← Chapters

ယန်ချောင်ယွီနှင့် ဖေးယဲ့လီယင် (၃)

Vol. 69 Ch. 957

ယန်ချောင်ယွီနှင့် ဖေးယဲ့လီယင် (၃)

Vol. 69 Ch. 957

လွန်ခဲ့သည့် တစ်စက္ကန့်...

မြေပြင်ပေါ် အရှိန်အဟုန်ဖြင့် ကျဆင်းသွားသည့် အဆုံးမဲ့လေ သဲနာရီကို ကြည့်ကာ ရှန်းကျီးကျိ၊ စွန်းလီ၊ ဝူယုနှင့် မာ့ကျန်းတို့ အားလုံး၏ မျက်လုံးများက တုန်လှုပ်ခြင်းများနှင့် ပြည့်နှက် သွား၏။

မာ့ကျန်းမှ လွဲ၍ ကျန်မြေကြီး ရှန့်ထိုများမှာ ချက်ချင်းပင် တုန့်ပြန်လာကြကာ ကိုယ်ပိုင် လျှို့ဝှက် စွမ်းအင်များကို အရှေ့ရှိ အကာအကွယ်ထံ သွန်းလောင်း အားဖြည့်လိုက်ကြသည်။

စွန်းလီနှင့် ဝူယုတို့၏ ပူးပေါင်း အားထုတ်မှု အောက်တွင် သူတို့ဘက်ခြမ်းမှ အကာအကွယ်မှာ တစ်ခဏ အတွင်း အဆပေါင်းများစွာ ပိုမို ထူထပ် သွားခဲ့သည်။ သို့သော်လည်း... ရှန်းကျီးကျိတို့ ဘက်တွင်တော့ မြေကြီး ရှန့်ထိုက တစ်ယောက်တည်း ဖြစ်လေရာ အနည်းငယ် အားနည်းလှ၏။

ရှန်းကျီးကျိ ကိုယ်တိုင်မှာ ထိုအချက်ကို သဘောပေါက်လေရာ ကျယ်လောင်စွာ ဟိန်းဟောက်၍ နဖူးကို ထိလိုက်၏။ မန်နာ အမျိုးအစား လျှို့ဝှက် သင်္ကေတက အပြည့်အဝ အသက်ဝင်လာကာ သူ့ သူငယ်အိမ်များမှာ ငွေရောင် အဖြစ် ပြောင်းလဲ သွားသည်။

ဟူး...

အလွန် ပမာဏ များလှစွာသော အာကာသ စွမ်းအင်များမှာ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ ပတ်ဝန်ကျင်ရှိ လူတိုင်းကို ဖုံးလွှမ်းသွားသည်။ ယင်ကျိရန်ရှီက ထိတ်လန့်တကြားဖြင့် အော်ဟစ်ဖို့ ကြိုးပမ်းလိုက်၏။

“ယန်ချောင်ယွီက သူ့ရဲ့...”

သို့သော်လည်း စကား မဆုံးလိုက်ချေ။ သူတို့အားလုံး ပျောက်ကွယ်သွား၏။

“သူတို့တွေ ထွက်ပြေးသွားပြီ...”

မာ့ဆုကျင်းက ထိုအရပ်ကို အံ့အားသင့်စွာဖြင့် လှမ်းကြည့်ရင်း ရေရွတ် လိုက်သည်။ ရှန်းကျီးကျိ အဘယ်ကြောင့် အားချင်း ဆုတ်ခွာသွားကြောင်း သူမ နားမလည်နိုင်ချေ။ မည်သို့ပင် ဆိုစေ... သူ ကိုယ်တိုင်လည်း မြေကြီး ရှန့်ထို တစ်ယောက်ပင် မဟုတ်ပါလော။ ထို့အပြင်... ယန်ချောင်ယွီမှာ သူတို့ကို ဦးတည်ကာ တိုက်ခိုက်လိုက်ခြင်းပင် မဟုတ်ချေ။

ဘုန်း...

