← Chapters

ရလဒ်

Vol. 69 Ch. 958

ရလဒ်

Vol. 69 Ch. 958

ဘုန်း...

ယန်ချောင်ယွီ၏ လက်သီးချက်က ပတ်ဝန်းကျင်ရှိ လျှို့ဝှက် စွမ်းအင်များကို စုစည်းကာ ဖေးယဲ့လီယင်၏ အကာအကွယ်လွှာပေါ် ကျရောက်သွား၏။ လက်သီးအတွင်း ပါဝင်နေသည့် စွမ်းအားက အလွန်ပင် ပြင်းထန်ကာ သာမန်ဂြိုဟ် တစ်လုံးကိုပင် အပိုင်းပိုင်း အစစ ဖြစ်အောင် ဖျက်ဆီးပစ်နိုင်စွမ်း ရှိသည်။ သို့သော်လည်း လျှို့ဝှက် အကာအကွယ် အတွက်တော့ ၎င်းက နူးညံ့ သိမ်မွေ့သည့် ထိခတ်မှု တစ်ခုသာ ဖြစ်လေ၏။ မသိပါက လူတစ်ယောက် ရေအိုင်ကြီး တစ်အိုင်ကို လက်သီးဖြင့် ထိုးလိုက်သလိုပင်။

အသံကျယ်သည့်တိုင် အန္တရာယ် ကင်းမဲ့လှ၏။

ရေအကာအကွယ် မျက်နှာပြင်ထက်၌ လှိုင်းအချို့ ထသွားရုံမှ တစ်ပါး မည်သည့် အရာမှ ဖြစ်မလာခဲ့ပါချေ။ ဖေးယဲ့လီယင် ယန်ချောင်ယွီကို လျစ်လျူကာ တဖြည်းဖြည်း နီးကပ်လာနေသည့် အစိမ်းရောင် မုန်တိုင်းကြီးကို လှမ်းကြည့် လိုက်၏။ ကြောက်ရွံ့ ထိတ်လန့်သည့် အငွေ့အသက်များက သူမ၏ မျက်လုံးများထဲတွင် မွေးဖွားလာခဲ့သည်။

ဘုန်း... ဘုန်း...

သို့သော်လည်း ယန်ချောင်ယွီကတော့ အဆက်အပြတ် လက်သီးချက်များကို ဆက်လက် ထုတ်ဖော်နေဆဲ ဖြစ်သည်။ သူမ၏ လှုပ်ရှားမှုများက အလွန်ပင် မြန်ဆန်လှကာ စက္ကန့် အနည်းငယ် အတွင်းမှာပင် အကြိမ်ပေါင်း တစ်ထောင်ကျော် ထိုးနှက်ခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း... လျှို့ဝှက် အကာအကွယ်လွှာက မထိမခိုက် အကောင်းတိုင်း ရှိနေသေးဆဲပင်။

ဖေးယဲ့လီယင်မှာ သုန်မှုန်သည့် အမူအရာဖြင့် ယန်ချောင်ယွီ သေကြောင်းကြံနေသည့် လုပ်ရပ်ကို ဆက်လက် ကြည့်နေခဲ့သည်။ သူမ အပေါ် ထိခိုက်မှု မရှိသေးသည့်တိုင် ယန်ချောင်ယွီ အတွက် ကိုယ်ပိုင် အကာအကွယ် တစ်ခု ဖန်တီးရန် သို့မဟုတ် ထွက်ပြေးရန် နောက်ကျလွန်း နေခဲ့ပြီ ဖြစ်သည်။

မုန်တိုင်းက ယန်ချောင်ယွီကို ဝါးမြိုရန် ခုန်အုပ်လိုက်သည့် အခိုက်တွင်ပင် ဖေးယဲ့လီယင်၏ မျက်လုံးများမှာ အကန့်အသတ်ထိ ရောက်အောင် ကျဉ်းမြောင်း သွားခဲ့၏။

“နင်...”

