← Chapters

ပါးပါးနပ်နပ်နဲ့ လွတ်မြောက်ခြင်း (၁)

Vol. 12 Ch. 182

ပါးပါးနပ်နပ်နဲ့ လွတ်မြောက်ခြင်း (၁)

Vol. 12 Ch. 182

တောက်ပသော လရောင်သည် အိမ်ခေါင်မိုးအပေါက်မှ ဖြတ်၍ ရှုပ်ပွနေသော ဧည့်ခန်းထဲသို့ ဖျန်းခနဲ လင်းလက်သွားသည်။

ခေတ္တမျှ တိတ်ဆိတ်သွားပြီး ရံဖန်ရံခါ ကျောက်စရစ်ခဲ ကြွေကျသံများသာ ထွက်လာသည်။

အနက်ရောင်ဝတ်ထားသူသည် ပတ်ဝန်းကျင်ကို လေးနက်စွာကြည့်နေ၏

ထိုအချိန်တွင် တိတ်ဆိတ်နေသော ဧည့်ခန်းထဲတွင် စူးစူးရှရှ အသံတစ်ခု ထွက်ပေါ်လာသည်။

အသံ၏ ဦးတည်ရာကို အနက်ရောင်ဝတ်ရုံနဲ့လူမတွေ့မီတွင် ဧည့်ခန်းထဲ၌ ရေများ၊ မီးခိုးများနှင့် တိမ်များ အများအပြား ပေါ်လာသည်ကို သူမြင်လိုက်ရသည်။

ဧည့်ခန်းတစ်ခုလုံး အဖြူရောင်ဖြစ်သွားသည် ။

ပတ်ဝန်းကျင်ရှိ အရာအားလုံးသည် မသဲမကွဲနဲ့ မှုန်ဝါးဝါးဖြစ်လာသည်။

"လျှို့ဝှက်မြူခိုးအဆောင်”

အနက်ရောင်ဝတ်ရုံနဲ့က မျက်ခုံးပင့်လိုက်သည်။

မြူခိုးများကို ဖယ်ရှားရန် မှော်စွမ်းအားကို ရေးဆွဲနေချိန်တွင် မျက်လုံးထောင့်မှ ရုတ်တရက် ဖြတ်သွားသော ရုပ်ပုံလွှာကို မြင်လိုက်ရသည်။ ထိုအရာသည် တံခါးဆီသို့ အပြေးအလွှား ပြေးကာ တံခါးကို ဖြတ်ကျော်သွားသည်။

"အဲ့လိုဖြစ်မယ်လို့ မစဉ်းစားနဲ့”

အနက်ရောင်ဝတ်ထားရုံနဲ့လူက အေးစက်စွာအော်လိုက်လေ၏ ထို့နောက် အပြင်ဘက် လမ်းပေါ်ထွက်လာသည်။

ဒါက လင်းရှန်ထုတ်လွှတ်သည့် မီးခိုးဖန်သားပြင်ဖြစ်နိုင်သည်ဟု ယူဆကာ သူသည် ထင်ယောင်ထင်မှားကို ဖြတ်ကျော်ခြင်းအဆောင်တစ်ခုအား ထုတ်ပြီး သူ၏လက်ချောင်းကို ယမ်းလိုက်လေ၏ ။ လေမတိုက်ဘဲ ၎င်းက အလိုလို လောင်ကျွမ်းသွားကာ သူ့မျက်လုံးများကို ဖုံးအုပ်ထားသည့် ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

အနီးကပ်ကြည့်လိုက်တော့ အနက်ရောင်ဝတ်ရုံနဲ့လူက ခေါင်းငြိမ့်လိုက်သည်။ သူက လင်းရှန်ဖြစ်ကြောင်းသိလိုက်သည် ။

ဒါကိုမြင်တော့ သူက နှောင့်နှေးမနေဘဲ ပုံရိပ်တစ်ခုနောက်ကို အတင်း ပြေးလိုက်သည် ။

စစ်ဆေးရန်ရောက်လာသော ကိုယ်ခံပညာတည်မြဲရေး စံအိမ်အဖွဲ့ဝင်များ မရောက်မိဤကလေးကို တတ်နိုင်သမျှအမြန်ဆုံးဖမ်းဆီးရမည်ဖြစ်သည်။