ထိုအခိုက်တွင်ပင် ယန်ချောင်ယွီ၏ ရတနာမှာ မြေပြင်ပေါ် ကျကာ ပေါက်ကွဲ သွား၏။ လေပြင်းများက စတင်၍ တဟူးဟူး တိုက်ခတ်လာကာ တစ်လောကလုံးကို လွှမ်းခြုံသွားသည်။

မာ့ဆုကျင်းမှာ စိတ်ဝင်စားသွားကာ လက်ကို မကြည့်လိုက်၏။ မကြာခင် သူမ၏ မျက်လုံးများက အံ့သြ ထိတ်လန့်မှုများနှင့် ပြည့်နှက် သွားသည်။ သူမ လေများကို ခံစားရသည်။ သို့သော်လည်း ၎င်းက ပြင်းထန်သည့် မုန်တိုင်း တစ်ခုတော့ မဟုတ်ပါချေ။ သာမန် လေပြည်လေညင်း ကလေးများသာ ဖြစ်သည်။ သေမျိုးတစ်ယောက် အပေါ်တွင်ပင် အန္တရာယ် တစ်စုံတစ်ရာ မရှိပါချေ။

သို့သော်လည်း... လက်ရှိ သူမရပ်နေသည်က စွန်းလီနှင့် ဝူယုတို့ ပူးပေါင်း ကာကွယ်ထားသည့် အကာအကွယ်လွှာ အတွင်းတွင် ဖြစ်သည်။ ဝူယုမှာ လမ်းစဉ် ရှစ်ခု လျှို့ဝှက် အာဏာရှင် တစ်ယောက် ဖြစ်သည်။ ထိုကဲ့သို့ နေရာမျိုးကိုပင် ၎င်းလေများမှာ စိမ့်ဝင်နိုင်နေဆဲ ဖြစ်သည်။ အကာအကွယ် အပြင်ဘက်တွင် ဆိုလျှင် မည်မျှ ကြောက်စရာ ကောင်းလိုက်မည်နည်း။

စစ်မြေပြင်၌...

ဖေးယဲ့လီယင်၏ မျက်လုံးမျးက ကျဉ်းမြောင်း သွား၏။ သူမက ချိတ်ဆက် ဝင်္ကပါ ထုတ်ဖော် နေမှုကို ချက်ချင်းပင် ရပ်တန့်လိုက်ကာ လက်ဟန် ချိပ်စည်းများကို အဆက်မပြတ် ဖန်တီး လိုက်သည်။ နောက်ဆုံးတွင်တော့ သူမက လက်ချောင်းများကို ပြင်းထန်သည့် စွမ်းအားနှင့် ဆုပ်လိုက်လေ၏။

ပင်လယ် စောင့်ရှောက်သူ... ‌ရှေးဟောင်းကောင်းကင် အခွံလွှာ...

“စုစည်းစိမ်း...”

“ဘုန်း...”

ဖေးယဲ့လီယင် အမိန့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် ရေစက်များမှာ သစ္စာခံ စစ်သည်တော်များ အလား အတူတကွ စုစည်းလာကာ သူမ၏ လျှို့ဝှက် အကာအကွယ်အလွှာနှင့် ပေါင်းစပ် သွားကြ၏။Tချက်ချင်းပင် လျှို့ဝှက် အကာအကွယ်လွှာ၏ အပြာရောင်က နက်မှောင်လာသည်။ ၎င်းက သူမ ထုတ်ဖော်ဖူးသမျှ အသန်မာဆုံးသော အကာအကွယ် အဆင့် ဖြစ်ပေသည်။