မာ့ကျန်းတို့ အုပ်စု ဖြစ်စေ၊ အလင်း မျက်နှာပြင်များထက်မှ ကြည့်နေကြသည့် လူများ ဖြစ်စေ... ထိုအခိုက်အတန့်မှ စ၍ ဘာကိုမှ မြင်နိုင်စွမ်း မရှိကြတော့ချေ။ သူတို့ တွေ့မြင်ရသမျှက မြေကြီး ရှန့်ထို နှစ်ယောက်ကို ဖုံးအုပ် ဝါးမြိုသွားသည့် လေမုန်တိုင်းများသာ ဖြစ်သည်။ သူတို့၏ ဝိညာဉ်အာရုံများ ပင်လျှင် အဆုံးမဲ့ လေမုန်တိုင်းများ၏ တွန်းဖယ်မှုကို ခံလိုက်ကြရ၏။ သို့သော်လည်း... မည်သူမှ စည်းစိမ် ကွင်းပြင် အတွင်းကို ဝင်ရောက် မကြည့်ရဲကြပါချေ။

“ဘာတွေ ဖြစ်သွားတာလဲ...”

အခြားတစ်ဖက်၌ ဝိညာဥ်ကျောက်တိုင်များမှ ကြည့်နေကြသည့် ကျင့်ကြံသူများမှာလည်း ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ ဝိညာဉ်ကျောက်တိုင်များမှာ သူတို့၏ ဝိညာဥ်အာရုံများကို လက်ခံခြင်း မရှိပဲ တွန်းဖယ် နေသည်။

ရှန်းကျီးကျိက အလျှင်အမြန်ပင် ပြောလိုက်၏။

“အားလုံးကို တောင်းပန်ပါတယ်... လက်ရှိ အခြေအနေက အတော်လေးကို အန္တရာယ် များနေတဲ့ အတွက် ဝိညာဥ် ပုံရိပ်ယောင် ကျောက်တိုင်ထဲကို ဝိညာဉ်အာရုံတွေ ထိုးဖောက် ကြည့်ရှုမှုကို တားဆီးထားပါတယ်... အားလုံးရဲ့ လုံခြုံ‌ရေး အတွက် စက္ကန့်ပိုင်းလောက် စောင့်ပေးကြပါ”

ချက်... ချက်... ချက်...

စက္ကန့်များက တရွေ့ရွေ့ ဆက်လက် ရွေ့လျားနေ၏။ စိတ်လှုပ်ရှားစွာဖြင့် စောင့်ဆိုင်း နေကြရသူများ အတွက်တော့ တစ်စက္ကန့်ချင်းစီတိုင်းက တစ်ရက်လို ကြာမြင့် လှပေသည်။

ဤသို့နှင့် လေးမိနစ် ကြာမြင့်ပြီးနောက်...

ဝိညာဉ် ပုံရိပ်ယောင် ကျောက်တိုင်မှာ သူတို့၏ ဝိညာဥ်အာရုံများကို ပြန်လည် ခွင့်ပြု လာခဲ့၏။ အားလုံးမှာ လောဘတကြီးပင် ဝိညာဥ်အာရုံများကို အထဲသို့ ပို့လွှတ် လိုက်ကြတော့သည်။

ထို့နောက်... တွေ့မြင်လိုက်ရသော မြင်ကွင်းက သူတို့ကို လုံးဝ ဆွံ့အ သွားစေခဲ့တော့၏။

ပုံရိပ်နှစ်ခု...

သွေးများ ဖုံးလွှမ်းနေသည့် ပုံရိပ်နှစ်ခုမှာ တစ်ယောက်နှင့် တစ်ယောက် မိုင်အနည်းငယ်စီ ခြားနား၍ လှဲလျောင်း နေခဲ့ကြသည်။ သူတို့မှာ ယန်ချောင်ယွီနှင့် ဖေးယဲ့လီယင်တို့မှ လွဲ၍ မည်သူ ဖြစ်နိုင်တော့မည်နည်း။

အော်ရာများ အရဆိုလျှင် သူတို့ နှစ်ယောက်စလုံးမှာ သတိလစ် နေခဲ့ကြခြင်း ဖြစ်သည်။ သူတို့၏ အဝတ်အစားများက စုတ်ပြဲနေ၏။ ဖေးယဲ့လီယင်ဆိုလျှင် အပေါ် ဝတ်စုံတစ်ခုလုံး စုတ်ပြနေကာ ပန်းရောင် အောက်ခံ အင်္ကျီပင်လျှင် ပေါ်လွင် နေခဲ့ပြီ ဖြစ်သည်။ ယန်ချောင်ယွီမှာလည်း အောက်ပိုင်း အနားစများ လွင့်စဉ် သွားကာ ရှည်လျားသော ပေါင်တံများပင် ပေါ်နေခဲ့၏။ ကံကောင်း ထောက်မစွာပင် သူတို့ နှစ်ယောက် စလုံး၏ အဓိက နေရာများကတော့ လုံခြုံနေဆဲ ဖြစ်ပေသည်။

