မမျှတဘူး (၁)
Vol. 12 Ch. 180
တစ်လခန့် ကြာသွားသည်။
လေ့ကျင့်ရေးခန်းထဲမှာတော့ လင်းရှန်သည် သူ့ရှေ့က မျက်နှာပြင်ကို ကြည့်ပြီး စိတ်ထဲကနေ ပြုံးလိုက်သည်။
[အမည်-လင်းရှန်]
[စွမ်းရည် : နားလည်မှု]
[အဆင့်-တောက်ပသောဝင်ပေါက် ဒုတိယအဆင့် ၊ ၂၂%]
[ကျင့်ကြံနည်းများ- နေကိုးစင်းကျမ်း (ကျွမ်းကျင်အဆင့် ၄%)၊ အရည်ပျော်ခြင်း (လမ်းကြောင်းအဆင့် ၃၀%)၊တားမြစ်ထားသော ရွှေရောင်ချပ်ဝတ်တန်ဆာ ( လမ်းကြောင်းအဆင့် ၁၀ %)၊တိမ်တိုက်နဂါးစည်းချက် ( လမ်းကြောင်းအဆင့် ၀%)၊နေကိုးစင်းနတ်ဘုရားဓား (လမ်းကြောင်းအဆင့် ၀%)
[မှော်စွမ်းအား - ဓားခုနစ်စင်းစွမ်းအင် ( ပထမအဆင့်၊ ၂၃%)]
[ကိုယ်ပွားအရေအတွက်- ၆ (၈၂%)]
တစ်လကြာ ကျင့်ကြံပြီးနောက် နောက်ဆုံးတွင် သူသည် ဓားခုနစ်စင်းစွမ်းအင်ကို ကျွမ်းကျင်ခဲ့သည်။
ကိုယ်ခံပညာနှင့်မတူတာက မှော်စွမ်းအားသည် အစပြုသူ၊ ကျွမ်းကျင်အဆင့်၊ အထူးကျွမ်းကျင်အဆင့်နှင့် ပြီးပြည့်စုံခြင်းအဆင့် စသည်ဖြင့် အဆင့်များသာ ခွဲခြားထားသည်။
ထို့အပြင် မှော်စွမ်းအားတစ်ခုစီတွင် မတူညီသော အဆင့်အရေအတွက်များရှိသည်။
ဥပမာအားဖြင့် ဓားစွမ်းအင်ခုနစ်ခုတွင် စုစုပေါင်း အဆင့်ခုနစ်ဆင့်ရှိသည်။
သူအနေနဲ့ ပိုမြင့်တဲ့ အဆင့်ကို ရောက်တိုင်း ဓားစွမ်းအင် ထပ်တိုးလာမည် ဖြစ်သည်။
သတ္တမအဆင့်သို့ရောက်သောအခါ ဓားစွမ်းအင်ခုနစ်ခု၏ ရိုက်ချက် ခုနစ်ခုကို
တစ်ချိန်တည်းတွင် ထုတ်လွှတ်နိုင်မည် ဖြစ်သည်။ ထိုအချိန်ကျ
သံနဲ့ကျောက်တုံးတွေက ဖုန်မှုန့်လိုပင်။
ကျင့်ကြံပြီး သုံးရက်အတွင်း လင်းရှန်သည် သံအနက် ၂၅ ကီလိုဂရမ်ကို အသုံးပြုခဲ့သည်။
သူသည် နေကိုးစင်းကျမ်းကို ကျင့်ကြံနေစဉ်တွင် ဓားခုနစ်စင်းစွမ်းအင်ကို သူ၏ကိုယ်ပွါးအား ကျင့်ကြံခိုင်းခဲ့သည်။
၎င်းကို သူ့ဘာသာသူ ကျင့်ကြံမည်ဆိုရင် လက်ရှိတိုးတက်မှုကို ရဖို့အတွက် သံနက် ၂၀၀မှ ၃၀၀ ကီလိုဂရမ်ကို သုံးစွဲရမည်ပင်။
"မှော်စွမ်းအားကို ကျင့်ကြံရင် ပိုက်ဆံအများကြီးကုန်တယ်လို့ လူတွေပြောကြတာ အံ့ဩစရာမဟုတ်ဘူး” လင်းရှန်က သက်ပြင်းချလိုက်သည်။
