← Chapters

လိမ္မာပါးနပ်စွာ လွတ်မြောက်ခြင်း (၂)

Vol. 12 Ch. 183

လိမ္မာပါးနပ်စွာ လွတ်မြောက်ခြင်း (၂)

Vol. 12 Ch. 183

လင်းရှန်က တိတ်တိတ်လေး ကျိန်ဆဲလိုက်ပေမယ့် သူ့မှာ စဉ်းစားဖို့ အချိန်မရှိပေ။ သူက ခေါင်းငုံ့ပြီး အလျင်စလို လျှောက်လိုက်သည်။

အနက်ရောင်ဝတ်ရုံနဲ့လူက သူထက် အနည်းငယ် ပိုမြန်သည်။ သူသာ နားနေလျှင် နောက်ကျကျန်နေလိမ့်မည်။

လမ်းတစ်လျှောက်တွင် လင်းရှန်သည် စွမ်းအင် ကုန်ဆုံးမှုကိုလျှော့ချပြီး သူနှင့်သူ၏ကိုယ်ပွားကြားအကွာအဝေးကို မီတာ(၁၅၀၀) အတွင်း ထိန်းထားရန် အတတ်နိုင်ဆုံးကြိုးစားခဲ့သည်။ တစ်ချိန်တည်းမှာပင် သူသည် တုံ့ဆိုင်းမနေဘဲ ဆေးပြားကို စားခဲ့သည်။

ဒါတောင် သူ့ခန္ဓာကိုယ်မှာရှိသည့် ဝိညာဉ်ရေးရာအနှစ်သာရသည် နှေးကွေးပေမယ့် အရှိန်တစ်ခုနဲ့လျော့ကျနေဆဲပင်။

ဆယ်မိနစ်ခန့်အကြာ လင်းရှန်၏ဝိညာဉ်ရေးရာအနှစ်သာရ ကုန်ဆုံးခါနီးတွင် ကိုယ်ပွားသည် မရွေ့လျားတော့ပေ။

ဒါကိုမြင်တော့ လင်းရှန်က တိတ်တဆိတ် သက်ပြင်းချပြီး သူ့အရှိန်ကို မြှင့်လိုက်လေ၏ သူ့ရဲ့ ဝိညာဉ်ရေးရာ အနှစ်သာရ မကုန်ဆုံးခင် သုံးစွဲမှု သုညအကွာအဝေးကို (၁၀၀၀) မီတာအထိ ရောက်အောင်ထိန်းနိုင်ခဲ့သည်။

အခြားဆေးလက်တစ်ဆုပ်စာကိုစားသုံးရင်း ဝိညာဉ်ရေးရာအနှစ်သာရအချို့ကို ပြန်လည်ရရှိပြီးနောက် လင်းရှန်သည် ညအမှောင်ကို အကာအကွယ်ယူကာ သူကိုယ်ပွါးရပ်တန့်သွားသည့်နေရာကို ဂရုတစိုက်ချဉ်းကပ်လာသည်။

သိပ်မကြာခင်မှာပဲ ခြံဝင်းတစ်ခု ပေါ်လာသည်။

"ဒါက ဟိုလူ ပုန်းအောင်းနေတဲ့ နေရာလား"

မီတာတစ်ရာအကွာအဝေးရှိ သစ်ပင်အောက်မှ အရိပ်များတွင်တော့ လင်းရှန်သည် မျက်လုံးများကို ကျဉ်းမြောင်းကာ အဝေးမှ ခြံဝင်းကို သေချာကြည့်လိုက်သည်။

အဲ့တာက သာမာန် ခြံဝင်းတစ်ခုလို ဖြစ်နေသည်။

အနီးနားရှိ အဆောက်အအုံများကို ကြည့်လိုက်လျှင် ဤနေရာသည် အဆင့်မြင့် လူနေရပ်ကွက်တစ်ခုဖြစ်ကြောင်း ထင်ရှားသည်။

ထို့အပြင် ဒီလို ခပ်လျှိုလျှိုနဲ့ မဟာဆန်သော ဗိသုကာလက်ရာပုံစံသည် ကျင့်ကြံသူများနှစ်သက်သည့် အမျိုးအစားနှင့် ပိုတူသည်။