ထိုအခိုက်၌ မိန်းကလေး နှစ်ယောက်၏ အဝတ်အစားများထက် လူတိုင်း ပိုစိတ်ဝင်စားနေသည့် တစ်ချက် တစ်ချက် ရှိပေသည်။ ၎င်းက မည်သည့် ရလဒ် ထွက်သွားသနည်း ဆိုသည့် မေးခွန်းပင်။

ဝှစ်...

ရှန်းကျီးကျိနှင့် အခြားလူများမှာ စည်းစိမ် ကွင်းပြင်တွင် ပြန်လည် ပေါ်လာခဲ့၏။ သူတို့ အားလုံးက ရှန်းကျီးကျိ ဖန်တီးထားသည့် လျှို့ဝှက် အကာအကွယ် အတွင်း ရှိနေပေသည်။ စည်းစိမ် ကွင်းပြင် အတွင်း၌ လေမုန်တိုင်း အကြွင်းအကျန်များက တိုးဝှေ့နေဆဲ ဖြစ်လေရာ သေမျိုးတစ်ပိုင်း အရှင် အဆင့်များပင် အချိန် မရွေး ဒုက္ခရောက် သွားနိုင်ပေသည်။

ရှန်းကျီးကျိက မိန်းကလေး နှစ်ယောက် အနားသို့ သွားကာ သူတို့၏ အသက် အင်အားများကို စစ်ဆေး လိုက်၏။ သူတို့ နှစ်ယောက်စလုံး သေဆုံးမည့် လက္ခဏာ မရှိသည်ကို သတိထားမိသော အခိုက်၌ သူက ခေါင်းတစ်ချက် ညိတ်လိုက်သည်။ သူတို့ နှစ်ယောက်စလုံးက တူညီသည့် ဒဏ်ရာများ ရနေကြကာ ကွာခြားမှု ဟူ၍ မရှိသလောက်ပင် ဖြစ်သည်။

ရှန်းကျီးကျိ အနည်းငယ် မျက်မှောင်ကြုတ် လိုက်မိ၏။ မည်သူက နိုင်၍ မည်သူက ရှုံးသွားသနည်း။ မေးရန်မှာလည်း နှစ်ယောက်စလုံးက သတိလစ်နေသည်။ အကယ်၍ နိုးထလာချိန် အထိ စောင့်ဆိုင်း၍ မေးမြန်းရလျှင်လည်း နှစ်ယောက်စလုံးက ဝန်ခံကြလိမ့်မည် မထင်ချေ။

ရှန်းကျီးကျိ သက်ပြင်းတစ်ချက် ချရင်း အဝေးရှိ မာ့ကျန်းကို ကြည့်လိုက်၏။ ထို့နောက် အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းရင်း ကြေညာလိုက်လေသည်။

“တိုက်ပွဲရဲ့ အခြေအနေကတော့ အားလုံး မြင်ကြတဲ့ အတိုင်းပါပဲ... ချန်ပီယံ နှစ်ယောက်စလုံးက သတိလစ် မေ့မြော နေပါတယ်... ဆိုတော့ ပြိုင်ပွဲရဲ့ စည်းမျဉ်းတွေ အရ... ယန်ချောင်ယွီနဲ့ ဖေးယဲ့လီယင်တို့ နှစ်ယောာက် ကြားက တိုက်ပွဲ ရလဒ်ကို သရေ အဖြစ် သတ်မှတ်ပါတယ်”

...

သရေပွဲ...

ထိုအရာက မည်သူမှ မျှော်လင့် မထားသည့် ရလဒ် တစ်ခု ဖြစ်ပေသည်။ သို့သော်လည်း ပရိသတ် အတွက်တော့ အချိုပေါ် သကာရည် လောင်းလိုက်သလိုပင်။

စိန်ခေါ်သူဘက်မှ ဒုတိယ ချန်ပီယံမှာ သရေပွဲကို ဆုပ်ကိုင် နိုင်ခဲ့လေရာ တတိယ စိန်ခေါ်ပွဲကို သူတို့ ဆက်လက် ကြည့်ရှုခွင့် ရတော့မည် ဖြစ်သည်။

ရှန်းကျီးကျိ...