အခြားသော ကျင့်ကြံသူတိုင်းသည် တတိယအဆင့် သို့မဟုတ် စတုတ္ထအဆင့်အထိ ရောက်အောင် ကျင့်ကြံရန် သာမန်အရည်အသွေးအမှတ် ဒါဇင် သို့မဟုတ် ရာနှင့်ချီ၍ သုံးစွဲရပေမည်။
ဒါက တောက်ပသောဝင်ပေါက်အဆင့် ကျင့်ကြံသူများအတွက်တောင်မှ ဝန်ထုပ်ဝန်ပိုးဖြစ်နေပြီပင်။
ခေါင်းကို ခါယမ်းရင်း လင်းရှန်သည် ပျံ့လွင့်နေသော အတွေးများကို ထိန်းကာ မျက်နှာပြင်ဆီသို့ အာရုံစိုက်ခဲ့သည်။
ဓားခုနစ်စင်းစွမ်းအင်အပြင် ဝိညာဉ်ပျိုးထောင်ခြင်းဆေးနှင့် တောက်ပသော ဝင်ပေါက် ဒုတိယအဆင့်သို့ အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့သည် ။ ထိုအခါ သူကျင့်ကြံမှုက ၂၀%အထိ တိုးလာခဲ့သည်။
နေကိုးစင်းကျမ်းကိုပင် ကျွမ်းကျင်စွာ တတ်မြောက်ခဲ့သည်။
ထို့အပြင် လက်ဖဝါးနည်းစနစ်နှစ်ခုသည်လည်း ပြီးပြည့်စုံခြင်း အဆင့်သို့ရောက်ရှိခဲ့ပြီးအရည်ပျော်ခြင်းကို ၁၀% တိုးတက်စေသည်။
"ကျင့်ကြံခြင်း၊ ကိုယ်ခံပညာ၊ မှော်စွမ်းအား...ငါ့မှာ ကျင့်ကြံဖို့တွေ အများကြီး ရှိနေသေးတယ်လို့ ခံစားရတယ်။ ငါ့မှာ ကိုယ်ပွါးလုံလုံလောက်လောက်မရှိဖူး”
လင်းရှန်သည် လောဘကြီးစွာဖြင့် တွေးလိုက်မိသည်။
သူသည် မျက်နှာပြင်ကိုကြည့်လိုက်တော့ကိုယ်ပွားအသစ်ကို ပေါင်းစည်းရန် ၁၈% လိုနေသေးသည်။ ဆိုလိုသည်မှာ သူသည် နောက်ထပ် (၃၆) ရက်စောင့်ရအုံးမည်။
"နောက်ထပ် တစ်လကျော်ဆို သူ့ကိုရပြီ”
မျက်နှာပြင်ကိုပိတ်ပြီးနောက် လင်းရှန်သည် မြေပြင်မှထကာ ဆန့်တန်းရင်း လေ့ကျင့်ရေးအခန်းမှ ထွက်လာခဲ့သည်။
သူသည် ကျောင်းမှာပဲ သုံးလနီးပါးလောက် ရှိချေပြီ။ ထို့ကြောင့် အပြင်ထွက်ဖို့ အချိန်ကျနေပြီ ။ အိုက်ဘာတွေ လုပ်နေမလဲ သူသိချင်မိသည်။
ကံကောင်းထောက်မစွာ သူသည် ဗီလာတွင် ကြောင်အစာ စည်သွတ်အမြောက်အမြား ထားခဲ့လေ၏ ထို့ကြောင့် သူမ အစာမငတ်နိုင်ပေ။
ထို့အပြင် သူသည် သူ၏ကိုယ်ပွားများကို စမ်းသပ်ရန် လိုအပ်သေသည်။
လင်းရှန်သည် တောက်ပသော ဝင်ပေါက်အဆင့်သို့ တက်ရောက်ပြီးနောက် ကိုယ်ပွါးများကို အပြင်သို့ လွှတ်လိုက်သောအခါ မည်သို့ဖြစ် သွားမည်နည်း။
