← Chapters

မရိုးဖြောင့်သော (၁)

Vol. 12 Ch. 185

မရိုးဖြောင့်သော (၁)

Vol. 12 Ch. 185

"ကျွန်တော်သိချင်တယ်။ ကျွန်တော်ကိုမဖမ်းမိရင် အတားအဆီးကို ဘယ်လိုဖြတ်ကျော်ပြီး ကျင့်ကြံသူသခင် ဖြစ်လာမှာလဲ။"

လန်ကွမ်းထင်သည် ခေတ္တရပ်ကာ မျက်မှောင်ကြုတ်ရင်း လင်းရှန်းအား ထူးဆန်းသောအကြည့်ဖြင့်ကြည့်လိုက်၏ ။ လင်းရှန်သည် ဤကဲ့သို့ အချိန်နှင့်တပြေးညီ မသက်ဆိုင်သည့်မေးခွန်းကို မေးရန် အဘယ်ကြောင့် စိတ်အားထက်သန်နေရသလဲဟု အံ့သြသွားခဲ့သည်။

သို့သော် သူမည်မျှပင် ပင်ပင်ပန်းပန်း ကြိုးစားနေပါစေ လင်းရှန်သည် ဤမျှော်လင့်ချက်မဲ့ အခြေနေကို ကျော်ဖြတ်ဖို့ မည်သို့မျှ စဉ်းစားနိုင်မည် မဟုတ်ပေ။

စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်သွားပြီးနောက် လန်ကွမ်းထင်က ဆက်ပြောသည်။

"ငါ ဆေးလူသားကို ပြင်ဆင်ထားပေမယ့် အခု မင်းလို ပိုကောင်းတဲ့ တစ်လုံးရှိတော့ အဲဒါကို သုံးစရာ မလိုတော့ဘူး"

"ဟုတ်လား?" လင်းရှန်သည် အဓိပ္ပါယ်ရှိသော အကြည့်ဖြင့် အနည်းငယ် ပြုံးလိုက်သည်။

တစ်နည်းနည်းနဲ့ လန်ကွမ်းထင်က စိတ်မသက်မသာ ခံစားလိုက်ရသည်။

သူက မျက်မှောင်ကြုတ်ပြီး ခဏလောက် စဉ်းစားနေပေမယ့် စိတ်ပူပန်မှု၏ အရင်းအမြစ်ကို ရှာမတွေ့သေးတာကြောင့် ဒီအကြောင်းကို ရပ်တန့်ဖို့ ဆုံးဖြတ်လိုက်သည်။ သူက လင်းရှန်ကို မီးဖိုထဲသို့ ပစ်ချလိုက်ပြီးနောက် အဖုံးကို ဆွဲကိုင်ကာ အရှိန်ဖြင့် ပိတ်လိုက်သည်။

နောက်တစက္ကန့်တွင် အိုးအောက်မှ မီးတောက်များ အနည်းငယ် တောက်လောင်လာသည်။

လန်ကွမ်းထင်သည် စိတ်လှုပ်ရှားစွာဖြင့် လက်သီးများကို ဆုပ်ထားသည်။

ချက်ချင်းပင် သူ့ကိုယ်သူ ငြိမ်သက်သွားစေရန် အသက်ပြင်းပြင်းရှူလိုက်ပြီး မီးအိုးထဲတွင် ဖြစ်ပျက်နေသည့်အရာများကို အာရုံစိုက်လိုက်သည်။

အချိန်ကြာလာသည်နှင့်အမျှမီးအိုး၏ တုန်ခါမှုက တဖြည်းဖြည်း လျော့ပါးလာသည်။ သို့သော် ထွက်လာသော မီးခိုးဖြူသည် လုံးဝမလျှော့ပေ။ ယင်းအစား ၎င်းသည် ပိုမိုသိပ်သည်းလာပြီး ၎င်းတွင် အဝါဖျော့ရောင် ပါရှိသည်။