ဤနေရာတွင် နေထိုင်သူအများစုသည် ကျင့်ကြံသူများဖြစ်နိုင်သည်။

"ကြည့်ရတာ အဲ့ဒီလူရဲ့ နေထိုင်ရာတစ်ခုပဲ။ ဝံပုလွေရိုင်းရဲ့ အမာခံနယ်မြေမဟုတ်ဘူး"

၎င်းသည် တောင်ပိုင်းခရိုင်ရှိ ချမ်းသာသောလူနေရပ်ကွက်တစ်ခုတော့ မဟုတ်ပေ။ ဝံပုလွေရိုင်းများသည် ကျင့်ကြံရေးသမားများနှင့် ပြည့်နှက်နေသည့် ထိုနေရာတွင် အမာခံတစ်ခုတည်ဆောက်ထားပါက ကိုယ်ခံပညာတည်မြဲရေးစံအိမ်သည် မည်သည့်အလုပ်မှ လုပ်ဆောင်ရန်မလိုအပ်ပေ။

"ဒီမှာ ဘယ်သူနေတာလဲ သိချင်လိုက်တာ။"

လင်းရှန်သည် အနက်ရောင်ဝတ်ရုံနဲ့လူ၏ အထောက်အထား အစစ်အမှန်ကို ရှာဖွေတွေ့ရှိတော့မည်ဟု ခံစားမိသည်။

ကံမကောင်းစွာပဲ ကိုယ်ပွါးသည် အနက်ရောင်ဝတ်ရုံနဲ့အမျိုးသားဆီမှာ နှစ်မြောသွားပုံရသည်။ သူကိုယ်ပွားက ဘာတွေမြင်ပြီး ဘာတွေကြားတယ် ဆိုတာတော့ မသိနိုင်ပေ။ တည်နေရာကိုသာ မျှဝေခံစားနိုင်သည်။

အမှောင်ထဲမှာ ရပ်နေရင်း လင်းရှန်သည် သူ့ရွေးချယ်မှုတွေကို ချိန်ဆလိုက်သည်။

ခဏကြာတော့ သူ့စိတ်ဆုံးဖြတ်လိုက် သည် ။

အလယ်ဗဟိုခရိုင်၊ ကိုယ်ခံပညာတည်မြဲရေးစံအိမ် ဌာနချုပ်…

ဗဟိုအဆောက် အအုံ၏ အပေါ်ဆုံးထပ်ရှိ အစည်းအဝေးခန်းမှာတော့

ခရိုင်လေးခုမှာရှိသည့် ကိုယ်ခံပညာတည်မြဲရေးစံအိမ် ဌာနခွဲ၏ အလံအရာရှိများ အားလုံးအပြင် ဌာနချုပ်၏ အကြီးအကဲလေးဦးနှင့် လက်ထောက်ခေါင်းဆောင်များ အားလုံး စုဝေးခဲ့ကြသည်။

ထူးဆန်းသည်မှာ ဆွေးနွေးပွဲခန်းမတွင် မည်သူတစ်ဦးတစ်ယောက်မျှ စကားမပြောဘဲ တိတ်ဆိတ်နေခဲ့သည်။

လူတိုင်းသည် တိတ်ဆိတ်စွာ ခေါင်းငုံ့ထားရင်း စားပွဲခေါင်းရင်းတွင် ထိုင်နေသော သူကို ရံဖန်ရံခါ ခိုးကြည့်နေကြသည်။

ကိုယ်ခံပညာတည်မြဲရေးစံအိမ်မှ အဆင့်မြင့်အရာရှိများစွာ၏ တိတ်တဆိတ် စောင့်ကြည့်ခြင်းကို ခံနေရသူမှာ လှပသော အမျိုးသမီးတစ်ဦးဖြစ်သည်။

အသက်နှစ်ဆယ်ကျော်ခန့်သာရှိသော အမျိုးသမီးသည် နူးညံ့သိမ်မွေ့သော အသွင်အပြင်နှင့် လေထဲတွင်လွင့်ပျံနေသော အဖြူရောင်ဝတ်စုံရှည်ကို ၀တ်ဆင်ထားသည်။ သူမ၏ဆံပင်ကို မြင့်မြင့်ချည်ထားကာ သွယ်လျသောခါးနဲ့ ရှည်လျားသော ခြေထောက်များရှိသည်။ သူမကိုမြင်သူတိုင်း သူမအလှကြောင့် အံ့ဩသွားလိမ့်မည်ပင်။