သူက ရွှေရောင် အသက်နန်းတော်၏ လက်ရှိ နန်းတော်သခင် ဖြစ်ကာ အသက်ကိုင်းခွဲ၏ အုပ်ချုပ်ရေးမှူးလည်း ဖြစ်သည်။ ထို့အပြင် မြေကြီးရှန့်ထို တစ်ယောက်လည်း ဖြစ်သည်။

မာ့ကျန်း...

သူကတော့ တတိယ ကိုင်းခွဲ၏ အုပ်ချုပ်ရေးမှူးဟောင်း ဖြစ်သည်။ သူက ရွှေရောင် အသက်နန်းတော်ကို စတင် တည်ထောင်ခဲ့သည့် လူဟောင်းများထဲမှ တစ်ယောက် အဖြစ် ကျော်ကြား၏။

ပထမ တစ်ယောက်က သြဇာအာဏာကို ဆက်လက် ထိန်းသိမ်းရန် တိုက်ခိုက်လိမ့်မည် ဖြစ်ကာ ဒုတိယ တစ်ယောက်ကတော့ သြဇာအာဏာကို အရယူရန် တိုက်ခိုက်ခြင်း ဖြစ်သည်။

သူတို့ နှစ်ယောက် စလုံးမှာ ထိုစိန်ခေါ်ပွဲ အတွက် အကြီးအကျယ် ပြင်ဆင်ထားကြသည့်ပုံ ရကာ ရှန်းကျီးကျိ ဆိုလျှင် အင်ပါယာ မျိုးနွယ်မှ ကောင်းကင် ဧကရာဇ် တစ်ယောက်ကိုပင် ဖိတ်ခေါ် နိုင်ခဲ့သည်။ အခြားတစ်ဖက်၌ မာ့ကျန်းကလည်း ခေခြင်း မရှိချေ။ မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ အလျှို့ဝှက်ဆုံး မဟာသေမျိုး အဂ္ဂိရတ် အာဏာရှင် ဝေ့ဝူယင်၏ အာရုဏ်ဦး စစ်သည်တော် ဝူယုကိုပင် ဖိတ်ခေါ်ထားခဲ့သည်။ ထိုပုဂ္ဂိုလ်ကြီး၏ ဖိနှိပ်မှု အောက်တွင် နန်မျိုးနွယ် ခေါင်းဆောင် နန်စီယန်ကူး ပင်လျှင် သေဆုံး ခဲ့ရသည်။

ဘယ်လိုပဲ ဖြစ်ဖြစ် စိန်ခေါ်သူဘက်မှ ပထမ ချန်ပီယံ နှစ်ယောက်ကတော့ တာဝန်ကြေ သွားခဲ့ပြီ ဖြစ်သည်။ အရာအားလုံးက မာ့ကျန်း ပခုံးပေါ် ကျရောက်လာခဲ့ပြီ ဖြစ်သည်။

အနိုင် သို့မဟုတ် သရေ...

ပြိုင်ပွဲ၏ စည်းမျဉ်းများ အရ အနည်းဆုံး သရေ ရသည်နှင့် မာ့ကျန်းမှာ နန်းတော်သခင် ထိုင်ခုံကို ဆုပ်ကိုင် နိုင်တော့မည် ဖြစ်သည်။ ရှန်းကျီးကျိဘက်ကတော့ အနိုင်မှ တစ်ပါး အခြား ရွေးချယ်စရာ မရှိတော့ချေ။ နန်းတော် သခင် ထိုင်ခုံကို ဆက်လက် ထိုင်ရန် သူ နိုင်ကို နိုင်ရမည် ဖြစ်သည်။

ပရိသတ်များမှာ ရင်တဒုန်းဒုန်း ခုန်သည် အထိ စိတ်လှုပ်ရှား နေကြ၏။ မာ့ကျန်းမှာ သေမျိုး တစ်ပိုင်း အရှင် အဆင့် ကျင့်ကြံခြင်း အခြေခံကိုသာ ပိုင်ဆိုင် ထားသည့်တိုင် အထင်သေး၍ မရချေ။ သူက အနည်းဆုံး သရေ ရလဒ် ရရှိနိုင်သည့် ဝှက်ဖဲ တစ်ခုခုကို ပိုင်ဆိုင်ထားမှာ သေချာသည်။ သူ့လို မြေခွေးအိုကြီးက မပိုင်ပဲ ခြင်ရိုက်လိမ့်မည် မဟုတ်ချေ။

စည်းစိမ်ကွင်းပြင် ထောင့်တစ်နေရာရှိ အကာအကွယ် အလွှာ အတွင်းတွင်တော့...