လန်ကွမ်းထင်က တစ်ခုခု မမှန်ဘူးဆိုတာ သိလိုက်သည်။ သူက ချက်ချင်း အဖုံးကို လှန်လိုက်ပြီး အတွင်းထဲကို ကြည့်လိုက်လေ၏

သူနေ့ရော ညပါတွေးနေသည့် အဆင့် (၃) သွေးဝိညာဉ်ဆေးပြားများကို တွေ့ရမည့်အစား အနက်ရောင်ဆေးပြားများစွာကို တွေ့လိုက်ရသည်။

ပျက်စီးသွားတဲ့ဆေးတွေ

လန်ကွမ်းထင်သည် ဖြူဖျော့သွားသည်။

"ဘာတွေဖြစ်နေတာလဲ? လုပ်ထုံးလုပ်နည်းရော ပါဝင် ပစ္စည်းရောပါ အမှားအယွင်းမရှိပါဘူး။ ဘယ်လို ပျက်သွားတာလဲ"

လန်ကွမ်းထင်က မယုံကြည်နိုင်စွာ အော်ဟစ်လိုက်သည်။

ထိုအချိန်တွင်ပင် အပြင်ဘက်မှ ဆူညံသံတစ်ခု ထွက်ပေါ်လာပြီး အော်သံများနှင့် အင်းဆက်များ၏ ဟစ်အော်သံများက တိုးတိုးတိတ်တိတ် ရောထွေးနေသည်။

အသံက ပိုကျယ်လာပေမယ့် လန်ကွမ်းထင်ကတော့ မကြားပေ။ သူ ကြောင်တက်တက်ဖြင့် ထိုနေရာတွင် ရပ်နေလိုက်သည်။

အမည်မသိ အကြောင်းပြချက်တစ်ခုခုကြောင့် သူမျှော်လင့်ထားခဲ့သော ဆေးပြားကို ပြန်လည်သန့်စင်ရန် ပျက်ကွက်ခဲ့သည်။ ၎င်းသည် သူလက်မခံနိုင်လောက်အောင် ပြင်းထန်သော ထိုးနှက်ချက်ဖြစ်သည်။

ခဏကြာတော့ အိမ်ရှေ့တံခါးက ပွင့်လာပြီး လန်ရှင်းက ကြောက်လန့်တကြား ပြေးဝင်လာသည်။

"အဖေ၊ ငရဲပျားအုံ အုပ်စုတစ်စုက အပြင်ကနေ ရုတ်တရက် ပြေးဝင်လာပြီး ကိုယ်ခံပညာတည်မြဲရေးစံအိမ်က လူတွေက နောက်က လိုက်လာတယ်။ ဒီလူတွေ ဘာဖြစ်နေတာလဲ မသိဘူး၊ ဒါပေမယ့် ကျွန်တော်တို့ နေရာကို တကယ်လိုက်ရှာချင်နေတာ။ ရယ်စရာကောင်းလိုက်တာ။"

"ကိုယ်ခံပညာတည်မြဲရေးစံအိမ်” ဟူသော စကားလုံးများသည် လန်ကွမ်းထင်၏ အာရုံကြောကို တင်းကြပ်စေပုံရသည်။ သူက ဖြည်းညှင်းစွာ လှည့်၍ လန်ရှင်းကို ကြည့်လိုက်သည်။

"ကိုယ်ခံပညာတည်မြဲရေးစံအိမ်က ဒီမှာရှိနေလား။"

"ဟုတ်တယ်။ သူတို့ကို တပ်မှူးတွေနဲ့ အလံအရာရှိတွေကက ဦးဆောင်နေတာ။ အဲ့တာကြောင့် ဘာဖြစ်တာလဲလို့ တွေးမိတယ်။"

