← Chapters

မမျှတဘူး (၂)

Vol. 12 Ch. 181

မမျှတဘူး (၂)

Vol. 12 Ch. 181

"ဒီနှုန်းနဲ့ဆို ငါတောက်ပသောဝင်ပေါက်အဆင့်ကို ဖြတ်ကျော်တဲ့အခါ ကိုယ်ပွါးရဲ့ သုညသုံးစွဲမှုအကွာအဝေးက မီတာသုံးထောင်ကနေ လေးထောင် အထိတိုးလာလောက်တယ်”

သူလိုချင်သောအဖြေကိုရရှိပြီးနောက် လင်းရှန်သည် သူ၏ကိုယ်ပွားကို ကျေနပ်စွာနဲ့ပြန်လည်ရုပ်သိမ်းကာ ဆက်လက်ကျင့်ကြံရန် သူ့အိပ်ခန်းသို့ပြန်သွားခဲ့သည်။

တောက်ပသောဝင်ပေါက်အဆင့်သို့ တက်လှမ်းပြီးနောက် သူ၏နေ့စဉ်ဘဝတွင် အကြီးမားဆုံးပြောင်းလဲမှုမှာ အရမ်းကြီး အိပ်စက်စရာ မလိုအပ်ခြင်းပင်ဖြစ်သည်။

သူ့စိတ်ဝိညာဉ်ခွန်အားသည် သူ့ကို အချိန်တိုင်း ဝိညာဉ်နဲ့ခွန်အားတွေ

ပြည့်နေစေသည်။ သူ့အနေနဲ့ တိုက်ခိုက်ရင်း မောပန်းမနေဘူးဆိုရင် တစ်နေ့ကို တစ်နာရီ နှစ်နာရီလောက်ပဲ အိပ်ဖို့ လိုသည်။

ဤခေတ်ရေစီးကြောင်းအရ ကျင့်ကြံသူ သခင်ဖြစ်လာပြီးနောက် သူသည် အခြေခံအားဖြင့် အိပ်စက်သည်ဆိုရုံသာ ရှိသည်။

ကျင့်ကြံသူသခင်များသည် အိပ်စက်ခြင်းအတွက် တရားထိုင်ခြင်းကိုလည်းကောင်း ၊ အစားအစာအဖြစ် ဝိညာဉ်ရေးရာအနှစ်သာရကိုလည်းကောင်း အစားထိုးအသုံးပြုကြောင်း ကောလဟာလများ ထွက်ပေါ်လျက်ရှိသည်။

အိပ်ခန်းထဲသို့ရောက်သောအခါ လင်းရှန်သည် သူ့နဖူးကို ပွတ်သပ်လိုက်သည်။ ထို့နောက် ယနေ့မှရရှိသော သဘာဝရတနာကို ရုတ်တရက် သတိရသွားပြီး သူ၏ ဇွဲလုံ့လကိုယ်ပွါးကိုခေါ်လိုက်သည်။

ဝိညာဉ်ပြည့်လျှံခြင်းကို နိုးထလာစေပြီးနောက်တွင် သူ၏အသိစိတ်သည် ပို၍ပင် ထက်မြက်လာခဲ့သည်။သူမ၏ မသိစိတ်ကပင် အန္တရာယ်ကို အရင်ကထက် ပိုသိလာပုံရသည်။

ဤအခိုက်အတန့်တွင် လင်းရှန်သည် သူ့အပေါ်တွင် အန္တရာယ်ရှိသော အငွေ့အသက်

ကျရောက်နေသလို ခံစားရသည်။

လင်းရှန်သည် သူ၏ ပင်ကိုယ်စိတ်ကို ယုံကြည်ကာ ဘာမှ မတွေးဘဲ တားမြစ်ထားသော ရွှေရောင်ချပ်ဝတ်တန်ဆာကို ဖွင့်လိုက်

သည်။ တစ်ချိန်တည်းတွင်ပင် လှည့်ကြည့်လိုက်တော့ ထူးဆန်းသော မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။

အိပ်ခန်းထောင့်မှ အရိပ်သည် ရွှံ့စေးကို ဆွဲထုတ်လိုက်သကဲ့သို့ သေးငယ်သော လေထုထဲမှ ထွက်ပေါ်လာသည်။ မမြင်နိုင်သော လက်ဖဝါးက ၎င်းကို လူသားပုံစံအဖြစ် အမြန်ပုံဖော်လိုက်သည်။

နောက်တစက္ကန့်တွင် ထိုလူ၏မျက်နှာပြင်ပေါ်ရှိ အမှောင်ထုသည် ဒီရေကဲ့သို့ ကျဆင်းသွားပြီး အနက်ရောင်ဝတ်ရုံနဲ့ မျက်နှာဖုံးကို ဝတ်ဆင်ထားသည့် လူတစ်ဦးကို ပေါ်လာသည်။

"မင်းက ဘယ်သူလဲ?"