သိပ်မကြာခင်မှာပဲ အနက်ရောင် ၀တ်စုံနဲ့ လူက ညဘက်တွင် ပျောက်သွားသည်။

ပျက်စီးနေသော အိမ်ကြီးသည် တိတ်ဆိတ်သွားပြန်သည်။

ခဏအကြာတွင် နံရံက ရုတ်တရက် ပြိုကျလာပြီး အပျက်အစီးများ၏ ထောင့်စွန်းမှ အုတ်စများ ပြန့်ကျဲသွားသည်။ လူတစ်ယောက်သည် ထိုနေရာမှ ဖြည်းညှင်းစွာ မတ်တတ်ထလာသည်။

"ငါ အသက်ဆုံးရှုံးဖို့ အတော်နီးနေပြီ”

သူ့ကိုယ်ပေါ်မှ ဖုန်မှုန့်များကို ပွတ်သပ်ရင်း လင်းရှန်သည် သက်ပြင်းရှည်ကြီး ချလိုက်မိသည်။

အနက်ရောင် ဝတ်ရုံနဲ့လူ၏ ဓမ္မရတနာသည် လွန်စွာတန်ခိုးကြီးလှပေသည်။အကယ်၍ သူသည် ဖုန်မှုန့်များအောက်တွင် သူ၏ကိုယ်ပွားကို ဆင့်ခေါ်ခဲ့နိုင်ခြင်းကြောင့် မဟုတ်ပါက ပြင်းထန်စွာ ဒဏ်ရာရသွားပေလိမ့်မည်။

ထိုလူသည်တောက်ပသော ဝင်ပေါက် နဝမအဆင့်တွင်ရှိပြီး တန်ခိုးကြီးသော ဓမ္မရတနာပါရှိနေတာကြောင့် သူ၏ ခွန်အားသည် လင်းရှန် ယှဉ်နိုင်သည့် အရာမဟုတ်ပေ။

သူသတိမထားရင် လွတ်မြောက်ဖို့ နေနေသာသာ အသက်ရှင်ဖို့တောင် မဖြစ်နိုင်ပေ။

ထို့ကြောင့် ပထမထပ်ရှိ ဧည့်ခန်းသို့ ဆင်းသက်သောအခါ လင်းရှန်သည် လျှို့ဝှက်မြူခိုးအဆောင်ကို အသုံးချပြီး သူ၏ ကိုယ်ပွားကို လွတ်မြောက်ချင်အောင် ဟန်ဆောင်ခဲ့သည်။ထို့နောက် ဖုံးကွယ်ခြင်းအဆောင် နှင့် ပျောက်ကွယ်ခြင်းအဆောင်ကို သူ့ခန္ဓာကိုယ်ပေါ်တွင် အလျင်အမြန် ကပ်ထားလိုက်ပြီး အပျက်အစီးများအောက်တွင် ပုန်းအောင်းနေသည်။

ကံကောင်းထောက်မစွာ ကံတရားသည် လင်းရှန်ဘက်တွင်ရှိသည်။

မှင်ကျောက်တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသော မငြိမ်မသက်မှုများက အနက်ရောင်

ဝတ်ရုံလူသား၏ ဆုံးဖြတ်မှုကို ထိခိုက်စေသည့်။ ထို့အပြင် လျှို့ဝှက်မြူခိုးနဲ့ဆိုတော့ လင်းရှန်း၏လှည့်ကွက်ကို သတိမပြုမိတာလည်း ဖြစ်နိုင်သည်။

သူ၏ကိုယ်ပွားကို သတိမထားမိရန်အတွက် လင်းရှန်သည် သိုလှောင်အိတ်တစ်ခုနှင့် နေခြောက်စင်း အဆောင် ဓားတစ်လက်ကိုပင် ထည့်ပေးလိုက်ရသည်။

"ပစ္စည်းနှစ်ခုက သာမန်အရည်အသွေးအမှတ် ၂၀လောက်ရှိတယ် ။ ဒါက ဆုံးရှုံးမှုအကြီးကြီးပဲ။"