လန်ရှင်းသည် သူ့အဖေ၏ ထူးဆန်းသော အပြုအမူကို သတိမထားမိဘဲ ဒေါသတကြီး ညည်းညူနေသေးသည်။

"ကျွန်တော်တို့က ဝိညာဉ်ရေးရာသားရဲတွေတိုက်ခိုက်တာခံရတဲ့ သားကောင်တွေဆိုတာကိုာရှင်းရှင်းလင်းလင်းသိပေမဲ့ ကျွန်တော်တို့ကို အဲ့ဒီ ငရဲပျား အုပ်စုနဲ့ ပတ်သက်နေတာလို့ သံသယရှိပြီး ကျွန်တော်တို့အိမ်ကို ရှာဖွေဖို့ အတင်းအကြပ်တောင်းဆိုနေတယ်။ အခုအချိန်မှာ ဘဏ္ဍာစိုးတွေက ကိုယ်ခံပညာတည်မြဲရေးစံအိမ်ကို ရပ်တန့်ဖို့ လူတွေ ခေါ်

လာတယ်။ အဲ့တာက အကြာကြီး မရလောက်ဘူး အဖေ၊ အခြေအနေကို အုပ်ထိန်းဖို့ အပြင်ထွက်ကြည့်ပါဦးမယ်။”

သူပြောနေစဉ်တွင် လန်ရှင်းသည် တစ်ခုခုမှားနေပြီဟု ခံစားလိုက်ရပြီး လွင့်မျောနေသော သူ့ဖခင်ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။

“ အဖေ?"

လန်ကွမ်းထင်က သူ့သားကို လျစ်လျူရှုပြီး သူ့အမူအရာက ညှိုးငယ်သွားသည်။

"နောက်ဆုံးတော့ ငါလုပ်ရတော့မှာပဲ”

"အဖေ၊ ဘာဖြစ်နေတာလဲ" လန်ရှင်းက စိတ်ဝင်တစား မေးသည်။

လန်ကွမ်းထင်က ပြန်မဖြေပေ။ သူသည် ရုတ်တရက် ခေါင်းလှည့်ကာ လန်ရှင်းကို စိုက်ကြည့်နေသည်။

အကြောင်းတစ်ခုခုကြောင့် လျစ်လျူရှုသောအကြည့်သည် လန်ရှင်းကို အနည်းငယ် ထိတ်လန့်သွားစေပြီး အေးစက်မှုတစ်ခုက သူ့ကျောရိုးပေါ်သို့ ပြေးဆင်းသွားခဲ့သည်။

ခြံအပြင်ဘက်မှာတော့

ကိုယ်ခံပညာတည်မြဲရေးစံအိမ်မှ လူအုပ်ကြီးသည် ခြံဝင်းထဲမှ ငရဲပျားကောင်များနောက်သို့ လိုက်လာနေသည်ကို မြင်လိုက်ရသဖြင့် လင်းရှန်ပြုံးလိုက်သည်။

မျှော်လင့်ထားသည့်အတိုင်း တောင်ပိုင်းခရိုင်သည် ယခင်က ဝံပုလွေရိုင်း၏ အမာခံနယ်မြေဖြစ်တာကြောင့် ကိုယ်ခံပညာတည်မြဲရေးစံအိမ်မှ လူများသည် ငရဲပျားအုံများ၏အသွင်အပြင်နှင့် ပတ်သက်၍ အလွန်

အရေးပေးကြသည်။ သူတို့က လူအမြောက်အမြားကို စေလွှတ်ခဲ့သည်။

၎င်းတို့ထဲမှ အချို့သည် ခရိုင်လေးခု၏ အထွေထွေ အလံအရာရှိများဖြစ်ကြောင်း လင်းရှန်က သိသည်။

၎င်းတို့အားလုံးသည် တောက်ပသောဝင်ပေါက် နဝမအဆင့်မှ ကျွမ်းကျင်သူများဖြစ်သည်။

ဤလူများနှင့်အတူ ရာနှင့်ချီသော ကိုယ်ခံပညာတည်မြဲရေးစံအိမ်မှ လူများနှင့်ဆို လန်ကွမ်းထင်သည် ပြီးဆုံးသွားလိမ့်မည်မှာ သေချာသည်။

"ကိုယ်ပွားတစ်ကောင်ကို စတေးလိုက်ရတာတော့ နှမြောစရာပဲ”