သို့သော် ကိုယ်ခံပညာတည်မြဲရေးစံအိမ် မှ အဆင့်မြင့်အရာရှိများက သူမအား အံ့သြခြင်း သို့မဟုတ် ချီးမွမ်းခြင်းမျိုးဖြင့် မကြည့်ဘဲ ကြောက်ရွံ့ရိုသေစွာနဲ့

ကြည့်နေကြသည်။

အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် အမျိုးသမီးသည် ပတ်ပတ်လည်ကို ကြည့်ကာ လူတိုင်းကို စိုက်ကြည့်နေသည်။

"ဝံပုလွေရိုင်းကိုလိုက်ရှာဖို့ အမိန့်ပေးခဲ့တာ သုံးလရှိပြီ”

"ရှင်တို့က အသေးအဖွဲ့လေးတွေပဲ ဖမ်းမိထားပြီး အဓိက အဖွဲ့ဝင်တစ်ယောက်မှ မမိသေးဘူး။ အဲ့ကိစ္စကို ကျွန်မကို ရှင်းပြပေးနိုင်မလား။"

ခဏတာ တိတ်ဆိတ်သွားခဲ့ကြလေ၏

ဘယ်သူမှ ပြန်မဖြေကြပေ။

စံအိမ်အကြီးအကဲ အကြောင်းကို ကောင်းကောင်းသိတဲ့ လူတော်တော်များများက လာမယ့်မုန်တိုင်းကို ရင်ဆိုင်ဖို့ ပြင်ဆင်နေကြပြီပင်။

နောက်တစ်စက္ကန့်မှာ ပေါက်ကွဲသံကြီးတစ်ခုထွက်ပေါ်လာလေ၏

အမျိုးသမီးက ဒေါသတကြီးနဲ့ စားပွဲကို ပြင်းပြင်းထန်ထန် ဆောင့်ချလိုက်သည်။

"ရှင်တို့ဘာလုပ်နေကြတာလဲ၊ အဲ့ဒီနတ်ဆိုးမိန်းကလေးတွေနဲ့ ညအိမ်မက်ကလပ်မှာ အချိန်ကုန်နေကြတာလား၊ အိမ်ပြန်ရောက်ရင် ပြန်မထနိုင်တော့မှာကို မကြောက်ဘူးလား၊ ရှင်တို့မိန်းမတွေက ရှင်တို့ကို သင်းကွပ်ပစ်ရမှာ မစ်ရှင်ကို မပြီးနိုင်ရင် အားလုံးကို မိုင်းတွင်းတွေဆီ ပို့ပစ်မယ်”

အမျိုးသမီးက အရင်ကလို နူးညံ့သိမ်မွေ့တဲ့ပုံမပေါ်တော့ပေ။

သို့သော် အစည်းအဝေးခန်းက တိတ်ဆိတ်နေဆဲပင်။ အားလုံးက စံအိမ်သခင်၏ ဒေါသကို သိကြပြီး မည်သူမျှ မပြောဝံ့ဘဲ ခေါင်းငုံ့နေလိုက်ကြသည်။

ဒါကိုမြင်တော့ အမျိုးသမီးက ဒေါသအရမ်းထွက်ပြီး ရယ်မောလိုက်သည်။ “ရှင်တို့ကို ယောက်ျားတွေလို့ထင်နေတာ။ ကျွန်မကို ကတိမပေးနိုင်ဘူးလား။ ဒါက ပြသနာမဟုတ်ပါဘူးဆိုပြီးလေ”

အမျိုးသမီး၏ ရိုင်းစိုင်းသော စကားကိုကြားသောအခါ လက်ထောက်ခေါင်းဆောင် အချို့သည် လျှို့ဝှက်စွာ ခေါင်းယမ်းကြသည်၊ “ကျွန်တော်တို့ စံအိမ်အကြီးအကဲက တင့်တယ်ပြီး ချောမောလှပတယ်။ သူမက အဲ့လိုနာမည်ကြီးပေမဲ့ ဒေါသလည်း တအားကြီးတယ်။ သူ့အသံက ရပ်ကွက်ထဲက အပေါက်ဆိုးတဲ့မိန်းမတွေလိုပဲ”

အားလုံးကို ဆူပူကြိမ်းမောင်းပြီးနောက် ရှားမန်ရန်က သူ့မဒေါသတွေကို လျော့ချလိုက်သည်။ ထို့နောက် လက်ထောက်ခေါင်းဆောင်ကို လှည့်ကြည့်ကာ အေးစက်စွာမေးသည်။

