မရိုးဖြောင့်သော (၁)
Vol. 12 Ch. 184
အမှောင်ခန်းမထဲမှာတော့
လင်းရှန်သည် သူ့မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။ စိတ်လွတ်သွားပြီး ခဏတာမျှအကြာမှာ ရုတ်တရက် လန့်နိုးလာလေ၏ ခြေထောက်ကို ခုန်ချချင်သော်လည်း နေရာမှာတင် အေးခဲကာ မလှုပ်နိုင်တော့ပေ။ သူသည် မလှုပ်ရှားနိုင်ဘဲ မြေပြင်ပေါ်တွင်သာ လှဲလျောင်းနေရသည်။
"ရုန်းကန်မနေနဲ့။ တောက်ပသောဝင်ပေါက် ဒုတိယအဆင့်ရှိ သူတစ်ဦးတောင် တစ်နာရီအတွင်း လွတ်မြောက်နိုင်မှာ မဟုတ်ဘူး”
ရင်းနှီးသော အသံကို သူကြားလိုက်ရသည်။
လင်းရှန်သည် အသံ၏ ဦးတည်ရာဆီသို့ အတတ်နိုင်ဆုံး ကြိုးစားကြည့်လိုက်သည်။ သူအိပ်နေရာမှကြည့်လိုက်တော့ ခန်းမအလယ်တွင် အိုးကြီးတစ်လုံးကို မြင်လိုက်ရသည် ။
မီးအိုးကို ကြေးဝါကောင်းကောင်းဖြင့် ပြုလုပ်ထားပြီး အရွယ်ရောက်ပြီး သူနီးနီးရှည်သည်။ ဖိုခနောက်သုံးခုနှင့် လက်ကိုင်နှစ်ဖက်ပါရှိပြီး မျက်နှာပြင်ကို ရှုပ်ထွေးသောပုံစံများဖြင့် ဖုံးအုပ်ထားသည်။ ၎င်းက အေးစက်ပြီး ထိတ်လန့်ဖွယ် ခံစားချက်ကိုပေးစွမ်းသည်
ထိုအချိန်တွင် အိုးအောက်တွင် မီးထွန်းထားပြီး အဖုံးရှိ အပေါက်လေးပေါက်မှ အဖြူရောင်မီးခိုးများ ထွက်ပေါ်လာသည်။
လင်းရှန်ကို ကျောပေးထားသော ထိုလူသည် အကြောင်းအရာများကို စောင့်ကြည့်နေသကဲ့သို့ ကျောနောက်တွင် လက်နှစ်ဖက်
ပစ်ကာ မီးအိုးရှေ့တွင် ရပ်နေသည်။
"ကျင့်ဟိုင်သေသွားတာ အရမ်းဆိုးတယ်။ သူမရှိဘဲ အဆင့်(၄) သွေးဝိညာဉ်ဆေးကို သန့်စင်ဖို့ မျှော်လင့်ချက် အများကြီးရှိမှာ မဟုတ်ဘူး။ ငါက အဂ္ဂိရတ်ပညာမှာ မကျွမ်းကျင်ဘူး။ ကံကောင်းစွာပဲ အဆင့်(၃)သွေးဝိညာဉ်ဆေးလုံးက လုံလောက်တာထက်တော့ ပိုပါတယ်”
သူက ပြောပြီး ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်သည်။
သူသည် ယခုအချိန်တွင် မျက်နှာဖုံးမဝတ်ထားဘဲ သူ၏ ၀တ်ရုံခေါင်းစွပ်ကို ချွတ်ထားတာကြောင့် သူ့မျက်နှာကို ပေါ်လွင်စေသည်။
လင်းရှန်မျက်လုံးများသည် သူ့မျက်နှာကို မြင်သောအခါ မျက်မှောင်ကျုံ့သွားသည်။
"ဆရာလန်”
ထိုသူက နိုင်ယန်းကျောင်း၏ ဆရာ လန်ကွမ်းထင်မှလွဲ၍ အခြားသူမဟုတ်ပေ။
"အံ့ဩသွားတယ်မလား"
အနက်ရောင်ဝတ်ရုံနဲ့လူက လင်းရှန်ကို ခံစားချက်မဲ့တဲ့ မျက်နှာနဲ့ ကြည့်နေ၏
"နိုင်ယန်းကျောင်းရဲ့ ဆရာက နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဝံပုလွေရိုင်းတွေရဲ့ ကျောရိုးပါလား။"
