← Chapters

ဒုတိယပွဲ စတင်ခြင်း

Vol. 69 Ch. 954

ဒုတိယပွဲ စတင်ခြင်း

Vol. 69 Ch. 954

“အချိန်မှီပါပဲ...”

ကျန်းကျီးကျိက အပြုံးဖြင့် တုန့်ပြန်လိုက်၏။ ယန်ချောင်ယွီ၏ အလွန် ဆွဲဆောင်မှု ရှိနေသည့် ပုံစံကို ကြည့်ရင်း သူ့နှလုံးသားကတော့ အနည်းငယ် တုန်ရီသွားသည်။ မိန်းကလေး၏ အဝတ်အစားများက ယခုလို အရေးကြီးသည့် ပွဲမျိုးအတွက် မသင့်တော်သည့်တိုင် သူ အပြစ်မတင်ပါချေ။ အနည်းဆုံး သူမ ရောက်ရှိလာတာကပင် သူ့အတွက် အောင်မြင်မှု ဖြစ်နေခဲ့ပြီ ဖြစ်သည်။

ယန်ချောင်ယီမှာ ဝေ့ဝူယင်နှင့် တွေ့ဆုံ ပြီးပြီးချင်းပင် အနီးစပ်ဆုံး ဟင်းလင်းပြင် ဂိတ်တံခါး တစ်ခုထံ သွားကာ အကြွင်းမဲ့ စည်းစိမ်ထံ အသော့နှင်လာခဲ့ခြင်း ဖြစ်သည်။ သာမန် လျှို့ဝှက် နယ်မြေများ၊ လောကနယ်မြေများနှင့် ခြားနားစွာပင် အကြွင်းမဲ့ စည်းစိမ်မှာ သီးခြား ချိပ်ပိတ် နယ်မြေ တစ်ခု ဖြစ်သည်။ ထိုနေရာကို ဝင်ရန် ထွက်ရန်မှာ သာမန် ဟင်းလင်းပြင် ဂိတ်တံခါးများထက် တောင်းဆိုချက် များပြားလွန်းလှသည်။ ဘယ်လိုပဲဖြစ်ဖြစ်... နောက်ဆုံး၌ အချိန်မှီ ရောက်လာနိုင်ခဲ့လေရာ သူမ နာမည်ပျက်စရာ မလိုတော့ပါချေ။

ဟူး... ဟူး...

ယန်ချောင်ယွီက ရှန်းကျီးကျိတို့ အုပ်စု အတွင်း ဆင်းသက်လိုက်ကာ စစ်မြေပြင်ကို အကဲခတ် လိုက်၏။ ဓားစွမ်းအင်များက မုန်တိုင်းများ အလား နေရာအနှံ့ ပျံ့ကြဲနေကာ မကြာသေးခင်ကမှ မြေကြီး ရှန့်ထို နှစ်ယောက် တိုက်ခိုက်ခဲ့ကြောင်း ရှင်းလင်းစွာ ဖော်ပြနေသည်။ စစ်မြေပြင်၏ ထောင့်တစ်နေရာတွင်တော့ ဝူယုမှာ နန်စီယန်ကူး၏ အလောင်းထက်၌ လွင့်မြောနေကာ သူမကို လှမ်းကြည့်နေ၏။

“သူက ဝူယုလား...”

ယန်ချောင်ယွီ အနည်းငယ် စိတ်ရှုပ်ထွေး သွားခဲ့၏။ သူမက အဖြေ ရလိုရငြား ရှန်းကျီးကျိကို ပြန်ကြည့် လိုက်သည်။

ရှန်းကျီးကျိက ဖြူရော်စွာ ပြုံးပြကာ အဖြစ်အပျက် မှန်သမျှကို ရှင်းပြလိုက်သည်။ ဝူယုမှာ ဝေ့ဝူယင်ကို ကိုယ်စားပြုကာ ပါဝင်လာတာ မဟုတ်ကြောင်းနှင့် ကိုယ့်ဆန္ဒနှင့်ကိုယ် ပါဝင်တာ ဖြစ်ကြောင်းကိုပါ သာသာထိုးထိုးလေး ထည့်သွင်း ပြောပြလိုက်၏။

ယန်ချောင်ယွီ ဝူယုနှင့် နန်စီယန်ကူးတို့၏ အလောင်းကို တစ်ကြိမ် လှည့်ကြည့်လိုက်၏။ လှံတစ်ချက် အတွင်းမှာပင် တိုက်ပွဲ ပြီးသွားခြင်း... ထိုအကြောင်းအရာကတော့ အတော်လေး ယုံရခက်သည်ဟု သူမ တွေးလိုက်မိ၏။ ဘယ်လိုပဲ ဖြစ်ဖြစ်... ရလဒ်က သူမ ရှေ့တွင် ပေါ်လွင် နေခဲ့ပြီ ဖြစ်သည်။

“သူက ဝေ့ဝူယင်ကို ကိုယ်စားပြု မလာဘူး ဆိုတာ သေချာလား...”