ဖေးယဲ့လီယင်မှာ အလျှင်အမြန် တုန့်ပြန်ခဲ့သည့်တိုင် ထိုလှုပ်ရှားမှုများက လုံလောက်အောင် မမြန်ခဲ့ပါချေ။ လေများက ဖွံဖြိုးဆဲ လျှို့ဝှက် အကာအကွယ်လွှာကို ဖြတ်သန်း တိုက်ခတ်လာတာ သတိထားမိသော အခိုက်၌ အဆိုးရွားဆုံး ကပ်ဘေး တစ်ခု ဖြစ်ပေါ်လာတော့မည် ဖြစ်ကြောင်း သူမ သိရှိ လိုက်၏။ လုံးဝ တားဆီး၍ မရနိုင်သော ကပ်ဘေး တစ်ခုပင်...။

ဤချိပ်ပိတ် ကမ္ဘာထဲမှ အလျှင်မြန်ဆုံး ဆုတ်ခွာ ထွက်ပြေးသင့်သည် ဖေးယဲ့လီယင် ခံစားလိုက်ရ၏။ သို့သော်လည်း သူမ ထိုအတွေးကို ချက်ချင်း ပြန်လည် ပယ်ချလိုက်သည်။ အရှုံးပေးခြင်းက ကိုယ့်ဘဝကို ဖျက်ဆီးလိုက်ခြင်းသာ မကချေ။ မာ့ကျန်း၏ နှစ်ပေါင်း ထောင်ချီ ဇာတ်ညွှန်းကိုပါ ရှုံးနိမ့်ခြင်းနှင့် အဆုံးသတ် သွားစေလိမ့်မည် ဖြစ်သည်။

သူမ နိုင်မှ ဖြစ်ပေလိမ့်မည်။

ရွှီး... ရွှီး...

လေပြင်းများမှာ လေချွန်သံများကို ပေးကာ အဆပေါင်း ထောင်ချီအောင် ပိုမို ပြင်းထန်လာ၏။ ဖေးယဲ့လီယင် အံကို တင်းတင်းကြိတ်ရင်း အကာအကွယ် အလွှာကို ထပ်မံ မြှင့်တင်လိုက်၏။ မည်သည့် အရာ လာနေကို ကြည့်ရန် သူမ ဆုံးဖြတ် လိုက်ပြီ ဖြစ်သည်။

...

မုန်တိုင်းကြီး တစ်ခုလုံးကား လေဆင်နှာမောင်းလေး တစ်ခုမှ စတင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းက တစ်ပေမျှပင် ကြီးမားခြင်း မရှိပဲ ကွဲကြေသွားသည့် သဲနာရီထဲမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ အစ ပထမ၌ ၎င်းက လှည့်ပတ် ကစားနေသည့် အပြစ်ကင်းစင်သော လေပွေဝဲလေး တစ်ခုလိုပင် ဖြစ်သည်။ ထို့နောက်... တဖြည်းဖြည်း ကြီးထွား လာခဲ့၏။

တစ်မီတာ...

နှစ်မီတာ...

ခြောက်မီတာ...

၎င်းက အဆုံးသတ်ခြင်း မရှိသးချေ။ စည်းစိမ် ကွင်းပြင် အတွင်းရှိ အဆုံးမဲ့ လေရင်းမြစ်များ၏ အကူအညီနှင့် အတူ ဆယ်မီတာ အထိ ကြီးထွားလာခဲ့၏။

ထိုမှ တစ်ဆင့် မီတာ တစ်ရာ၊ မီတာ တစ်ထောင်...

မကြာခင်မှာပင် တစ်လက်မ အရွယ်အစား ရှိသည့် လေဆင်နှာမောင်းလေးက စည်းစိမ် ကွင်းပြင်၏ မျက်နှာကျက်ကိုပင် ထိသည် အထိ ကြီးပြင်း လာခဲ့တော့သည်။ မျက်နှာကျက်နှင့် ထိတွေ့ပြီး နောက်၌ ၎င်း၏ မြင့်မားမှုက ရပ်တန့်သွားကာ ဘေးတိုက် စတင် ပြန့်ကား လာခဲံသည်။

တစ်မိုင်...