လင်းရှန်က သူ့လက်ကောက်ဝတ်ကို လှန်လိုက်သည်နှင့်နေခြောက်စင်း

အဆောင်ဓားသည် သူ့လက်ဖဝါးထဲသို့ ချက်ချင်းရောက်သွားသည်။

သူ့လက်ထဲတွင် ဓားရှည်ကို ကိုင်ထားပြီး ရန်သူကြီးနှင့် ရင်ဆိုင်ရသကဲ့သို့ သူ့ရှေ့တွင် ရုတ်တရက် ပေါ်လာသည့် အသွင်အပြင်ကို စိုက်ကြည့်နေသည်။

သူ့ရှေ့ကလူရဲ့ အန္တရာယ်ကို သူခံစားလိုက်ရသည် ။

ထိုနေ့ညက ကျင့်ဟိုင်ပေးခဲ့တဲ့ ခံစားချက်ထက်တောင် ပိုကြောက်စရာကောင်းပြီး အန္တရာယ်များသည်။

တောက်ပသော ဝင်ပေါက်အဆင့် ကျင့်ကြံသူ

ထို့အပြင် သူသည် အနည်းဆုံးတော့ တောက်ပသော ဝင်ပေါက် စတုတ္ထအဆင့် သို့မဟုတ် ပဉ္စမအဆင့်မှ ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။

အနက်ရောင်ဝတ်ရုံနဲ့လူသည် ခေါင်းကို အနည်းငယ်မော့ကာ မျက်နှာဖုံးနောက်ကွယ်မှ လင်းရှန်ကို စိုက်ကြည့်နေ၏။ သူ၏ လျစ်လျူရှုသော အသံသည် အနည်းငယ် မှုန်မှိုင်းသွားသည်။

"မင်း ခန့်မှန်းပြီးသား မဟုတ်လား"

"...မင်းက ဝံပုလွေရိုင်းကပဲ” လင်းရှန်သည် မျက်မှောင်ကြုတ်လိုက်သည်။

"မင်းက တကယ် ဉာဏ်ကောင်းတယ်။"

အနက်ရောင်ဝတ်ရုံနဲ့လူသည် လင်းရှန်း၏လက်ချောင်းထိပ်ပေါ်ရှိ ဝိညာဉ်ရေးရာအလင်းရောင်ကို ငုံ့ကြည့်လိုက်သည်။ ၎င်းသည် ဝိညာဉ်သံ ပြည့်လျှံအောင် ပေါင်းစည်းနေတာဖြစ်ပြီး မှော်စွမ်းအားသုံရန်ပြင်ဆင်နေသည့် လက္ခဏာဖြစ်သည်။

"မင်းမှာ မယုံနိုင်စရာ အရည်အချင်းတွေနဲ့ ခွန်အားတွေ ရှိတာပဲ။ ကျင့်ဟိုင်က မင်းကို လျှော့တွက်ထားတာ။ အဲ့တော့ သူက မင်းလက်ထဲမှာ သေဖို့ ထိုက်တန်ပါတယ်။"

အနက်ရောင်ဝတ်ရုံနဲ့အမျိုးသား၏ လေသံမှာ အေးဆေးတည်ငြိမ်သော်လည်း အဆိပ်ပြင်းမြွေတစ်ကောင်က ရင်ဘတ်တစ်လျှောက် လျှောစီးနေသကဲ့သို့ အဆိပ်ပြင်းသည့် အအေးဓာတ်ကို သယ်ဆောင်လာကာ အလိုအလျောက် အေးခဲသွားစေသည်။

ဒါကိုမြင်တော့ လင်းရှန်က တုံ့ဆိုင်းမနေတော့ဘဲ သူ့လက်ချောင်းတွေနဲ့ ရှေ့ကို ချက်ချင်းညွှန်ပြလိုက်သည်။