လင်းရှန်က ခေါင်းခါသည်။

လန်ကွမ်းထင်ကို သတိမထားမိစေရန်အတွက် သူသည် သူ၏ကိုယ်ပွားကို ပြန်မခေါ်ခဲ့ပေ။ ယင်းအစား ၎င်းသေဆုံးပြီးနောက် အလိုအလျောက် ပျောက်ကွယ်သွားစေသည်။

ကိုယ်ခံပညာတည်မြဲရေးစံအိမ်မှလူများ အနည်းငယ်နောက်ကျမှရောက်လာတာ ဝမ်းနည်းစရာပင် ။ မဟုတ်ပါက ကိုယ်ပွါးသေဆုံးခြင်းကို ရှောင်ရှားနိုင်မည်ဖြစ်သည်။

ကံကောင်းထောက်မစွာ သူသည် ဇွဲ့လုံ့လကိုယ်ပွား၏စွမ်းရည်ကို ပြန်လည်ဆန်းသစ်ရန် စီစဉ်နေပြီဖြစ်သည်။ သူသေသွားရင်တောင် အရေးမကြီးပေ။

ဒီကိစ္စမှာ သူ့အခန်းကဏ္ဍကို ရှင်းပြဖို့ အကြောင်းပြချက်ကောင်းကို သူစဉ်းစားရမည်။

လန်ကွမ်းထင်သည် တိုက်ပွဲတွင် သေဆုံးသွားရင် အကောင်းဆုံးဖြစ်မှာပင်။ ထိုအခြေအနေတွင် သူပါဝင်ပတ်သက်နေမည်ကို မည်သူမျှ မသိနိုင်ပေ။

တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် လင်းရှန်သည် အမှောင်ရိပ်မှ ပြေးလာပြီး မဝေးသော ခြံဝင်းဆီသို့ တိတ်တဆိတ် ချဉ်းကပ်လာသည်။

ခြံဝင်းကြီးက ရှုပ်ပွနေပြီပင်။ ဖိတ်ခေါ်မထားသော ဧည့်သည်တစ်ဦး ဝင်ထွက်သွားသည်ကို မည်သူမျှ သတိမထားမိပေ။

ခြံဝင်းသို့သွားသောခရီးသည် ချောမွေ့ပြီး မတော်တဆမှုမရှိခဲ့ပေ။ ကိုယ်ခံပညာတည်မြဲရေးစံအိမ်မှ လူများသည် ခြံဝင်းအစောင့်များကို ဖြတ်ကျော်ကာ ပတ်၀န်းကျင်ကို စတင်ရှာဖွေနေသည်ကို တွေ့လိုက်ရသည်။

သိပ်မကြာခင်မှာပဲ ကိုယ်ခံပညာတည်မြဲရေးစံအိမ်က ရှာဖွေတွေ့ရှိခဲ့သည်။

“ဆရာ ၊ အထဲမှာ လျှို့ဝှက်တံခါးကို တွေ့တယ်။ အဲ့တာက ဥမင်လှိုဏ်ခေါင်းရှိနေတယ် တော်တော်ကြီးပုံရတယ်”

ထွားကျိုင်းသော လူလတ်ပိုင်းအရွယ် အလံအရာရှိတစ်ဦးသည် သတင်းပို့ခဲ့သည်။

လူလတ်ပိုင်းအမျိုးသားသည် တောင်ပိုင်းခရိုင်၏ အလံအရာရှိဖြစ်ကြောင်း လင်းရှန် သိသည်။ သူ့နာမည်က ယွမ်မင်ဖြစ်ပုံရသည်။

သူ့လက်အောက်ငယ်သား၏သတင်းပေးမှုကိုကြားတော့ ယွမ်မင်သည် ချက်ချင်းလက်ကိုဝှေ့ယမ်းလိုက်သည်။

"ရှာကြ”