ယန်ချောင်ယွီ မေးလိုက်၏။ ရှန်ကျီးကျိက ခေါင်းခါလိုက်သည်။

“အမှန်အတိုင်း ပြောရရင် ဝေ့ဝူယင် လွှတ်လိုက်တာလား... သူ့သဘောနဲ့သူ လာတာလား ဆိုတာတော့ ကျုပ်လည်း မသေချာဘူး... ဒါပေမဲ့ ဝူယုတစ်ယောက်တည်း လှုပ်ရှားနေတကို ထောက်ရင် ‌ဝေ့ဝူယင်က ဒီကိစ္စမှာ ခေါင်းရှောင်လိုတဲ့ပုံ ရတယ်... ဘယ်လို ရလဒ်ပဲ ထွက်ထွက် သူနဲ့ ကျုပ်တို့ကြားက ဆက်ဆံရေးက ထိခိုက်မှာ မဟုတ်ဘူး”

“...”

ယန်ချောင်ယွီမှာ တိတ်တဆိတ် မျက်မှောင်ကြုတ် နေခဲ့၏။ အတန်ကြာပြီးနောက်မှ ပုံမှန် အတိုင်း ပြန်ဖြစ်သွားကာ လှပစွာ ပြုံးလိုက်သည်။ သူမအား ကြည့်ရသည်က အခြေအနေကို လက်ခံ လိုက်ပုံ ရလေသည်။

ရှန်းကျီးကျိတို့ အဖွဲ့ အတွင်းရှိ အမျိုးသား ကျင့်ကြံသူများမှာ လှပသည့် ယန်ချောင်ယွီကို ခိုးကြည့် နေကြ၏။ သို့သော်လည်း စိတ်ဝင်စားမှုကိုတော့ မည်သူမှ မဖော်ပြရဲကြပါချေ။ မည်သို့ပင် ဆိုစေ... ယန်ချောင်ယွီမှာ မြေကြီး ရှန့်ထို တစ်ယောက် ဖြစ်သည်။ သူမက ခွန်အား၊ သြဇာအာဏာ၊ ရာထူး မည်သည့် ဘက်တွင်မှ နိမ့်ကျခြင်း မရှချေ။ ထိုကဲ့သို့ ဖြစ်တည်မှုမျိုးကို သူတို့ စိတ်ကူး မယဉ်ဝံ့ကြချေ။

“နန်စီယန်ကူးရဲ့ အလောင်းကို ပြန်သိမ်းလိုက်တော့...”

ရှန်းကျီးကျိက အမိန့်ပေးလိုက်၏။ အသက်လတ် မိန်းမကြီး တစ်ဦးက ခေါင်းညိတ်ကာ စစ်မြေပြင်ထံ ပျံသန်း ထွက်ခွာ သွားခဲ့သည်။ သူမက လျှို့ဝှက်ဝိညာဥ် အဆင့် ကျင့်ကြံသူ တစ်‌ယောက် ဖြစ်သည်။ မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် မိန်းမကြီးမှာ နန်စီယန်ကူး၏ အလောင်းနားရှိ ဓားမုန်တိုင်း အကြွင်းအကျန်များထဲသို့ ရောက်ရှိသွားသည်။

“အား...”

ရုတ်ချည်းဆိုသလိုပင် သူမ၏ အဝတ်အစားများက စုတ်ပြတ်သတ်သွားကာ သွေးများဖြင့် ချင်းချင်းနီ သွား၏။ နက်ရှိုင်းသည့် ပြတ်ရှရာများက ခန္ဓာကိုယ် အနှံ့အပြားတွင် ပေါ်လွင်လာခဲ့၏။ တစ်ဒင်္ဂ အတွင်းမှာပင် ဓားမုန်တိုင်း အကြွင်းအကျန်များက သူမ တစ်ကိုယ်လုံးကို ဝါးမြိုကာ သုတ်သင်ပစ်ရန် စိုင်းပြင်း နေခဲ့ပြီ ဖြစ်လေသည်။

“…”

အခြားလူများမှာ ထိုမြင်ကွင်းကို ကြည့်ကာ ဆွံ့အသွားကြသည်။

“ကယ်ပါဦး...”

