ဆရာကြီး၊ ဆရာကြီးကအတော်အမြင်ရှိပြီး ထူးခြားတဲ့ ဂျူနီယာညီလေးလင်းကို တွေ့ခဲ့တာပဲ”
စစ်ယွမ်ဖေသည် မျက်လုံးများကိုမှိတ်ထားလေ၏ ထို့နောက် သူသည် မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်ကာ ခေါင်းခါလိုက်သည်။
"လင်းရှန်က ငါမျှော်လင့်ထားတာထက်တောင် ပိုကောင်းနေတယ်”
"အထက်အိမ်တော်ရဲ့ နောက်နှစ်လ ရာထူးစိန်ခေါ်မှုမှာ ဩဇာကြီးမားတဲ့ မိသားစုက မဟုတ်တဲ့ နောက်ထပ် တပည့်တစ်ယောက် ရှိနေတော့မယ်ထင်တယ်"
ရှဲကျင့်ရှန်သည် အံ့အားသင့်သွားပြီး “ဆရာကြီး ညီလေးလင်းက
တောက်ပသော ဝင်ပေါက်အဆင့်ကို အခုမှ ရောက်တာပါ။ အထက်အိမ်တော် တပည့်တွေအကြားမှာ ခုမှ ရာထူးတိုးခြင်းခံရတဲ့ ယန်ကျင့်ရမ်တောင် တောက်ပသော ဝင်ပေါက်ရဲ့ တတိယအဆင့်ကို ရောက်နေပါပြီ။ ညီလေးလင်းက ဘယ်လောက် အရည်အချင်းရှိတဲ့သူ ဖြစ်နေပါစေ။ ယန်ကျင့်ရမ်ကို နှစ်လတည်းနဲ့ အနိုင်ယူဖို့ လုံလောက်တဲ့ ကြံ့ခိုင်မှုမျိုးတော့ မရှိလောက်ဘူးလားလို့”
စစ်ယန်ဖေက " လင်းရှန်က လူတိုင်းရဲ့မျှော်လင့်ချက်ထက်ပိုတဲ့ အောင်မြင်မှုတွေကို ရခဲ့တာပဲ မဟုတ်ဖူးလား
ရှဲကျင့်ရှန်တွင် ပြောစရာမရှိပေ။
လင်းရှန်သည် ထိုအဆင့်ကို မဖြတ်ကျော်ခင်ကတည်းက လမ်းကြောင်းအဆင့်
ကိုယ်ခံပညာကို ကျင့်ကြံထားသည်ကို သူတွေးမိတဲ့အခါ တုန်လှုပ်သွားသည်။
"တွေ့လား ငါပြောတာ မှန်တယ်”
ညအိမ်မက်ကလပ်တွင် ယန်ကျုံးရီက စားပွဲကို ရိုက်လိုက်ပြီး ရယ်သည်။
"ငါသိပါတယ်။ လင်းက ကျင့်ကြံတဲ့အခါမှာ မသေဆေးတစ်လုံးစားလိုက်သလိုပဲ။ တောက်ပသောဝင်ပေါက် အဆင့်ကို သိပ်မကြာခင်မှာပဲ ရောက်မယ်ဆိုတာ ငါသိတယ်။ ငါက အမြင်စူးရှတယ် မလား?"
စုနျန်သည် ဝေ့ကြည့်ပြီး ယန်ကျုံးရီ၏ ကြွားလုံးထုတ်မှုကို လျစ်လျူရှုလိုက်သည်။
သို့သော် ငြိမ်သက်နေသော မျက်နှာပြင်အောက်တွင် သူသည် သိသိသာသာ တုန်လှုပ်သွားခဲ့သည်။
လင်းရှန်သည် မကြာမီ တောက်ပသော ဝင်ပေါက်အဆင့်သို့ တက်လှမ်းနိုင်မည်ဟု သူ ခန့်မှန်းထားသော်လည်း ဤမျှမြန်မည်ဟု မမျှော်လင့်ထားပေ။
သူနှင့် ယန်ကျုံးရီတို့သည် ကြာရှည်စွာအသက်ရှုခြင်း၏ တတိယအဆင့်တွင်သာရှိကြသေးသည်။ လင်းရှန်၏အကူအညီကြောင့် ချီအသွင်ပြောင်းခြင်း၏ အတားအဆီးကိုဖြတ်ကျော်ဖို့ လိုအပ်သည့်အချိန်ကို တိုတောင်းစေခဲ့သည်။မဟုတ်ရင် သူတို့သည် ကြာရှည်စွာအသက်ရှုခြင်း၏ ပထမအဆင့်တွင်သာရှိနိုင်သည်။
စုနျန်၊ ယန်ကျုံးရီနှင့် လင်းရှန်၏ ကျင့်ကြံမှု အဆင့်များသည် ယခင်က တူညီခဲ့သော်လည်း ယခု ကွာခြားချက်မှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ပင် ။ စုနျန်က သက်ပြင်းသာချနိုင်သည်။
တစ်ချိန်က ကျောင်းတွင် အရည်အချင်းအရှိဆုံး တပည့်ဖြစ်ခဲ့ပြီး ယခုအချိန်အထိ ဂိုဏ်းထဲတွင် ဒဏ္ဍာရီများစွာကို ချန်ထားခဲ့သည့် စုနျန်၏ဝမ်းကွဲဝမ်းကွဲသည်လည်း ယခု လင်းရှန်ကဲ့သို့ပင် အရည်အချင်းရှိသူဖြစ်နိုင်သည်။
"တောက်ပတဲ့ဝင်ပေါက်အဆင့် ? အဲ့တာ တကယ်လား?"