တခဏချင်းမှာပဲ ဓားပုံသဏ္ဍာန်ဓားစွမ်းအင်သည် နေရာကိုဖြတ်ပြီး လျှပ်စီးလက်သလိုပင် ဝတ်ရုံအနက်နဲ့ လူဆီ ပစ်ခတ်လိုက်သည် ။

ရွှမ်

အိပ်ခန်းထဲတွင် စူးရှပြီး တိုတောင်းသော လေသံတစ်ခု ထွက်ပေါ်လာသည်။

ပြင်းထန်သောဓားစွမ်းအင်ကိုရင်ဆိုင်ရင်း အနက်ရောင်ဝတ်ရုံနဲ့သူသည် သူ့လက်ဝါးကိုဖြန့်လိုက်သည်။ သူ့ လက်ငါးချောင်းသည် လက်သည်းတစ်ခုအဖြစ် ကွေးသွားပြီး လေထဲတွင် ပေါ်လာသည်။ ချက်ချင်းပင် တိမ်အဖြူ၊ အစိမ်း၊ အပြာ၊ အနီနှင့် အဝါရောင်များ ရုတ်တရက် ပေါ်လာပြီး ဓားစွမ်းအင်ကို ထိတွေ့ရန် ရောယှက်နေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်ဖက်စလုံး ပြင်းထန်စွာ တိုက်မိကြသည် ။

ဓားစွမ်းအင်သည် ထောပတ်ကို ဖြတ်တောက်ထားသော ဓားကဲ့သို့ ပြတ်သော်လည်း ရောင်စုံစွမ်းအင်ဘောလုံးသည် မာကျောမှုကို ပျော့ပျောင်းစွာ တွန်းလှန်နေပုံရလေသည်။ သူက ဓားစွမ်းအင်ကို ရစ်ပတ်ထားလေ၏ ထို့နောက် လှည့်ပတ်နေပြီး ချေဖျက်ပစ်လိုက်သည်၊

"ဘာလဲ”

အနက်ရောင်ဝတ်ထားသူက အနည်းငယ် အံ့သြသွားပုံရသည်။

“ဒီဓားစွမ်းအင်… အဲဒါက ဓားခုနစ်စင်းစွမ်းအင်မလား”

အနက်ရောင်ဝတ်ရုံနဲ့လူသည် လင်းရှန်အနေနဲ့ လျှပ်စီးလက်ဖဝါး သို့မဟုတ် အနီရောင် အရည်ပျော်ခြင်းပိုးကဲ့သို့ အစပြုခြင်းအဆင့် မှော်စွမ်းအားတွေကိုသာ တတ်မြောက်ထားလောက်သည်ဟု မူလက ထင်မှတ်ခဲ့သည်။

ဒီမှော်စွမ်းအားကို စာအုပ်တစ်အုပ်မှာ ဓားရေးပညာရှင်တစ်ယောက်က ဖန်တီးထားတာလို့ ပြောဖူးသည်။

ကျင့်ကြံသူများတွင် ဓားရေးပညာရှင်များသည် ၎င်းတို့၏ အစွမ်းထက်သော တိုက်ခိုက်ရေးစွမ်းရည်ကြောင့် ကျော်ကြားကြသည်။ ၎င်းတို့ဖန်တီးထားသော မှော်စွမ်းအားများသည် ၎င်းတို့၏ အစွမ်းထက်သော အစွမ်းကြောင့်လည်း ကျော်ကြားကြသည်။

ဓားခုနစ်စင်းစွမ်းအင်သည်လည်း ထိုနည်း၎င်းပင်

ဤမှော်စွမ်းအားကို သိသူနည်းရုံသာမက အဲ့တာက ရှားလည်းရှားသည်။ ၎င်းကို ကျင့်ကြံရန် ခက်ခဲမှုသည် လျှပ်စီးလက်ဝါးနဲ့ အနီရောင်အရည်ပျော်ခြင်းပိုးထက် ပိုသည်။

စာအုပ်များတွင် ဖော်ပြချက်များအရ အနည်းငယ်အားနည်းသော ကျင့်ကြံသူများသည် ၎င်းကို အောင်မြင်စွာ ကျင့်ကြံရန် နှစ်ပေါင်းများစွာ အချိန်ယူရပေမည်။