သူ့အနေဲ့ ရန်သူတွေဆီကနေ စစ်ပွဲရဲ့ လက်ကျန်တွေကို မရရှိတာက ဒါပထမဆုံးအကြိမ်ပင်။ သူဆုံးရှုံးရတာသာ ရှိခဲ့သည်။

လင်းရှန်သည် သက်ပြင်းတစ်ချက်ချလိုက်ပြီး အနက်ရောင်ဝတ်ရုံနဲ့လူနောက်သို့ လိုက်လာခဲ့သည်။

ယခု သက်ပြင်းချရမည့်အချိန်မဟုတ်ပေ။

ကိုယ်ပွါးသည် သူ့နဲ့ အရမ်းဝေးသွားလျှင် ပျောက်ကွယ်သွားပေမည်။ထိုအခါ အနက်

ရောင် ၀တ်စုံနဲ့လူက တစ်ခုခုမှားနေပြီဆိုတာ ချက်ချင်းသိပြီး သူ့ကိုလိုက်ရှာဖို့ ပြန်လာမည်ပင်၊

ဒဏ်ရာရရှိခဲ့ပြီး ဝိညာဉ်ရေးရာအနှစ်သာရနှင့် ခံနိုင်ရည်အား ကုန်ဆုံးသွားလုနီးပါး ဖြစ်သော သူအနေနဲ့ အနက်ရောင်ဝတ်ရုံနဲ့လူ၏ ဖမ်းဆီးခြင်းမခံရမီ ကျောင်းသို့ အောင်မြင်စွာ ပြန်ရောက်ပြီး လွတ်မြောက်နိုင်မည်ဟု လင်းရှန်က အာမမခံနိုင်ပေ။

ထို့အပြင်… သူသည် ကျောင်းသို့ ပြန်လျှင်ပင် လုံခြုံမည်ဟု မဆိုလိုပေ။

လင်းရှန်အကြည့်က စူးရှသွားပြီး အနက်ရောင်ဝတ်ရုံနဲ့လူ အသုံးပြုခဲ့သည့် ရောင်စုံစွမ်းအင်ဘောလုံးကို စဉ်းစားကြည့်နေ၏ ။

သူဘယ်လိုပဲကြည့်ပါစေ …အဆိုပါမှော်စွမ်းအား၏ဝိသေသလက္ခဏာများသည် အရည်အသွေးခန်းမ၏ လဲလှယ်မှုစာရင်းတွင်သူမြင်ခဲ့သော "ငြိမ်သက်ခြင်း စွမ်းအင်ငါးခု" ၏ဖော်ပြချက်နှင့်အလွန်ဆင်တူသည်။

၎င်းသည် နေကိုးစင်းဂိုဏ်း၏ထူးခြားသောနည်းစနစ်တစ်ခုဖြစ်သည်။

တစ်နည်းဆိုရသော် အနက်ရောင်ဝတ်ရုံနဲ့လူသည် နေကိုးစင်းဂိုဏ်းဝင် သို့မဟုတ် နိုင်ယန်းကျောင်းမှ ဖြစ်ဖွယ်ရှိသည်။

ဒါကိုတွေးပြီး လင်းရှန်က တုန်လှုပ်သွားသည်။

ဝံပုလွေရိုင်းမှလူတွေသည် နိုင်ယန်းကျောင်းမှာ ပုန်းအောင်းနေကြပြီး သူ့ကို လျှို့ဝှက်ကြံစည်နေပုံရသည်။ ဘယ်လိုပဲ တွေးနေပါစေ အဲ့တာက သူ့ကို ကြောက်လန့်စေခဲ့သည်။

သူ့အနားမှာ ရန်သူတွေက နာရီလက်တံလို လှည့်နေသည်။

အဲဒီလူက ဘယ်သူလဲဆိုတာ မသိရင် သူ့တစ်သက်လုံး ကောင်းကောင်းအိပ်နိုင်မှာ မဟုတ်ပေ။

ထို့ကြောင့် အနက်ရောင်ဝတ်ရုံနဲ့လူကို နောက်ယောင်ခံရန် သူ၏ကိုယ်ပွားကို အသုံးပြုခြင်းသည် အကောင်းဆုံးဖြစ်သည်။

အနက်ရောင်ဝတ်ရုံနဲ့လူကို သတ္တိဆယ်ဆ ပေးရင်တောင် နေ့ခင်းကြောင်တောင်မှာ လူသတ်ဝံ့မှာ မဟုတ်ပေ။