လန်ရှင်းသည် သူ့လက်ထဲမှ ကြိုးကြာကို စိုက်ကြည့်နေပြီး သူ့မျက်လုံးများက မယုံနိုင်စရာများဖြင့် ပြည့်နှက်နေသည်။
လင်းရှန်သည် အရည်အချင်းရှိသည်ကို သူ အမြဲကြားသိနေသော်လည်း ၎င်းကို အမှန်တကယ် မမြင်ဖူးပေ။
ထိုမှသာလျှင် လင်းရှန်၏ အရည်အချင်းသည် မယုံနိုင်လောက်အောင် အံ့သြဖွယ်ကောင်းလှသည်ကို သူ အမှန်တကယ် သိရှိနားလည်သွားသည် ။
အသက်နှစ်ဆယ်အရွယ် တောက်ပသော ဝင်ပေါက်အဆင့် ကျင့်ကြံသူ
အသက် (၂၅) နှစ်မတိုင်မီ ကျင့်ကြံသူ သခင်ဖြစ်လာခြင်းသည် လင်းရှန်အတွက် သေချာပေါက် အလောင်းအစားတစ်ခုလိုဖြစ်သည်။
သူ့မှာ တောက်ပတဲ့ အနာဂတ်ရှိမယ်လို့ ပြောရင် ပိုပြောတာ မဟုတ်ပေ။
ယန်ရှင်းသည် လန်ရှင်းဘေးတွင် ရပ်ကာ ကြောင်တက်တက်ဖြစ်နေဟန်တူသည်။
တပည့်အဆင့်စိန်ခေါ်မှုတွင် လင်းရှန်အား ရှုံးနိမ့်ခြင်းသည် သူ့အတွက် အမြဲတမ်း အိပ်မက်ဆိုးတစ်ခုဖြစ်ခဲ့သည်။
ယခုပင် သူသည် ၎င်းကို မကျော်ဖြတ်နိုင်သေးပေ။
ယန်ရှင်းသည် သူ့ခွန်အားကိုတိုးအောင် ကျင့်ကြံရင်း တစ်နေ့တွင် လင်းရှန်ကို အနိုင်ယူကာ သူ့ဒဏ်ရာကို ကုစားနိုင်ဖို့ စိတ်ကူးခဲ့သည်။
သို့သော်လည်း ကျားမျိုးနွယ်နှင့် တိုက်ပွဲအပြီးတွင် လင်းရှန်သည် လမ်းကြောင်းအဆင့် ကိုယ်ခံပညာကို ကျွမ်းကျင်ပြီး ဉာဏ်အလင်းပြခြင်း အဆင့်နတ်ဆိုးကို သတ်ခဲ့သည့် သတင်းကြောင့် ယန်ရှင်း၏ ဆုံးဖြတ်ချက်ကို ရိုက်ချိုးခံခဲ့ရသည်။ ထိုအချိန်ကလည်း သူပြိုလဲလုနီးပါး ဖြစ်ခဲ့သည်။
အဲဒီထိတ်လန့်မှုကနေ သက်သာရာမရခင်မှာပဲ လင်းရှန်သည် တောက်ပသောဝင်ပေါက်အဆင့်ကို ဖြတ်ကျော်သွားသည့် သတင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
ဤအခိုက်အတန့်တွင် ယန်ရှင်းနဲ့ လင်းရှန်အကြား ကွာဟချက် မည်မျှကြီးမားသည်ကို နောက်ဆုံးတွင် သူသဘောပေါက်သွားခဲ့သည်။
သူ့ဘဝတွင် လင်းရှန်ကိုထိပ်တိုက်ရင်ဆိုင်ရာတွင် ဘယ်သောအခါမှ အနိုင်ယူနိုင်မည်
မဟုတ်တော့ပေ။
"ယန်ရှင်း ဘာဖြစ်နေတာလဲ"
ယန်ရှင်း၏ မျက်နှာသည် ဖြူဖျော့လာသည်ကို သတိပြုမိလိုက်တာကြောင့် လန်ရှင်းသည် စိတ်ရှုပ်ထွေးစွာဖြင့် သူ့ပခုံးကို တွန်းလိုက်သည်။
ယန်ရှင်းက အာရုံစူးစိုက်မှု ပြန်ရရှိလာပြီး အတင်းပြုံးပြလိုက်သည်။