လင်းရှန်သည် တောက်ပသော ဝင်ပေါက်အဆင့်သို့ တက်လှမ်းခဲ့တာ တစ်လလောက်ပင် ရှိသော်လည်း သူသည် ဓားခုနစ်စင်းစွမ်းအင်ကို ကျွမ်းကျင်နေပြီဖြစ်သည်။

"ဒီကလေးက ဓားရေးပညာရှင် ဖြစ်လာနိုင်မလားပဲ”

အနက်ရောင်ဝတ်ရုံနဲ့လူ၏ နှလုံးသားက ခုန်တက်သွားလေသည်။ ဒီည လင်းရှန်ကို ဖမ်းတာက အလွန်ပညာရှိတဲ့ ဆုံးဖြတ်ချက်တစ်ခုလို့ သူ ပိုခံစားလာမိသည်။

ဒါမှမဟုတ် လင်းရှန်သာ ဆက်တိုးတက်လာမယ်ဆိုရင် သူသည် ဒီကလေး ပြိုင်ဘက် မဟုတ်နိုင်တော့ပေ။

ဒါကို တွေးပြီး အနက်ရောင်ဝတ်ရုံနဲ့လူ၏ အကြည့်တွေက အေးစက်သွားသည်။ သူ့လက်ကို ဆန့်တန်းပြီး ထိုအရာကို ဆုပ်ကိုင်လိုက်ပြန်သည်။ အဲ့တာက ကြမ်းပြင်ကို ထိသွားလေ၏

သူရွေ့သွားသည်နှင့်အမျှ အခန်း၏ကြမ်းပြင်ပေါ်ရှိ အရိပ်များသည် ပွက်ပွက်ဆူနေသောရေများကဲ့သို့ပေါ်ထွက်လာသည်။ ရုတ်ချည်းဆိုသလိုပင် အဖုအထစ်များစွာ ပေါက်ထွက်ကာ နတ်ဆိုးသရဲအချို့၏ ဦးခေါင်းများအဖြစ်သို့ ပြောင်းလဲသွားကြသည်။

လင်းရှန်သည် လေးနက်တဲ့အမူအရာနဲ့ လက်ထဲတွင် ဓားရှည်ကို ကိုင်ထားသည်။ တောက်လောင်နေသော အနီရောင်အလင်းတန်းများကြားတွင် ရောင်စုံစွမ်းအင်ဘောလုံးထွက်ပေါ်လာပြီး ထက်မြက်သော ဓားစွမ်းအင်ဖြင့် တိုက်မိသွားသည်။

ထိုနတ်ဆိုးတို့၏ဦးခေါင်းများသည် ယန်စွမ်းအား ကိုယ်ခံပညာဖြစ်သည့် နေကိုးစင်းနတ်ဘုရားဓား မပြောနဲ့။ ယန်ကျင့်ကြံမှုနည်းစနစ်များပင် ခုခံနိုင်စွမ်းမရှိသော ပုံမှန်လမ်းစဉ်မဟုတ်သည့် နည်းလမ်းတစ်မျိုးဖြစ်သည်။

နတ်ဆိုးတစ္ဆေဦးခေါင်းအများအပြားသည် ဓားစွမ်းအင်ကြောင့် ပြာများဖြစ်ကာ လောင်မြိုက်သောလှိုင်းများအဖြစ် ပြောင်းလဲသွားသည် ။

နေကိုးစင်း နတ်ဘုရားဓား… နေငါးစင်းတစ်ပြိုင်နက်ကြီး

အနက်ရောင် ဝတ်ရုံနက်နဲ့လူ၏ မျက်လုံးထောင့်များ တုန်လှုပ်သွားလေသည်။ သူ့မျက်လုံးများတွင် ကြောက်ရွံ့မှုများ ပြင်းထန်လာပြီး သူသည် ပို၍ပင် အကြင်နာမဲ့စွာ တိုက်ခိုက်လာသည်။

သူသည် ရောင်စုံစွမ်းအင်ဘောလုံးကို ဆုပ်ကိုင်လိုက်ပြီး ထိုနေရာကို ပစ်ချလေ၏ လက်ဖျောက်တီးလိုက်တာနဲ့ ဘောလုံးက လင်းရှန်ကို တိုက်ခိုက်လေသည်။