နှစ်မိုင်

ဆယ်မိုင်...

မိုင်တစ်သောင်း...

ကြီးထွားမှုနှုန်းက မြန်ဆန်လွန်းလှသလို ဖျက်ဆီးနိုင်စွမ်းကလည်း အလွန်အမင်း ကြောက်စရာ ကောင်းလွန်းလှသည်။ သဘာဝ ဘေးဒဏ်ကြောင့် အုတ်ကြွတ်အမိုးများ ပျက်စီး သကဲ့သို့ အမိုးမှ ငွေရောင် အပိုင်းအစများမှာ လွင့်ပျံ ကုန်၏။ ထိုနေရာ၌ လျှို့ဝှက် သင်္ကေတ အပိုင်းအစများသာလျှင် ကျန်ရစ်ခဲ့ကာ လေဆင်နှာမောင်းကို ကျားကန် တားဆီးထားသည်။

ဖေးယဲ့လီယင်မှာ ပင်လယ် မျက်ရည်၏ ကာကွယ်မှု အောက်၌ ရှိနေ၏။ သူမ၏ ပတ်လည်ရှိ မိုးရေစက် ၃၂၃၇၆၂ စက်မှာ ပြိုင်စံရှား မြေဆွဲအား စွမ်းအင်နှင့် ဝိညာဥ်ခွန်အားတို့ကို သယ်ဆောင်ထားသည်။ ၎င်းတို့ တစ်စက်ချင်းစီက ဂြိုဟ်ကြီး တစ်ခုလုံးကိုပင် ဆွဲနှစ်နိုင်သည့် ရေစွမ်းအင်တို့ကို ထုတ်လွှတ်နေ၏။ တစ်နည်းအားဖြင့် ဖေးယဲ့လီယင်မှာ ဂြိုဟ်အသေးစား ၃၂၃၇၆၂ စက်၏ ဝန်းရံ ကာကွယ်မှု အောက်၌ ရှိနေသည်ဟု ဆိုလိုပေသည်။

အကယ်၍ သူမသာ ပင်လယ်မျက်ရည်များကို ဖြိုခွဲလိုက်ပါက စည်းစိမ် ကွင်းပြင် တစ်ခုလုံး အဆုံးမဲ့ ရေထုဖြင့် ပြည့်နှက် သွားလိမ့်မည် ဖြစ်သည်။ အပြန်အလှန် အနေဖြင့် သူမ နှစ်ထောင်ပေါင်းများစွာ သန့်စင်ထားခဲ့သည့် မျက်ရည် ပင်လယ်က ကြီးမားစွာ ထိခိုက်သွားလိမ့်မည် ဖြစ်သည်။

ယန်ချောင်ယွီ၏ အမူအရာက တည်ငြိမ်နေ၏။ အဆုံးမဲ့လေ သဲနာရီကို ဖျက်ဆီးလိုက်ခြင်း အတွက် သူမ အမူအရာတွင် မည်သည့် နာကျင်မှုမှ မရှိပါချေ။ သူမ၏ မျက်လုံးများက ဖေးယဲ့လီယင်၏ လိပ်ခွံ ကဲ့သို့ အကာအကွယ်ကိုသာ စိုက်ကြည့် နေ၏။ သူမက အင်အား ပြင်းပြင်းနှင့် ချဉ်းကပ်မှုကို ရပ်တန့်ခြင်း မပြုပါချေ။ နောက်ရှိ လေမုန်တိုင်း၏ အဆက်မပြတ် ကြီးထွားလာမှုနှင့် အတူ သူမက လက်သီးကို ဆုပ်ကာ ဖေးယဲ့လီယင်ကို ထိုးချလိုက်တော့၏။