“ငါအဆင်ပြေပါတယ်။”
လန်ရှင်းက သိပ်ပြီး မစဉ်းစားဘဲ မျက်မှောင်ကြုတ်ပြီး ပြောသည် " လင်းရှန်က ဒီလောက် အရည်အချင်းရှိမယ်လို့ ငါ မမျှော်လင့်ထားဘူး။ သူက အခုတောက်ပသော ဝင်ပေါက်အဆင့်မှာ ရောက်နေပြီ။ သိပ်မကြာခင်ပဲ သူကအထက်အိမ်တော် တပည့်တွေကို စိန်ခေါ်နိုင်တယ်”
ယန်ရှင်း၏ နှလုံးသည် ခုန်သွားသည်။
အထက်အိမ်တော်၏ ထိပ်တန်းတပည့် ဆယ်ယောက်တွင် ယန်ကျင့်ရမ်သည် အတွေ့အကြုံအနည်းဆုံးဖြစ်သည်။ လင်းရှန်နှင့် ယန်မိသားစုကြား ရန်ငြိုးအရ သူသည် အထက်အိမ်တော်မှ တပည့်များကို အမှန်တကယ် စိန်ခေါ်လိုလျှင် သူမည်သူကို ပစ်မှတ်အဖြစ်ရွေးချယ်မည်နည်။
သို့သော် ယန်ရှင်းသည် ချက်ချင်းပင် ငြိမ်သက်သွားသည်။
လက်ရှိအချိန်မှာတော့ သူ့မိသားစုဝင်သည် နက်နဲသော မြေအောက်ဝိညာဉ်ဂူကို ဖွင့်ဖို့ အစွမ်းကုန် ကြိုးစားနေပြီး ဖွင့်လိုက်တာနဲ့ သူ့အစ်ကိုရဲ့ ကျင့်ကြံမှုက အရှိန်အဟုန်နဲ့ တိုးတက်လာမှာ သေချာသည်။
ထိုအချိန်တွင် လင်းရှန်သည် သူ့အစ်ကိုကို စိန်ခေါ်ရန် သတ္တိရှိလျှင် သူ့သွားများ မြေပြင်ပေါ် ကျွတ်ကျသည့်အထိ ရိုက်နှက်ခံရမည်မှာ သေချာသည်။
ဟုတ်တယ်မလား
ယန်ရှင်းသည် သူ့စိတ်ထဲတွင် မေးခွန်းတစ်ခုဝင်လာသောအခါ သူ့ကိုယ်သူ ပါးရိုက်ချင်လာသည်။
သူ့အစ်ကိုရဲ့ ခွန်အားကို သူဘယ်လိုတောင် သံသယရှိတာလဲ။
တစ်ဖက်တွင် လန်ရှင်းသည် ယန်ရှင်း၏ အမူအရာ ပြောင်းလဲသွားသည်ကို သတိမထားမိလိုက်ပေ။ သူသည် လင်းရှန်အကြောင်းကိုမေ့သွားပြီး စတင် သက်ပြင်းချတော့သည်။
"ဘယ်ကောင်က ငါ့အဖေကို သတင်းပို့တာလဲလို့ ငါသိချင်တယ်။ အခုအဖေက မြို့တံခါးအဝင်အထွက်အတွက် ငါ့တိုကင်ကို သိမ်းလိုက်တာ ငါ ဘာလုပ်ရမလဲ"
ယန်ရှင်းသည် သတိပြန်ဝင်လာပြီး တိတ်တဆိတ် ခေါင်းယမ်းလိုက်သည်။
ဆရာကြီးလန်က ဘာတွေတွေးနေတယ်ဆိုတာ သူနားမလည်တော့ပေ။ လေ့ကျင့်ရေးဆင်းတာ ဘာမှားနေလို့လဲ ။ သူ့သားကို အကျဉ်းသားတွေလို ကြည့်နေချင်တာလား။
သူ့၏ တစ်ဦးတည်းသောသား အန္တရာယ်ဖြစ်မည်ကိုကြောက်လျှင် သူ့ကိုယ်သူကာကွယ်ရန် နောက်ထပ် မှော်လက်နက်အနည်းငယ်ကို ပေးလို့ရသည်။
သူ့သားကို မြို့ထဲမှာ အမြဲ ထိန်းသိမ်းမထားနိုင်ဘူး မလား။