"ငွေအကြေးခွံ့မြို့က အဖြစ်အပျက်ကို စုံစမ်းပြီးပြီလား"

လက်ထောက်ခေါင်းဆောင်သည် တည့်တည့်မတ်မတ်ထထိုင်လိုက်ပြီး "ဟုတ်ကဲ့ အိမ်ပိုင်ရှင်က ကျင့်ဟိုင်လို့ ခေါ်တဲ့ ဆေးဖော်စပ်သူပါ။ သူက ဝံပုလွေရိုင်းတွေရဲ့ လျှို့ဝှက်အဖွဲ့ဝင်တစ်ယောက်ပါ။ ကျင့်ဟိုင်ရဲ့ အလောင်းကို စစ်ဆေးပြီးပါပြီ။ သူ အသက်ရှင်နေသေးတဲ့အချိန်က တောက်ပသောဝင်ပေါက် နဝမအဆင့်မှာ ပါ။ကျွန်တော် ထင်တာ မမှားဘူးဆိုရင် သူက ဝံပုလွေရိုင်းရဲ့ အဓိကကျောရိုးထဲက တစ်ယောက်ဖြစ်နိုင်ပါတယ် “

ဒါကိုကြားတော့ ရှားမန်ရန်က အနည်းငယ် ပျော့ပျောင်းသွားသည်။ သူမက ခေါင်းညိတ်ပြီး မေးလေ၏

"ကျင့်ဟိုင်ကို ဘယ်သူသတ်တာလဲ။"

လက်ထောက်ခေါင်းဆောင်သည် ချက်ချင်းပင် ချီတုံချတုံဖြစ်သွားလေ၏ ။ရှားမန်ရန်၏ စူးစူးရှရှအကြည့်ကြောင့် အံကြိတ်ကာ ပြောလိုက်သည်။

“ငွေအကြေးခွံ့မြို့က ကျွန်တော်တို့လူတွေ ရောက်လာတော့ အိမ်ပိုင်ရှင်၊ ဘဏ္ဍာစိုးနဲ့ အစောင့်တွေ အားလုံး သေကုန်ကြပါပြီ ။အသက်ရှင်ကျန်ရစ်တဲ့ အစေခံတွေက သာမန်လူတွေပါ။ သူတို့က အိမ်ကြီးရဲ့ လျှို့ဝှက်ချက်တွေကို ဘာမှ မသိကြပါဘူး ။ အဲဒီညက နတ်ဆိုးတွေက အိမ်ကြီးကို ကျူးကျော်လာကြတယ်ဆိုတာပဲ သူတို့သိထားပါတယ်”

"ကြောင်နတ်ဆိုးတွေ” ရှားမန်ရန်က အနည်းငယ် မျက်မှောင်ကြုတ်ကာ "ဆိုလိုတာက ကျင့်ဟိုင်ကို ဝိညာဉ်ကြောင်တွေက သတ်လိုက်တာပေါ့။ ဒါပေမယ့် ဘာလို့လဲ"

"အိမ်ကြီးထဲမှာ အဂ္ဂိရတ်ကိရိယာတွေနဲ့ ပစ္စည်းတွေ အများကြီးတွေ့ခဲ့ပါသေးတယ်၊ အဲဒါတွေကို အခြေခံကြည့်တော့ ကျင့်ဟိုင်က ကြောင်နတ်ဆိုးတွေကို သွေးဝိညာဉ်ဆေးပြား အမျိုးအစားသစ်တွေကို ပြုပြင်မွမ်းမံဖို့ ပါဝင်ပစ္စည်းတွေအဖြစ် အသုံးပြုနေတာ ဖြစ်နိုင်တယ်။"

ဒီလိုပြောပြီးတာနဲ့ ဆွေးနွေးပွဲခန်းမထဲမှာ လူတော်တော်များများ အံ့အားသင့်သွားကြသည်။

သွေးဝိညာဉ်ဆေးပြားများကို သန့်စင်ရန် နတ်ဆိုးတွေကို အသုံးပြုနေတာလား။

ဒါမျိုး မကြားဖူးပေါင်

ဝံပုလွေရိုင်းတွေက ရူးနေတာလား။ သူတို့က ကျင့်ကြံသူတွေကို ဆေးသန့်စင်ဖို့ သုံးကြတယ်။ အခု ဝိညာဉ်ကြောင်တွေကိုပါလား