မိန်းမကြီးက လျှို့ဝှက် ‌အော်ရာများကို အလုံးလိုက် အရင်းလိုက် ထုတ်ဖော်ကာ ခန္ဓာကိုယ်ကို ကာကွယ်ရင်း အော်ဟစ် အကူအညီတောင်း လိုက်၏။ သူမ မသေချင်သေးပေ။ သူမတွင် လုပ်စရာများ ရှိပေသေးသည်။

ရှန်းကျီးကျိက သက်ပြင်းတစ်ချက် ချလိုက်မိ၏။ မြေကြီးရှန့်ထို အဆင့် တစ်ယောက်ကို သေသွားလျှင်ပင် အထက်မသေးသင့်ချေ။ သူ ထိုအရာကို တကယ် မေ့သွားခြင်း ဖြစ်သည်။

ဝှစ်...

ယင်ကျီရန်ရှီမှာ ရှေ့သို့ ပျံတက်သွားကာ သေမျိုးတစ်ပိုင်း အရှင် အဆင့် တစ်ယောက်၏ အော်ရာကို ထုတ်လွှတ် လိုက်၏။ ထို့နောက် သူက ဓားမုန်တိုင်း အကြွင်းအကျန်ထဲ ခုန်ဝင်ကာ မိန်းမကြီးကို ဆွဲထုတ်လိုက်သည်။ မျက်တောင် တစ်ခပ်စာမျှသာ ကြာမြင့်ခဲ့သည့်တိုင် သူ၏ လည်ပင်း၊ ခြေထောက်နှင့် လက်များက ပြတ်ရှရာများနှင့် ပြည့်နှက် နေခဲ့ပြီ ဖြစ်သည်။

ထို့နောက် သူက နန်စီယန်ကူး၏ အလောင်းကိုပါ ဆွဲယူကာ ပြန်လာခဲ့၏။

“...”

လူတိုင်းမှာ ထိုမြင်ကွင်းကို ကြည့်ကာ မြေကြီး ရှန့်ထို အဆင့်များ၏ စွမ်းပကားကို နောက်တစ်ကြိမ် အံ့အားသင့် သွားမိကြသည်။ သူတို့ မရည်ရွယ်ပါပဲ ဝူယုကို ကြည့်လိုက်မိကြ၏။ ထိုအာရုဏ်ဦး စစ်သည်မှာ နန်စီယန်ကူးကို တစ်ချက်တည်းနှင့် သတ်ပစ်ခဲ့သူ ဖြစ်သည်။ ကွာခြားချက်က တကယ် ကြောက်စရာ ကောင်းလှပေသည်။

အခြားတစ်ဖက်၌ မာ့ကျန်းတို့ အုပ်စုမှာ ဝူယုကို ဂုဏ်ယူ လေးစားစွာဖြင့် စောင့်ကြို နေခဲ့ကြ၏။

“ခင်ဗျားလုပ်တာ တကယ့်ကို အံ့ဖွယ်သူရဲပဲ...”

မာ့ကျန်းက ချီးကျူးလိုက်သည်။ ဝူယုက ပခုံးတွန့်ပြလိုက်၏။

“သူက ဒဏ်ရာ ရနေတာ... မဟုတ်ရင် ပိုပြီး အားထုတ်ရမှာ သေချာတယ်”

“ဒဏ်ရာရနေတာလား...”

စွန်းလီမှာ အံ့အားသင့် သွား၏။ နန်စီယန်ကူးက ဒဏ်ရာ ရနေခဲ့သည်လား။ ထိုသို့ဆိုလျှင် ရှန်းကျီးကျိက အဘယ်ကြောင့် လူစားထိုး မရှာသနည်း။ သို့သော်လည်း သူမ ထိုသံသယကို လျှင်မြန်စွာပင် ပယ်ချလိုက်သည်။ ဝူယုမှာ လမ်းစဉ် ရှစ်ခု မြေကြီး ရှန့်ထို အဆင့် တစ်ယောက် ဖြစ်သည်။ မည်သည့် အစားထိုးပဲ လာလာ တူညီသည့် ရလဒ် ထွက်ပေါ်နေဦးမည်သာ ဖြစ်သည်။

“ဘာပဲဖြစ်ဖြစ် နိုင်တာက နိုင်တာပါပဲ...”