ဝူယု၊ မာ့ကျန်း၊ စွန်းလီနှင့် မာ့ဆုကျင်တို့မှာ ဘေးကင်း လုံခြုံစွာပင် ရှိနေသေးဆဲ ဖြစ်သည်။ သို့သော်လည်း စွန်းလီ၏ မျက်နှာက အလွန်အမင်း ဖြူရော် နေ၏။ သူမ၏ အသက်ရှူသံများက လေးပင်နေကာ လက်ချောင်းများပင်လျှင် တုန်ရီနေသည်။

လေမုန်တိုင်းအား ဝူယုနှင့် အတူ ပူးပေါင်းကာ တားဆီးရန် အတွက် သူမ ရှစ်ဆယ် ရာခိုင်နှုန်းသော ခွန်အားများကို အသုံးပြုခဲ့ရသည်။ ထိုအရာက အလွန်အမင်း များပြားလှသည့် ပမာဏ ဖြစ်ကာ ပြန်လည် ဖြည့်တင်းရန် အချိန် များစွာ ယူရလိမ့်မည် ဖြစ်သည်။

အခြားတစ်ဖက်၌ ဝူယု၏ အသားအရေမျာလည်း အနည်းငယ် ဖြူရော်နေ၏။ သို့သော်လည်း ခြုံငုံကြည့်ရပါက သူက အခြေအနေကောင်းနေဆဲ ဖြစ်သည်။ ဝူယုမှာ သွေးမူလ နည်းလမ်းကို ကျင့်ကြံထားသည့် အပြင် လျှို့ဝှက် လမ်းစဉ် ရှစ်ခုကိုလည်း ပိုင်ဆိုင်ထားလေရာ ထိပ်တန်း မြေကြီး ရှန့်ထို အဆင့်များစွာထက်ပင် သာလွန်သည်။ ထိုလေမုန်တိုင်းအား တားဆီးရန် ကြိုးပမ်းမှုတွင် သူ၏ အားစိုက်ထုတ်မှုက စွန်းလီထက် သာသည့်တိုင် လျှို့ဝှက် စွမ်းအင် ဆယ်ရာခိုင်နှုန်းလောက် အထိသာ အသုံးပြုခဲ့ရပေသည်။

ဝူယု၏ ကျန်းမာနေဆဲ ဖြစ်သည့် အော်ရာကို ကြည့်ကာ စွန်းလီမှာ အံ့အားသင့် သွားခဲ့၏။ သူတို့ နှစ်ယောက် အကြားရှိ ကွာဟမှုက ဘယ်‌လောက်တောင် ကြီးမားနေသနည်း။ သို့တိုင်အောင် ဝူယုမှာ မကြာသေးခင်ကမှ မြေကြီး ရှန့်ထို အဆင့်ကို တက်လှမ်းလာသူ ဖြစ်သည်။ ထိုအဆင့်တွင်သာ အခြေကျသွားပါက မည်မျှ ကြောက်မက်ဖွယ် ကောင်းမည်ကို မခန့်မှန်း တတ်ပါချေ။

ဝူယုမှာ စွန်းလီ၏ မျက်လုံးများကို သတိထားမိပုံ မပေါ်ပါချေ။ သူက ကြမ်းပြင်ပေါ်တွင် လဲနေသည့် ယန်ချောင်ယွီနှင့် ဖေးယဲ့လီယင်တို့ကိုသာ စိုက်ကြည့် နေခဲံ၏။

ထို့နောက် သူက မာ့ကျန်းဘက်သို့ လှည့်ကြည့်လိုက်၏။ တိုက်တိုက်ဆိုင်ဆိုင်ပင် မာ့ကျန်းက သူ့ကို ကြည့်လိုက်၏။ ထို့နောက် ဝိညာဉ်အာရုံဖြင့် ဆက်သွယ်ကာ မေးလိုက်လေသည်။

“သူလား...”

***

All Chapters