ရှားမန်ရန်သည် အခြားသူများ၏ ထိတ်လန့်မှုကို လျစ်လျူရှုပြီး “ဒါဆို ကြောင်

နတ်ဆိုးတွေက သူ့ကို လက်စားချေဖို့ သတ်လိုက်တာလား”

"ဒါပေမယ့် ကျင့်ဟိုင်က တောက်ပသောဝင်ပေါက်အဆင့်လေ။ တိုက်ပွဲမှာ သူဘယ်လောက်ပဲ အားနည်းနေပါစေ တိုးတက်ခြင်းဆင့် ကြောင်နတ်ဆိုးတစ်စုက သူ့ကို မသတ်နိုင်ပါဘူး။ ငွေအကြေးခွံ့မြို့မှာ ပုန်းအောင်းနေတဲ့ ဉာဏ်အလင်းရခြင်းအဆင့် ကြောင်နတ်ဆိုးရှိနေတာလား”

ခဏလောက်စဉ်းစားပြီးနောက် ရှားမန်ရန်သည် စိတ်ပျက်လက်ပျက်ဖြင့် သူမ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"ထားလိုက်ပါ။ ဝံပုလွေရိုင်းကို သတ်တာက ကြီးကြီးမားမားတော့ မဟုတ်ပါဘူး၊ ဒီ ဉာဏ်အလင်းရခြင်းအဆင့် ကြောင်နတ်ဆိုးက ထပ်ပြီး ဒုက္ခမပေးသေးသရွေ့ သူမ ဘယ်မှာနေလဲ ငါဂရုမစိုက်ပါဘူး။ ချန်၊ ငွေအကြေးခွံ့မြို့ကို ဆက်ပြီးစုံစမ်းပါ။ သဲလွန်စတွေကို ရှာဖွေပြီး ဝံပုလွေရိုင်း ရဲ့ တခြားပင်မအဖွဲ့ဝင်တွေကို တူးဖော်ရမယ်။”

လက်ထောက်ခေါင်းဆောင်သည် စိတ်ထဲတွင် ညည်းညူသော်လည်း အပြင်မှာ ထုတ်မပြဝံ့ပေ။ သူ့ကိုယ်သူ ထိန်းကာ သဘောတူလိုက်သည်။

ထိုအချိန်တွင် တံခါးခေါက်သံ ထွက်ပေါ်လာသည်။

ရှားမန်ရန်က မျက်မှောင်ကြုတ်ကာ "ဝင်ခဲ့”

တံခါးပွင့်လာပြီး ကိုယ်ခံပညာတည်မြဲရေးစံအိမ်မှ အဖွဲ့ဝင် လူငယ်တစ်ယောက် ဝင်လာ၏ သူက “သခင်မ အရှေ့ပိုင်းခရိုင်မှာကျင့်ကြံသူတွေ တိုက်ပွဲဖြစ်နေပါတယ်။ နှစ်ဖက်စလုံးက တောက်ပသောဝင်ပေါက်အဆင့်မှာ ရှိနေပါတယ်” ဟု ကျယ်လောင်စွာပြောသည်။

ရှားမန်ရန်က ဒေါသတကြီးနဲ့ လက်ဝှေ့ယမ်းပြီး “ဒါဆို သူတို့အားလုံးကို ဖမ်းဖို့ ငါကို ပြောစရာလိုလို့လား။

သူက သူ့တံတွေးကို မျိုချလိုက်ပြီး "အဲဒီတိုက်ပွဲအပြီး မကြာခင်မှာပဲ တောင်ပိုင်းခရိုင်မှာ ငရဲပျားအုံးအုပ်စုကို တစ်ယောက်ယောက်က ရှာတွေ့ခဲ့ပါတယ်”

“ ငရဲပျားအုံ?" ချန်သည် မျက်မှောင်ကြုတ်ကာ တောင်ပိုင်းခရိုင်တာဝန်ခံ အလံအရာရှိကို ကြည့်လိုက်သည်။ "လျူ၊ ငါမှတ်မိသလောက် တောင်ပိုင်းခရိုင်ရမှာ ဝံပုလွေရိုင်းရဲ့ အမာခံနယ်မြေကို သုတ်သင်ရှင်းလင်းတုန်းက ငရဲပျားတွေ ပေါ်လာတာမလား?"