မာ့ကျန်းက အပြုံးဖြင့် ဆိုလိုက်၏။ ဖေးယဲ့လီယင်က ဝူယုကို ကြည့်ကာ စိတ်ဝင်စားနေဟန်ဖြင့် မေးလိုက်သည်။

“ရှင် နန်စီယန်ကူးကို သတ်တာ ဝေ့ဝူယင် အမိန့်နဲ့လား... ရှင် ဒီကို လာတာ အခြား ရည်ရွယ်ချက် တစ်ခုခု ရှိ‌သေးလား”

လူတိုင်း၏ အကြည့်များက ဝူယု အပေါ်သို့ ကျရောက်သွား၏။ ထိုအရာက လူတိုင်း သိချင်နေသည့် မေးခွန်းလည်း ဖြစ်ပေသည်။

သို့သော်လည်း... ဝူယုက ပြုံးရုံသာ ပြုံးလိုက်၏။

“ကျုပ်တို့ စထားတာကိုပဲ အရင် အဆုံးသတ် ရအောင်...”

“မှန်တယ်... မှန်တယ်...”

မာ့ကျန်းက ခေါင်းညိတ် ထောက်ခံ လိုက်၏။ သို့သော်လည်း သူတို့ အားလုံးမှာ မြေကြီးရှန့်ထိုများ ဖြစ်ကြပေသည်။ ဝူယုမှာ ငြင်းလည်း မငြင်း၊ ဝန်လည်း မခံသည့်တိုင် “ဒဏ်ရာရထားသည်” ဆိုသည့် စကား တစ်ခုတည်းဖြင့် ဖြစ်နိုင်ချေကို ဆက်စပ် စဉ်းစားခဲ့ပြီး ဖြစ်သည်။ အထူးသဖြင့် ဖေးယဲ့လီယင်ပင်။

နန်စီယန်ကူး ‌ပျောက်သွားသည့် အချိန်ကို တွက်ချက်ကြည့်ပါက ထန်မျိုးနွယ်နှင့် မီးဖီးနစ်တို့၏ တိုက်ပွဲ အပြီးတွင် ဖြစ်ကြောင်း တွေ့ရလိမ့်မည် ဖြစ်သည်။ ထိုနေ့၌... အစစ်အမှန် မွေးဖွားခြင်း၏ မြေကြီး ရှန့်ထို သုံးယောက်နှင့် နယ်မြေခြား ကျင့်ကြံသူတို့ တိုက်ခိုက်ကြသေးသည်။ ဝိညာဥ်မြှင့်တင်ခြင်း ရှန့်ထို အနေဖြင့် ထိုတိုက်ပွဲကို သူမ အနီးကပ် ကြည့်ခဲ့ရသည်။

တိုက်ပွဲ၌ နယ်မြေခြား ကျင့်ကြံသူက မြေကြီးရှန့်ထို သုံးယောက်ထဲမှ တစ်ယောက်ကို သတ်ဖြတ်ပစ်ခဲ့ကာ ထိုတစ်ယောက်က အစစ်အမှန် ထန်းလန် ဧကရာဇ် ဖြစ်သည်။ အခြား နှစ်‌ယောက်ကတော့ ကြီးမားသည့် ဒဏ်ရာများနှင့် ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။

နောက်သိပ်မကြာခင် ရက်ပိုင်း အတွင်း မနီးမဝေး တစ်နေရာ၌ ထန်းလန် ဧကရီကို သေဆုံးလျှက် ပြန်တွေ့ခဲ့ရသည်။ နောက်တစ်ယောက်ကတော့ ယနေ့တိုင် ပျောက်ဆုံးနေဆဲ ဖြစ်သည်။

နောက်ပိုင်း၌ ဝေ့ဝူယင်မှာ မီးဖီးနစ် ပိုင်ရှင် ဖြစ်ကြောင်း သိလာရလေရာ နယ်မြေခြား ကျင့်ကြံသူမှာလည်း ဝူယု ကဲ့သို့ပင် သူ့လက်အောက်မှ ကျင့်ကြံသူ တစ်‌ယောက် ဖြစ်ကြောင်း ရှင်းလင်းပေသည်။ ကြည့်ရသည်က နန်စီယန်ကူးမှာ နယ်မြေခြား ကျင့်ကြံသူ၏ လက်ထဲမှ ဒဏ်ရာရ ထွက်ပြေးသွားသည့် တတိယမြောက် ကျင့်ကြံသူ ဖြစ်နိုင်သည်။ ထို့ကြောင့်ပင် ဝေ့ဝူယင်က ဝူယုကို သတ်ဖြတ်ရန် ညွှန်ကြားလိုက်ခြင်း ဖြစ်ပေလိမ့်မည်။