နိုင်ယန်းကျောင်းသည် စစ်ဆေးရန် နေရာကောင်းမဟုတ်ပေ။ သူ့အနေနဲ့ တစ်နေရာရာကို သွားရမည်။
မထွက်ခွာမီ လင်းရှန်သည် ထောင်ကျုံးပိုင်ကိုရှာဖွေရန် ပြည်တွင်းရေးရာဌာနသို့ သွားခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်း တစ်လအကြာတွင် ထောင်ကျုံးပိုင်သည် လင်းရှန်၏ တောင်းဆိုမှုကို ပြီးပြည့်စုံစေခဲ့သည်။ သူသည် တပည့်များအား သာမန်အရည်အသွေး အမှတ်များပေးခဲ့ပြီး လင်းရှန်အတွက် လိုအပ်သော သဘာဝရတနာများကို ကြို၍ စုဆောင်းခဲ့သည်။
ဒါက လင်းရှန်ကို အချိန်ကုန် သက်သာစေခဲ့သည်။
လင်းရှန်သည် အံ့အားသင့်သွားသည်။ လက်ထောက်ထောင်သည် သူ့ဖောက်သည်တွေကို ဘယ်လိုဆက်ဆံရမလဲဆိုတာ သူသိသည်။
လင်းရှန်သည် တွန့်တိုသောလူမျိုး မဟုတ်ပေ။ သူစုဆောင်းထားသော ရတနာများသည် သာမန်အရည်အသွေးအမှတ် ၃ခုနဲ့ အရည်အသွေးအမှတ် ၂၁၈ မှတ်လောက် တန်သည် ။ ထို့ကြောင့် သူသည် ထောင်ကျုံးပိုင်ကို ဝိညာဉ်မီးတောက်ဆေး ပေးလိုက်သည်။
နှစ်ခု၏ အမည်ခံတန်ဖိုးသည် တူညီသည်။
သို့သော် ဝိညာဉ်မီးတောက်ဆေးပြားများကို အလယ်အလတ် အရည်အသွေးအမှတ်နဲ့သာ လဲနိုင်သည်။ အတိအကျပြောရလျှင် ၎င်း၏တန်ဖိုးသည် သာမန်အရည်အသွေးအမှတ် ၃ခုနဲ့ အရည်အသွေးအမှတ် ၂၁၈ခုထက် သာလွန်သည်။
သူ့တန်ဖိုးက သာမန်အရည်အသွေးအမှတ် ၁၀ခုလောက်တန်ပေမယ့် လူတွေက အဲဒီဆေးကို ဝယ်ချင်နေကြတုန်းပင်။
ထောင်ကျုံးပိုင်သည် သွားမစိနိုင်လောက်အောင် ဝမ်းသာလွန်းနေသည်။ လင်းရှန်နဲ့ အဆင်ပြေအောင် နေဖို့ ဆုံးဖြတ်လိုက်တာ မှန်ကန်တယ်လို့ သူ ခံစားမိသွားသည်။
ထို့နောက် လင်းရှန်သည် အရှေ့ပိုင်းခရိုင်ရှိ ဗီလာသို့ ပြန်ရောက်သည်။
မထင်မှတ်ပဲ အိုက်သည် အိမ်မှာ မရှိပေ။
လင်းရှန်ကို ပိုအံ့ဩသွားစေတာက ဧည့်ခန်းထဲတွင် စည်သွပ်ဗူးအခွံ့များနဲ့ ပြည့်မနေတော့တာပင်။ သန့်ရှင်းသပ်ရပ်နေပုံက မကြာသေးမီကပင် တစ်စုံတစ်ဦးမှ ဂရုတစိုက် သန့်ရှင်းရေးလုပ်ခဲ့တာမှန်း သိသာသည်။
"အိုက်က သန့်ရှင်းရေးလုပ်ရတာ ဝါသနာမပါပါဘူး"
အတန်ကြာစဉ်းစားပြီးနောက် လင်းရှန်သည် အတွေးတစ်ခုဝင်ခဲ့သည်။