"ဒါက တကယ်ကို အံ့သြစရာပဲ။"
လင်းရှန်၏ မျက်နှာပေါ်တွင် ထူးဆန်းသော အကြည့်များ ရှိနေသည်။
ထိုလူသည် နိုင်ယန်းကျောင်းမှ ဖြစ်သည်ဟု သူ့တွင် အရိပ်အမြွက်ရှိသော်လည်း အမြဲတမ်းအေးဆေးငြိမ်သက်မှု ရှိသူ လန်ကွမ်းထင် ဖြစ်မည်ဟု မမျှော်လင့်ခဲ့ပေ။
သို့သော် ဆရာသည် လေးစားဖွယ်ကောင်းသော နောက်ခံသမိုင်းကြောင်းဖြစ်
သည့် ကျဆင်းနေသော မိသားစုမှ ဖြစ်သည်။ သူသည် ဝံပုလွေရိုင်းကဲ့သို့ လမ်းစဉ်မှားသော အင်အားစုတစ်ခုနဲ့ ဘာလို့ ချိတ်ဆက်ရတာလဲ။
လင်းရှန်၏ စိတ်ရှုပ်ထွေးမှုကို သတိပြုမိလိုက်သလိုပင် လန်ကွမ်းထင်၏ မျက်လုံးများတွင် ထူးဆန်းသော အကြည့်များ ဖျတ်ခနဲ ပေါ်လာသည်။
“လွန်ခဲ့တဲ့ နှစ်တစ်ရာက လန်မိသားစုက သြဇာညောင်းတဲ့ မိသားစု တစ်ဆယ့်ရှစ်ခုထဲက တစ်ခု ဖြစ်နေတုန်းဘဲ၊ ဒါပေမယ့် အဲဒီအချိန်ကစပြီး ငါတို့ရဲ့ အဆင့်အတန်းက ကျဆင်းလာတော့ ငါတို့ရဲ့ အင်အားစုတွေ တဖြည်းဖြည်း ကျဆင်းလာတယ်။ နောက်ဆုံးမှာ ငါတို့က မိသားစုဆယ့်ရှစ်ခုထဲက နှင်ထုတ်ခံခဲ့ရပြီး ကျဆင်းတဲ့မိသားစုဖြစ်လာတာ”
“သူတို့က လေးစားထိုက်တဲ့ မိသားစုတွေ ဖြစ်နေသေးပေမယ့် ကျဆင်းလာတဲ့ မိသားစုတွေကတော့ မတူတော့ဘူး။ အဆင့်တူခဲ့တဲ့ သြဇာရှိတဲ့ မိသားစုဆယ့်ရှစ်ခုကတောင်မှငါတို့ကို ရှုံ့ချခဲ့ကြတာ”
“ ငါတို့ရဲ့ ယခင်ဂုဏ်ကျက်သရေကိုပြန်လည်ရရှိဖို့အတွက် လန်မိသားစုကလူတိုင်းက မိသားစုကိုပြန်လည်အသက်ဝင်လာအောင်နဲ့ မိသားစုတစ်ဆယ့်ရှစ်ခုထဲက တစ်ခုဖြစ်လာဖို့စိတ်ပိုင်းဖြတ်ထားတယ် ။ အဲ့တာကို ငါငယ်ငယ်ကတည်းက သင်ကြားလာရတာ။ မျိုးနွယ်ကို ပြန်လည်အသက်သွင်းဖို့ ငါအမြဲကြိုးစားခဲ့ရတယ်။ ဒါပေမဲ့ ကန့်သတ်ချက်ရှိနေတယ်။ ငါ့ကအဲ့လောက် အစွမ်းမထက်တော့
အတားအဆီးကိုမဖြတ်နိုင်ပဲ ကျင့်ကြံသူသခင်ဖြစ်မလာခဲ့ဘူးလေ”
"ကျင့်ကြံသူသခင် မရှိရင် လေးစားစရာကောင်းတဲ့ ကျင့်ကြံရေးမိသားစုလို့ သတ်မှတ်လို့မရဘူး၊ အဲဒါက မိသားစုတွေကြားမှာ ပေါ်ပေါ်တင်တင်ရေးဆွဲမထားတဲ့ စည်းမျဉ်းတစ်ခု။ ကျဆင်းလာတဲ့ မိသားစုမျိုးဆိုရင်တောင် အနည်းဆုံး ကျင့်ကြံသူ သခင်တစ်ယောက်ရှိရမယ်။ ဆယ်နှစ်ကျော်ကြာတဲ့အထိ ကျင့်ကြံသူသခင် တစ်ယောက် မရှိသေးရင် ဘွဲ့တွေ ဖြုတ်ပြီး သာမန်လူတန်းစားတွေဆီ နှင်ထုတ်ခံရမှာ”
"အဖေဆုံးသွားကတည်းက လန်မိသားစုမှာ ကျင့်ကြံသူ သခင် မရှိဘူး"
လင်းရှန်က အခုအချိန်မှ စကားပြောလို့ရသည် ။