ဖေးယဲ့လီယင်၏ အမူအရာက ပြောင်းလဲ သွား၏။ သူမ မလှုပ်ရှားနိုင်ပါချေ။ ထိုအခိုက်၌ သူမ၏ ခွန်အား အလုံးစုံကို ဂြိုဟ်ပေါင်း သုံးသိန်းကျော်နှင့် ညီမျှသည့် ရေစွမ်းအင်များကို ထိန်းချုပ်ရန် အသုံးပြု ထားရခြင်းဖြစ်သည်။ ထိုလက်သီးချက်အား ခုခံရန် သူမထံ၌ စွမ်းအား တစ်စက်မျှ မကျန်ရှိတော့ပါချေ။

ယန်ချောင်ယွီ၏ မျက်လုံးများက ထိုအရာကိုပင် လိုချင်တာ ဖြစ်ကြောင်း ရှင်းလင်းလှ၏။ သို့သော်လည်း ဖေးယဲ့လီယင် နားမလည်နိုင်သည့် အရာ ရှိနေခဲ့၏။ ယန်ချောင်ယွီမှာ သူမ၏ နောက်မှ နီးကပ်လာနေသည့် လေမုန်တိုင်း၏ အန္တရာယ်ကို သတိမိပြုမိစရာ အကြောင်း မရှိချေ။

ကိုယ်ပိုင် လေစွမ်းအင်များ ဖြစ်သောကြောင့် ထိုမုန်တိုင်းက ယန်ချောင်ယွီကို အန္တရာယ် မပြုနိုင်ဟု ယူဆလျှင် လုံးဝ ရူးမိုက်ရာ ကျသွာလိမ့်မည် ဖြစ်သည်။ လျှင်မြန်စွာ နီးကပ်လာနေသည့် မုန်တိုင်းမှာ သူမ ထိန်းချုပ်နိုင်သည့် အကန့်အသတ် အတွင်း၌ ရှိမနေပါချေ။ ဥပမာ မီးကျင့်ကြံသူ တစ်ယောက် ဆိုပါစို့...။ သူက မီးတောက်များကို ထိန်းချုပ်နိုင်စွမ်း ရှိသည့်တိုင် အပူချိန်မှာ ခန္ဓာကိုယ် အကန့်အသတ်ကို ကျော်လွန်သွားပါက ထိုကိုယ်ပိုင် မီးတောက်များနှင့် လောင်ကြွမ်း ပြာကျ သွားလိမ့်မည် ဖြစ်သည်။

မုန်တိုင်း အတွင်း စီးမြောနေသည့် ဖျက်ဆီး အင်အားမျာ အလွန်ပင် အကန့်အသတ် မဲ့လှလေရာ ယန်ချောင်ယွီကိုပင် အပိုင်းပိုင်း အစစ ဖြစ်အောင် ဖျက်ဆီး ပစ်နိုင်မှာ သေချာလှသည်။ အကယ်၍ လွတ်မြောက်အောင် မပြေးနိုင်ပါက သူမလည်း သေသွားပေလိမ့်မည်။

သို့သော်လည်း ယန်ချောင်ယွီ၏ အမူအရာက အနည်းငယ်ပင် ကြောက်လန့်မှု မရှိပဲ လက်သီးကိုပင် ဆုပ်ကာ သူမကို တိုက်ခိုက်ဖို့ ကြိုးစား နေသည်။

အဘယ်ကြောင့်နည်း။

သို့သော်လည်း ဖေးယဲ့လီယင်မှာ ထိုလက်သီးချက် အပေါ် များစွာ စိုးရိမ်ခြင်း မရှိပါချေ။ သူမ ဖန်တီးနေသည့် အကာအကွယ် အလွှာက ပြီးပြည့်စုံခြင်း မရှိသေးသည့်တိုင် ထိုလက်သီး စွမ်းအားလောက်ဖြင့် ထိုးဖောက်ဖို့ အလှမ်း ကွာဝေး နေဆဲ ဖြစ်သည်။

“သူက ကိုယ့်ကိုယ်ကို သေကြောင်းကြံနေတာလား...”

***

All Chapters