“ကျောင်းက ဆရာရဲ့ နေအိမ်မှာ ဥမင်လှိုဏ်ခေါင်း ရှိနေတယ်။ ဒီတစ်ခါတော့ တစ်ခုခုတော့ ရနိုင်မဲ့ပုံပဲ”

ယွမ်မင်က ရယ်မောပြီး ဝင်လာခဲ့သည်။

အခြားအထွေထွေအရာရှိနှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ချီတုံချတုံဖြစ်ရင်း သူ့နောက်သို့မလိုက်မီ တစ်ခဏမျှ တုန်လှုပ်သွားကြသည်။

ယနေ့ည ဖြစ်ပျက်ခဲ့တာ တစ်ခုခုမှားနေပြီ။ ထိုငရဲပျားအုပ်စုသည် ၎င်းတို့အား တမင်တကာ သွေးဆောင်ထားပုံရသည်။

သူတို့ ရောက်ရှိလာသည်ကို တွေ့ရှိပြီးနောက် ဘဏ္ဍာစိုး၏ အပြုအမူသည် အလွန်ထူးဆန်းနေသည်။ သူသည် အပြင်မှာ ပိတ်ဆို့ဖို့ လူတွေကို ချက်ချင်းစုပြီး ဝင်ခွင့်ပြုဖို့ ငြင်းနေသည်။

ထိုကဲ့သို့ ပုံမှန်မဟုတ်သော တုံ့ပြန်မှုသည် အတွေ့အကြုံရှိ အရာရှိကြီးများ၏ သံသယကို ချက်ချင်း နှိုးဆွခဲ့သည်။

နိုင်ယန်းကျောင်း၏ ဆရာများကို အခြားသူများက ကြောက်ရွံ့ကြသော်လည်း ၎င်းတို့တော့ မပါပေ ။ ထို့အပြင် စံအိမ်ခေါင်းဆောင်ရှားသည် တိကျသော အမိန့်ပေးခဲ့သည်။ ဘာမှမရဘဲ သူတို့ပြန်လာရင် ဒုက္ခရောက်မှာ သေချာသည်။ ထို့ကြောင့် ၎င်းတို့ သုံးဦးက ဝင်ရန် ဆုံးဖြတ်ခဲ့သည်။

တစ်ခုခုရှာတွေ့မည်ဟု မျှော်လင့်မထားပေ။

ဆရာလန်မှာ တကယ်ပြောမရတဲ့ လျှို့ဝှက်ချက်တစ်ခုခု ရှိနေနိုင်လား။

ထိုအဖွဲ့သည် လျှို့ဝှက်တံခါးဆီသို့ လျင်မြန်စွာရောက်ရှိလာပြီး မရပ်မနား ပြေးဝင်လာခဲ့သည်။

သူတို့ဝင်လာပြီးတာနဲ့ လင်းရှန်က သူတို့နောက်မှာ တိတ်တဆိတ် ပေါ်လာသည်။

ဖုံးကွယ်ခြင်းအဆောင်၊ပျောက်ကွယ်ခြင်းအဆောင်နှင့် တိမ်တိုက်နဂါးစည်းချက်တို့၏ အကူအညီဖြင့် လမ်းတစ်လျှောက်တွင် မည်သူမျှ သူ့ကို သတိမထားမိခဲ့ကြပေ။

ကိုယ်ခံပညာတည်မြဲရေးစံအိမ်မှ အရာရှိများသည်လည်း ဥမင် လှိုဏ်ခေါင်းကိုသာအာရုံစိုက်ထားပြီး ၎င်းတို့နောက်တွင် နောက်ထပ် လူတစ်ယောက်ရှိနေသည်ကို သတိမထားမိပေ။

ဥမင်လှိုဏ်ခေါင်းက တကယ်ကြီးသည် ။ ၎င်းသည် မြေပြင်ရှိ ဝင်းထက် အနည်းဆုံး နှစ်ဆမှ သုံးဆအထိ ကျယ်သည်။