စောနကလိုပဲ အနက်ရောင်ဝတ်ရုံနဲ့လူက ဓားခုနစ်စင်းစွမ်းအင်ကို လွယ်လင့်တကူ ပိတ်ဆို့လိုက်လေသည်။ လင်းရှန်၏နှလုံးသားသည် အောက်ခြေအထိ နစ်မြုပ်သွားခဲ့ပြီဖြစ်သည်။

သူ့ရှေ့မှ အနက်ရောင် ၀တ်စုံနဲ့လူသည် အတော်လေး အားကောင်းသည်။ လင်းရှန် အစောက မှန်းဆထားသည်ထက် သူ့အဆင့်က သာလွန်နေသည် ။

ကျင့်ဟိုင်အကြောင်းပြောပုံအရ သူသည် တောက်ပသောဝင်ပေါက် နဝမအဆင့်လောက် အားကောင်းနိုင်သည်။

သို့သော်လည်း အနက်ရောင်ဝတ်ရုံနဲ့လူသည် အဂ္ဂိရတ်ဆေးဆရာ သို့မဟုတ် ဆေးဖော်စပ်သူမဟုတ်ပေ၊ စစ်မှန်သော တိုက်ခိုက်ရေးသမားတစ်ဦးဖြစ်သည်။

တစ်နည်းဆိုရသော် လင်းရှန်သည် စစ်မှန်သော တောက်ပသောဝင်ပေါက် နဝမအဆင့် ကျင့်ကြံသူနှင့် ရင်ဆိုင်နေရသည်။

လင်းရှန်သည် ၎င်း၏ခွန်အားရှိသမျှကို အသုံးပြုပါက တောက်ပသောဝင်ပေါက်

တတိယအဆင့် သို့မဟုတ် စတုတ္ထအဆင့်မှ ပြိုင်ဘက်ကို အနိုင်ယူနိုင်မည်ဟု ယုံကြည်ထားသည်။

ပဉ္စမအဆင့် သို့မဟုတ် ဆဋ္ဌမအဆင့်မှ ကျင့်ကြံသူများကိုပင် တိုက်ထုတ်နိုင်သည်ဟု သူခံစားမိသည်။

သို့သော် တောက်ပသောဝင်ပေါက် နဝမအဆင့်နဲ့ဆိုရင်တော့ လွတ်မြောက်ရန် နည်းလမ်းကို တွေးတောနေခဲ့သည်။

လင်းရှန်၏ အတွေးများကို အာရုံခံလိုက်သကဲ့သို့ အနက်ရောင်ဝတ်ရုံနဲ့ အမျိုးသားသည် အေးစက်စွာ အော်ဟစ်လိုက်ပြီး လက်ဖဝါးအရွယ် ပစ္စည်းတစ်ခုကို အေးအေးဆေးဆေး ထုတ်ယူလိုက်သည်။

အနီးကပ်ကြည့်တော့ ၎င်းသည် မှင်ကဲ့သို့ နက်မှောင်သော အနက်ရောင် မှင်ကျောက်တစ်ခုဖြစ်သည်။

မှင်ကျောက်?

လင်းရှန်သည် ရောင်စုံစွမ်းအင်ဘောလုံးကို ခုခံရင်း မျက်မှောင်ကြုတ်လိုက်သည်။

နောက်တစက္ကန့်တွင် အနက်ရောင်ဝတ်ရုံနဲ့လူက မှင်ကျောက်ကို လွှင့်ပစ်လိုက်သည်ကို တွေ့လိုက်ရသည်။

သူ့လက်မှ ထွက်သွားပြီးနောက် မှင်ကျောက်သည် လေထဲတွင် အကြိမ်အနည်းငယ် လှည့်ပတ်သွားလေ၏။ ပထမတော့ လက်ဖဝါးအရွယ်အစားသာရှိသော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် အိမ် အရွယ်အစားအထိ ကျယ်ပြန့်လာသည်။

အိပ်ခန်းသည် စတုရန်းမီတာ ၂၀ မှ ၃၀သာ ကျယ်ဝန်း၏ ဒါက ဘယ်လောက်တောင် ဆံ့ပါ့မလဲ။ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ နံရံများနှင့် မျက်နှာကျက်များ ပြိုကျကာ မရေမတွက်နိုင်သော ကျောက်စရစ်များ ပြိုလဲသွားခဲ့သည်။