အလံအရာရှိက “ဟုတ်ပါတယ်။ အဲဒီအချိန်မှာ ဝံပုလွေရိုင်းတွေက ကျွန်တော်တို့ကို လှည့်စားခဲ့တာပါ။ ကျွန်တော်တို့ဌာနကလူတွေတင်ဆုံးရှံးခံရတာမဟုတ်ဘဲ စုဆောင်းထားတဲ့ ကျောင်း၃ ခုက တပည့်တော်တော်များများလည်း သေပါသွားတယ်။ ကျောင်းသုံးခုကအကြီးအကဲတွေဆီကလည်း ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခြင်းကို ခံခဲ့ရပါတယ်”

ဤကိစ္စနှင့် ပတ်သက်၍ အလံအရာရှိက အတော်ခံစားခဲ့ရပုံရသည်။

တောက်ပသောဝင်ပေါက်အဆင့်နဲ့ ငရဲပျားအုံဆိုတော့ ဝံပုလွေရိုင်းတွေ ဖြစ်နိုင်မလား။” ချန်က မျက်မှောင်ကြုတ်ကာ ခန့်မှန်းသည်။

ရှားမန်ရန်က သူမလက်ကို ဝှေ့ယမ်းပြီး မဆိုင်းမတွ အမိန့်ပေးသည်။

"အဲ့တာဘာလဲဆိုတာ ဘယ်သူစုံစမ်းမလဲ။ အခင်းဖြစ်ရာနေရာမှာ သူတို့ကိုဖမ်းပြီး အေးဆေး စစ်ဆေးလိုက်ကြရအောင်။ ချန်... နင်ကတော့ ထားလိုက်၊ ငါဘာသာ အဲ့တာကိုလုပ်လိုက်မယ်။"

ဒါကိုပြောပြီးတာနဲ့ အားလုံးက အံ့ဩသွားကြသည်။

"အဲလိုလုပ်လို့ မရပါဘူး။သခင်မက ၂၈ ကြိမ်မြောက် ဝိညာဉ်ရေးရာပိတ်ဆို့ခြင်းကို ကျင့်ကြံနေတာ နှစ်လကျော်ပါပြီ။ အောင်မြင်ဖို့ သုံးရက်ပဲ လိုပါတော့တယ်။ အခု ဘာမှ လုပ်လို့ မရပါဘူး။ မဟုတ်ရင် အချည်းနှီးဖြစ်ကုန်ပါလိမ့်မယ်”

ရှားမန်ရန်သည် သူ့ကို စိုက်ကြည့်ကာ ဒေါသပေါက်ကွဲတော့မည်ဖြစ်သော်လည်း ချန်မှာ အချက်တစ်ချက်ရှိနေသည်။ သူမသည် အံကြိတ်ကာ ဒေါသကို မျိုသိပ်ရင်း စားပွဲကို ရိုက်ချိုးပစ်လိုက်သည် ။

"ဟင်းးး ဒီဝိညာဉ်ပိတ်ဆို့ခြင်းက အရမ်းဒုက္ခပေးတယ်ဆိုတာ ငါသိခဲ့ရင် အဲဒီတုန်းကတည်းက ဒီဆိုးရွားတဲ့ ကျင့်ကြံနည်းစနစ်ကို ငါရွေးချယ်မှာ မဟုတ်ဘူး။"

အားလုံးက တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ နှုတ်ဆိတ်နေကြပြီး ထိုစကားများကို မကြားချင်ယောင်ဆောင်နေကြသည်။

ရှားမန်ရန်ဒေါသပြေသွားပြီးနောက် မော့ကြည့်လိုက်တော့ အားလုံးက ကြောင်

တောင်တောင်ဖြစ်နေကြသည်ကို တွေ့လိုက်ရသည်နှင့် "ဘာကို စောင့်နေကြတာလဲ။ တစ်ယောက်ယောက် လွတ်သွားရင် နင်တို့ ပြန်မလာနဲ့။ အားလုံးကို မိုင်းတွင်းကို ပို့ပစ်မယ်”

ထိုအခါမှ အားလုံးက အခန်းထဲက ထွက်သွားကြသည်။

ခဏအကြာတွင်

လက်နက်အပြည့်အစုံနဲ့ ကျင့်ကြံသူတစ်ဖွဲ့သည် ကိုယ်ခံပညာတည်မြဲရေးစံအိမ်မှ တောင်ပိုင်းခရိုင်သို့ ပြေးထွက်လာခဲ့သည်။

All Chapters