နစ်မြှပ်ခြင်းလမင်း၏ ဝိညာဉ်ကြောင်များသာ အိုက်ကို ၎င်းတို့နှင့်အတူ ခေါ်သွားနိုင်မည်ဖြစ်သည်။
လင်းရှန်အနေနဲ့ အိုက်ကို သူတို့ဘာလုပ်မယ်ဆိုတာကို စိတ်မပူဘဲ သူ့မေးခွန်းကို ဒီအတိုင်းထားလိုက်သည်။
နေ့ခင်းကြောင်တောင်တွင် သူ၏ကိုယ်ပွားကို စမ်းသပ်ရန် မလွယ်ကူသောကြောင့် လင်းရှန်သည် ကျင့်ကြံရန် ဧည့်ခန်းထဲတွင် ထိုင်နေခဲ့သည်။ ထို့ကြောင့် သူသည် ညမှောင်သည်အထိ စောင့်နေခဲ့သည်။
သူသည်တောက်ပသောဝင်ပေါက်အဆင့်သို့တက်သွားပြီးနောက် ကိုယ်ပွါး၏ပြောင်းလဲမှုများကို စမ်းသပ်ကြည့်တော့သည်။
ပထမအချက်မှာ သုံးစွဲမှုသုညအကွာအဝေးပင်။ ၎င်းသည် မီတာခြောက်ရာခန့်မှ မီတာတစ်ထောင်အထိ တိုးလာခဲ့သည်။ ထိုအရာက နှစ်ဆနီးပါးတိုးလာခဲ့တာပင်။
နောက်တစ်ခုကတော့ ကိုယ်ပွါးတစ်ယောက်ချင်းစီ၏ လုပ်ဆောင်ချက် အကွာအဝေးပင်။
လင်းရှန်နဲ့ မီတာ ၃၀၀၀ အကွာတွင်ရှိသော ကိုယ်ပွါးတစ်ယာက်သည် ငါးမိနစ်ခန့် ကြာနေနိုင်သည်။
သို့သော်လည်း မီတာ ၅၀၀၀ သို့ တိုးချဲ့ပြီးနောက် ၎င်း၏ တည်ရှိမှု သက်တမ်းသည် တစ်မိနစ်ခန့်အထိ သိသိသာသာ ကျဆင်းသွားမည်ဖြစ်သည်။
ကြာရှည်စွာအသက်ရှုခြင်းအဆင့်နှင့် နှိုင်းယှဉ်ပါက ကိုယ်ပွား၏ လွတ်လပ်စွာ လှုပ်ရှားသွားလာမှုနှင့် ကြာချိန်သည် သိသိသာသာ တိုးလာသည်။
အထူးသဖြင့် မီတာ၁၀၀၀အတွက် သုံးစွဲမှု သုညအကွာအဝေးပင်။ အဲ့တာက လင်းရှန်ကို အနာဂတ်တွင် ကိစ္စများစွာကို ပိုမိုလွယ်ကူစွာ လုပ်ဆောင်နိုင်သည်ဟု ဆိုလိုသည်။
"ဝိညာဉ်ရေးရာအနှစ်သာရနဲ့ စွမ်းအင်ပြန်န်လည်ရရှိရေး ဆေးလုံးအလုံအလောက်ရှိရင် ကိုယ်ပွါးကို မီတာ ၃၀၀၀ အကွာမှာ ဆယ်မိနစ်ကျော်ကြာထားလည်း ကိစ္စမရှိဘူး”
လင်းရှန်သည် လက်ချောင်းပေါ်ရှိ သိုလှောင်အိတ်ကို ပွတ်ကာ ပြုံးလိုက်သည်။
ကျင့်ဟိုင်၏သိုလှောင်အိတ်အတွင်းမှ ဆေးဖက်ဝင်ဆေးပြား အမြောက်အမြား ရှိခဲ့သည်။ ၎င်းတို့ထဲတွင် ဝိညာဉ်အနှစ်သာရကို ပြန်လည်ရရှိစေသော စွမ်းအင်ပြန်လည်ရရှိခြင်းဆေးများနှင့် ပြန်လည်သက်သာရေးဆေးပြားများစွာလည်းရှိခဲ့သည်။ သူတို့ထဲကအများစုက…..