သို့သော်လည်း လင်းရှန်သည် အိမ်အား ဂရုမစိုက်နိုင်တော့ပေ။

မိုးခြိမ်းသံသည် သူ့နားထဲတွင် လေချွန်သံကဲ့သို့မြည်လာသည်။ တုနှိုင်းမရလောက်အောင် ကြီးမားသော မှင်ကျောက်တုံးကြီး တစ်ခုလုံးသည် အားလုံးကိုဖျက်ဆီးတော့မဲ့အတိုင်း လွှမ်းမိုးနေသော အရောင်အဝါဖြင့် သူ့အပေါ်သို့ ပြိုကျလာသည်။

လင်းရှန်သည် ကျိန်ဆဲရုံမှတစ်ပါး မတတ်နိုင်ပေ။

ဤအချိန်တွင် မှင်ကျောက်သည် မှော်လက်နက်အဆင့်ထက် မြင့်သော ဓမ္မရတနာတစ်ခုဖြစ်ကြောင်း သူဘယ်လို မသိပဲနေမလဲ။

တောက်ပသောဝင်ပေါက်အဆင့်ကို မကြာသေးမီကမှ ဖြတ်ကျော်ထားသော ကျင့်ကြံသူကို တိုက်ခိုက်ရန်အတွက် ထိုကဲ့သို့သော ရတနာကို အသုံးပြုခြင်းသည် တရားမျှတမှု မရှိပေ။

ကံမကောင်းစွာပဲ ကျိန်ဆဲမှုများသည် မှင်ကျော က်ပြုတ်ကျခြင်းကို မတားဆီးနိုင်ခဲ့ချေ။

နောက်အခိုက်အတန့်တွင် ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာသည်။

မှင်ကျောက်သည် လင်းရှန်အတွင်းသို့ ပြင်းထန်စွာ ရိုက်ခတ်ခဲ့ပြီး ကြမ်းပြင်နှင့် ပထမထပ်ရှိ ဧည့်ခန်းထဲတွင် ပေါက်ကွဲသွားသည်။ ချက်ချင်းပင် ကျယ်လောင်စွာ ပေါက်ကွဲသံ ထွက်လာကာ နေရာတိုင်းတွင် ဖုန်မှုန့်များ ထောင်းထောင်း ဖြစ်လာခဲ့သည်။

အနက်ရောင်ဝတ်ရုံနဲ့ အမျိုးသားက သူ့လက်ကို ဝှေ့ယမ်းလိုက်တဲ့အခါ မှင်ကျောက်သည် လျင်မြန်စွာ ကျုံ့သွားပြီး လက်ထဲသို့ ပြန်လှိမ့်သွားသည်။

ချက်ချင်းပင် သူ့လက်ချောင်းတွေကို ညွှန်လိုက်တော့ လေပြင်းက သူ့ကို ရစ်ပတ်နေ၏ အဲ့တာက သူ့ကို မြေပြင်မှ မတင်ကာ မဝေးသော မြေတွင်းသို့ ဆင်းသက်စေ၏။

အနက်ရောင်ဝတ်ရုံနဲ့ အမျိုးသား၏ မျက်လုံးများ ကျဉ်းမြောင်းသွားကာ မီးခိုးငွေ့များဖြင့် ပြည့်နေသော ဧည့်ခန်းကို ငေးကြည့်လိုက်

သည်။ သူ့အမူအရာက အေးဆေး မဟုတ်ပေ။

မှင်ကျောက်သည် အလွန်အစွမ်းထက်သော်လည်း လင်းရှန်သည် မသေနိုင်တောင် ပြင်းထန်စွာ ဒဏ်ရာရသွားမည်ဖြစ်သည်။သူ့တွင် တိုက်ခိုက်ရေးအင်အား အနည်းငယ် ကျန်နေသေးသည် ။

သူက ကျင့်ဟိုင်မဟုတ်သလို လင်းရှန်ကို လျှော့တွက်မှာ မဟုတ်ပေ။ ဒီတစ်ကြိမ်မှာ သူ့ရဲ့ အထောက်အထားကို ဖော်ထုတ်ဖို့ စွန့်စားခဲ့တာကြောင့် လင်းရှန်မလွတ်တော့မှာ ကြိမ်းသေသည်။

All Chapters