ထို့နောက် အနက်ရောင်ဝတ်ရုံနဲ့လူ၏ ပုန်းအောင်းရာနေရာကို ရှာဖွေရန် ဤအခွင့်အရေးကို အသုံးချခဲ့သည်။

လင်းရှန်သည် မျက်လုံးများကို အရှိန်မြှင့်ကာ ရှေ့သို့ ပြေးလာစဉ် မှောင်မိုက်သောအလင်းတန်းတစ်ခု လင်းလက်လာသည်။

သူပြေးနေစဉ်တွင် သူ၏သိုလှောင်အိတ်မှ စွမ်းအင်ပြန်လည်ရရှိရေးဆေးနှင့် နိုးကြားမှုဆေးကို ထုတ်ယူလိုက်သည်။ သူသည် ဆေးဖက်ဝင်အာနိသင်ကို အမြန်ချေဖျက်ရန် သူ၏ဝိညာဉ်ရေးရာအနှစ်သာရကို စုစည်းခဲ့သည်။

ဤအခိုက်အတန့်တွင် သူနှင့်သူ၏ကိုယ်ပွားကြားအကွာအဝေးသည် မီတာ၂၀၀၀ ကျော်သွားခဲ့ပြီဖြစ်ပြီး သူ၏ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်ရေးရာအနှစ်သာရသည် အဆက်မပြတ် ကုန်ဆုံးလျက်ရှိသည်။

မိနစ်အနည်းငယ်ကြာပြီးနောက် လင်းရှန်၏အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသည်။

“ဖမ်းမိသွားပြီလား…”

လင်းရှန်သည် ရပ်မနေဘဲ သူနှင့်သူ၏ကိုယ်ပွားကြားရှိ အကွာအဝေးကို အမြန်နီးစပ်ရန် ဤအခွင့်အရေးကို ဆုပ်ကိုင်ခဲ့သည်။

ဖုံးကွယ်ခြင်းအဆောင်နှင့် ပျောက်ကွယ်ခြင်းအဆောင်ကြောင့် အနက်ရောင်ဝတ်ရုံနဲ့လူ၏ မီတာ ၅၀၀အကွာအဝေး အတွင်း မရောက်

သရွေ့ သူအား သတိပြုမိမည်ကို စိုးရိမ်စရာ မလိုပေ။

အမှန်တော့ ဝိညာဉ်သံပဲ့တင်ထပ်ခြင်းသည် ဝိညာဉ်ရေးရာအသိစိတ်နှင့် မတူပေ။ အလွန်အမင်း ထိုးဖောက်ဝင်ရောက်နိုင်ရုံသာမက အရောင်အဝါများကိုပါ အာရုံခံနိုင်သည်။

မျှော်လင့်ထားသည့်အတိုင်း ကိုယ်ပွားကို ဖမ်းမိပြီးနောက် အနက်ရောင်ဝတ်ရုံနဲ့အမျိုးသားသည် ချက်ချင်း လမ်းကြောင်းပြောင်းကာ တောင်ပိုင်းခရိုင်ဆီသို့ ပြေးသွားခဲ့သည်။

"ဒီကောင်က တောင်ပိုင်းခရိုင်မှာ ပုန်းနေတာလား။"

လင်းရှန်က အံ့သြသွားသည်။

တောင်ပိုင်းခရိုင်သည် သူဌေးများစုဝေးရာနေရာဟု လူသိများသည်။ ထိုနေရာတွင် ကျင့်ကြံသူအများအပြားပင် ရှိသည်။

သို့သော်လည်း ဒုတိယအတွေးအရ ကိုယ်ခံပညာတည်မြဲရေးစံအိမ်မှ

ရှာဖွေတွေ့ရှိခဲ့သော ဝံပုလွေရိုင်းများ၏အမာခံနယ်မြေသည် လည်း တောင်ပိုင်းခရိုင်တွင်ရှိနေသည်။

"ဝံပုလွေရိုင်းက လူတွေက အန္တရာယ်အရှိဆုံးနေရာက အလုံခြုံဆုံးနေရာလို့ ထင်ကြတာများလား။"

All Chapters