ကံကောင်းထောက်မစွာ ဤနေရာရှိ အဆောက်အအုံများသည် တစ်ခုနှင့်တစ်ခု ဝေးကွာခဲ့သည်။ ဒီလိုမှမဟုတ်ရင် ဟိုးအရင်ကတည်းက ဝံပုလွေရိုင်းအုပ်စုမှလူက သူတို့အထဲမှာ ပါနေတာကို တစ်စုံတစ်ယောက်က သတိပြုမိလိမ့်မည်ပင်။

လှည့်ပတ်ကြည့်ပြီးနောက် ကိုယ်ခံပညာတည်မြဲရေးစံအိမ်မှ လူများသည် ဥမင်လှိုဏ်ခေါင်း၏အဆုံးရှိ အခန်းသို့ ရောက်လာကြသည်။

တံခါးက ပွင့်နေပြီး အတွင်းမှ အလင်းရောင်မှိန်မှိန် ထွက်ပေါ်လာသည်။

အလံအရာရှိ သုံးယောက်သည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ခဏရပ်လိုက်ကြသည်။ ထို့နောက် အခန်းထဲသို့ ဝင်သွားကြသည်။

မှောင်နေသော ခန်းမထဲတွင် အိုးအောက်က မီးတောက်များ ငြိမ်းနေပြီပင်။ မျက်နှာကျက်တွင် မြှပ်ထားသော ပုလဲအနည်းငယ်ကသာ မှိန်ဖျဖျအလင်းရောင်ကို ထုတ်လွှတ်တာကြောင့် ပတ်ဝန်းကျင်က ပို၍ပင် အန္တရာယ်ရှိလာစေသည်။

လန်ကွမ်းထင်သည် မီးဖိုဘေးတွင် တင်ပျဉ်ခွေထိုင်ကာ နားမလည်နိုင်သော အမူအရာဖြင့် သူ့လက်ထဲက ဆေးပြားကို စိုက်ကြည့်နေသည်။

ကိုယ်ခံပညာတည်မြဲရေးစံအိမ်မှ လူများ ရောက်ရှိလာတာကိုပင် သူ့က လှည့်မကြည့်ခဲ့ပေ။

ခေါင်းဆောင်ဖြစ်သူ ယွမ်မင်သည် မျက်မှောင်ကြုတ်ကာ ရှေ့သို့တက်လာဖို့လုပ်စဉ် လင်းကွမ်တင်၏လက်ထဲရှိ ဆေးပြားကို ရုတ်တရက် တစ်ချက်ကြည့်လိုက်လေသည်။ သူ အံ့ဩသွားလေ၏

ဆေးလုံးသည် အနီရောင်ဖြစ်ပြီး ချောမွတ် လုံးဝန်းကာ ပတ္တမြားကဲ့သို့ ဖြစ်သည်။ ၎င်းသည် မှော်စွမ်းအားတစ်မျိုးကို ထုတ်လွှတ်သောကြောင့် လူများအနေနဲ့ ၎င်းကို ကြည့်ရှုပြီးနောက် အဝေးသို့ မကြည့်ချင်အောင်ပင်

“အဲဒါ…”

ယွမ်မင်သည် ရုတ်တရက် တစ်ခုခုကို တွေးလိုက်သကဲ့သို့ မျက်လုံးများ ပြူးကျယ်သွားသည်။ အသက်ပြင်းပြင်းရှူကြည့်တော့ လေထဲမှာ ထူးထူးခြားခြား မွှေးကြိုင်တဲ့ ရနံ့တစ်ခု ရှိနေတာကို သူ သိလိုက်ရသည်။

ယွမ်မင်သည် ထိုအနံ့ကို မစိမ်းပေ။ လန်ကွမ်းထင်ကို ထိတ်လန့်စွာကြည့်ရင်း သူ့အမူအရာ ပြောင်းသွားသည်။

“သွေးဝိညာဉ်ဆေးပြား”

"လန်ကွမ်းထင်၊ မင်းက ဝံပုလွေရိုင်းတွေနဲ့ တကယ်ပူးပေါင်းခဲ့တာပဲ”

All Chapters