“ဒါဆို ဆရာ့ရဲ့ အတားအဆီးကို ဖြတ်ကျော်ဖို့ သွေးဝိညာဉ်ဆေးပြားကို သုံးချင်နေတာမလား။ ဒါတွေကို ဘာလို့ ပြောပြနေတာလဲ ။အခု ဆရာခံစားရတာတွေ သက်သာဖို့ ကျွန်တော်ကို အကြောင်းပြချက်ပေးဖို့ ကြိုးစားနေတာလား”
လန်ကွမ်းထင်၏ ပါးစပ်ထောင့်သည် လင်းရှန်၏ ကဲ့ရဲ့ခြင်းကို လျစ်လျူရှုပြီး တိတ်တိတ်ဆိတ်ဆိတ် ပြောလိုက်သည် ။
“ကျင့်ကြံမှုလမ်းကြောင်းက အဆုံးမရှိဘူး။ အသက်ရှည်ဖို့ဆိုတာ ခဲယဉ်းတယ်။ လူတော်တော်များများက လှောင်အိမ်ထဲကနေ ရုန်းထွက်ပြီး အထွတ်အထိပ်ကိုရောက်ဖို့ ဘာမဆိုလုပ်ကြမှာပဲ။ သွေးဝိညာဉ်ဆေးပြားက ကြမ်းကြုတ်ပေမဲ့ ကမ္ဘာပေါ်မှာ အဲ့ထက် ရက်စက်ကြမ်းကြုတ်ပြီး မှောင်မိုက်တဲ့ အရာတွေ ရှိသေးတယ်”
"ငါလုပ်ခဲ့တာကို ငါဘာလို့စိတ်ပျက်ရမှာလဲ"
ထို့နောက် လန်ကွမ်းထင်က သက်ပြင်းချလိုက်ပြီး အသံထွက်လာသည်။
“ငါ ဒီစကားတွေကို ထိန်းထားရပြီး ငါ့ဇနီးနဲ့ သားသမီးတွေကိုတောင် မပြောရသေးဘူး။ အခု အသံကျယ်ကျယ်နဲ့ ပြောမိတော့ ပိုပြီး စိတ်သက်သာရာ ရသွားတယ်”
လင်းရှန်က ပြုံးပြီး "ကျွန်တော် တစ်ခုခုလုပ်လိုက်မိတာလို့ ထင်တယ်"
လန်ကွမ်းထင်က မှိတ်တုတ်မှိတ်တုတ်ဖြင့် သူ့ကို လှည့်ကြည့်လိုက်သည်။
"မင်းငါ့ကို အံ့သြသွားပြီလား၊ ငါဘာလုပ်မယ်ဆိုတာ မင်း ခန့်မှန်းလို့ ရနေပေမယ့် ဘာလို့ မကြောက်တာလဲ။"
“ကြောက်နေရင်ရော ကျွန်တော်ကို လွှတ်ပေးမှာလား” လင်းရှန်က တည်ငြိမ်စွာ မေးသည်။
လန်ကွမ်းထင်က ပြုံးပြီး မီးအိုးကို စိုက်ကြည့်ကာ ခေါင်းညိတ်လိုက်သည်။
"အချိန်တန်ပြီ။ ဒါက စပ်မိစပ်ရာ စကားစမြည်ပြောတာပဲ။ဒါက သန့်စင်ဖို့ နောက်ဆုံးအဆင့်ပဲ "
သူ၏ ရှည်လျားသော အိပ်မက်များ အကောင်အထည် ပေါ်လာတော့မှာကြောင့် လန်က ပျော်နေ၏
သူ့အင်္ကျီလက်ကို ဝှေ့ယမ်းပြီး မီးအိုးအဖုံးကို ဖွင့်လိုက်သည်နှင့် အဖြူရောင် မီးခိုးလုံးများက မျက်နှာကျက်ဆီသို့ ပြေးတက်သွားသည် ။
ထူးဆန်းသော ရနံ့တစ်ခုက လေကို လွှမ်းမိုးသွားသည်။
လင်းရှန်၏နှာခေါင်းများ လှုပ်ယမ်းသွားပြီး မွှေးကြိုင်သော အနံ့တစ်မျိုးကို ခံစားရလေသည်။
လူတစ်ယောက်၏ သွေးထဲက သံချေးတက်တဲ့ အရသာကို ဖယ်ရှားပြီး သကြားအနည်းငယ်နဲ့ ရောလိုက်သလိုပင်။
သူ၏ စိတ်ကူးစိတ်သန်းများ ပျံ့လွင့်နေချိန်တွင် လန်ကွမ်းထင်သည် ရောက်လာပြီး လင်းရှန်ကို သယ်ကာ မီးအိုးဆီသို့ ဦးတည်သွားခဲ့သည်။
လင်းရှန်က သူ့ကို အထဲမထည့်ခင် စကားပြောသည် ။