အခြားတစ်ဖက်၌... ရှန်းကျီးကျိမှာ ယန်ချောင်ယွီကို ဒုတိယမြောက် စိန်ခေါ်ပွဲ အဖြစ် ဖေးယဲ့လီယင်နှင့် ရင်ဆိုင်ရမည် ဖြစ်ကြောင်း ဆက်လက် ရှင်းပြ နေခဲ့၏။ တတိယ စိန်ခေါ်ပွဲ အကြောင်း ကြားရချိန်တွင်တော့ ယန်ချောင်ယွီ၏ အမူအရာက အကြီးအကျယ် ပြောင်းလဲ သွားတော့သည်။

“နန်းတော်သခင်ရှန်း... ဒီတိုက်ပွဲမှာ မရှုံးရုံနဲ့ ရွှေရောင် အသက်နန်းတော် အ‌ပေါ်တင်နေတဲ့ အကြွေးတွေ၊ ဝိညာဥ်ကျိန်စာတွေကို အကုန် လျှော်ပေးမယ် ဆိုတာ တကယ်နော်”

သူမက ရှန်းကျီးကျိကို ကြည့်ကာ အလေးအနက် မေးလိုက်၏။ ရှန်းကျီးကျိက အနည်းငယ် မျက်မှောင်ကြုတ် လိုက်သည်။ သို့သော်လည်း ဘယ်သူမှ သတိမထားမိခင်မှာပင် ထိုအမူအရာက ပြန်လည် ကွယ်ပျောက်သွားကာ ခေါင်းညိတ်လိုက်၏။

“ဒါပေါ့... ကြေအေးပေးမှာပါ”

ယန်ချောင်ယွီက ခေါင်းညိတ်လိုက်၏။ သူမက နောက်ထပ် ဘာစကားမှ မဆိုတော့ပါချေ။ ရှန်းကျီးကျိကလည်း ဆက်လက် အချိန်ဆွဲ မနေတော့ချေ။ သူက စည်းစိမ်ကွင်းပြင်၏ အလယ်ဗဟိုကို ‌နောက်တစ်ကြိမ် ပျံသန်း သွားလိုက်၏။ ဝိညာဥ်အလင်းများက နောက်တစ်ကြိမ် ကျဆင်းလာကာ ဒုတိယမြောက် ပွဲစဉ်ကို ကြေညာဖို့ စတင် လိုက်သည်။

“အခု လာမှာကတော့ ဒုတိယမြောက် စိန်‌ခေါ်ပွဲစဉ်ပါပဲ...”

“စိန်ခေါ်ခံရသူဘက်က ချန်ပီယံ... တစ်နည်းဆိုရရင် ကျုပ်ရဲ့ ချန်ပီယံကတော့ တစ်လောကလုံးမှာ အသန်မာဆုံး ကောင်းကင် ဧကရာဇ် မျိုးနွယ်ကနေ ဆင်းသက်လာတဲ့ လေပြည်ကောင်းကင် ဧကရီ... ယန်ချောင်ယွီပဲ ဖြစ်ပါတယ်”

“စိန်ခေါ်သူ မာ့ကျန်းဘက်က ချန်ပီယံကို မိတ်ဆက်ရရင်ဖြင့် ဘယ်သူမှ မေ့နိုင်လိမ့်မှာ မဟုတ်တဲ့ ကြယ်ကိုးပွင့် ရှန့်ထို ခန်းမရဲ့ တစ်ချိန်တစ်ခါက ပါရမီရှင်... ဝိညာဥ် မြှင့်တင်ခြင်း အစစ်အမှန် ဧကရီ ‌ဖေးယဲ့လီယင်ပဲ ဖြစ်ပါတယ်”

“...”

ဖေးယဲ့လီယင်နှင့် ယန်ချောင်ယွီ...

လူတိုင်း၏ နှလုံးသားများက စိတ်လှုပ်ရှားမှုများဖြင့် ပေါက်ကွဲ သွားကြ၏။

ဝှစ်... ဝှစ်...

မကြာခင်မှာပင် လှပသည့် မိန်းကလေး နှစ်ယောက်မှာ စည်းစိမ် ကွင်းပြင်၏ ထောင့်တစ်ဖက်တစ်ချက်တွင် ပေါ်လာခဲ့ကြ၏။

“ကဲ... ဒုတိယမြောက် စိန်ခေါ်ပွဲကို စလိုက်ကြတာပေါ့...”

***

All Chapters